တက္ကစီသမားတွေရဲ့အသံကို ကျေးဇူးပြုပြီး နားထောင်ပေးပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / Yangon Taxi Drivers Group ၏ Admin ကိုကျော်စိုး(ခ) ကိုမျိုးအောင်

တစ်ယောက်က ဥပဒေချိုးဖောက်တာနဲ့ ကျန်တဲ့ သိန်းဂဏန်းရှိတဲ့ သောင်းဂဏန်းရှိတဲ့ လူတွေ မကောင်းဘူးတော့ ယူဆလို့မရဘူးလေ။ တက္ကစီသမားတွေ ထဲမှာလည်း လူကောင်းတွေပေါ်ထွက်ခဲ့ပါတယ်။ ကိုနေဝင်းတို့လို လူတွေ နောက်ပြီး …

အငှားယာဉ်များ အပေါ် စည်းကမ်းတင်းကြပ်မှုများ ထုတ်ပြန်လာသည့် အခြေအနေများနှင့် လတ်တလော ဖြစ်ပွားခဲ့သည့် အမှုအခင်း အခြေအနေများကြောင့် အငှားယာဉ်မောင်းလောက တွင် မည်သည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်းကို Yangon Taxi Drivers Group မှ Admin တစ်ဦးဖြစ်သည့် ကိုကျော်စိုး(ခ) ကိုမျိုးအောင် ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရာဇဝတ်မှုတွေကို ကျူးလွန်းနိုင် တာကြောင့် အငှားယာဉ်တွေမှာ လိုက်ကာတွေ မတပ်ဖို့ စတေကာတွေခွာဖို့နဲ့ ကြော်ငြာတွ မကပ်ဖို့ တားမြစ်ချက် ထုတ်ပြန်တယ်။ မလိုက်နာရင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားတယ်။ အဲဒီ အပေါ်အငှားယာဉ်မောင်းတွေ အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

YTDG – အစိုးရအနေနဲ့ အငှားယာဉ်တွေကို အဓိကထားပြီးဥပဒေကို ထုတ်ပြန်တဲ့ သဘောသက်ရောက်တယ်။ အိမ်စီးကား လိုင်စင်အနက်တွေ အကျုံးမဝင်ဘူးဆိုတဲ့ သဘောသက်ရောက်နေတယ်။ ဒီအတွက် တက္ကစီ သမားတွေ အနေနဲ့ ဘယ်လိုသက်ရောက်မှုရှိနေသလဲ ဆိုတော့ စတေကာ ကပ်ခြင်း မကပ်ခြင်းက ဥပဒေ ချိုးဖောက်ခြင်းနဲ့ သိပ်ပြီး မသက်ဆိုင်ဘူး လို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစတေကာ ကပ်ပြီးမှ ချိုးဖောက် မယ်လို့ ဘယ်သူမှ အာမမခံဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိန်းကလေး အမှုမဖြစ်ခင် တက္ကစီသမား ကိုထွန်းထွန်းလင်း အသတ်ခံရတယ်။ အဲတုန်းက ခရီးသည် က တက္ကစီ သမားကို သတ်သွားတယ်။ နောက်တစ်ပတ်လောက် ကျတော့ FDA က အမျိုးသမီးလေးကို တက္ကစီသမားက သတ်လိုက်တယ်။ ဒီနှစ်ခု ဆက်တိုက်ဖြစ်တဲ့ အခါမှာ ဘာက မီဒီယာတွေပေါ်တက်လာ သလဲ …

ဒုတိယအချက်က စတေကာခွာခြင်း ရည်ရွယ်ချက်သည် အတွင်းထဲကို အပြင်ကမြင်အောင် အဓိက ရည်ရွယ်ချက် ဆိုရင် အတွင်းထဲကို မြင်အောင် လုပ်ပေးခဲ့မယ် ဆိုရင်ရော၊ နောက်တစ်ခုက တက္ကစီသမားတွေ ဆိုတာ တစ်နေ့လုံးမောင်းနေကြတာ ဆိုတော့ အပူဒဏ်နဲ့ စတေကာ ခွာလိုက်ရင် ဖြစ်လာမယ့် ပြသနာတွေ အများကြီးပဲ။ ရန်ကုန်ရဲ့အပူကလည်း များနေတော့ ဒီအချက်က ကျွန်တော်တို့ တက္ကစီသမားတွေ အတွက် တော်တော်ဒုက္ခရောက်ရတယ်။

