ဇွတ်လုပ်မယ်ဆိုရင် ပြည်သူလူထုနဲ့ ထိပ်တိုက် တွေ့မှာ ကျိန်းသေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စာချုပ်က ကျနော်တို့ အစိုးရနဲ့ ချုပ်ခဲ့တဲ့ စာချုပ် မဟုတ်ဘူး။အရင်အစိုးရနဲ့ ချုပ်ခဲ့တဲ့ စာချုပ်။ အဲဒီလို စာချုပ်တွေ အများကြီး ရှိခဲ့ဖူးတယ်။ အခုစာချုပ်ကလည်း …

အောက်တိုဘာ(၃၁)၊၂၀၁၉၊ရန်ကုန်
The Nyang News

ဝန်ကြီးများရုံးတွင် အနှိပ်ဝန်ဆောင်မှုပါဝင်သည့် SPA ဆိုင်ဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ဥပဒေ စိုးမိုးရေးနှင့်တိုင်ကြားစာများ၊အသနားခံစာများ စိစစ်ရေးကော်မတီ သို့တိုင်ကြားထားသည်ဟုသိရသည်။ သမိုင်းဝင်အဆောက် အဦ တစ်ခုတွင် ယခုကဲ့သို့ SPA ဆိုင်ဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် အား ငြမ်းမီဒီယာ ကဆက်သွယ်မေးမြန်းခဲ့သည်။ ဦးရန်အောင်သည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ၊အသနားခံစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ငြမ်း – ဝန်ကြီးများရုံးမှာ အနှိပ်ဝန်ဆောင်မှုပါတဲ့ SPA ဆိုင်ဖွင့်တဲ့အပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါလဲ ဦးရန်အောင်ခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UYA – အဲဒီကိစ္စက တနည်းအားဖြင့် အကြီးစား မှားယွင်းမှုကြီးလို့ပဲ ပြောချင်တယ်။ ဝန်ကြီးများ ရုံးဆိုတာ ကျနော်တို့စိတ်ထဲ အမြဲတမ်းလို နာနာကျင်ကျင်ခံစား ခဲ့ရတဲ့နေရာ။ အလွန်ကြီးကျယ်ြ မင့်မြတ်ပြီး သမိုင်း တန်ဖိုးတွြေ ပည့်နှက်နေတဲ့နေရာ တစ်ခုဗျာ။ဒီလိုနေရာမှာ ဒီလိုမျိုးဆိုင်တွေ ဖွင့်တဲ့ကိစ္စက တကယ်တော့ လုံးဝမဖြစ်သင့်ဘူးဗျ။ တော်တော်လေးကို အမြော်အမြင်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဗျ။ သမိုင်းတန်ဖိုး ဆိုတာကို လည်းနားလည်ပုံမရဘူး။ ကျနော်တို့ အနေနဲ့ကတော့ ဒါကိုကန့်ကွက်သွားမယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ တရားစီရင်ရေး၊ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီကိုလည်း ဒါနဲ့ပတ်သက်ပြီး တိုင်စာရောက်နေပါတယ်။

ငြမ်း – တိုင်စာက ဘယ်သူတွေက တိုင်တာလဲခင်ဗျ။

UYA – ပြည်သူလူထုကတိုင်တာပါ။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့စိတ်ထဲ မသက်မသာဖြစ်တယ်ဆိုတဲ့ အကြောင်းပေါ့ဗျာ။ ကျနော်တို့အနေနဲ့ကလည်း လောလောဆယ် လွှတ်တော် ပိတ်ထားတဲ့အတွက်ကြောင့်မို့ ဥပဒေနဲ့ အညီပေါ့ဗျာ လွှတ်တော်အတွင်းလမ်းကြောင်းကနေ သွားမယ်။ ကျနော်တို့ပြင်ဆင်နေပါတယ်။

