ဆူးပင်များမစိုက်ပါနဲ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပုစဉ်းကောင်လေးတွေ၊ လိပ်ပြာလေးတွေ ပျံဝဲနေတာကို မြင်စေချင်သည်။ ဒါမှမဟုတ် သဲသောင်ပြင်မှာ လွတ်လပ် ပေါ့ပါးစွာ ပြေးလွှား နေစေချင်သည်။ သဲအိမ် ကလေးများကို သူတို့ကို ဆောက်ကြည့် စေချင်သည်။ သူတို့ရဲ့အချိန်တွေကို …

သရုပ်ဖော်ပုံ / သမီးကြည်

ဆရာအောင်သင်းက သူ့မြေးကို ပုံပြောပြသည် ဆိုသည်။ ကလေးတွေကို ပုံပြောပြခြင်းသည် ကောင်းသည် ဟုလည်း ဆရာအောင်သင်း မှတ်ချက် ပြုဖူးသည် ထင်သည်။ ကျွန်တော်တို့ ကလေး ဘဝကလည်း ပုံပြင်များစွာကို နားထောင် ခဲ့ဖူးလေသည်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပုံဖော်ကြသည်။

ပုံပြင်တွေကို နားထောင်ခြင်းအားဖြင့် ကျွန်တော်တို့ ငယ်ဘဝသည် စိုပြေခဲ့ဖူးသည်။ ကျွန်တော်တို့ စိတ်ကူးကလေးများ ကွန့်မြူးခဲ့ဖူး သည်။ ဒါက သေချာသည်။

ပုံပြင်တွေထဲက ဓမ္မနဲ့ အဓမ္မကို သူ့အရွယ်နဲ့ သူနားလည် ခဲ့ရသည်။ ကြင်နာ သနားတတ်ခြင်း၊ ကိုယ်ချင်း စာတတ်ခြင်း၊ ကူညီ စောင်မတတ်ခြင်း စသည့် စိတ်အလေ့အထ များသည် ကျွန်တော်တို့ နားထောင်ခဲ့ ရသော ပုံပြင်များတွင် ပါသည်။ ဒါက ကျွန်တော်တို့ ငယ်ဘဝ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်နေ့က ဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ ဆောင်းပါးရဲ့အကြောင်း က ဒီဂျစ်တယ် မျိုးဆက် အကြောင်း ဖြစ်သည်။ ၁၉၉၅ နောက်ပိုင်း မွေးလာသူတွေကို Generation Z (ဒီဂျစ်တယ် မျိုးဆက်) ဟု ခေါ်သည်။ အကျဉ်းချုပ် ဆိုရလျှင် ထိုမျိုးဆက်သည် ဖေ့စ်ဘွတ်ခ်လို လူမူ ကွန်ရက်မျိုးကို သုံးရခြင်းကို မိသားစု စုံစုံညီညီ စကား ပြောရ သည်ထက် ခံတွင်းတွေ့သည့် မျိုးဆက်ဖြစ်သည်။ အားကစား သိပ်ဝါသနာမပါ၊ စိတ်ရှည်မှု သိပ်မရှိ၊ ခေါင်းမာ၊ အမှီအခိုကင်း၊ အမြဲတမ်း အလောတကြီး ဖြစ်နေသည်။

သရုပ်ဖော်ပုံ / သမီးကြည်

သို့သော် သူတို့တွင် ကောင်း သည့် ဂုဏ်ရည်များလည်း ရှိသည်ဟု ဆောင်းပါးရှင်က ဆိုထားပြန်သည်။ မည်သို့ပင် ဆိုဆို ကျွန်တော့် အမြင်မှာတော့ စိတ်ပူသည်။ ကျွန်တော်တို့ ကလေးတွေ လက်တစ်ဝါးစာ သာသာရှိတဲ့ ဒီဂျစ်တယ် လောကကနေ ကမ္ဘာကြီးကို လှမ်းကြည့်လို့ ရသည်။ ကမ္ဘာကြီးမှာရှိတဲ့ နည်းနာကောင်းတွေ၊ ပညာရေးတွေ၊ များပြားလှသော ဗဟုသုတနှင့် အတွေးအခေါ်တွေကို လေ့လာ သင်ယူနိုင်သည်။

