တချို့စစ်ဘေးရှောင် စခန်းတွေ သိပ်ရိုးသားမှုမရှိဘူး – အပိုင်း (၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO/KKO

ကျမက ဒီစစ်ဘေးရှောင်စခန်းကို ကလေးနှစ်ယောက်ကို လက်ဆွဲပြီး နှစ်ရက်တိတိ လမ်းလျောက်ပြီးလာခဲ့ရတာ။ ကျမဘဝမှာ …

ကချင်ပြည်နယ်မှာစစ်ဘေးဒုက္ခတွေဖြစ်ခဲ့တဲ့ လူတစ်ယောက် ရဲ့ခံစားချက်ပါ။ကျနော် အားလုံးကို တောင်းပန် ပါတယ်။ အသက်ငါးဆယ်နီးပါပြီ။အသက်ငါးဆယ်မှာ ငြိမ်းချမ်းရေး အရသာ မခံစားခဲ့ရပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ပြောနေတဲ့ အချိန်မှာ ဦးကျော်ခိုင်ဝင်း အသံက ဆိုနင့်ကြေကွဲနေ ပါတယ်။ ဦးကျော်ခိုင်ဝင်းရဲ့ ဆို့နင့်ကြေကွဲမှုဟာ လူအတော် များများရဲ့ရင်ထဲ အထိကို စီးဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်ပြောဆိုခဲ့တဲ့ ဦးကျော်ခိုင်ဝင်း ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဦးကျော်ခိုင်ဝင်း အပေါ်အန္တရာယ်တစ်ခုခု ကျရောက်မှာကို လည်း စိုးရိမ်မှု ရှိနေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောစရာတွေ ကျန်နေသေး တယ်ဆိုတဲ့ကချင်ပြည်နယ်၊မိုးညှင်းမြို့၊ မေတ္တာမွန် လူမှုကူညီရေး အသင်း၏ ဘဏ္ဍာရေးမှူး၊ သာယာတော သုသာန်လေး၏တာဝန်ခံ ဦးကျော်ခိုင်ဝင်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – ကိုကျော်ခိုင် ငြိမ်းချမ်းရေးကိစ္စပြောနေချိန်မှာ လှိုက်ခနဲ ဆိုနင့်သွားမှုကိုတွေ့ရတယ်။ကိုကျော်ခိုင် သားသမီး၊ မိသားစုတွေကလည်း အဲဒီနေ့က ပြောဆိုခဲ့တဲ့အေ ပါ်မှာ စိတ်ပူနေပုံရတယ်။အဲဒီအခြေအနေနဲ့ ကိုကျော်ခိုင်ပြောစရာ ရှိရင် ပြောပေးပါဦး။

ကိုကျော်ခိုင် – ကျနော်ပြန်ပြောရမယ်ဆိုရင် အဲဒီနေ့က ကျနော်မပြောဖြစ်လိုက်ဘူး။ ကျနော်တို့ငယ်ငယ်က စစ်ရဲ့ဒဏ်ကို ကျနော်တို့ ဘယ်လိုခံစားခဲ့ရလဲဆိုရင် ကျနော်တို့က ရှေ့တန်းရုံးမှာ အိမ်ဆောက်ပြီးသွားနေတာ မဟုတ်ဘူး။ ရှေ့တန်းရုံးက ကျနော်တို့ အိမ်ရှေ့ရောက်ခဲ့တာ။ ကျနော်တို့အိမ်ရှေ့ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ ကျနော်တို့အိမ်ရှေ့တင် ဟိုဘက်၊ဒီဘက် ပစ်ခတ်နေကြ တာ။ကျနော်တို့ အဲလိုကြုံခဲ့ရတာ။ကျနော်တို့ ငယ်ငယ်က မိုးညှင်းမြို့ မှာဆို အိမ်တိုင်းမှာ ကတုပ်ကျင်း ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့ တုန်းက ကိုယ့်ကိုယ်ကိုယ် စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်လို့ဖြစ်မှန်း ကို မသိဘူး။ကြီးမှ ဟိုစစ်ဘေးရှောင် သွားကူလိုက်၊ဒီစစ်ဘေးရှောင် သွားကူလိုက်နဲ့ …

