ဆန်စားစရာမရှိ၊ လူခြောက်သောင်းလောက် ဒုက္ခရောက်နေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PTLL / ပလက်ဝမြို့နယ် လူမှုရေးအသင်း (ရန်ကုန်)၏ ဘဏ္ဍာရေးတာဝန်ခံ ဦးပီတာလွယ်လူး

မတ်လ(၁၄)၊ (၁၅) ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေတိုက်ပွဲ များကြောင့် သေဆုံးသူ ရွာသား စုစုပေါင်း (၂၁)ဦး ရှိပြီး ဒဏ်ရာရသူများလည်း ရှိပါတယ်။ နှစ်ဘက် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေသလို ပလက်ဝ မြို့မှာ ဆန်စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများလည်း ပြတ်တောက် နေပါတယ်။ အဆိုပါအခြေအနေများ နှင့်ပတ်သက်၍ ပလက်၀ မြို့နယ် လူမှုရေးအသင်း (ရန်ကုန်)၏ ဘဏ္ဍာရေးတာဝန်ခံ ဦးပီတာလွယ်လူး ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။

ငြမ်းမီဒီယာ – အခုပလက်၀ မှာ ဖြစ်ပျက်နေတဲ့ ပစ်ခတ်မှု ေ တွကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့ သတင်းမီဒီယာတွေ မှာရေးသား ဖော်ပြနေပါတယ်။ ဒီအခြေအနေတွေမှာ လက်ရှိဘာတွေသိထားရလဲ။

KPT – မတ်လ(၁၄)ရက်နေ့မှာ သူတို့ လေယာဉ်နဲ့ လာပြီး ရွာတွေကို ဗုံးကြဲသွားတယ်။ ဗုံးကြဲခံရတဲ့ရွာ က မိတ်စာဝရွာ ၁၊ ၂၊ ၃၊။ ရွာ တစ်နှစ်သုံး ရှိတယ်။ အဲဒီရွာတွေကို မတ်လ(၁၄) ရက်နေ့က ဗုံးတွေ ကြဲသွားတော့ ရွာသားတွေ ထိသွားတယ်။ မတ်လ(၁၅) ရက်နေ့ ကျတော့ ဝက်မရွာနဲ့ ပြိုင်တိန်ရွာ ဒီရွာနှစ်ရွာ ရွာထဲကို ဗုံးတွေ ကြဲသွားတယ်။ အဲဒီမှာတစ်ခါ လူသေတာ ရှိတယ်။ အခု သေဆုံးသူ စုစုပေါင်း (၂၁) ယောက်ရှိသွားပြီ။ မတ်လ(၁၆) ရက်နေ့ နေ့လယ် နှစ်နာရီခွဲထိ သိထားရတဲ့ စာရင်းပေါ့။ ဒဏ်ရာရ ဆေးကုနေရသူ (၂၈) ယောက်ရှိတယ်။ ဒါက ဒီလ(၁၄)၊(၁၅) ရက်အတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – သေဆုံးသူထဲမှာ ကလေးသူငယ်တွေပါတယ်လို့ သိထားရပါတယ်။ အမျိုးသမီးတွေ ပါတယ်လို့လည်း ကြားတယ်။ အခုနောက်ဆုံး သိရတဲ့အခြေအနေမှာ သေဆုံးသူ အရေအတွက် ခွဲပြောပေးလို့ရမလား။