ငြမ်းမီဒီယာ – အခုလိုထုတ်ပြန်ရတာက မူခင်း ကျူးလွန်မှုတွေ လျော့ကျအောင် လုပ်ရတာလို့ အာဏာပိုင်တွေက ပြောထားတယ်။ တကယ်ပဲ ဒီလို အရာတွေကို အကာအကွယ်ယူပြီး မူခင်းကျူးလွန် နေကြတာလား။

YTDG – ကားသမားတွေထဲမှာလည်း ကောင်းကောင်းမွန်မွန်နေထိုင် ရှာဖွေ စားသောက်နေသူ အများကြီးပါ။ တစ်ယောက် မကောင်းတာနဲ့ အကုန်လုံး ဒီလို လုပ်ပါတယ်ဆိုတာ ကတော့ မဖြစ်သင့်ပါဘူး။ ကားသမား အသတ်ခံရတာတွေလည်း ရှိပါတယ်။ လတ်တလောမှာ ဖြစ်သွားတဲ့ FDA က ဝန်ထမ်း အမျိုးသမီး အသတ်ခံရတဲ့ နောက်ပိုင်းမှာ မှုခင်းတွေ ဖြစ်တယ် ဆိုပြီး ကားသမားတွေ ကို စတေကာတွေ ခွာဖို့ ထုတ်ပြန်လာ တာပေါ့။ ဒါရဲ့အကျိုးဆက်တွေ လည်း ပါတာပေါ့။ ပြန်ချုပ်ပြောရင် ခရီးသည် အသတ်ခံ ရတာရှိသလို တက္ကစီသမားတွေ အသတ်ခံရတာ လည်းရှိပါတယ်။ မိန်းကလေး ကိစ္စ မဖြစ်ခင် တစ်ပတ်လောက် အလိုမှာပဲ YIT ရှေ့မှာ တက္ကစီသမား ကိုထွန်းထွန်းလင်း အသတ်ခံရတယ်။ ခရီးသည် မှာလည်း မကောင်းတဲ့ ခရီးသည် ရှိနိုင်သလို ကားသမားတွေ မှာလည်း မကောင်းတဲ့ ကားသမားတွေ ရှိနိုင်ပါတယ်။

ရန်ကုန်မြို့မှာ တစ်ရက် တစ်ရက်ကို အငှားကား ငှားစီးတဲ့ ပမာဏ (၆)သိန်းလောက် ရှိတယ်။ ကျော်ချင်လည်းကျော်လိမ့်မယ်။ အဲဒီ အထဲမှာ ဘယ်နှခုလောက် က တက္ကစီသမားတွေကြောင့် ဥပဒေချိုးဖောက်မှု ဖြစ်သလဲ။ ရန်ကုန်မှာ …

အမှုအခင်း တစ်ခုဖြစ်လာရင် ဒီအသိုင်းအဝိုင်း တစ်ခုကြောင့်ဆိုပြီး ဝိုင်းပြီး လက်ညိုးထိုးတာထက် အားလုံး ပြေလည်မယ့် အနေအထားမျိုး ရောက်အောင်တော့ အစိုးရ အနေနဲ့ လုပ်သင့်တာပေါ့။ မှုခင်းတစ်ခု ဖြစ်လာတာကို ကားသမားတွေ ကြောင့်ဆိုပြီး တက္ကစီသမားတွေ ကိုပဲ ကွက်ပြီး ဥပဒေတစ်ရပ်ကို ထုတ်လိုက်တယ် ဆိုတာ ကားသမားတွေ အပေါ် ဘယ်လောက် သက်ရောက်မှု့ ရှိတယ် ဆိုတာ လေ့လာ ဆန်းစစ်ပြီး လုပ်စေချင်တာပါ။ အရင်ကလည်း စတေကာတွေ ခွာရမယ်ဆိုပြီး ဥပဒေတစ်ခု သတ်မှတ်ခဲ့ ပါသေးတယ်။ နောက်ပိုင်းမှာ ကားသမားတွေ တစ်ကယ် အဆင်မပြေဘူး ဆိုပြီး ၆၀ရာခိုင်နှုန်းထိ ပေးကပ်ခဲ့တယ်။ နောက်ပိုင်းမှာ ဆိုရင် ဖမ်းဆီးတာတောင် မရှိသလောက် ဖြစ်သွားတယ်။ ဒါကိုခုမှ ဒီကိစ္စဖြစ်လို့ ဒီဥပဒေကို ပြန်အသက် သွင်းတယ် ဆိုတာ အရင်ရှေ့ ရှေ့က အခြေ အနေတွေ ကို ပြန်စဉ်းစားဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ အမြင်ကတော့ ဒီစတေကာ ခွာလိုက်ရုံနဲ့ လိုက်ရုံနဲ့ ဥပဒေချိုးဖောက်မှုတွေ ကျဆင်း သွားမယ်လို့ မထင်ဘူး။