သေနတ်သံကြားတာနဲ့ အားလုံးက ကတုပ်ကျင်းထဲဝင်ပုန်းပြီး တစ်ညလုံးနေရတာ။ စဉ်းစားကြည့်ဗျာ။ရှေ့တန်းရုံးက အိမ်ရှေ့မှာ။ လက်နက်ကြီး တွေနဲ့ ပစ်နေတာ။ ကျနော်တို့ သိပ်ကိုတုန်လှုပ်ခဲ့ရတာ။ အရမ်းကြောက် ခဲ့ရတာ။ နောက်တစ်ခုက ရှေ့တန်းရုံးက အိမ်ရှေ့မှာ တပ်စွဲထားပြီး ဘာစာချိတ်ထားလဲဆိုတော့ “ သတိမိုင်းထောင်ထားသည်” တဲ့။ အဲလိုဆိုတော့ ကျနော်တို့က အိမ်ပဲပြန် ရမှာလား။မပြန်ဘဲ နေရမှာလား။ အဲလိုအဖြစ်မျိုးတွေ ကျနော်တို့ငယ်ငယ်က ကြုံခဲ့ရတယ်။ဒီလို စစ်ရဲ့ မငြိမ်းချမ်းမှု တွေကိုကြုံခဲ့ ရတာ။ ဒီခေတ်စစ်ဘေးရှောင် ကလေးတွေက အင်မတန် ကံကောင်းတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံလိုပုဂ္ဂိုလ်မျိုးက လာပြီး နှစ်သိမ့်နိုင်တယ်။ ထောက်ပံ့မှုပေးနိုင်တယ်။ ဒီကလေးငယ်တွေကို လာပြီး အားပေးနိုင် တယ်။ ဒုက္ခသည်စခန်းတွေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာကြည့်ရှုနိုင်တယ်။management လုပ်ပေးနိုင်တယ်။ ကျနော်တို့ တုန်းက ကိုယ့်ကိုယ်ကိုယ် စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်လို့ဖြစ်မှန်း ကို မသိဘူး။ကြီးမှ ဟိုစစ်ဘေးရှောင် သွားကူလိုက်၊ဒီစစ်ဘေးရှောင် သွားကူလိုက်နဲ့ ဘာစဉ်းစားမိလဲဆိုတော့ ငါတို့လည်း ငယ်ငယ်က ဒီကလေးငယ်တွေလိုပဲ ဖြစ်ခဲ့တာပဲ။ အဲလိုပြန်စဉ်းစား မိတာ။ အဲဒီတော့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကျနော်တို့ တုန်းကတော့ ဒီလို နိုင်ငံတော်အကြီး အကဲမပြောနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောင်လာမကြည့်ဘူး။ သူလည်း စစ်ဘေးရှောင် ဖြစ်နေတာလေ။ အဲဒီ ဘဝတွေကို ကြုံခဲ့ရတယ်။ ဒါတွေ ကျနော်ပြောဖို့ ကျန်သွားခဲ့ တယ်။

ငြမ်းမီဒီယာ – အခု တိုက်ပွဲတွေကလည်း ရှိနေဆဲဖြစ်သလို စစ်ဘေးရှောင် စခန်းတွေမှာ ကလေးသူငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ၊ အမျိုးသမီးတွေ အများကြီးပါ။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ရော ဘာပြောချင်လဲ။

ကိုကျော်ခိုင် – စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီခေတ်ဒီအခါမှာ စစ်ဘေးရှောင်ဆိုတဲ့နေရာမှာ ကျနော့်အမြင်အရ ပွင့်ပွင့် လင်းပြောရရင် တချို့စစ်ဘေးရှောင်စခန်းတွေက တကယ် စစ်ဘေးရှောင်စခန်းတွေဖြစ်ကြသလို၊ တချို့စစ်ဘေးရှောင် စခန်းတွေကျတော့လည်း သိပ်ရိုးသားမှုမရှိဘူးလို့ ကျနော် တစ်ယောက်တည်းအမြင်အရ ခံစားရပါတယ်။ ကျနော် စစ်ဘေးရှောင်စခန်းတွေ အများကြီး သွားဖူးပါတယ်။သွားလည်း ကူညီဖူးပါတယ်။ အဲလိုခံစားရတယ်။တစ်ခုဆိုရင် ဘာစိတ်မေ ကာင်းဘူးလဲ ဆိုတော့ ဥပမာ အားဖြင့် ဒီအစ်ကိုနဲ့ ကျနော် တွေ့လိုက်တဲ့အခါကျရင် လူကဲခတ်ကြရင် ဒီလူဟာ ဘာဖြစ် တယ် ဆိုတာ ဒီလိုပဲ ကျနော်တို့ စစ်ဘေးရှောင် တစ်ခုလို့သတ်မှတ်ခြင်း ခံထားရတဲ့စခန်းတစ်ခုကို သွားလိုက်ရင် ဒီစစ်ဘေးရှောင်စခန်းဟာ တကယ် ဒုက္ခရောက်တဲ့စခန်း၊ ဒီစစ်ဘေးရှောင် စခန်းဟာ ဘာလဲ ဆိုတာ ကျနော်တို့ အကဲခတ်တတ်ပါတယ်။ တအားကြီး တော်တာ တော့ မဟုတ်ဘူး။