ငြမ်း – တစ်ဖက်ကတော့ ကျန်းမာရေးစင်တာလို့သုံးနှုန်းတာမျိုး တွေ့ပါတယ်။ ဒီနေရာမှာ ကန့်ကွက်သူတွေကလည်း massage လိုကိစ္စမျိုးက ဒီလိုဝန်ကြီးများ ရုံးမှာ လာမဖွင့်သင့်ဘူးလို့ မြင်တယ်။အဲဒီတော့ ဒီလိုနေရာမှာ ဒီလိုအခင်းအကျင်းတွေ ရှိလာရင် ဖြစ်လာနိုင်တဲ့အခြေအနေကို ရင်းနှီးမြှုပ်နှံသူတွေ ဘက်က မသိတာလားခင်ဗျ။

UYA – အနော်မာကုမ္ပဏီမှာဘယ်သူတွေပါတာလဲဆိုတာ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ တချို့ကိစ္စတွေမှာ အခုက ဘယ်လိုမှ မအပ်စပ်ဘူးဗျာ။ဒီလိုသာလုပ်ခွင့်ရမယ်ဆိုရင် တခြားကုမ္ပဏီတွေ လည်းလာပြီး လုပ်ကြ မှာပေါ့။ဒါဆိုခွင့်ပြုမလား။ဒီလောက်ကြီး ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်စေတာကတော့ ကျနော်တို့ လက်မခံနိုင် ဘူးဗျ။ အရင်အစိုးရက လုပ်ခွင့်ပြုထားတယ်ဆိုပေမယ့်လည်း တချို့ကိစ္စတွေမှာတော့ ကျနော်တို့ ပြန်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။ အမြော်အမြင်ကင်းမဲ့စွာနဲ့ လုပ်ခဲ့တဲ့ အလုပ်တွေကို ကျနော်တို့ အစိုးရအသစ်က အားလုံးကို မဆိုလိုဘူးဗျာ။ဒါပေမဲ့ အခုလို မျိုးနိုင်ငံရေးအရ ဂုဏ်သိက္ခာ ကျဆင်းစေမယ့် ကိစ္စမျိုး၊လူထု အထင်အမြင်လွဲမယ့်ကိစ္စမျိုးတွေကိုတော့ အလေးအနက် ထားပြီးထိန်းချုပ်သင့်တယ်။ တချို့ စာချုပ်စာတမ်း တွေ ကိုပြန်လည်ပြီး ပြုပြင်တာမျိုးတွေ၊ပြင်ဆင်တာမျိုးတွေ လုပ်သင့်တယ်။ အခုလွှတ်တော်ပိတ်တဲ့ အချိန်နဲ့ ကြုံနေလို့။ဒါကို ကျနော်တို့ အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ဆိုပါစို့ တခြားဟာလုပ်မလား။လူထုရဲ့ အာရုံထဲ၊မျက်စိထဲ စွဲနေတဲ့ အနေအထားတွေက တစ်မျိုးဗျာ။ကျနော်ပြောတာက ဒီဟာကို နဂိုကတည်း နည်းနည်းလောက်တော့စဉ်းစားသင့်တယ်။ နည်းနည်းလေးပဲစဉ်းစားဗျာ။ဒီအလုပ်ကို လက်မခံဘူး။ အခုဟာက အတွင်းဝန်ရုံးမှာ ဒီလောက်ကြီး လုပ်တဲ့ကိစ္စက ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့လည်း လက်မခံဘူး ။ပြည်သူ လူထု ကလည်း လက်မခံဘူး။အနှစ်ချုပ်ပြောမယ်ဆိုရင် အမြန်ဆုံးပိတ်သိမ်းဖို့လိုအပ်တယ်ဗျာ။

ငြမ်း – ဒီလုပ်ငန်းက စည်ပင်မှာလည်း လုပ်ငန်းလုပ်ခွင့်လိုင်စင် မတင်ထားဘူးလို့ သိရပါတယ်။ဒီနေရာမှာ အတွင်းဝန်ရုံးလိုနေရာမှာ ဒီလိုပြင်ဆင်နေတာတွေကို စည်ပင်ကမသိဘူးဆိုတာပေါ့။ ရပ်ကွက်ထဲ အိမ်ရှေ့ အုတ်ခဲပုံမိရင်တောင် စည်ပင်က ရောက်လာတတ်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UYA – ကျိန်းသေတာပေါ့။