ဒီဂျစ်တယ် ကိရိယာသည် သူတို့၏ ကစားဖော် ကစားဖက်၊ ထိုဒီဂျစ်တယ် ကိရိယာသည် သူတို့၏ တိုးတိုးဖော် ဖြစ်လာသည်။ သူတို့စိတ်ကို ဖွင့်ထုတ်သည်။ သူတို့ချင်း ဆက်သွယ်သည် …

ဒါက အကောင်းဘက်က စဉ်းစား ကြည့်ခြင်းသာ ဖြစ်သည်။ ထိုလက်တစ်ဝါးစာ ဒီဂျစ်တယ် ကမ္ဘာကြီးတွင် ထိုထိုသော ကောင်းသော အရာများချည်းပဲ ရှိနေသည် မဟုတ်ပါ။ အခြား မမြင်နိုင်သော ဘေးထွက်ဆိုးကျိုး အလွန်များသော အခြေအနေ များလည်း ရှိနေပေသည်။ ဒါက စိုးရိမ်စရာ။ ကျွန်တော်တို့ ကလေးတွေ အတွက် အလွန် စိုးရိမ်စရာ ကောင်းသော အခြေအနေ များသည်လည်း ထိုဒီဂျစ်တယ် ကမ္ဘာကြီးတွင်ပင် ရှိနေပေသည်။

လက်တစ်ဝါးစာ ဒီဂျစ်တယ် ကိရိယာနှင့် အလွန် အကျွမ်းဝင်၊ ထိုဒီဂျစ်တယ် ကိရိယာသည် သူတို့၏ ကစားဖော် ကစားဖက်၊ ထိုဒီဂျစ်တယ် ကိရိယာသည် သူတို့၏ တိုးတိုးဖော် ဖြစ်လာသည်။ သူတို့စိတ်ကို ဖွင့်ထုတ်သည်။ သူတို့ချင်း ဆက်သွယ်သည်။ သူတို့ချင်း ဖျော်ဖြေသည်။ သူတို့ချင်း အလဲအလှယ် လုပ်သည်။ မိသားစုကို တစ်ခါမျှ စကား မဆိုဖူးသော လူငယ် တစ်ယောက်က သူ့ရဲ့ဒီဂျစ်တယ် ကမ္ဘာမှာ သူ့စိတ်ထဲက ဖြစ်ကြောင်း ကုန်စင်ကို အကုန်ဖွင့်ဟသည်။

အပြင်ကမ္ဘာမှာ သူတစ်ခါမျှတောင် မတွေ့ဖူးသော သူတွေကို အဲဒီလောက် ဖြစ်ကြောင်း ကုန်စင် ပြောရလောက်အောင် ဘယ်လို အခြေအနေတွေက အထောက်အပံ့ ပေးသလဲ ဆိုတာ ကျွန်တော် စဉ်းစားမရပါ။ ပြီးတော့ ဒီအကြောင်းကို ကျွန်တော်တို့ မစဉ်းစား သင့်ဘူးလား။ ကျွန်တော်တို့ ကလေးတွေဟာ သူတို့ အကြောင်းတွေကို သူတို့မွေးထားတဲ့ မိဘတွေကို ကျော်လွန်ပြီး ဘာကြောင့် ဒီလိုပြောနိုင် ဆိုနိုင်ရသလဲ ဆိုတာ စဉ်းစားစရာ မကောင်းဘူးလား။

မိသားစု ဆက်ဆံရေး၊ မိဘနဲ့ သားသမီး ဆက်ဆံရေးများ သည် ဝေးလာသလိုလည်း ရှိသည်ဟု ထင်သည်။ လူဘ၀ နေမှုထိုင်မှု၊ စားမှုသောက်မှု ထိုအရာများသည် သိပ်ကို ကျယ်ပြောသော ပင်လယ်သမုဒ္ဒရာ …