ဒါတွေကို ကျနော်တို့ ဘယ်လို နှလုံးသားနဲ့ခံစားရ မလဲ။ဒါမျိုးတွေကျတော့ သူတို့ဘဝကို ဘယ်လိုလုပ် ခံစားပြီး ဘယ်လိုလုပ်ပျိုးထောင်ပေးရမလဲ ဆိုတာကို မသိတော့ဘူး …

အဲလိုအရိပ်အမြွက်လေးတွေ ကျနော်တို့လည်း ခံစား ခဲ့ရတယ်။ သိတယ်။သွားတယ်။ လာတယ်။တချို့ စစ်ဘေး ရှောင်စခန်းတွေ ကျတော့လည်း သိပ်ကို ရင်နာစရာ ကောင်းတယ်။ ဘယ်လိုရင်နာစရာကောင်းလဲဆိုတော့ ကျနော်တို့ ဆဒုံးစစ် ဘေးရှောင်စခန်းကို ကျနော်တို့ သွားတယ်။အဲဒီမှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ဆိုရင်သူ့ကိုကြည့်ရင် ပြုံးပဲပြုံးနေတာ။ သူ့ကို စစ်ဘေးရှောင် စခန်းက သူတွေက ဘာပြောလဲဆိုတော့ ဒီမိန်းကလေးက စိတ်ကျန်းမာရေး သိပ်မကောင်းဘူး။ေတွ့တဲ့လူတိုင်းကို အမြဲတမ်းပြုံးနေ၊ ရယ်နေတယ်ပေါ့အဲလိုပြောတယ်။ကျနော်တို့က မေးတယ်။ အမြဲတမ်းပြုံးနေတာ တစ်ခုခု ဘာများရှိသလဲ၊ဖြစ်သလဲပေါ့ ကျနော်တို့ မေးတဲ့ အခါကျတော့ သူက ဘာပြန်ပြောသလဲဆိုတော့ “ ကျမက ဒီစစ်ဘေးရှောင်စခန်းကို ကလေးနှစ်ယောက်ကို လက်ဆွဲပြီး နှစ်ရက်တိတိ လမ်းလျောက်ပြီးလာခဲ့ရတာ။ ကျမဘဝမှာ ပိုင်တာဆိုလို့ ကျမခြေထောက်နှစ်ချောင်းနဲ့ ကျမပြုံးပြနိုင် တာပဲပိုင်တာ တဲ့” သူက အဲဒီလိုပြောတာ။ သိပ်ဝမ်းနည်းစရာ ကောင်းတယ်နော်။ကျမပိုင်တဲ့ခြေထောက်နှစ်ချောင်းနဲ့ ကျမဒီစစ်ဘေးရှောင်စခန်းကို နှစ်ရက်တိတိ လမ်းလျောက်ခဲ့ လို့ရောက်ခဲ့ပြီ။ဒီစခန်းကို ကျမစဝင်ကတည်းက ပြုံးပြီးဝင်ရမယ် ဆိုတာ ကျမသိတယ်တဲ့။ ကျမပိုင်တာ ဒါပဲရှိတယ်တဲ့။ အဲဒါကြောင့် ဒီစခန်းမှာ တွေ့တဲ့မြင်တဲ့သူတိုင်းကို ပြုံးတယ်။ အားလုံးကို ကျမပြုံးပြတယ်။အခုအချိန်မှာ ကျမ ပိုင်တာ ဒီအပြုံးတွေပဲ ရှိတယ်တဲ့။ဒါတွေကို ကျနော်တို့ ဘယ်လို နှလုံးသားနဲ့ခံစားရ မလဲ။ဒါမျိုးတွေကျတော့ သူတို့ဘဝကို ဘယ်လိုလုပ် ခံစားပြီး ဘယ်လိုလုပ်ပျိုးထောင်ပေးရမလဲ ဆိုတာကို မသိတော့ဘူး။ သူတို့ဘဝကိုအမြန်ဆုံး ပျိုးထောင်နိုင်ဖို့ ဆိုတာ ငြိမ်းချမ်းရေး မရမချင်း ဘယ်လိုမှပျိုးထောင်ပေးလို့မရဘူး။