ငြမ်းမီဒီယာ – ပြည်သူလူထု ကလည်း သူတို့မှာ လုံခြုံမှုမရှိဘူးလို့ ပြောကြတယ်။ တက္ကစီသမားတွေက လည်း သူတို့လည်း မလုံခြုံဘူးပြောတယ်။ အာဏာပိုင် အဖွဲ့ကလည်း မူခင်းတွေ ကျဆင်းဖို့နဲ့ ဥပဒေချိုးဖောက်မှုတွေ လျော့နည်းဖို့ အခုလို ကြေညာချက်တွေ ထုတ်တယ်။ အငှားယာဉ်တွေနဲ့ ပတ်သက်ပြီး ကျူးလွန်နေတဲ့ အမှုတွေ လျော့ကျအောင် ဘယ်လို လုပ်သင့်တယ်လို့ အကြံပြုချင်လဲ။

ခရီးသည် မှာလည်း မကောင်းတဲ့ ခရီးသည် ရှိနိုင်သလို ကားသမားတွေ မှာလည်း မကောင်းတဲ့ ကားသမားတွေ ရှိနိုင်ပါတယ်။ အမှုအခင်း တစ်ခုဖြစ်လာရင် ဒီအသိုင်းအဝိုင်း တစ်ခုကြောင့်ဆိုပြီး ဝိုင်းပြီး လက်ညိုးထိုးတာထက် အားလုံး ပြေလည်မယ့် အနေအထားမျိုး ရောက်အောင်တော့ အစိုးရ အနေနဲ့ လုပ်သင့်တာပေါ့။ မှုခင်းတစ်ခု ဖြစ်လာတာ …

YTDG – ကားမောင်းတဲ့ လိုင်စင် ထုတ်ပေးတဲ့နေရာမှာ စိစစ်မှုတွေ လုပ်ဖို့က တစ်အချက်ပါ။ သူတို့ဘက်က လုပ်နိုင်ပါတယ်။ နောက်တစ်ချက် က ညပိုင်းတွေ၊ ဥပဒေချိုးဖောက်မှု ဆိုတာ ညပိုင်းတွေမှာ ဖြစ်တာများ တယ်။ ညဘက်ပိုင်းတွေ မှာ ဥပဒေ စိုးမိုးမှုရှိအောင် လှည်းကင်းတွေ ယာဉ်စစ်တွေနဲ့ သေသေချာချာ ထိထိ ရောက်ရောက် စစ်ပါ။ စစ်တဲ့နေရာ မှာ ခရီးသည်ရော ယာဉ်မောင်းရော save ဖြစ်နိုင်အောင်စစ်ပါ။ နောက်တစ်ခု က ညဘက်တွေ စစ်ဆေးနေတာ ကျွန်တော်တို့လည်း တွေ့နေရတာပဲ။ အမည်လေးမေးရုံနဲ့ ပြီးသွားတာပဲ။ တကယ်က ဒါလေးနဲ့တော့ မလုံလောက်ဘူး။ နောက်တစ်ခုက FDA ကမိန်းကလေး ကိစ္စ ဖြစ်သွားတဲ့ အပိုင်းဆို မြို့မကျောင်းလမ်း ဘက်မှာ လမ်းမီတိုင်တွေ မလင်းဘူး။ တက္ကစီကားမှ မဟုတ်ဘူး။ အိမ်စီးကား လည်း ဥပဒေချိုး ဖောက်နိုင်တာပါပဲ။ စတေကာကပ်လည်း မကောင်းတဲ့သူက ဥပဒေ ချိုးဖောက်မှာပဲ။ စတေကာ မကပ်လည်း ချိုးဖောက်မှာပဲ။ စတေကာ ကိစ္စကျတော့လည်း တက္ကစီသမားတွေ ကို ကွက်ပြီး လုပ်သလို ဖြစ်နေတယ်။ အရေးယူတာ ကျတော့လည်း လိုင်စင်ဖျက်သိမ်းမယ့် အထိဆိုတော့ လက်တွေ့ဘဝနဲ့ ကိုက်ညီအောင်တော့ ပြင်ဆင်သင့် တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလိုအခြေအနေနဲ့ ပတ်သက်ပြီး တက္ကစီသမားတွေက ဘယ်လိုတုန့်ပြန်ဖို့ရှိလဲ။

