တစ်ကမ္ဘာလုံးက ကိုယ့်အသက်ကိုယ် လုနေရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Manuel on Unsplash

ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က ကိုရိုနာဗိုင်းရပ်စ်ကိုအသုံးချပြီး သူ့ရဲ့စီးပွားရေးကို ပြန်ထူထောင်နေတာ။ ဒီ effective က …

လတ်တလော ကပ်ရောရာအသွင်ဆောင်နေသည့် Covid -19 virus အခြေအနေ၊ ၎င်းကိစ္စအပေါ်မူတည်ပြီးဖြစ်လာနိုင်သည့် ကမ္ဘာ့အရေး မြန်မာ့အရေးတို့ကိုကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ဒေါက်တာ M ကောန်လကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – လက်ရှိကမ္ဘာမှာဖြစ်နေတဲ့ ဒီပြသနာရဲ့ နောက်ဆက်တွဲဂယက်တွေကြောင့် ကမ္ဘာနိုင်ငံရေး အခြေအနေ ဘယ်လို ဖြစ်လာ နိုင်တယ်ဆိုတာ ကို သုံးသပ်ပေးပါဦး။

Dr. MKL – လောလောဆယ် ဒီအပေါ်မှာကြည့်ရင် ကျနော်တို့တိုက်ကြီးတွေအပိုင်းအခြားနဲ့ ခွဲပြောရင်ပိုလွယ် မယ်။ ဥပမာ အာရှ ပေါ့။ အာရှမှာဆိုရင် လောလောဆယ်တော့ တောင်ကိုးရီးယား။ တောင်ကိုးရီးယားမှာ အပြင်းအထန်ဖြစ်တယ်။ နောက် အရှေ့ တောင် အာရှမှာ မလေး။ မလေးမှာ များလာပြီ။ အဲဒီလိုမျိုးဆိုတော့ ကျနော်တို့ပြန်ကြည့်ရင် ဗဟိုအာရှနိုင်ငံတွေနဲ့ ရုရှား လောက် အထိက လွတ်ကင်းနေသေးတယ်။ ဒီဘက်ပိုင်း တောင်တရုတ်ပင်လယ်တို့၊ အရှေ့တရုတ်ပင်လယ်တို့ စတဲ့ ပင်လယ် လမ်းကြောင်း နိုင်ငံတွေမှာတော့ အတော် များများဖြစ်နေတယ်။ အာရှမှာဆိုရင် အဲဒီလိုမျိုးသုံးသပ်လို့ရတယ်။ နောက်တစ်ခါ အာဖရိကပေါ့။ ကျနော်မြင် တာကတော့ အာရှနဲ့ ဥရောပမှာအဓိကဖြစ်နေတာပေါ့။ ဒါတွေပြီးပြီဆိုရင် အာဖရိကမှာ အကြီးအကျယ် Out Break ဖြစ်နိုင်တယ်။ သမုဒ္ဒရာပိုင်းဇုန်တွေကတော့ ဖြစ်တာနည်းနိုင်ပါတယ်။ ဆိုတော့ တစ်ကမ္ဘာလုံးကတော့ နိုင်ငံရေး ထက် ဒီကိစ္စကို အာရုံစိုက်ပြီး ကိုယ့်အသက်ကိုယ်လုနေရတယ်ပေါ့။ အခု ဂျာမဏီက အိန်ဂျလာ မာကယ်ဆို ဒီနေ့ကစပြီး Quarantine လုပ်ပြီ။ ဆိုတော့ ဥရောပကတော့အခြေအနေ အဆိုးဆုံးဖြစ်တဲ့အတွက် ကြောင့် နိုင်ငံရေးအရကြည့်ရင် လောလောဆယ်ကစားနေတာ တရုတ်နဲ့ US ပဲကစားနေတာ။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က ကိုရိုနာဗိုင်းရပ်စ်ကိုအသုံးချပြီး သူ့ရဲ့စီးပွားရေးကို ပြန်ထူထောင်နေတာ။ ဒီ effective က Europe အပေါ်မှာ သူအသာစီးရဖို့ပြင်ဆင်လိမ့်မယ်။ ဒါကျနော့်အမြင်ပေါ့။ ဥရောပကို သူအသာ စီးရဖို့ပေါ့။ ဘာဖြစ်လို့လည်းဆို အခုဖြစ်နေတဲ့အီတလီဟာ သူ့မဟာမိတ်ပဲ။ ပြင်သစ်ကတော့ သူနဲ့သိပ် Alliance မဟုတ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရခိုင်စစ်ပွဲကလည်း နိုင်ငံရေးအပြောင်းအလဲကို အကြီးမားဆုံးဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆို ရခိုင်ကလည်း …