ငြမ်းမီဒီယာ – ကိုကျော်ခိုင်ပြောတဲ့အထဲမှာ တချို့စစ်ဘေးရှောင် စခန်းတွေက သိပ်ရိုးသားမှုမရှိတာ၊ သံသယဖြစ်ဖွယ် ကောင်းနေတာ မျိုးက ဘယ်လိုအကြောင်းအရာလဲ။ ပွင့်ပွင့်လင်းလင်းပြောလို့ ရမလား။ တစ်ခုခုကိုကွဲကွဲပြာပြားသိရင် ပိုကောင်းနိုင်မလား။

ကိုကျော်ခိုင် – ပြောမယ်ဆိုရင်တော့ ကျနော့်မိသားစု အသိုင်း အဝိုင်းတွေ၊ ကျနော့် မောင်နှမတွေ၊ဆွေမျိုး အသိုင်းအဝိုင်းတွေ ကျနော့်ကိုပိုပြီး စိတ်ဆိုးကြမယ်ထင်တယ်။ပိုပြီးလည်း စိတ်ပူကြလိမ့်မယ်။အဲဒီတစ်ခုတော့ ခွင့်လွှတ်ဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ ကိုကျော်ခိုင် ခင်ဗျ။

ငြမ်းမီဒီယာ – အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုကျော်ခိုင် တင်ပြခဲ့တဲ့ ကိစ္စတွေ ရောရပြီးလား ။

ကိုကျော်ခိုင် – ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြပြီး နောက်ရက်မှာ ကချင်ပြည်နယ်ဝန်ကြီး တစ်ပါးက လှမ်းပြောတယ်။ တရားဝင် ပြောတာတော့မဟုတ်ဘူး။ ခင်မင်မှုအရပြောတာ။ဝန်ကြီးတစ်ပါးက အစည်းအဝေးပြီးပြီးချင်းမှာ ကျနော့်ဆီဖုန်းလှမ်းဆက်တယ်။ ကိုကျော်ခိုင်ရေ ခင်ဗျားတင်ပြတဲ့ မီးသတ် ကိစ္စရပြီလို့သာ မှတ်ထားလိုက်နော်။ ကျနော်တို့ကတ်ဘိနက်နဲ့ အမေစုေ ဆွးနွေးပြီးတဲ့အခါမှာ အဲဒါကို ပေးလိုက်ပြီလို့ အစိုးရအဖွဲ့က လည်းတင်ပြတယ်။နောက်သုံးလေးရက်အကြာမှာ စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်ကျော်ဝင်း မိုးညှင်းကိုလာတယ်။ ကျနော်တို့ေ တာင်းထားတဲ့ခရိုင်မီးသတ်စခန်း စည်ပင် အမှိုက်ပုံ နေရာကိုလာပြီး ကွင်းဆင်းလာကြည့်တယ်။သူ လာမကြည့်ခင် ကျနော့်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ခေါ်တယ်။ပြီးတဲ့အခါကျတော့ မြေစာရင်းက ခေါ်တယ်။မီးသတ်ကနေခေါ်တယ်။ စည်ပင်ကော်မတီတွေ ပါတယ်။အမှိုက်ပုံကို သွားကြည့်ပြီး မြေပြန်တိုင်းကြတယ်။

ကိုမင်းကိုနိုင်ဆိုတာ ကျနော်တို့ အရေးတော်ပုံလုပ်လာတဲ့ ကာလတစ်လျောက်မှာ ကျနော်တို့ ရင်ထဲသတ်မှတ်ထားတာ ဒေါ်စုပြီးရင်သူပဲလို့ သတ်မှတ်ထားတာ။ကိုမင်းကိုနိုင်လူမျိုးကို …