KPT – အခုကတော့ သေဆုံးသူ အရေအတွက်ပဲ ရထားတာရှိတယ်။ ဒါပေမယ့် ကလေးတွေပါတာတော့ သေချာတယ်။ အင်တာနက် မှာ လည်း ကလေးတွေ သေနေတဲ့ ပုံတွေလည်း တွေ့ရမယ်ထင်တယ်။ ကလေးတွေ လည်း ပါတယ်။ အမျိုးသမီးတွေ လည်းပါတယ်။ အိမ်တစ်အိမ် ဆိုရင်တော့ မိတ်စာ၀ က အိမ် တစ်အိမ် ဆိုရင် မိသားစု လေးယောက်ရှိတာ လေးယောက်လုံး သေသွားတယ်။ ဘယ်ကို မှ ပြေးလို့မရဘူး။ ဒဏ်ရာရသူတွေ ထဲမှာ ကလေးတွေ လည်း ပါတယ်။ မိခင်တွေလည်းပါတယ်။ သက်ကြီးရွယ်အိုတွေ လည်းပါတယ်။ အမျိုးစုံပါပဲ။ အခုက ပလက်ဝမြို့နယ်ထဲ မှာ ရှိတဲ့ ဆမီး မြို့ဆေးရုံကို ပို့ထားတယ်။ အဲဒီမှာ မနိုင်ရင် မတူပီကို လွှဲပြီး ပို့ပေးနေ ကြတယ်။ မတူပီမှာ မနိုင်တဲ့ဟာတွေက မင်းတပ် မြို့မှာ ဆေးကုဖို့ရောက်နေတာ (၂) ယောက်လောက် ရှိတယ်။ ဒါကတော့ ဆေးကုနေတဲ့အနေအထားပေါ့။ ကလေးတွေ၊ အမျိုးသမီးတွေ ပါတယ်။ သက်ကြီးရွယ်အိုတွေ ပါတယ်။ ဒါပေမယ့် ကလေး ဘယ်နှယောက်၊မိခင်ဘယ်နှယောက်၊ သက်ကြီးရွယ်အို ဘယ်နှယောက်ဆိုတာ အတိအကျ မမေးရသေးဘူးဗျ။

ငြမ်းမီဒီယာ – အခုပလက်၀ မှာ ရှိနေတဲ့ လူတွေရဲ့ အခြေအနေ ကရောဘယ်လို ရှိလဲ။ သူတို့ရဲ့ စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အခြေအနေ က ရော အခုဘယ်လို ရှိလဲ။ ဘယ်သူတွေ ကရော အကူအညီ ပေးနေ လဲ။

KPT – ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်က ဧရိယာ အကျယ်ဆုံး။ စတုရန်းမိုင်ပေါင်း(၃၇၁၆) မိုင်ရှိတယ်။ ချင်းပြည်နယ်ရဲ့ အကျယ်ဆုံး နဲ့ လူဦးရေ အများဆုံးမြို့လည်း ဖြစ်တယ်။လူဦးရေက တစ်သိန်းကျော် ရှိတာကို။ အဲဒီကို အေအေ တွေ ဝင်လာတာက ၂၀၁၅၊ မတ်လ(၂၈) ရက်မှာ စပြီးတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေ စဖြစ်တယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာ အနီးအနားမှာ ဘယ်သူတွေ ထောင်တဲ့ မိုင်းလည်းတော့ မသိဘူး။ စစ်သားတွေ ထောင်တာလား၊ အေအေ လက်နက်ကိုင်တွေ ထောင်တာလား ဆိုတာတော့ မသိဘူး။ အဲဒီမိုင်းတွေ ရှိတော့ ဒေသခံတွေ က တောထဲ သွားရင် မိုင်းတွေ နင်းမိတာ တွေ ရှိတယ်။ ခြေထောက် ပြတ် သွားတာတွေ ၊အမျိုးမျိုးဒဏ်ရာရသွားတာတွေ အဲဒါမျိုးတွေ ဖြစ်လာတယ်။ ပလက်ဝမြို့နယ်က လူတွေက ရွှေ့ပြောင်း တောင်ယာ လုပ်ပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုကြတာလေ။ နောက်ပိုင်းလူတွေက အဲဒီတော့ သူတို့ တောထဲကို မသွားရဲ တော့ဘူး။ တောထဲ သွားရင် မိုင်းများနင်းမိမလား။ လက်နက် ကိုင်တွေနဲ့ တွေ့ပြီး တော့ ဖမ်းဆီးခေါ်သွားမလား။ လက်နက်ကိုင်နဲ့တွေ့ရင်ရော ရွာရောက် တဲ့ အချိန်မှာ စစ်သားတွေနဲ့တွေ့ရင် မင်းတို့ လက်နက်ကိုင်နဲ့ဆက်သွယ်တယ် ဆိုပြီး ဖမ်းဆီးမလား။ အဲဒီလို စိုးရိမ် ကြောင့်ကြမှု တွေ က အမြဲတမ်း ဖြစ်နေ ရတာ။ နောက်တောထဲ သွားရင်း မထင်မှတ်ဘဲ တိုက်ပွဲတွေနဲ့ တွေ့ရမလား။ဒါမျိုးတွေ ကြောက်လန့် နေရတာ။ အဲဒီတော့ ရွှေ့ပြောင်းတောင်ယာ လုပ်တဲ့သူတွေက အရင်လောက် မလုပ်ဖြစ်တော့ဘူး။ သူတို့ တောင်ယာ တွေကို စွန့်ပစ်ပြီး ဘေးလွတ်ရာကို ပြေးကြတယ်။ အဲဒီလိုဖြစ်နေတော့ ပလက်ဝမြို့နယ်မှာ အရင်က ဆန်စပါး ဖူလုံပေမယ့် ၂၀၁၅ ကတည်းက ဖြစ်တဲ့အတွက်ကြောင့် အခုဆိုရင် ကိုယ့်မြို့နယ်က ထွက်တဲ့ ဆန်နဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်လို့ မဖြစ်တော့ဘူး။