အီတလီကတော့ မနှစ်က ရှီကျင်းဖျင်သွားတုန်းက သူတော်တော်များများ လက်ခံထားတယ်။ OBOR ကိုလည်း သူလက်ခံ ထားတယ်။ အဲဒီအပေါ်မှာ တရုတ်ကအသာစီးယူပြီးကစားလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင် EU ကို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ရှိအောင် ပြင်ဆင်တည်ဆောက်တော့မှာဖြစ်တယ်။ US က သူ့သြဇာ အတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ အသည်းအသန် ဖြစ်နေ တယ်။ Power Reconstruct လုပ်ဖို့ပေါ့။ ကာကွယ်ဆေးထုတ်နိုင်ရင်တော့ တရုတ်ရဲ့တန်ပြန်လွှမ်းလာတဲ့ နိုင်ငံရေးအရိပ်ကို သူ ကာကွယ် နိုင်မယ်။ အာဖရိကကတော့တရုတ်လက်ထဲ ရောက်ပြီးသား ဆိုတော့ ပြောစရာမလိုဘူးပေါ့။ ဒါပေမယ့် တရုတ်ရဲ့ အခွင့်အလမ်း အားသာမှုက EU ကိုသူသြဇာလွှမ်းနိုင်လိမ့်မယ်။ အဲဒီလိုအနေအထားတော့မြင်ရတယ်။

ငြမ်းမီဒီယာ – လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေကို မေးချင်ပါတယ်။ သိပ်မကြာသေးခင် က လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားခဲ့ကြသလို၊ တစ်ဖက်မှာလည်း ရွေးကောက်ပွဲက နီးလာနေပြီ။ တိုင်းရင်းသားပါတီ တွေကလည်း ဖက်ဒရယ် အရေးနဲ့ အတူ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ့်ဒေသကိုယ် ရာနှုန်းပြည့်အနိုင်ရဖို့ လိုအပ်တယ်ဆိုတာမျိုးပြောလာကြတော့ ဒီ အခြေအနေတွေ အပေါ်မှာ သုံးသပ်ပေးပါဦး။

DR. MKL – အခုလောလောဆယ် ကျနော်တို့ဆီမှာ ဖြစ်နေတာက နှစ်ခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ အခြေခံ ဥပဒေ ပြင်ဆင် ရေး အတွက် ရုန်းရုန်း ရုန်းရုန်းလုပ်နေသလို နောက်တစ်ခုက ရခိုင်စစ်ပွဲပေါ့။ ရခိုင်စစ်ပွဲက လည်း နိုင်ငံရေး အပြောင်းအလဲ ကို အကြီးမားဆုံး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆို ရခိုင်ကလည်းသူသေကိုယ်သေတိုက် နေတဲ့ သဘောတောင်ဖြစ်လာပြီ။ ဒီလိုပဲ တပ်မတော် Institution ကလည်း ဒီအပေါ်မှာ ပြိုကွဲရင်တစ်စစီဖြစ် သွားမှာစိုးရိမ်တော့ သူလည်းစုပုံပြီးအောနေတယ်။ အဲဒီမှာ ကြားညပ်နေတာက ဒီမိုကရက်တစ်အစိုးရလို့ခေါ်တဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ လူထုအစိုးရပေါ့။ NLD မှမဟုတ်ဘူး၊ တခြား မည်သည့် အစိုးရမဆို ရွေးကောက်ပွဲနဲ့ လူထုကတင်မြှောက်လိုက်ရင် လူထုအစိုးရပဲ။ အဲဒီတော့ လူထုရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရအပေါ်မှာ လည်း ဒီဂယက်ကရိုက်တာပဲ။ ကျနော်တို့က ကမ္ဘာမှာဖြစ်နေလုပ်နေတာတွေနဲ့ ဟန်ချက်မညီဘူး။ ကမ္ဘာမှာ အခုဆို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နေတဲ့စီးပွားကုန်ထုတ်လုပ်မှုကို ပြင်ဆင်ဖို့ လုပ်နေတဲ့အချိန်မှာ မြန်မာက ကျနော်တို့ရဲ့ မူရင်း ပဋိပက္ခဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာပဲ ပျော်မွေ့နေတယ်။ တခြားဟာတွေ သူဘာမှလှည့်မကြည့်နိုင်ဘူး။