သတ်မှတ်ဧရိယာ ပြည်၊မပြည့် ပြန်တိုင်းကြတယ်။ပြန်တိုင်းပြီးတော့မှ အဲဒါကိုပြည်နယ်အစိုးရကို တင်ပြရမယ်ပေါ့။အဲဒါတွေပြီးလို့ ဦးကျော်ကျော်ဝင်းက လာကြည့်တယ်။ဦးကျော်ကျော်ဝင်းကလည်း ရှင်းပြတယ်။ ဖြစ်သွားတာက ကျနော်တို့က လုံနယ်ဝန်ကြီးကို ကျနော်ရယ်၊ မိုးညှင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးရယ်၊ မိုးညှင်းက ခရိုင်မီးသတ် ဦးစီးရယ်က အချက်အလက်တွေဘာတွေနဲ့ သွားပေးတယ်။ အဲဒီပေးတဲ့နေ့မှာပဲ လုံနယ်ဝန်ကြီးက ကတ်ဘိနက် မှာဆွေးနွေးတယ်ပြော တယ်။ဒါကတော့ တရားဝင် အတိအကျတော့ မဟုတ်ဘူးပေါ့။သူတို့ရဲ့ ပြောပြချက်။ဝန်ကြီးကိုယ်တိုင် ပြောပြချက်ပေါ့။ဆွေးနွေးတဲ့ အချိန်မှာ စည်ပင်ဝန်ကြီးက မရှိဘူး။အစိုးရခရီးစဉ်နဲ့ နီပေါနိုင်ငံကို လေ့လာရေးခရီး သွားနေတယ်။ အဲဒီအချိန်မှာ စည်ပင် ဝန်ကြီးတာဝန်တွေကို အခု စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်ကျော်ဝင်းကို လွှဲထားပေး ခဲ့တယ်။အဲလိုလွှဲထားပေးတဲ့အချိန်မှာ ဆွေးနွေးတဲ့ အချိန်မှာ စည်ပင်ညွှန်မှူး က အဲဒီနေရာဟာ စည်ပင်ဝန်ထမ်းအိမ်ရာနဲ့ ပျိုးဥယျာဉ်လုပ်ဖို့ အတွက် လျာထားပါတယ်လို့ တင်ပြထား တာဖြစ်တဲ့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ မပေးနိုင်ပါဘူး ဆိုပြီးပြန်ပြီးရှင်းတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မပေးနိုင်ပါဘူးဆိုတာကို စိုက်ပျိုးရေးဝန်ကြီး ဦးကျော်ကျော်ဝင်း က နေ ပြည်နယ်အစိုးရကိုယ်စား လက်မှတ် ထိုးပေးလိုက်တယ်လို့ သူက ပြောတယ်။သူလက်မှတ်ထိုးတာ သူ့သဘောနဲ့ထိုးတာ မဟုတ်ပါ ဘူးပေါ့။ ကချင်ပြည်နယ် အစိုးရ ကိုယ်စားသူက လက်မှတ်ထိုး ရတယ်။ ဒါပေမယ့် ဒါက သူ့တာဝန်ဖြစ်သွားတယ်။အဲဒါသူ့ကို နားလည်ပေးပါဆိုပြီး အဲဒီအမှိုက်ပုံမှာ ကျနော့်ကို ခေါ်ပြီးပြော တယ်။ကျနော်တို့ကတော့ နားလည်တာ။နားမလည်တာ အပထား။ကျနော်တို့ လိုချင်တာရတဲ့အတွက် ဘာမှမဖြစ်ဘူး။ ရတယ်။

ငြမ်းမီဒီယာ – အဲဒီမှာ ဒီလောက်ကိစ္စလေးကို ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြရသလားဆိုပြီး ပြောဆို သူတွေရှိကြောင်း ကိုကျော်ခိုင်ပြောတယ်။ အခုတွေ့ရသလောက်က လည်း ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြနိုင်မှပဲ ရသွားတာကိုး။ တကယ်တော့ စည်ပင်က လျာထားတာရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောချိန်မှာ ဒီလိုလျာထားတာ ရှိတယ် ဆိုတာပြောရမယ် ထင်တယ်။ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်ရင် ပေးလိုက်တယ်ဆိုတော့…။ အဲဒီတော့ မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက် တိုင်း က တစ်ခုခုပြဿနာ ဆို ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထိုင်မျှော်နေရမှာလား။တာဝန်ယူမှုအဆင့်ဆင့်နဲ့ အလုပ် မလုပ်ကြဘူးလား။ ကိုကျော်ခိုင် ဘာပြောချင်လဲ။

ကိုကျော်ခိုင် – ဘာပြောချင်သလဲဆိုတော့ ကျနော်ပြောချင်တာ ရှင်းရှင်းလေး။ပထမငြိမ်းချမ်းရေးကိစ္စနဲ့ ပြန်ကောက်ရရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့စကားတွေက ကိုမင်းကိုနိုင်လို ပုဂ္ဂိုလ်မျိုးကို ကျနော်ပြော ခဲ့တယ်ဗျာ။ကိုမင်းကိုနိုင်ဆိုတာ ကျနော်တို့ အရေးတော်ပုံလုပ်လာတဲ့ ကာလတစ်လျောက်မှာ ကျနော်တို့ ရင်ထဲသတ်မှတ်ထားတာ ဒေါ်စုပြီးရင်သူပဲလို့ သတ်မှတ်ထားတာ။ကိုမင်းကိုနိုင်လူမျိုးကို ကျနော်ဒီစကားမျိုး ပြောခဲ့ဖူးပြီ။မနီလာသိန်းလို လူမျိုးကိုလည်း ကျနော်ဒီစကားမျိုး ပြောခဲ့ဖူးပြီ။ စာရေးဆရာအသိုင်းအဝိုင်း တော်တော် များများ ကို လည်း ဒီစကားတွေ ပြောခဲ့ဖူးပြီ။ ဒါပေမယ့်ဒီစကားတွေက ဘာမှအရာမရောက်ဘူး ဗျာ။အရာမရောက်ဘူးဆိုတာ အခုလိုမျိုး အားလုံးစိတ်ဝင်စားတဲ့အဆင့်ကို မရောက်ဘူး။ဒီစကား မိုးညှင်း လက်ဖက်ရည်ဆိုင်ထိုင်တော့လည်း ဒါပြောနေတာပဲ။ ခရိုင် အုပ်ချုပ်ရေးမှူးနဲ့တွေ့ရင်လည်း ညငိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဒါကိုပြောတာပါပဲ။စစ်တပ်ပိုင်းဆိုင်ရာကျနော်ခင်မင်ရင်းနှီးတဲ့သူတွေကိုလည်း ဒါပြောတာပါပဲ။ဒါပေမယ့် ဒါကကျနော် ဘာကို ဆိုလိုချင်တာလဲဆိုတော့ ကျနော်ခုနက အစ်ကိုပြောတဲ့ဟာကို ပြန်ကောက်ချင်လို့နော်။ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ပြောတာ နောက်ကျနေပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် ကတည်းက ကျနော်ဒီစကားကိုပြောနေတာ။အခုဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်တဲ့အခါမှ ဟာ ဟုတ်တာပေါ့ ဆိုပြီး တစ်နိုင်ငံလုံးလည်းသိ ကမ္ဘာမှာရှိတဲ့မြန်မာတွေလည်းစိတ်ဝင်စားသွားကြတယ်။ ဒါဟုတ်တယ်၊ မှန်တယ်။အဲဒီလိုမျိုးဖြစ်လာတယ်။အဲဒီလိုပဲ ကျနော်တို့ မိုးညှင်းမှာဖြစ်တဲ့ကိစ္စ ဆိုရင် ကျနော်စည်ပင်ဝန်ကြီးကို အမှိုက်ပုံခေါ်သွားပြီး ဘာပြောလဲဆိုတော့ ဝန်ကြီးခင်ဗျား စဉ်းစားနော် အမှိုက်ပုံကိုကျနော်တောင်းနေတာ စည်ပင်ကို အမြင်ကပ်လို့တောင်းနေတာ မဟုတ်ဘူးနော်။ မြို့အတွက် လိုအပ်ချက်ရှိလို့တောင်းနေတာ။စည်ပင်ဟာမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုရင် စည်ပင်မှာမြေကြီးအများကြီး မရှိရင်နေ။မြို့အတွက် လိုအပ်တယ် ဆိုရင် တစ်ကွက်တည်း ရှိရင်တောင် တစ်ခြမ်းကို ကျနော်တို့ကိုေ ပးရမှာနော်။အခုက ခင်ဗျားတို့မှာအကွက် အများကြီးရှိတယ်။ ဒါကြောင့်မို့ ဒါလေးကိုပေးပါလို့ကျနော်တောင်းဆိုနေ တာ။နောက်ဆုံးကျနော် တစ်ခုပြောပြမယ်။ ခင်ဗျားတို့ဆီမှာ မြေကွက်တွေ အများကြီးရှိတာမှန်ပေမယ့်လည်း ကျနော်တို့ မိုးညှင်းမြို့မှာ ကျနော်တို့ကိုယ်တိုင်တောင်းခဲ့တာ ပြည်သူ့ရင်ပြင် ဆိုပြီး (၂၃)ဧက ကျော်တယ်။နောက်ဆုံးသဘောမတူလို့ လွှတ်တော်မှာမဲခွဲ ဆုံးဖြတ်ကြတော့ ကျနာ်တို့နိုင်တယ်။မိုးညှင်းမှာ ပြည်နယ် အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ ပြည်သူ့ရင်ပြင်ဆိုပြီး သတ်မှတ်ပေးလိုက်ရတယ်။ ကျနော်တို့အကောင်အထည်တော့ မဖော်နိုင် သေးဘူး။အဲဒီတော့ ကျနော်တို့က စည်ပင်ကိုမုန်းလို့ မဟုတ်ဘူး။ မြို့အတွက်လိုအပ်လို့တောင်းနေတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က ဒါဟုတ်တာပေါ့ ပေးသင့်တာပေါ့ဆိုမှ သူတို့က ချက်ချင်း ပေးမယ်ဆိုတာ ဖြစ်တာလေ။အသေးအမွှား ကိစ္စလေးတွေကအစ ဒေါ်အောင်ဆန်းစုကြည်ကိုပြောနေရတာ သူ့ကို …