သရုပ်ဖော်ပုံ / သမီးကြည်

ကျွန်တော်တို့ သားသမီးများဟာ သူတို့ရဲ့စိတ်ခံစားချက်၊ သူတို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မိဘတွေ ကို ဘာကြောင့် မပြောနိုင်တာလဲ၊ ဒါမှမဟုတ် ဘာကြောင့် မပြောဝံ့တာလဲ။ ကျွန်တော်တို့ မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ ပြောရေးဆိုခွင့်နဲ့ ပတ်သက်ပြီး မိဘ သားသမီး ဆက်ဆံရေးမှာ ဘယ်လို နေရာ ချထားမိသလဲ။ ကျွန်တော် ဒီလို စဉ်းစားဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်တော်တို့ သားသမီးတွေ ဘာကို မျှော်လင့်သည်၊ ဘာတွေများ ခံစားရသည်ကို သိသင့်၊ သိခွင့်ရှိသည် မဟုတ်လား။ ထိုထိုသော အခြေအနေ ရှိပါလျက်နဲ့ ကျွန်တော်တို့သည် အခြေအနေကို ဘာလို့ မဖန်တီး နိုင်သည်လဲ။ ကျွန်တော်တို့ ဒီခေတ် မိသားစု ဆက်ဆံရေး၊ မိဘနဲ့ သားသမီး ဆက်ဆံရေးများ သည် ဝေးလာသလိုလည်း ရှိသည်ဟု ထင်သည်။ လူဘ၀ နေမှုထိုင်မှု၊ စားမှုသောက်မှု ထိုအရာများသည် သိပ်ကို ကျယ်ပြောသော ပင်လယ်သမုဒ္ဒရာများ ဖြစ်သည်။

သူတို့ နားထောင်ဖူးသော ပုံပြင်ထဲက ဇာတ်ကောင်တွေကို သူတို့စိတ်ကူးထဲက အတိုင်း အရုပ် ရေးစေချင်သည်။ သူတို့လေးတွေရဲ့ စိတ်ကူးလေးတွေ ကွန့်မြူး စေချင်သည်။ သူစိတ်ကူးထဲမှာ ရွှေယုန်လေးကို အတောင်ပံ တပ်ချင်လည်း တပ်ပေးလိမ့်မည်။ ဒါမဟုတ် …

ထိုထို သမုဒ္ဒရာများထဲတွင် ကျွန်တော်တို့ ပေးဆပ် လိုက် ရသည်များ ရှိသည်။ ထိုထို သမုဒ္ဒရာများထဲတွင် ကျွန်တော်တို့ နစ်မွန်း နေကြသည်။ ကျွန်တော်တို့တွင် ရှိသင့်သည့် တန်ဖိုးများ မရှိကြတော့။ တခြား တန်ဖိုးများက နေရာ ယူလာကြသည်။ ထိုနေရာ ယူလာသော တန်ဖိုးများသည် ကျွန်တော်တို့ နေ့စဉ် လူမှုဘဝ၊ မိသားစု၊ လုပ်ငန်းခွင်များနှင့် အံဝင်ခွင်ကျ ဖြစ်သည်၊ မဖြစ်သည် ကိုတော့ မသိပါ။သို့သော် ထိုတန်ဖိုးများသည် ထဲထဲဝင်ဝင် လှိုက်စားနေပြီ ဆိုသည် ကတော့ သေချာသည်။

စကား မစပ်ပြောရလျှင် ကျွန်တော့်တွင် သမီးနှစ်ယောက် ရှိသည်။ သူတို့သည် သိပ်ကို ငယ်ရွယ်သော ကလေးများ ဖြစ်ကြသည်။ သူတို့နှင့် ကျွန်တော့် ဆက်ဆံရေးကို ပြောရလျှင် ကျွန်တော်သည် သူတို့လေး နှစ်ဦးအား အချိန်ပေး နိုင်သော ဖခင် တစ်ယောက်မဖြစ်ပါ။

အဘယ်ကြောင့် ဆိုသော် ကျွန်တော် အထက်က ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ရဲ့ လူမှုဘ၀ စားမှုသောက်မှု၊ နေမှုထိုင်မှုများ အတွက် လှုပ်ရှား ရုန်းကန်ရသောကြောင့် ဖြစ်သည်။ သူတို့လေးတွေရဲ့အမေကို သူတို့ကို ပုံပြင်တွေ ပြောပြဖို့ ကျွန်တော် အကူအညီ တောင်းသည်။ သူတို့ ဒစ်ဂျစ်တယ် ဂိမ်းတွေ ဆော့လျှင် အချိန်အကြာကြီး မပေးဆော့ဖို့ ဒီဂျစ်တယ် ဂိမ်းတွေရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးကို သူတို့ နားမလည်သေးပါဟု ဆိုသည့်တိုင်အောင် စိတ်ရှည် လက်ရှည် အချိန် ယူရှင်းပြဖို့ ကျွန်တော့် ဇနီးကို အကူအညီ တောင်းရပါသည်။

သရုပ်ဖော်ပုံ / သမီးကြည်

ကျွန်တော်က သူတို့နှင့် အချိန် တော်တော်များမှာ ဝေးသည် မဟုတ်လား။ တကယ်တမ်း သူတို့လေးတွေ နားဝင်အောင် ပြောဆိုရသည်မှာ လွယ်တော့ မလွယ်နိုင်။ ဒီဂျယ်တယ် ကမ္ဘာက အရုပ်တွေ၊ အရောင်တွေ၊ အသံတွေ သည် သိပ်ကို စွဲမက်ဖွယ် ကောင်းသည်။ ကလေးတွေ လက်က မလွှတ်ချချင် လောက်အောင် အသံတွေ၊ အရုပ်တွေက ဆွဲဆောင်လွန်း အားကြီးတော့ ကလေးတွေ နှစ်ခြိုက်ကြသည်မှာ တကယ်တမ်းတော့ မဆန်းဟု ကျွန်တော် နားလည်ပါသည်။

ဒါကြောင့် ဒီဟာကို မဆော့ဖို့ ဆိုသည်ထက် ဘာတွေကိုတော့ ဆော့၊ ဘယ်လို အကြောင်းတွေဆို မဆော့ဖို့၊ မကြည့်ဖို့၊ နားမထောင် ဖို့တော့ အနည်းဆုံး ပြောရပေမည်။ သူတို့ လက်ခံချင်အောင် စိတ်ရှည်ရှည် ထားပြီး ပြောရပေမည်။ ကျွန်တော့်စိတ် အလိုအရဆိုရင် သူတို့လေးတွေကို အန္တရာယ် ကင်းတဲ့ မြက်ခင်းပြင် ကျယ်ကြီးမှာ ပြေးလွှား ဆော့ကစား စေချင်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပုစဉ်းကောင်လေးတွေ၊ လိပ်ပြာလေးတွေ ပျံဝဲနေတာကို မြင်စေချင်သည်။ ဒါမှမဟုတ် သဲသောင်ပြင်မှာ လွတ်လပ် ပေါ့ပါးစွာ ပြေးလွှား နေစေချင်သည်။ သဲအိမ် ကလေးများကို သူတို့ကို ဆောက်ကြည့် စေချင်သည်။ သူတို့ရဲ့အချိန်တွေကို လက်တစ်ဝါးစာ လောက်သာရှိတဲ့ ကမ္ဘာတစ်ခုထဲမှာ ကုန်ဆုံးသွားမှာကို ကျွန်တော် အလွန် စိုးရိမ်ပါသည်။

သူတို့ နားထောင်ဖူးသော ပုံပြင်ထဲက ဇာတ်ကောင်တွေကို သူတို့စိတ်ကူးထဲက အတိုင်း အရုပ် ရေးစေချင်သည်။ သူတို့လေးတွေရဲ့ စိတ်ကူးလေးတွေ ကွန့်မြူး စေချင်သည်။ သူစိတ်ကူးထဲမှာ ရွှေယုန်လေးကို အတောင်ပံ တပ်ချင်လည်း တပ်ပေးလိမ့်မည်။ ဒါမဟုတ် ကိုရွှေလိပ်ကို စပိုက်ဒါမန်းအင်္ကျီ ဝတ်ပေးချင်လည်း ဝတ်ပေးလိမ့်မည်။ ဒါမှမဟုတ် သူတို့လေးတွေ သနားတဲ့ စင်ဒရယ်လားကို သူတို့ စိတ်ကူးထဲမှာ ပါဝါရိမ်းဂျားက လာကယ်ကောင်း ကယ်လိမ့်မည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ စကားပြောဖို့ လိုသည်။ သူတို့ စိတ်ကူးလေးထဲမှာ ရှိတာကို နားထောင်ပေးဖို့လိုသည်။