ဗုံးတွေ ကြဲသွားတော့ အဲဒီက လူတွေက ရွာမှာ မနေရဲတော့ဘူး။ တချို့အိမ်တွေက မီးလောင်ပြာကျ ကုန်ပြီ။ သူတို့ထွက်ပြေးပြီးတော့ …

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အထိက ပြဿနာ ဘာမှ မဖြစ်သေးဘူး။ ဇန်နဝါရီလမှာ မဖြစ်ဘူး။ ဖေဖော်ဝါရီလ (၃) ရက်နေ့ ညမှာ အင်တာနက်လိုင်း စပြီး ပြတ်သွား တယ်။ဒီ နှစ်ထဲမှာ ပေါ့။ဖေဖော်ဝါရီလ( ၄)ရက်နေ့မှာ စပြီးတော့ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော် ကိုသွားတဲ့ စက်လှေတွေက ရပ်သွား တယ်။ သွားလို့မရတော့ဘူး။မသွားတော့ဘူးဆိုတော့ ပလက်၀ မြို့နယ်မှာ ဘာဖြစ် နေလဲ ဆိုတော့ ဆန်စပါးပြတ်လပ်မှု၊ လူသုံးကုန် ပစ္စည်းတွေ ပြတ်လပ်မှု ဖြစ်နေတယ်။ ဆန်ရောင်းတဲ့ ဆိုင်တွေ ဆိုရင် သော့ခတ် ထားတာ ကြာပြီ။ ပလက်ဝနဲ့ အနီးဆုံး ကျောက်တော် မှာ တစ်သောင်း ရှစ်ထောင် လောက်ပဲ ရှိတဲ့ ဆန်အကြမ်း တစ်အိတ် က ပလက်ဝမြို့ပေါ်မှာ တစ်သိန်း နှစ်သောင်းပေးဝယ်ရင်တောင် ဝယ်လို့မရတော့ ဘူး။ ဆန်မရှိတော့ဘူး။ အခြေအနေက အဲလိုဖြစ်နေ တယ်။ အခု ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းလည်း မရှိဘူး။ သတင်းလည်း အမှောင်ချ ခံ ထားရတယ်။ ကျနော်တို့ ပလက်ဝမြို့ပေါ်မှာဆိုရင် ဆန်ဝယ်စရာ မရှိတဲ့အတွက်ကြောင့် ဆန်ဈေး အရမ်းတက်တယ်။ ဆန် က ဝယ်ဖို့ ရှာလို့ကို မရတော့တာ။ ကြာလာရင် ဘာဖြစ်သွားမလဲဆိုတော့ ဆာလာတဲ့အခါကျရင် ခိုးမယ်၊လုမယ် အဲဒါတွေ ဖြစ်လာမယ်။ ကျနော်တို့က အဲဒါတွေ ကြောက်နေရတာပေါ့။ အခု ပလက်၀ မြို့ပေါ်မှာ ဒီမနက်က စပြီးတော့ ဖုန်းလိုင်းတွေ ပါ မရတော့ဘူး။ ကျနော့် မိဘတွေက ဟိုမှာ ရှိတယ်။ ကျနော်ဖုန်းဆက်တယ် မရတော့ဘူး။ တခြားလူတွေ ဆက်လည်းမရတော့ဘူး။ ဟိုဘက်က ဆက် လည်း မရတော့ဘူး။ ပလက်ဝမှာ ဒုက္ခသည်တွေကအများကြီး။ အဲဒီမှာ မတ်လ(၁၄)၊(၁၅)ရက်မှာ ဗုံးတွေ ကြဲသွားတော့ အဲဒီက လူတွေက ရွာမှာ မနေရဲတော့ဘူး။ တချို့အိမ်တွေက မီးလောင်ပြာကျ ကုန်ပြီ။ သူတို့ထွက်ပြေးပြီးတော့ ဆမီးမြို့ကို သွားပြီး တိမ်းရှောင် နေရတာပေါ့။ အရင်တုန်းက (၂၀၁၅) လောက်က တောက်လျောက်ဖြစ်ခဲ့တဲ့ ဟာတွေ တချို့ရွာတွေ ရွာလုံးကျွ တ်မရှိတော့ဘူး။ ရွာပါ မရှိတော့ဘူး။ ပျောက်သွားပြီ။ အဲဒါမျိုးတွေ အများကြီး ရှိတယ်။ တချို့တွေ ကျတော့ နီးစပ်ရာ အမျိုး ရွာတွေ မှာ နေကြတာလည်း ရှိတယ်။ အကျိုးဆက်ကဘာတွေ ရှိသေးလဲဆိုတော့ လူတွေက အဲဒီမှာ မနေရဲတော့ဘူး ထွက်ပြေး လာကြ တယ်။ဒါပေမယ့် ပလက်ဝနဲ့ ကျောက်တော်ကို အရင်တုန်း က သွားနေကြ စက်လှေတွေ မရှိကြတော့ မတူပီ၊ မင်းတပ်၊ ပခုက္ကူ ကနေတဆင့် ရန်ကုန်မြို့ကို ဆင်းလာတဲ့ သူတွေလည်း အများကြီး ပဲ။ ကျနော်တို့ ရန်ကုန်မှာ နေတဲ့သူတွေကလည်း ရောက်နေတဲ့ သူတွေကို စားဝတ် နေရေး အဆင်ပြေအောင် လိုအပ်တာတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီ ဖြေရှင်းပေးနေရတာ ရှိပါတယ်။