စည်ပင်မှာ အကွက် ဘယ်လောက်ပဲရှိရှိ ဒီ(၂၃)ဧကကြီးက ပြည်သူ့ရင်ပြင်ဖြစ် သင့်တယ်ဆိုပြီးကျနော်တို့တောင်းပြီးတော့ ခင်ဗျားတို့စည်ပင်ကိုပဲ ပေးခဲ့ရမှာ ဝန်ကြီး ကျနော်သူ့ကိုရှင်းပြတယ်။ ဒီထက်ပြောစရာ စကားမရှိတော့ဘူး။အဲလောက်ထိ ကျနော်တို့ပြောပေမယ့် ဘာမှအရာမရောက်ဘူး။ညွှန်မှူးတွေပြောတာကိုပဲ အဟုတ် ထင်နေတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကို လည်း ပြောလိုက်ရော ချက်ချင်းပေးမယ်ဆိုတော့ သူတို့အရှက်ကွဲတာပေါ့။ လူတွေအမြင်မှာ ဒီလောက်သေးသေးမွှားမွှား ကိစ္စလေးတွေကိုပြောရသလား ဆိုတော့ အဲဒီလောက် သေးသေးမွှားမွှားကိစ္စလေးကို ကျနော်တု့ိ ဝန်ကြီးတွေက မဆုံးဖြတ်ရဲ ဘူး။မဆုံးဖြတ်တတ်ဘူး။ မစဉ်းစား တတ်ဘူး။အဲဒီလိုဖြစ်နေတာ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာ ရှင်းရှင်းလေး မီးသတ်ကွင်း တစ်ခုလုပ်ဖို့ ဘာခက်ခဲနေလဲ တဲ့။အထူးသဖြင့်စည်ပင်ပိုင်တဲ့မြေကြီးဆိုတော့ ပိုတောင်မှ လွယ်သေးတယ်ဆိုတော့ ဒါက ဒေါ်စုပြောစရာမလိုဘူး။ သူတို့စဉ်းစားထားရမယ်လေ။ဒါက ကျနော့်အတွက်တောင်းနေ တာလည်းမဟုတ်ဘူး။