သရုပ်ဖော်ပုံ / သမီးကြည်

သူတို့လေးတွေ ဆွဲတဲ့ သူတို့အဖေရဲ့ပုံဟာ စာခြောက်ရုပ် ပုံစံ ဖြစ်ကောင်း ဖြစ်မည်။ သစ်ပင်က မစိမ်းဘဲ အနီဖြစ်ချင်လည်း ဖြစ်ပေ လိမ့်မည်။ “မေမေရယ် အဲဒါက အဲဒီလို မဟုတ်ပါဘူး” ဆိုတဲ့ သူတို့ရဲ့အငြင်းကို၊ “ဖေဖေ ပြောတာက မှားနေတယ်” ဆိုတဲ့ သူတို့ ထင်မြင်ချက်တွေကိုတော့ ကျွန်တော်တို့ သေချာ ဂရုတစိုက် နားထောင်ဖို့ လိုမည်ဟု ကျွန်တော် ထင်သည်။ ထပ်လေးနက်ရလျှင် သူတို့လေးတွေရဲ့ ပြောစကားကို လေးလေးစားစား နားထောင်ဖို့ လိုသည်ဟု ကျွန်တော် ထင်ပါသည်။

ကျွန်တော် ဒီလို ပြောရခြင်းမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း ထုံးစံတွင် ကလေး သူငယ်များကို ချစ်မြတ်နိုး တတ်သော်လည်း လူရာသွင်းရ ကောင်းမှန်း မသိပေ။ ဒီလိုပြောခြင်း အားဖြင့် ကျွန်တော် လွန်မည် မထင်ပါ။ ကလေး တစ်ယောက်တွင် ကလေး တစ်ယောက်၏ ဂုဏ်သိက္ခာ ရှိပါသည်။အသက်ကြီးမှ ဂုဏ်သိက္ခာ ရှိသည် မဟုတ်ပါ။ သို့သော် ကလေးစကားများ ဘာအလေး ထားနေစရာ လိုလို့လဲ ဆိုသည့် သုံးနှုန်းသည့် အလေ့သည် ကျွန်တော်တို့ ဝန်းကျင်တွင် တော်တော် လှိုက်စားနေသည့် အလေ့အထဆိုး တစ်ခု ဖြစ်သည်။ ထိုဆက်ဆံရေး၊ ထိုကဲ့သို ထင်မြင်မှုသည် ကျွန်တော်တို့ ကလေးတွေရဲ့ ရင်ထဲက ဆူးကလေး များ အဖြစ် ရောက်ရှိ သွားတတ်ပါသည်။

သရုပ်ဖော်ပုံ / သမီးကြည်

ထိုဆူးကလေး များသည် သူတို့အတွက် အန္တရာယ် ရှိသလို၊ သူတို့နှင့် ထိတွေ့ ဆက်ဆံ နေရသော ဝန်းကျင် အတွက်လည်း အန္တရာယ် ရှိပါသည်။ ကျွန်တော်တို့ မိဘများသည် များသောအားဖြင့် ဒီအချက်အား အလေးအနက် မထား ဖြစ်တတ်ကြပေ။ သူတို့ ရင်ထဲမှာ မိဘတွေနဲ့ ဆက်ဆံရေးမှာ ဆူးကလေးများ မဖြစ်သွားဖို့ လိုပါသည်။ အကယ်၍ သူတို့ရင်ထဲ ဆူးကလေးများ ဖြစ်သွားလျှင်….။

ခြိမ့်ဖေ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,