တကမ္ဘာလုံးသိတဲ့ ကော်ဖီဆိုင်ကို ဘယ်လိုထူထောင်ခဲ့သလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Stb / Starbucks ကော်ဖီကုမ္ပဏီဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Howard Schultz

 

ပြန်မလှည့်သူ

လူတိုင်းဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်။ဒါပေမယ့်လူတိုင်းဟာ အဲဒီလို အောင်မြင်ဖို့ ပထမဆုံး ခြေတစ်လှမ်း ကိုတောင် မလှမ်းနိုင် ခဲ့ကြပါဘူး။ တချို့ ကျတော့လည်း ခြေတစ်လှမ်းမက လှမ်းပြီးပါလျက် လမ်းတစ်ဝက်က ပြန်လှည့်ခဲ့သူတွေ လည်းရှိပါတယ်။ ကိုယ်ဘယ်ကို ရောက်ချင်သလဲ။ ကိုယ်ဘာကို ဖြစ်ချင်လဲဆိုတာစလိုက်ဖို့ရယ်၊ပြီးတော့ ဘယ်လိုခက်ခဲပါစေ အဆုံးထိလျောက်ဖို့ပဲ မဟုတ်လား …

အပြောင်းအလဲကိုသိသူ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခေတ်တွေတိုးတက်ပြောင်းလဲလာတာနဲ့အတူ စီးပွားရေး လုပ်ငန်းတွေဟာ လည်း ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲ တိုးတက် လာပါတယ်။ ဒါပေမယ့် ခေတ်တွေသာ ပြောင်းသွားပြီး အောင်မြင်မှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်း ထားနိုင်ခဲ့တဲ့ စွန့်ဦး တီထွင်လုပ်ငန်းရှင် တစ်ယောက် အကြောင်းပြောပါရစေ။သူကတော့ Starbucks ကော်ဖီကုမ္ပဏီဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Howard Schultz ပါ။သူ့ရဲ့ အကြောင်းကို မပြောခင် Starbucks ရဲ့အကြောင်းကို အနည်းငယ် ရှင်းပြပါရစေ။ Starbucks ကော်ပိုရေးရှင်းဟာ အမေရိကန်နိုင်ငံ ဆီရက်တယ်မြို့ မှာ အခြေစိုက်ထားတဲ့ အမေရိကန်ကော်ဖီကုမ္ပဏီ နဲ့ ကော်ဖီဆိုင် လုပ်ငန်းစု တစ်ခုဖြစ်ပါတယ်။

Howard Schultz မှာ မောင်နှမ နှစ်ယာက် ရှိပြီး စစ်မှုထမ်းဟောင်း ဖခင်ဖြစ်သူရဲ့ ကုန်တင်ကားမောင်းတဲ့ လစာ အပေါ်သာ တစ်မိသားစုလုံး မှီခိုနေခဲ့ရပါတယ်။Howard Schultz ရဲ့ငယ်ဘဝဟာ ဆင်းရဲနွမ်းပါးခဲ့တဲ့ အပြင် အသက် ခုနှစ် နှစ်အရွယ်ရောက်တဲ့ အခါ …

ဒီလိုစတင်ခဲ့တယ်

ယခုလက်ရှိ ကမ္ဘာအနှံ့မှာ Starbucks ကော်ဖီဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ကျောင်းဆရာတွေ ဖြစ်ကြတဲ့ အင်္ဂလိပ်စာဆရာ Jerry Baldwin၊ သမိုင်းဆရာ Zev Siegl နဲ့ စာရေးဆရာ Gordon Bowker တို့ ကောလိပ်တစ်ခုမှာ တွေ့ဆုံခဲ့ရာ ကနေ Starbucks ကော်ဖီဆိုင် အသေးလေးကို စတင်ဖွင့်လှစ် ဖြစ်ခဲ့ပါတယ်။

ငြီးငွေ့လာကြတယ်

၁၉၆၀ပြည့်နှစ်ပိုင်းမှာ အမေရိကန်နိုင်ငံသားတွေဟာ အသင့်ဖျော် ကော်ဖီတွေအပေါ် စိတ်ကုန် လာကြပြီး ၎င်းတို့ အများစု ဟာလည်း အခြားပုံစံ ကော်ဖီတွေရှိသေးတယ်ဆိုတာကိုလည်း မသိကြသေးပါဘူး။ ဒါကြောင့် Starbucks ကော်ဖီဆိုင် စစဖွင့်ချင်းမှာ ဝယ်ယူသူ နည်းနည်းနဲ့သာ လည်ပတ်ခဲ့ပါတယ်။