ကျနော်တို့လည်း ရှစ်ဆယ့်ရှစ်ကတည်းက တော်လှန်ရေး လုပ်လာတဲ့ လူတစ်ယောက်။ ကျနော် ပြောချင်တာက ဝန်ကြီးချုပ်လာတိုင်း …

ကျနော့်အိမ် သူများသိမ်းသွားလို့တောင်းနေ တာလည်းမဟုတ်ဘူး။အားလုံးရဲ့လက်မှတ်တွေပါတယ်။ သူတို့လည်းအကြိမ်ကြိမ် ကွင်းဆင်းပြီးပြီ။ စည်ပင်ညွှန်မှူးကမပေးနိုင်ဘူးဆို ဝန်ကြီးတွေက မပေးနိုင်တော့ဘူး။ပြည်နယ် အစိုးရတိုင်း၊ တိုင်းဒေသကြီး အစိုးရတိုင်းက အဲလိုဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တင်ပြချက် ဟာ ဖြစ်သင့်လား။ မဖြစ်သင့်ဘူးလား ဒေါ်အောင်ဆန်းစုကြည် သိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟုတ်တာပေါ့ ပေးသင့်တာပေါ့ဆိုမှ သူတို့က ချက်ချင်း ပေးမယ်ဆိုတာ ဖြစ်တာလေ။အသေးအမွှား ကိစ္စလေးတွေကအစ ဒေါ်အောင်ဆန်းစုကြည်ကိုပြောနေရတာ သူ့ကိုမသနားလို့ မဟုတ်ဘူး။အခုက ပြည်နယ်အစိုးရတွေရဲ့ စီမံခန့်ခွဲမှုကသိပ်ကို ညံ့တယ်။ဒါကြောင့်အသေးအမွှားကိစ္စလေးတွေကအစ ဒေါ်အောင်ဆန်းစုကြည် ကို ပြောနေရတာ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာ ရှိသလား ကိုကျော်ခိုင်။

ကိုကျော်ခိုင် – ကျနော်တို့လည်း ရှစ်ဆယ့်ရှစ် ကတည်းက တော်လှန်ရေးလုပ်လာတဲ့ လူတစ်ယောက်။ ကျနော် ပြောချင်တာက ဝန်ကြီးချုပ် လာတိုင်းလိုအပ်ချက်တွေ၊ ဟာကွက်တွေ ကျနော်ပြောတယ်။ ကျနော့်ကိုယ်ကျိုး အတွက် တစ်ခုမှမပါဘူး။ ဝန်ကြီးချုပ် နှစ်ခေါက်လာရင် နှစ်ခေါက်လုံး ကျနော်ပြောတယ်။ တခြားဝန်ကြီးတွေ လာလည်းပြောတယ်။ ပြောရင်လည်း ကျနော်တိုးတိုးတိတ် တိတ် မပြော ပရိသတ်အစုံအလယ်မှာ ကျနော် တရားဝင်ပြောတာ။ ကျနော့်စိတ်ထဲမှာ ဘာကိုစိတ်ကူးသလဲဆိုတော့ ဒီခေတ်ဒီအခါ မှာ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုပြောလို့ရတယ်။လွတ်လပ်စွာပြောလို့ရတယ် ။ဝေဖန်လို့ရတယ်။ကိုယ်ပြောတဲ့ဟာ၊ ကိုယ်ဝေဖန် တဲ့ဟာက အချက်အလက်ပြည့်စုံရမယ်။ အကြောင်းအရင်းမှန်ကန်ရမယ်။ ကိုယ့်ကိုယ်ကျိုး အတွက် မဖြစ်ရဘူး။ အများနဲ့ သက်ဆိုင်တဲ့ဟာတွေ ဖြစ်ရမယ် ။ကြိုက်တဲ့ နေရာမှာ၊ကြိုက်တဲ့လူကို လက်ညိုးထိုးပြီးပြောလို့ရတယ်ဆိုတာ ကိုလည်း ကျနော်ပြချင်တယ်။

ငြမ်းမီဒီယာ – အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ကိုကျော်ခိုင်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ငြိမ်းချမ်းရေးမရအောင် ကျနော်တို့ ပြည်သူတွေ လုပ်ထားတာမဟုတ်ဘူး – အပိုင်း(၁)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,