ငြမ်းမီဒီယာ – အဲဒီမှာ ဒုက္ခသည် အရေအတွက်ဘယ်လောက် ရှိလဲ။ နောက်တစ်ခုက အခု လေယာဉ်နဲ့ ပစ်တာတွေ ရှိတော့ ရွှေ့ပြောင်းလာတဲ့ လူအုပ်စု ကရော ဘယ်လောက်ရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KPT – ချင်းပြည်နယ်အစိုးရ ကလုပ်ထားတဲ့ စစ်ဆေးရေး အဖွဲ့အစည်းတွေပေါ့။ အဲဒီက စစ်ဆေးရေး အတွင်းရေးမှူးကို ကျနော် မေးဖူးတယ်။ ပလက်ဝမြို့နယ်မှာ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်ဘယ်နှယောက်ရှိလဲ လို့ ကျနော်က မေးဖူးတယ်။ သူက တစ်သိန်း ကျော်ရှိတယ်တဲ့ ။ ဟာ…ခင်ဗျားကလည်း နောက်နေ တာလား။ တစ်သိန်းကျော်ဆိုတာ လက်ရှိလူဦးရေမဟုတ်လား ဆိုတော့ ကျနော် ပြောချင်တာ အဲဒါပဲလေ အကုန်လုံးကဒုက္ခရောက်နေ ကြတာပဲ။အဲလို ဖြစ်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲတွေ ဖြစ်နေ တာ။ တကယ်တမ်း ပြောရင် ပလက်ဝမှာ ရွာပေါင်းက လေးရာလောက်ရှိတယ်။ ရွာသေးသေးလေးတွေ က အစ ကျောင်းဆရာ တွေ မသွားရဲတော့ဘူး။ ဆိုတော့ ကလေးတွေရဲ့ ပညာရေးတွေ အများကြီး ဆုံးရှုံးရတယ်။ IDP Camp ဒုက္ခသည် စခန်း ဖွင့်ထားတယ်လို့ ပြောရမလား သူတို့တဲလေးတွေ ဆောက်ပြီးနေကြတော့ လေ။ မီးစာ ရွာမှာလည်း နေကြတာ ရှိတယ်။ ကျနော်ထင်တယ် မနေ့က ထွက်ပြေးရတဲ့ သူတွေက တစ်ထောင့်ငါးရာ၊ နှစ်ထောင် လောက်ရှိတယ်။ ရွာကလည်းများတာကို။ မိတ်စာဝရွာ (၁) ၊(၂)၊ (၃) ရယ်၊ ပြိုင်တိန်ရယ်၊ ဝက်မရွာရယ်ဆိုရင် အားလုံး ငါးရွာလောက် ရှိသွားတာကို။ ခြောက်ရာကျော်၊ခုနှစ်ရာ လောက်က ဆမီးမြို့ကို ရောက်နေပြီ။ ကျန်တဲ့သူတွေကတော့ သွားနေတုန်း။ အခုလမ်းပေါ်မှာပဲ ရှိသေးတယ်။

ငြမ်းမီဒီယာ – အခု Covid – 19 ကူးစက်ရောဂါ အခြေအနေက လည်း စိုးရိမ်ရတော့ IDP camp တွေမှာလည်း လူအစုလိုက် နေရတဲ့သဘော ရှိနေတာ၊ အခု စစ်ဘေးကြောင့် ပြောင်းရွှေ့လာ သူတွေကလည်း လူအုပ်စု ရာနဲ့ချီ ဆိုတော့ ဒီအခြေအနေကနေ ကာကွယ်ဖို့ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေကရော ဒါတွေနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိထားရသလဲ။

KPT – ရယ်လျက်( အဲဒီကိစ္စပြောမယ်ဆိုရင် ဒါလည်း ရယ်စရာ တစ်ခုလို ဖြစ်နေတာ) Covid ကို ကြတော့ လူတွေက ကြောက်ကို မကြောက်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ အင်တာနက် လည်း မရှိဘူး။ ဘာသတင်းမှလည်း မကြားရဘူး။ ရေဒီယို ရှိတဲ့လူကလည်း ရေဒီယိုဖွင့်ကြတာပေါ့။ Covid ကို သိပ်ပြီးသူတို့ မကြောက်ကြဘူး။ သူတို့ကြောက်တာက စစ်ပွဲက ဗုံးတွေ သူတို့ ရွာကို ဘယ်အချိန်မှာ ကျလာမလဲ။ ဘယ်အချိန်မှာ သူတို့သေရမလဲ။ မမြင်ရတဲ့နေရာ က ကျည်ဆန်က သူတို့ ကိုယ်ထဲကို ဝင်လာမလဲ။

မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ အစိုးရအနေနဲ့ အမြန်ဆုံး အရေးပေါ် ဖြေရှင်းပေးပြီးတော့ တစ်ခုခုပေါ့ဗျာ အခုက ဖြစ်နေတာက…

