ဆိုင်ကယ်(၁၈)စီးခိုးယူထားသူအား ဖမ်းမိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လှိုင်သာယာမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင်ဆိုင်ကယ်ခိုးယူခံရသူများသက်ဆိုင်ရာရဲစခန်းတွင်သွားရောက်စုံစမ်းနိုင်

စက်တင်ဘာ(၁၁)၊၂၀၁၉၊ရန်ကုန်

ဆိုင်ကယ်(၁၈)စီးခိုးယူထားသူအား ရဲတပ်ဖွဲ့က စက်တင်ဘာလ (၂)ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။

မှုခင်းနှိမ်နင်းရေးဌာနစုတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ခိုးမှုများ ကျူးလွန်ထား သည်ဟု သတင်းရရှိထားသည့် ရဲထွဋ်ဝေ( ခ)ပိုးကောင်အား Follow Me -125 ဆိုင်ကယ်ဖြင့် (၁၂)ရပ်ကွက်၊ပေါ်ဆန်းလမ်းတွင်တွေ့ရှိ၍ စစ်ဆေးရာ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းနောက် ရဲထွဋ်ဝေအား ခိုးမှုများ ကျူးလွန်းခဲ့ခြင်း ရှိ၊မရှိ ဆက်လက် စစ်ဆေးရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း သောင်ကြီးမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့တွင်ဆိုင်ကယ်များ ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲထွဋ်ဝေခိုးယူခဲ့သည့် ဆိုင်ကယ်များအား ရဲတပ်ဖွဲ့မှပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ လာရောက်စုံစမ်းနိုင်သည်ဟု ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

“အခုလောလောဆယ် ကျွန်တော်တို့လှိုင်သာယာသောင်ကြီးနယ်မြေရဲစခန်းဘက်မှာတော့ ဆိုင်ကယ်ပိုင်ရှင်တွေဘက်ကလာရောက် စုံစမ်းမေးမြန်းတာ မရှိ သေးဘူး။ထန်းတပင်ဘက်မှာတော့မသိဘူး”ဟု လှိုင်သာယာမြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ ပြောသည်။

ရဲထွဋ်ဝေ(ခ)ပိုးကောင်အား ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့်အမှုဖွင့် ထားသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။