▪️ငြမ်း – ဟုတ်ကဲ့။အဲဒီတော့ အတွင်းဝန်ရုံးလိုနေရာမျိုးမှာ ဒါတွေလုပ်နေတယ်ဆိုတာကို စည်ပင်က သူတို့မသိဘူးဆိုတာ နည်းနည်းများဟနေသလားလို့ခင်ဗျ။

UYA – ဒါကတော့ ကျနော်လက်မခံနိုင်ဘူးဗျ။ သူတို့မသိဘူး ဆိုတာက မဖြစ်သင့်တဲ့ကိစ္စ တစ်ခုဗျ။ တခြားနက်ရှိုင်းတဲ့ အရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဖြေမယ်ဆိုပိုကောင်းတာပေါ့။ဒီထက် နက်နက်ရှိုင်းရှိုင်းသိရအောင်လို့ ကျနော်တို့ကော်မတီအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုခေါ်ကြားနာဖို့ ရှိပါတယ်။

ငြမ်း – ဒီလုပ်ငန်းက ကန့်သတ်ထားတဲ့ လုပ်ငန်းထဲမှာမပါဘူးလို့ ပြောဆိုတာကိုလည်းတွေ့ရပါတယ်။ဆိုလိုပုံက ဒါကဖွင့်လို့ရတဲ့ သဘောဖြစ်နေတယ်။အဲဒီ အပေါ်မှာရော ဦးရန်အောင် ဘာပြောချင်လဲဗျ။

UYA – တချို့ဟာတွေက လူ့ကျင့်ဝတ်၊လူ့ဂုဏ်သိက္ခာနဲ့ချိန်ထိုးပြီးတော့ အလုပ်တစ်ခုကိုလုပ်ရတယ်။ ဒါတွေဟာ စာချုပ်ချုပ်တဲ့အထဲမှာ မပါဘူးဆိုပြီးတော့ ဇွတ်မလုပ်သင့်ဘူး။ ဇွတ်လုပ်မယ်ဆိုရင် ပြည်သူလူထုနဲ့ ထိပ်တိုက် တွေ့မှာ ကျိန်းသေတယ်။စာချုပ်က ဘယ်အချိန်ကာလက ချုပ်ခဲ့တဲ့ စာချုပ်လဲ။စာချုပ်က ကျနော်တို့ အစိုးရနဲ့ ချုပ်ခဲ့တဲ့ စာချုပ် မဟုတ်ဘူး။အရင်အစိုးရနဲ့ ချုပ်ခဲ့တဲ့ စာချုပ်။ အဲဒီလို စာချုပ်တွေ အများကြီး ရှိခဲ့ဖူးတယ်။ အခုစာချုပ်ကလည်း အဲဒီလို အနေ အထားမျိုးဖြစ်နေ တယ်ဗျ။စေ့စေ့စပ်စပ် သေသေချာချာ ၊နိုင်ငံရေး အခြေအနေ၊ပြည်သူလူထုရဲ့ နိုင်ငံရေးသိမြင်မှု၊တိုင်းပြည်ရဲ့ အခြေအနေတွေကို ထည့်တွက်ပြီး ချုပ်ထားတဲ့ စာချုပ်တွေ မဟုတ်ဘူး။ အဲဒီခေတ်အဲဒီကာလက နီးစပ်ရာ လက်ဝါးချင်းရိုက်ပြီး ချုပ်ခဲ့တဲ့ စာချုပ်တွေကြီးပဲဗျ။ လုပ်မယ်ဆိုရင်လည်း ချင့်ချိန် စဉ်းစားပေါ့ဗျာ။ဟုတ်တယ်မဟုတ်လား။ဒါက နိုင်ငံရေးအားဖြင့် ဘယ်လိုမှ မလုပ်သင့်တဲ့အလုပ်ဗျ။အရင်အစိုးရက ဒီလိုမျိုးလုပ်ခဲ့ တာတွေ ရှိတယ်ဆိုတာ တချို့နားလည်တဲ့သူတွေလည်း ရှိပါတယ်။။တချို့တွေကျတော့လည်း မသိဘူးဗျ။အဲလိုကျတော့ ကျနော်တို့ အစိုးရသစ်ရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ကျနော်တို့အစိုးရအနေနဲ့လည်း ဒီဟာကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးမယ်လို့လည်း ယုံကြည်ထားတယ်။ ကျနော်တို့လွှတ်တော်ဘက်ကလည်း လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ဖို့ပြင်ဆင်ထားပါတယ်။