မဝံ့ရဲတဲ့အခါကျတော့ ဒီနေ့နိုင်ငံရေးပြသနာက ဖြေရှင်းလို့ကိုမရနိုင်ဘူး။ အဲဒီတော့ ပြည်မနိုင်ငံရေး အင်အားစုတွေကို ကျနော်ထောက်ပြချင်တာက …

အခုမှ သူပြူးပြူးပျာပျာ လိုက်လုပ်နေတယ်။ အများကြီးတော့ နောက်ကျနေတယ်။ ကျနော့်အမြင်ပေါ့။ အဲဒီ အနေအထားမျိုးမှာ ဆိုတော့ ကမ္ဘာ့ လှိုင်းနဲ့ Rhythm တော့ မမိဘူး။ နိုင်ငံရေး၊ စီးပွားရေး ဘာပဲဖြစ်ဖြစ် တိုးတက် ချင်တယ် ဆိုရင် ကျနော်တို့ ကမ္ဘာနဲ့ Rhythm မိဖို့တော့ လိုတယ်။ ဆိုတော့ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီလို့ပြောနေတယ်။ ဒီလိုပဲအစိုးရရဲ့ ရည်မှန်းချက် ကလည်း ဒီမိုကရေစီ ဖက်ဒရယ်ကို သွားမယ် လို့ဆိုတယ်။ အဓိကက ဒီမိုကရေစီဆိုတဲ့ စကားလုံးရယ် ဖက်ဒရယ်ဆိုတဲ့ စကားလုံးရယ် ပါနေ တယ်။ ဒါဆို နိုင်ငံရေး Vision က ဒီမိုကရေစီ (သို့မဟုတ်) ဖက်ဒရယ်ပေါ့။ အဲဒါဆို ကျနော်တို့က ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့ Rhythmically မဖြစ်ရင် ဘယ်တော့မှမရောက်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ Rhythmically အောက် နေတယ်။ ကျနော့် အမြင်တော့ အပြင်ဘက်မှာရောက်နေတယ်။ အဲဒါကို ဦးဆောင်တဲ့အစိုးရသော်လည်းကောင်း၊ နိုင်ငံရေး ခေါင်းဆောင်တွေ သော်လည်းကောင်း သတိထားဖို့လိုတယ်။ ကျနော်တို့က Rhythmically ရွေ့နိုင်ဖို့လို တယ်။ ဥပမာ ဗီယက်နမ်အရွေ့ အားကောင်း တာ၊ ဖိလစ်ပင်း အရွေ့အားကောင်းတာ Rhythmically ရွေ့နိုင်လို့ပဲ ဖြစ်တယ်။ သမ္မတဒူတာတေးလက်ထက်မှာ အရမ်းအား ကောင်းတာ Rhythm မိလို့ပဲ။ သူ့ဆီမှာလည်း ပြသနာရှိ တာပဲ။ ဘာပြသနာလဲဆိုတော့ Moro Islamic ပြသနာရှိတယ်။ Moro Islamic Separation တွေရှိတယ်။ Moro ခွဲထွက်ရေး Movement တွေရှိတယ်။ ဒါပေမယ့် အဲဒီလိုတွေရှိပေမယ့် Democratic Change ကို ကစားတဲ့နေ ရာမှာ Rhythmically ဖြစ်အောင်ကစားနိုင်လို့ သူ့တိုင်းပြည်ကို အထိုက်အလျောက် ထိန်းချုပ်နိုင်တယ်။ ဒီလိုပဲ ဗီယက်နမ်ကလည်း US နဲ့တိုက်ခိုက်ပြီးကြိုးစားလာတဲ့အနေအထားမှာ သူရဲ့ Rhythm က Communist Base ဆိုသော် ငြားလည်း ဒီမိုကရေစီဆန်တဲ့ ပုံစံမျိုးကို တည်ဆောက်တယ်။ တရုတ်လိုပေါ့။ သူ့ရဲ့ စီးပွားရေးကိုဖွင့်ပြီး လုပ်တဲ့ အနေအထားက World Wide Production ပီပြင်တယ်။ ကုန်ထုတ်လုပ်မှုဘက်ကနေ ကမ္ဘာစီးပွားရေး လှိုင်းမှာ သူက Rhythmically ဖမ်းတာ။ ကျနော် တို့က အဲဒီ Rhythm ကိုမဖမ်းနိုင်ဘူး။ အဲဒါကြောင့် နိုင်ငံရေး အရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း Rhythmically ရအောင် ကျနော်တို့လိုက်ရမယ် လို့မြင်တယ်။ အဲဒါက ကျနော်ထောက်ပြလိုတဲ့ မြန်မာ့နိုင်ငံရေးရဲ့ အားနည်းချက် ပဲဖြစ်တယ်။ ဘာတွေပဲ လုပ်လုပ် ဒီ Rhythmically မိအောင်သုံးသပ်ဖို့လိုတယ်။ ကမ္ဘာမှာဘာတွေလုပ်နေတယ်၊ အရှေ့တောင် အာရှမှာဘာ ပြောင်းလဲ နေတယ်၊ အဲဒါကိုလိုက်ဖို့လိုတယ်လို့ ကျနော်ထောက်ပြချင်တယ်။