YTDG – အဲဒါကတော့ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့် အပေါ်မူတည်တာပါပဲ။ ကျွန်တော်တို့ရဲ့ အမြင်ကတော့ စတေကာကပ်ခြင်း၊ စတေကာခွာခြင်း အပေါ်မှာတော့ မမျှတဘူးလို့မြင်တယ်။ ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ အခါ ဥပဒေလမ်းကြောင်း အရ ပြင်ဆင်နိုင်အောင် အထက်ကို တင်ပြဖို့တို့ သမဂ္ဂဖွဲ့ဖို့ လုပ်ဆောင်နေတဲ့သူတွေ ရှိတော့ အဲလူတွေက စုပေါင်းပြီး တင်ပြဖို့ လုပ်ထားတာတော့ရှိပါတယ်။ တုန့်ပြန်မယ့် ကိစ္စကတော့ နောက်မှ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အခုလက်ရှိ အငှားယာဉ်မောင်းတွေအနေနဲ့ ဘယ်လို အခက် အခဲတွေ ရင်ဆိုင်နေရလဲ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယာဉ်မောင်းတွေရဲ့ကိုယ်စား ဘယ်လို သတင်းစကားပြောချင်လဲ။

YTDG – ယာဉ်မောင်းတွေကိုယ်စားပြောရမယ် ဆိုရင် တက္ကစီ သမားတွေရဲ့အခက်အခဲကို အစိုးရ တာဝန်ရှိ သူတွေ မသိနိုင်ဘူး။ အခုလက်ရှိ တက္ကစီလောကမှာ ဈေးနှုန်းပြဿနာတွေ ရှိနေတယ်။ ဆီဈေးက အတက်ပဲ ရှိတယ် အကျ မရှိဘူး။ နှစ်အချက်က ကုမ္ပဏီတွေ အများကြီး ဝင်လာတယ်။ သူတိုရဲ့ မားကတ်တင်း ပလန်တွေ ကြောင့် အပြိုင်အဆိုင်တွေကြောင့် လည်း ကျွန်တော်တို့မှာ အဆင် မပြေမှုတွေ အများကြီး ရှိပါတယ်။ လုံခြုံမှု အပိုင်းပေါ့ နောက်တစ်ခုက လုံခြုံမှု ဆိုတာ ခရီးသည်ရော ကားသမားရော အတွက်ပြောတာပါ။ အနှစ်ချုပ်ပြောချင်တာ ကတော့ တက္ကစီသမားတွေရဲ့အသံကို ကျေးဇူးပြုပြီး နားထောင်ပေး ကြပါ။ ဒါမှ တက္ကစီသမားတွေ ရဲ့ အခက်အခဲကို သိပြီးမှ လိုအပ်တယ် မလိုဘူးဆိုတဲ့ သုံးသပ်ချက်နဲ့ ဥပဒေတစ်ခု လုပ်ဆောင်မှု တစ်ခုကို လုပ်ပေးစေချင်တယ်။

ငြမ်းမီဒီယာ – လတ်တလောဖြစ်ခဲ့တဲ့ FDA ကဝန်ထမ်း မိန်းကလေး အသတ်ခံရတဲ့ အမှုအခင်းကြောင့် ပြည်သူတွေက လည်း လုံခြုံမှု မရှိဘူး။ဒါကြောင့် ကုမ္ပဏီကားတွေကို စီးရင်လုံခြုံမှုရှိမယ် ဆိုတဲ့ သုံးသပ်ချက်တွေ ရှိလာတယ်။ အဲအပေါ်ကို ဘယ်လို မှတ်ချက်ပေးချင်လဲ။