ငြမ်း – ဝန်ကြီးများရုံးမှာ လာလုပ်တဲ့၊ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း အုပ်စုက စင်ကာပူကလို့သိရပါတယ်။သူတို့လည်း ခြေလွန်လက်လွန် တွေဖြစ်ပြီးခါမှ အခုလို အခြေအနေတွေ ပေါ်လာတော့ ဒီလိုတွေမဖြစ်ခင်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ မနစ်နာအောင် အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာနယ်ပယ်က ဘယ်လို အချက်အလက်တွေေ ပးသင့်လဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UYA – တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ မေးမြန်းပြီးတော့မှ ဘယ်လုပ်ငန်းလုပ်မယ်၊ ဘယ်လုပ်ငန်းလုပ်မယ်ဆိုတာမျိုး တွက်ချက်ပြီး ပွင့်ပွင့်လင်းလင်းအကြံဉာဏ်ပေးသင့်တယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဝင်တဲ့အချိန်မှာ စီးပွားရေး လုပ်ငန်းရှင်တွေက သိပ်သိမှာမဟုတ်ဘူး။ သမိုင်းတန်ဖိုးတွေ ၊နိုင်ငံရေးနောက်ခံအကြောင်းတွေ၊နိုင်ငံရေး အခင်းအကျင်းတွေ ဒီအကြောင်းတွေကို တာဝန်ရှိတဲ့သူက ဆက်စပ် တွေးခေါ်ပြီး အကြံဉာဏ်ပေးတာမျိုး၊တားမြစ်တာမျိုးတွေ လုပ်သင့်တယ်။

ငြမ်း – ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တခြာဖြည့်စွက် ပြောလိုတာများရှိလားခင်ဗျ။

UYA – လူ့ကျင့်ဝတ်နဲ့လူ့ဂုဏ်သိက္ခာကို အလေးအနက်မထားတဲ့ ကာလဆိုးကြီးကိုကျနော်တို့တတွေနှစ်ပါင်းများစွာဖြတ်သန်း ခဲ့ရတယ်။လူတွေညံ့လေ အုပ်ချုပ်ရလွယ်တဲ့ အာဏာရှင်စနစ်ဆိုး အောက်မှာ နှစ်ပေါင်းများစွာရှင်သန်ကြီးပြင်းခဲ့ကြ ရတယ်။ ဒီအချိန်၊ဒီကာလမှာ အားလုံး ရုန်းကန်ထကြွနေတဲ့အချိန်မှာ ပြည်သူလူထုဗဟိုပြု နိုင်ငံရေး စနစ်သစ်ကို မလိုလားတဲ့ အင်အားစုတွေက အင်နဲ့အားနဲ့ ရှိနေတုန်းပဲ။ဒီလူတွေက အစိုးရသစ်ကို လူထုအထင်အမြင်လွဲမှားအောင်၊အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်နည်းမျိုးစုံနဲ့ အနှောင့်အယှက်ေ ပးလိမ့်မယ် ဒါကို ကျနော်တို့အားလုံး သတိကြီးကြီးထားရမယ်။

ဓာတ်ပုံ – (ဦး)YA Fb

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ၊အသနားခံစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။