ဇနီးဖြစ်သူနှင့် အချင်းများပြီး ရဲအုပ် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စက်တင်ဘာ (၂) ရက်နေ့၊ ည (၈) နာရီခန့်က ဒေးဒရဲမြို့၊ ဗိုလ်ချုပ်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုနေသော ရဲအုပ်နှင့် ဇနီးဖြစ်သူတို့ လင်မယားချင်း စကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့…

စက်တင်ဘာ (၃)၊ ၂၀၁၉၊ ရန်ကုန်

စက်တင်ဘာ (၂) ရက်နေ့၊ ည (၈) နာရီခန့်က ဒေးဒရဲမြို့၊ ဗိုလ်ချုပ်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုနေသော ရဲအုပ်နှင့် ဇနီးဖြစ်သူတို့ လင်မယားချင်း စကားများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒေးဒရဲမြို့နယ်၊ ကျုံဒါးရဲစခန်းမှ ရဲအုပ်ဦးစောလှဌေးနှင့် ဇနီးဖြစ်သူဒေါ်ချောဥမ္မာတို့သည် ယမန်နေ့ည (၈) နာရီခန့်က ၎င်းတို့တည်းခိုနေသောနေရာတွင် စကားများကြပြီး ယောက်ျားဖြစ်သူက သေနတ်ဖြင့် (၂) ချက် ပစ်ခတ်သဖြင့် ဒေါ်ချောဥမ္မာ၏ ညာဘက်ခြေထောက်၌ ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့နောက် ဦးစောလှဌေးသည် အဆိုပါသေနတ်ဖြင့် မိမိကိုယ်မိမိ သတ်သေခဲ့ကြောင်း အချင်းဖြစ်ပွားရာအနီးမှ ဒေသခံတစ်ဦးနှင့် ဒေးဒရဲမြို့မရဲစခန်းမှ တာဝန်ရှိသူတို့က အသီးသီး အတည်ပြု ပြောကြားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေးဒရဲရဲစခန်းမှ ဒုရဲအုပ်ကျော်ဇံက ” သေဆုံးသူရဲအုပ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့လက္ခဏာမျိုး တွေ့ရှိရပါတယ်” ဟု ငြမ်းမီဒီယာသို့ ပြောသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သော ဒေါ်ချောဥမ္မာကို ဖျာပုံပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

ဒေးဒရဲဒေသခံတစ်ဦးက ” ဖြစ်တာက ည (၈) ရီလောက်မှာဖြစ်တာပါ။ လင်မယားချင်း စကားများပြီး ယောက်ျားက သေနတ်နဲ့ (၂) ချက်ပစ်တယ်လို့သိရတယ်။ အမျိုးသမီးရဲ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်။ ပြီးမှ အမျိုးသားက သူ့ကိုယ်သူ သတ်သေသွားတာဗျ” ဟု ပြောသည်။

ဖြစ်စဉ်ကို ဒေးဒရဲမြို့မရဲစခန်းတွင် ပ ၁၂ / ၂၀၁၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ – U Day facebook

အခင်းဖြစ်ပွားခဲ့ရာ တည်းခိုခန်းရှေ့မြင်ကွင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။