သူတို့ကြောက်နေရတာ ဆိုတော့ Covid နဲ့ ပတ်သက်ရင် သူတို့မေးရင် လည်း သူတို့ဘာမှ ဖြစ်မယ်မထင်ဘူး။ ခုနက ပြောတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊အစိုးရနဲ့က ဘာတွေ လုပ်သလဲ ဆိုတာကတော့ Covid -19 နဲ့ပတ်သက်ပြီး ဟိုဘက်မှာ ဘာမှကို မရှိဘူး။ လမ်းပိတ်ထားတဲ့အတွက်ကြောင့် အပြင်ကလူတွေ အထဲကို ဝင်လို့မရဘူး။ ပလက်ဝမြို့နယ်က လူတွေကလည်း အပြင်ကို ထွက်လာတာ ခပ်ရှားရှားပဲ။ သူတို့အနေနဲ့ ရောဂါ ကူးစက်ဖို့ အခြေအနေက လောလောဆယ်မှာတော့ ထင်သေ လာက် စိုးရိမ်စရာ အခြေအနေ မရှိဘူး။ ဒါပေမယ့်လည်း ဒီဘက်ကို ရောက် လာရင်တော့ တစ်မျိုးပေါ့လေ။ နောက်တစ်ခု က အရပ်ဘက် အဖွဲ့အစည်း တွေ အနေနဲ့ လောလောဆယ်မှာ ဘာမှကိုလုပ်လို့ မရဘူး။ ခုနကပြောတဲ့ ချင်းပြည်နယ် အစိုးရက စီစဉ်ပြီး ဖွဲ့ထားတဲ့အဖွဲ့ဆိုရင် အဲဒီမှာ ပလက်ဝမြို့ပေါ်က ရပ်မိရပ်ဖတွေ ပါတယ်။ ပလက်ဝမြို့နယ် သဘာဝဘေး ဒဏ်သင့် စစ်ဆေးရေး အဖွဲ့လားမသိဘူး အဲဒီအဖွဲ့ က လူတွေကိုလည်း ကျနော်တို့ မေးဖူးတယ်။ သူတို့ ဘာတွေများ လုပ်လို့ရလဲ ဆိုတော့ သူတို့ကိုယ်တိုင်က ဒုက္ခရောက်နေတော့ ဘယ်လို ကူညီမှာလဲတဲ့ ကျနော့်ကိုပြန်ပြီး မေးခွန်းထုတ်တယ်။ ကျနော်တို့မှာ ဆန်စားဖို့ မရှိဘူး ကျနော်တို့ ဒုက္ခရောက်နေတော့ ကျနော်တို့ ဘယ်လို ကူညီမလဲ။ ဆိုတော့ သူတို့အရင်တုန်းက အလှူခံထားတဲ့ ငွေတွေ၊ဆန်တွေ ကို မြို့ပေါ်မှာ စားဖို့ ပြန်ပြီးတော့ ခွဲတမ်းကျ ေ၀ ပေးနေတာပေါ့။ လူတွေ ငတ်ပြတ်ပြီး သေမသွားအောင် ဝေပေးတာ ပေါ့။ ဆိုတော့ ဖေဖော်ဝါရီလ (၄) ရက်နေ့ ကတည်း ကနေ ဒီနေ့ဆို မတ်လ(၁၆) ရက်ရောက်နေပြီဆိုတော့ သူတို့ လည်း အဲဒါတွေ အကုန်လုံးလည်း ကုန်ပြီပေါ့။ ပလက်၀ ထဲကို တခြား အရပ်ဘက် အဖွဲ့အစည်းတွေ သွားလာ ဝင်ထွက်ဖို့ကလည်း မလွယ်ဘူးလေ။ ကျနော့်ကိုမေးကြတယ်။ ဆန်တွေ သွားပေးကြမယ်။ ဘယ်လို လမ်းကြောင်းနဲ့ သွားမလဲဆိုတော့ ဘယ်လိုမှ လမ်းကြောင်းမှ မရှိတာ။ ကျောက်တော်နဲ့ ပလက်၀ လမ်းကြောင်းလည်း ပိတ်ထား တယ်။ မတူပီထဲကနေ လာမယ်ဆိုရင်လည်း မတူပီထဲကနေ ဟိုတစ်ခါ ကုလားတန်စီမံကိန်းအတွက်သယ်လာတဲ့ ကုန်တွေ၊ ရေနံဆီတွေ သယ်လာတဲ့ကားကိုလည်း လက်နက်ကိုင် အဖွဲ့က မီးရှို့လိုက်ပြန်ရော။ အဲဒီတော့ ဘယ်သူမှ ဘာမှကို မသယ် လာရဲတဲ့ အခြေအနေ အနေအထား ဖြစ်တဲ့အတွက်ကြောင့် အရပ်ဘက် အကူအညီ ဘာမှ မရှိဘူး။ ချင်းပြည်နယ် အစိုးရကတော့ စိတ်မေ ကာင်း ကြောင်းတော့ ပြောတာပေါ့နော်။ အဲဒါနဲ့ ကျနော်တို့ ကျေနပ် ရတော့မလိုဖြစ်နေတာပေါ့။ ချင်းပြည်နယ်အစိုးရ ထိန်းကွပ်မှု အောက်မှာ သူတို့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာ မရှိတော့ဘူး ထင်တာပဲ။

