ဆင်တုပ်ကွေးမကူးစက်ရန် ကျောင်းခေတ္တပိတ်ထားရ ဟုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Classic Ias Acadamey

ကျောင်းသား၊ကျောင်းသူ (၂၁၅)ဦးရှိသည့်အနက်(၈၀)ဦးခန့်မှာရာ သီဆင်တုပ်ကွေးဖျားနာရောဂါ ဖြစ်ပွားနေသဖြင့်ကူးစက်မှုမဖြစ်စေရန် ကျောင်းအားခေတ္တပိတ်ထားသည်။

သြဂုတ်(၂၇)၊၂၀၁၉၊ရန်ကုန်

ကျောင်းသား၊ကျောင်းသူ (၂၁၅)ဦးရှိသည့်အနက်(၈၀)ဦးခန့်မှာရာ သီဆင်တုပ်ကွေးဖျားနာရောဂါ ဖြစ်ပွားနေသဖြင့်ကူးစက်မှုမဖြစ်စေရန် ကျောင်းအားခေတ္တပိတ်ထားသည်။

ဖားကန့်မြို့နယ်၊ကရင်ချောင်းကျေးရွာ၊အ.မ.က(မူလွန်)တွင် ကျောင်းသား၊ ကျောင်းသူများ ရာသီဆင်တုပ်ကွေးဖျားနာရောဂါဖြစ်ပွား နေခြင်းကြောင့် အခြားကျောင်းသား၊ကျောင်းသူများအားကူးစက်မှုမရှိစေရန် သြဂုတ်လ (၂၆)ရက်နေ့မှ(၂၈)ရက်နေ့ထိ ကျောင်းအားခေတ္တ ပိတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရာသီဆင်တုပ်ကွေးဖျားနာရောဂါဖြစ်ပွားနေသည့်ကျောင်းသား၊ကျောင်းသူများအား ကရင်ချောင်းကျေးရွာ၊ဘုန်းကြီးကျောင်း၌ ယာယီဆေးခန်း ဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိပြီး စိုးရိမ်စရာအခြေအနေ မရှိဟုဆိုသည်။

ဆင်တုပ်ကွေးရောဂါသည် ခြင်ကျားပေါက်ဖွားမှုများသောနေရာတွင် ရောဂါဖြစ်ပွားနိုင်ခြေပိုများပြီး အာရှတိုက်၊အာဖရိကတိုက်နှင့် အိန္ဒိယတိုက်ငယ်တို့တွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။

ဆင်တုပ်ကွေးရောဂါလက္ခဏာများသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားမှု များပြားလေ့ရှိပြီးရောဂါ ပြင်းထန်စွာခံစားရသည့် သွေးလွန်တုပ်ကွေး ရောဂါနှင့်ဆင်တူသဖြင့် ဂရုပြုရန်လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေး သတိပေးလက်ကမ်းစာစောင်တွင်ဖော်ပြထားသည်။

ဆင်တုပ်ကွေးရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ကိုယ်အပူချိန် တက်ခြင်း၊အရေးပြားပေါ်တွင် အနီကွက်များထွက်ခြင်း၊ကြွက်သားများ နာကျင်ခြင်း၊အဆစ်အမြစ်ရောင်ရမ်းခြင်း၊အဆစ်အမြစ်ကိုက်ခဲ့ခြင်းတို့ဖြစ်သည်။

ဆင်တုပ်ကွေးရောဂါသည် ရောဂါပိုးသယ်ဆောင်သည့် ခြင်ကျား ကိုက်ခံရခြင်းမှတဆင့် ကူးစက်ခြင်းဖြစ်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။