ဘယ်အရာက လွယ်ခဲ့သလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Howard Schultz ရဲ့အကြောင်းကို ဆက်ကြည့်ကြရအောင်။Howard Schultz ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၁၉၅၃ခုနှစ် ဇူလိုင် (၁၉) ရက် ကမွေးဖွား ခဲ့ပါတယ်။ Howard Schultz မှာ မောင်နှမ နှစ်ယာက် ရှိပြီး စစ်မှုထမ်းဟောင်း ဖခင်ဖြစ်သူရဲ့ ကုန်တင်ကားမောင်းတဲ့ လစာ အပေါ်သာ တစ်မိသားစုလုံး မှီခိုနေခဲ့ရပါတယ်။Howard Schultz ရဲ့ငယ်ဘဝဟာ ဆင်းရဲနွမ်းပါးခဲ့တဲ့ အပြင် အသက် ခုနှစ် နှစ်အရွယ်ရောက်တဲ့ အခါ အလုပ်ခွင် မတော်တဆမှုကြောင့် ဖခင်ဖြစ်သူ ခြေထောက်ကျိုးသွား တဲ့အတွက် မိသားစု စားဝတ်နေရေး အလွန်ကြပ်တည်းခဲ့ပြီး ငွေကြေးဆိုင်ရာ ပြဿနာရပ်တွေဟာ ငယ်ရွယ်တဲ့ Howard Schultz အတွက် စိတ်ဒဏ်ရာတွေဖြစ်လာခဲ့ ပါတယ် ။ Howard Schultz ဟာ အသက်(၁၂)နှစ် အရွယ်ကစလို့ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ခဲ့ပြီး ၁၉၇၅ခုနှစ်မှာ ဆက်သွယ်ရေး ပညာရပ်နဲ့ မြောက်ပိုင်း မီချီဂန် တက္ကသိုလ်မှာဘွဲ့ရရှိခဲ့ပါတယ်။

သင်ယူတယ်၊သိလိုစိတ်ရှိတယ်

ဘွဲ့ရပြီးတဲ့နောက် Xerox ကုမ္ပဏီမှာ အရောင်း မန်နေဂျာအဖြစ် သုံးနှစ်လုပ်ကိုင် ခဲ့ပြီး Starbucks လို ကော်ဖီဆိုင်တွေကို ကော်ဖီကြိတ်စက် အပါအဝင် အခြားအိမ်သုံး ပစ္စည်းတွေရောင်းတဲ့ Hamamaplast လို့ခေါ်တဲ့ ဆွီဒင် ကုမ္ပဏီကို ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ ပါတယ်။ Hamamaplast ကိုရောက်တဲ့ အချိန်မှာ အခြား ထင်ရှား အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေထက် လုပ်ငန်း သေးသေးလေးဖြစ်တဲ့ Starbucks ကော်ဖီဆိုင်က ကော်ဖီစက်တွေ ပိုဝယ်နေတာကို Howard Schultz သတိထားမိ လာခဲ့ပါတယ်။ နောက်ဆုံး အကြောင်းရင်းကို သိလိုစိတ်ပြင်းပြ လာတဲ့အတွက် ဆီရက်တယ်မြို့အထိ သွားပြီး Starbucks ဆိုင်ရှင်နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆီရက်တယ်မြို့က Starbucks ကော်ဖီဆိုင်ရဲ့ ကော်ဖီအရသာဟာ Howard Schultz အံ့သြရလောက်အောင် ကောင်းမွန်နေပြီး ချက်ချင်း Starbucks စီးပွားရေးမှာ ပါဝင်ဖို့ အထိ Howard Schultz ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Howard Schultz ဟာ Hamamaplast မှာရနေတဲ့ လစာရဲ့ တစ်ဝက်လောက်သာ ရှိတဲ့လစာနဲ့ Starbucksရဲ့ မားကတ်တင်း ဒါရိုက်တာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ ပေမယ့် Starbucks ဟာ အနာဂါတ်မှာ သူရဲ့ဘဝအောင်မြင်မှု လမ်းစတစ်ခုဖြစ်လာ မယ်လို့ ယုံကြည်နေခဲ့ပါတယ်။

စွန့်စားမှုတွေနဲ့ လမ်းအသစ်၊အတွေးသစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၁၉၈၃ခုနှစ်မှာ Howard Schultz က Starbuck ရဲ့မီနူးအသစ်မှာ လတ်တေး (Latte) နဲ့ ကာပူချီနို (Cappuccino) ကော်ဖီအမယ် နှစ်မျိုးကို ထပ်တိုးခဲ့ပြီး ဆိုင်ရဲ့ ရောင်းအားကို သုံးဆ မြင့်တက်စေခဲ့ပါတယ်။

၁၉၈၅ခုနှစ်မှာ ကော်ဖီဆိုင်ခွဲတွေဖွင့်ပြီး ကော်ဖီကွန်ရက်တည်ဆောက်ဖို့ Starbuck ရဲ့ CEO တွေကို အဆိုပြုခဲ့ပေမယ့် ရှေးရိုးစွဲ CEOတွေဟာ ၎င်းရဲ့အဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် Howard Schultzဟာ သူရဲ့အကြံဉာဏ်ကို ယုံကြည်မှုရှိပြီး အကောင်အထည်ဖော်ဖို့အတွက် အလုပ်ကနေ ထွက်ခဲ့ပါတယ်။