ငြမ်းမီဒီယာ – အခု လူဦးရေတစ်သိန်းကျော်က အခက်အခဲများစွာနဲ့ တွေ့နေရတယ်။ လူသုံးကုန် ပစ္စည်းတွေ ပြတ်နေတယ်။ အဓိက ဖြစ်တဲ့ စားနပ်ရိက္ခာ ဆန်ပြတ်နေတယ်။ အဲဒီမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ ဒီအခြေအနေကို ဘယ်လောက်ထိတောင့်ခံနိုင်မလဲ။ အစိုးရအနေနဲ့ ဘယ်လောက်အမြန်ဆုံး ဆောင်ရွက်ဖို့ လိုမလဲ။

KPT – အားလုံးပေါ့ တစ်သိန်းလုံး ဆန်ပြတ်လပ်တဲ့ဒဏ်ကို ခံရတာတော့ မဟုတ်ဘူး။ ဒုက္ခသည်တွေ သွား ခိုကြတဲ့ ဆမီးမှာ ကြတော့ ဆန်တော့ရပြန်တယ်။ မတူပီကနေသယ် လို့ရတယ်။ သူတို့မြို့ကျတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် အခု ပိတ်မိတဲ့ နရာက ကျတော့ ဒီဘက် ပလက်ဝခြမ်း ကုလားတန် ဒီဘက်ခြမ်းက လူတွေ ဖြစ်တယ်။ လူဦးရေ က ဘယ်လောက် လောက် ရှိနိုင်သလဲ ဆိုတော့ ဒီဘက်ခြမ်းမှာ ခြောက်သောင်းလောက် ရှိမယ် ထင်တယ်။ အဲဒီ ခြောက်သောင်းလောက်က ပိတ်မိသွားသလို ဖြစ်သွားတာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ ဒေသခံတွေကို မေးတယ် ဘယ်သူ့ကို ကြောက်နေ တာလဲ။ ဘယ်သူကနေ အဲလမ်းကိုပိတ်ပြီး ဘာဖြစ်လို့ မသယ်ကြတာလဲ။ အမိန့် …