YTDG – အခုလတ်တလော ဖြစ်သွားတဲ့ အမှုအခင်းတစ်ခုပေါ့ အဲဒီမှာလည်း မီဒီယာပိုင်းနဲ့ သက်ဆိုင်တယ်။ မိန်းကလေး အမှုမဖြစ်ခင် တက္ကစီသမား ကိုထွန်းထွန်းလင်း အသတ်ခံရတယ်။ အဲတုန်းက ခရီးသည် က တက္ကစီ သမားကို သတ်သွား တယ်။ နောက်တစ်ပတ်လောက် ကျတော့ FDA က အမျိုးသမီးလေးကို တက္ကစီသမားက သတ်လိုက်တယ်။ ဒီနှစ်ခု ဆက်တိုက်ဖြစ်တဲ့ အခါမှာ ဘာက မီဒီယာတွေပေါ်တက်လာ သလဲ ဆိုတော့ FDA အမျိုးသမီး အသတ်ခံရတာ က ပိုပြီး Hot ဖြစ်တယ်။ တက္ကစီစီးရင်ပဲ စစ်မြေပြင်ထွက်ရသလို ရေးကြတယ်။ တက္ကစီ သမားတွေမှာ ကောင်းတဲ့ လူရှိသလို မကောင်းတဲ့လူလည်း ရှိမှာပါပဲ။ ဒါက ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်ပါ။ ခရီးသည်မှာလည်း ကောင်းတာရော ဆိုးတာရော ရှိကြတာ ပါပဲ။ တက္ကစီစီး ရင်ပဲ မလုံခြုံတော့ သလို ခံစားရ အောင်ကို တစ်ဖက်စောင်းနင်းလေး ဖြစ်သွားသလို တွေ့ရတယ်။ အဲဒီမှ ဘာတွေတွေ့ကြုံရ သလဲဆိုရင် ညနေဘက်တွေမှာ လူမရ ကြတော့ဘူး။ ရိုးသားတဲ့ လူတွေ အများကြီး ရှိပါတယ်။ ကုမ္ပဏီ ကားကိုစီးရင် လုံခြုံတယ်လို့ ပြောဖို့ တွေးတာ နည်းနည်းများ သွားတယ်လို့ ထင်တယ်။ ကုမ္ပဏီမှ မဟုတ်ပါဘူး။ ကုမ္ပဏီ ကားမောင်းနေတဲ့ သူလည်း အားလုံး ကောင်း ပါတယ်လို့ အာမ မခံနိုင်ပါဘူး။ ကျွန်တော်တို့ အပြင်မှာရော လက်တား တားဆီး ရင်လည်း ကောင်းတဲ့ လူတွေရှိပါတယ်။ ရန်ကုန်မြို့မှာ တစ်ရက် တစ်ရက်ကို အငှားကား ငှားစီးတဲ့ ပမာဏ (၆)သိန်းလောက် ရှိတယ်။ ကျော်ချင်လည်းကျော်လိမ့်မယ်။ အဲဒီ အထဲမှာ ဘယ်နှခုလောက် က တက္ကစီသမားတွေကြောင့် ဥပဒေချိုးဖောက်မှု ဖြစ်သလဲ။ ရန်ကုန်မှာ တက္ကစီ စီးရေ ခြောက်သောင်းနဲ့ တစ်သိန်းကြား ရှိတယ်။ အဲဒီ အကုန်လုံး ထဲမှာ တစ်ယောက်က ဥပဒေချိုးဖောက်တာနဲ့ ကျန်တဲ့ သိန်းဂဏန်းရှိတဲ့ သောင်းဂဏန်းရှိတဲ့ လူတွေ မကောင်းဘူးတော့ ယူဆလို့မရဘူးလေ။ တက္ကစီ သမားတွေ ထဲမှာလည်း လူကောင်းတွေပေါ်ထွက်ခဲ့ပါတယ်။ ကိုနေဝင်းတို့လို လူတွေ နောက်ပြီး ပိုက်ဆံ သိန်းထောင်နဲ့ချီပြီး ပိုင်ရှင်ကို ပြန်ပေးခဲ့တာတွေရှိကြတာ ပါပဲ။ ကောင်းတာ မကောင်းတာ ရောထွေး နေတဲ့ Group တစ်ခုကို ခုလို ရောထွေး သတ်မှတ်လိုက်တာ ကတော့ မဖြစ်သင့်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ
ဖေဖော်ဝါရီ(၁)၊၂၀၁၈၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,