ငြမ်းမီဒီယာ – တစ်သျှူးငှက်ပျောစိုက်ခင်းတွေအပါအဝင် ကချင်ပြည်နယ်ရဲ့ မြေယာပြဿနာတွေနဲ့ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါဦး။

Dr.MKL – မြေယာပြသနာရဲ့မူလအစကပြောမယ်ဆိုရင်၊ ကျနော်တို့တိုင်းပြည်က စိုက်ပျိုးရေးနိုင်လို့ပြောတယ်။ (၇၀) ရာခိုင်နှုန်း သော နိုင်ငံ့လူဦးရေက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်တယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ မြေအသုံးချမှုက စနစ်ကျဖို့ လိုတယ်။ အဲဒီမှာ အစိုးရအနေနဲ့ မြေအသုံးချမှုကိုဆောင်ရွက်တဲ့အခါ တစ်ပိုင်းပဲ လုပ်သေးတယ်၊ နောက်တစ်ပိုင်းကို မလုပ်သေး ဘူး။ လုပ်ထားတာ က ဘာလဲဆိုတော့ ၂၀၁၆ ဇန်နဝါရီလမှာ အစိုးရရဲ့ မြေအသုံးချမှုမူဝါဒဆိုတာကို ကြိုးပမ်းပြီးထုတ်ပြန်ထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းက စိုက်ပျိုးရေးကိုအခြေခံပါတယ်ဆိုတဲ့ တိုင်းပြည် တစ်ခုမှာ Land Registration မရှိဘူးဆိုတော့ …