ဒုက္ခရောက်တာကတော့ အကုန်လုံး နေရာတိုင်း ရောက်တာပါပဲ။ ဒါပေမယ့် ခုနကပြောတဲ့ အရေးပေါ် ဖြစ်နေတာ ၊ဆန်စားစရာ မရှိတာ လူခြောက်သောင်းလောက် က ဒုက္ခ ရောက်နေတာ။ အခုထိေပေါ့ သူတို့မျှော်လင့်ချက်ပေါ့ အစိုးရ ဘာလုပ် ပေးလဲဆိုပြီး မတ်လ (၁၅) ရက်နေ့ ညအထိ ဖုန်းလိုင်းရတုန်း ကျနော်တို့ကို ဖုန်းဆက် မေးနေ တယ်။ ဘယ်သတင်းတွေ ဘာတက် လာလဲ။ ဘာလုပ်ပေးနေလဲ ပေါ့။ကျနော်တို့ ဒီဘက်မှာ ဘာမှ Action ယူတာ မယ်မယ်ရရ မသိရဘူးဗျ။ အစိုးရ က လည်း ဒီဘက် လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရင်ဖြစ်မယ်။ နောက်ပြီးအခု ကမ္ဘာမှာဖြစ်နေတဲ့ COVID – 19 ကို အာရုံစိုက်နေ တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒေသခံတွေ ဘယ်လောက် ခံစားနေရ လဲ ဆိုတဲ့ ပလက်ဝကိစ္စကြတော့ အင်တာနက် က လည်း မရဘူး။ ဖုန်းနဲ့လည်း ဓာတ်ပုံတင်ခွင့် မရဘူး။ဆိုတော့ အဲလောက်ကြီး ဘယ်သူမှလည်း စိတ်ပူတာတော့ စိတ်ပူပေးကြ မယ်။ ဒါပေမယ့် အရမ်းကြီး ထိထိရောက်ရောက် အခုထိ ဘာမှလည်း ပံ့ပိုးမှု မရှိတဲ့ အတွက်ကြောင့်မို့ တကယ်ကို စိတ်မကောင်း ဘူး။ ဒီလိုတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ အစိုးရအနေနဲ့ အမြန်ဆုံး အရေးပေါ် ဖြေရှင်းပေးပြီးတော့ တစ်ခုခုပေါ့ဗျာ အခုက ဖြစ်နေ တာက ကျနော်တို့ ဒေသခံတွေကို မေးတယ် ဘယ်သူ့ကို ကြောက်နေ တာလဲ။ ဘယ်သူကနေ အဲလမ်းကိုပိတ်ပြီး ဘာဖြစ်လို့ မသယ်ကြတာလဲ။ အမိန့်ထုတ်ထားတဲ့ စာတွေ ရှိလားဆိုတော့ စာလည်း မရှိဘူးတဲ့ ။ မသယ်ရဘူးလို့ ဘယ်သူမှ မပြောဘူးတဲ့ ။ ဒါပေမယ့် ဆန်တွေ သယ်လာရင် လမ်းမှာ အကုန်လုံး လုခံရတယ်။ အဲဒီတော့ ဆန်ကုန်သည်တွေက ဘယ်သူမှ မသယ်ရဲ တော့ ဘူးလေ။ နောက်ပြီးတော့ ဆန်မသယ်ရဘူး ဘာညာ အပြောခံရတာတွေ ရှိတော့ အဲဒီလို ဖြစ်နေ တာ။ ကျနာ်မြင်တာတစ်ခု က ဖြေရှင်း ချက် က သူတို့နဲ့ ညှိလိုက်ရင် ဒီဒေသခံတွေ ဒုက္ခမရောက်အောင် ၊ဒုက္ခ မပေးအောင် လမ်းမှာ ဘာမှမဖြစ်အောင် အစိုးရ အနေနဲ့ လုံခြုံရေး တွေ နဲ့ ဆန်တွေသယ်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်မယ့် အလား အလာ ရှိတာပဲ။ အစိုးရအနေနဲ့ ချက်ခြင်း ပေါ့။ သေချာလေး ဆွေးနွေး အဖြေရှာမယ် ဆိုရင်တော့ ဖြေရှင်းပေးနိုင်မယ် ထင် တယ်။ ဒါပေမယ့် အခုထက်ထိတော့ မဖြေရှင်း ပေးတာကိုတော့ ကျနော် နားလည်း မလည်ဘူး။ နားလည်း မလည်နိုင် ဘူး။ အဲဒီလိုဖြစ်နေပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

ဆန်မရှိတော့ ခေါက်ဆွဲတွေ စားကြတယ်။ အခု ခေါက်ဆွဲ လည်း မရှိတော့ဘူး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,