Howard Schultz ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ဖို့အတွက် အရင်းအနှီးငွေ အမေရိကန်ဒေါ်လာ ၁.၇သန်း လိုအပ်နေပြီး လိုငွေရဲ့ တစ်စိတ်တစ်ပိုင်းကို Starbucks ပိုင်ရှင်တွေက ချေးခဲ့ပြီး ကျန်တဲ့ လိုငွေကို ဘဏ်တစ်ခုကနေ ချေးခဲ့ပါတယ်။ Howard Schultz ရဲ့ ဆိုင်ဖွင့်တဲ့ ပထမနေ့မှာတင် စားသုံးသူ ၃၀၀လောက် ဝင်ရောက်ခဲ့သည် အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။ တစ်နှစ်ကြာလို့ Howard Schultzရဲ့ ကော်ဖီဆိုင်က အောင်မြင်မှုတွေ့ရနေပေမယ့် တစ်ဘက်မှာတော့ Starbucks ပိုင်ရှင်တွေဟာ ကြီးထွားလာတဲ့ လုပ်ငန်းတွေကို ကောင်းအောင် စီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့ အတွက် ၎င်းတို့ရဲ့ ကော်ဖီဆိုင်တွေ၊ ကော်ဖီကြိတ် စက်ရုံတွေနဲ့ အမှတ်တံဆိပ်တွေကို အမေရိကန်ဒေါ်လာ ၄သန်းနဲ့ ရောင်းချ လာခဲ့ပါတယ်။

အနာဂတ်ကိုမြင်သူ

ဒီလို အခွင့်အလမ်းကောင်းကို လက်မလွှတ်သင့်တာကို သိတဲ့ Howard Schultz က ရင်းနှီးမြှုပ်နှံသူတွေစီကနေ ချေးငွေရယူခဲ့ပြီး Starbucks ကို ဝယ်ယူခဲ့ပါတယ်။ အစောဆုံး ရင်းနှီးငွေထည့်ခဲ့တဲ့ သူတွေအနက် တစ်ယောက်ကတော့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂီတ်ပဲ ဖြစ်ပါတယ်။ Howard Schultz တစ်ယောက် ချေးငွေ တွေနဲ့ Starbucks ကုမ္ပဏီကို ဝယ်ယူပြီးနောက် Starbucksရဲ့ တစ်ဦးတည်းသော ပိုင်ရှင်နဲ့ မန်နေဂျာဖြစ်လာပါတယ်။

ခြေတစ်လှမ်းကနေစခဲ့တဲ့ အိမ်မက်

Howard Schultz က ငါးနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ကော်ဖီဆိုင် ခွဲပေါင်း ၁၂၅ဆိုင်ဖွင့်လှစ်မယ်လို့ သူ့ရဲ့ငွေရှင်တွေကို ကတိပေးခဲ့ပေမယ့် လက်တွေ့မှာ ၁၉၉၂ခုနှစ်မတိုင်မီ စီစဉ်ထားတာထက် ပိုပြီး ဖွင့်လှစ်နိုင် ခဲ့ပါတယ်။

၂၀၀၀ခုနှစ် ဧပြီလမတိုင်ခင် အမေရိကန်နိုင်ငံ၌ ဆိုင်ခွဲပေါင်း ၂၄၀၀ကျော်၊ ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ ကနေဒါတို့မှာ ဆိုင်ခွဲပေါင်း ၃၅၀ကျော် ဖွင့်လှစ်နိုင် ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ကုမ္ပဏီရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၉.၁၆ဘီလီယံ ရှိခဲ့ကာ အသားတင်အမြတ် ၂.၇၆ ဘီလီယံ ရရှိခဲ့ ပါတယ်။၂၀၁၆ခုနှစ် ဇွန်လ ၉ရက်အထိ နိုင်ငံပေါင်း (၇၂)နိုင်ငံမှာ ကော်ဖီဆိုင်ပေါင်း ၂၄၄၆၄ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့ Howard Schultz ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ၂.၈ ဘီလီယံ အထိရှိ လာပြီဖြစ်ပါတယ်။

ဝိုင်ဂျီ
ဖေဖော်ဝါရီ(၁၂)၊ရန်ကုန်

ယခုဖော်ပြပါ ဆောင်းပါးကို Juicy World သင်တန်း ကျောင်း က ပံ့ပိုးကူညီပါတယ်။ Juicy World သင်တန်းကျောင်း မှာ Coffee, Milkshake နှင့် Smoothies ပြုလုပ်နည်းတွေကို အခြေခံမှ စလို့ ဆိုင်ဖွင့်နိုင်တဲ့ အထိ သီအိုရီ ကျကျသင်ကြား ပေးလျက်ရှိပြီး လိုအပ်တဲ့ စက်ပစ္စည်းတွေကိုလည်း ပြည်တွင်း၊ပြည်ပကနေ မှာယူပေး လျက်ရှိပါတယ်။

အသေးစိတ်စုံစမ်းလိုပါက Ph – 09788813883 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အောင်မြင်တဲ့ ကော်ဖီဆိုင် တစ်ခု ဖြစ်လာဖို့ ခြေတစ်လှမ်းကနေစတင်လိုက်ပါ။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,