အလွန်ကောင်းတယ်။ အဲဒီမူဝါဒက ထွက်ပြီးပြီ။ အဲဒါကိုဘယ်သူတွေ လုပ်သလဲဆိုတော့ ၂၀၁၆ ဖန်နဝါရီလဆိုတော့ USDP အစိုးရ လက်ထက်က လုပ်တာ။ ဝန်ကြီးဌာနက (၃) ဦးလောက်ပါတယ်၊ NGO တွေတော်တော်များများလည်းပါတယ်။ US Aid လို NGO အကြီးကြီးတွေ တော်တော်များများပါပြီး အဲဒီမှာဆုံးဖြတ်ထားတာရှိတယ်။ အဲဒီမူဝါဒက အလွန်ကောင်း တယ်။ ကျနော်တို့ လက်ထဲ မှာ ရှိတယ်။ အဲဒါကိုပဲ ကျနော်တို့လေ့လာသုံးသပ်ပြီး အစိုးရကိုထောက်ပြနေတာ။ အဲဒိမူဝါဒအရဆိုရင် ဥပဒေတွေက မူဝါဒ အပေါ် မှာ အခြေခံရတယ်။ ဥပမာ Principle တွေ။ သူက Policy ပြီးနဲ့ Principle ထွက်တာပဲလေ။ Policy အပေါ်မှာ Principle ရေးတာ။ Law Making ကျတော့ Policy ကိုရေးထုတ်ပြီး Law Making လုပ်ရတာ။ အဲဒီ Law Making လုပ်တဲ့နေရာမှာ ဟ သွား တာ။ အဲဒီ အမျိုးသားမြေ အသုံးချမှုမူဝါဒအပေါ်မှာ Law Making မလုပ်ဘူး။ အဲဒီလို Law Making မလုပ်တာကို ပြန်ကြည့်လိုက်ရင် ဘယ်မှာ သွားတွေ့ရလဲဆိုတော့ ၂၀၁၉ မြေသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားရေးဥပဒေ၊ နောက်တစ်ခါ ၂၀၁၈ မြေလွတ် မြေလပ် မြေရိုင်း ပြင်ဆင်ရေးဥပဒေ၊ နောက်တစ်ခါ ၂၀၁၈ သစ်တောဥပဒေ၊ နောက်တစ်ခါ ၂၀၁၂ လယ်ယာမြေဥပဒေ၊ ၂၀၁၂ မြေလွတ် မြေလပ် မြေရိုင်းဥပဒေ၊ နောက်တစ်ခါ ၂၀၁၂ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုဥပဒေ၊ ၂၀၁၃ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အဲဒါတွေနဲ့ အကုန်ချိတ်ဆက်နေတယ်။ ဆိုတော့ အဲဒီဥပဒေ တွေအားလုံးရဲ့ အနှစ်သာရကို ကျနော်တို့သေချာပြန်လှန်ကြည့်ရင် ၂၀၁၆ အမျိုးသား မြေအသုံးချမှုမူဝါဒအပေါ် မှာ အခြေမခံထားဘူး။ အခြေခံမှုအားနည်းတယ်။ ဒါက Generally ပေါ့၊ Gross Data ကိုကျနော် ပြောတာ။ Detail တစ်ခုချင်းစီပြောမယ်ဆိုရင် အခုသူတို့လုပ်နေတဲ့ ဟာမှာ တစ်ပိုင်းပဲ လုပ်ထားတယ်လို့ ပြောတာက မြေအသုံးချမှုမူဝါဒကိုလုပ်ထားပေမယ့် Land Registration ကိုမလုပ်ထားဘူး။ အဲဒါက အလွန်ထူးခြားတယ်။ ဘယ်လို ထူးခြားလဲ ဆိုတော့ နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းက စိုက်ပျိုးရေးကိုအခြေခံပါတယ်ဆိုတဲ့ တိုင်းပြည် တစ်ခုမှာ Land Registration မရှိဘူးဆိုတော့ အလွန်အံ့သြစရာကောင်းတယ်။ Land Register မရှိဘူးဆိုတဲ့ သဘောပဲ။ အဲဒီတော့ ကျနော်ပြောလိုတာက ဥပမာ တောင်ယာမြေဘယ်လောက်ရှိတယ်၊ ကျေးရွာပိုင်မြေ၊ ကျေးရွာပိုင်စားကျက်မြေ၊ နောက်တစ်ခါ ကျေးရွာပိုင်သစ်တောမြေ၊ နောက် တစ်ခါ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင် သစ်တော အဲဒီလိုမျိုး  စနစ်တကျ ပိုင်းခြားထားတဲ့ မြေစာရင်းရှိရမယ်။ အဲဒါမှ နိုင်ငံသား ရင်းနှီး မြှပ်နှံမှုဖြစ်ဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ် လာတဲ့အခါ မြေပေါ်မှာ စီးပွားရေးတွေ တည်ဆောက်မယ်ဆိုရင် လွတ်လွတ် ကင်းကင်း ပေးလို့ရတယ်။ အခုက အဲဒါမရှိတဲ့ အတွက်ကြောင့်မို့ မြေပုံပေါ်မှာပိုင်ရှင်မဲ့။ အဲဒီတော့ နိုင်ငံသားရင်း နှီးမြှုပ်နှံမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စီမံကိန်းတွေချပေးလိုက်တယ်၊ အသုံးချခွင့်ပေးလိုက်တယ်။ ဒါပေမယ့် လက်တွေ့ မှာကျတော့ အဲဒီမှာဒေသခံတောင်သူတွေက အလုပ်လုပ်နေတဲ့ နေရာတွေ ဖြစ်တော့ ပြသနာဖြစ် တော့တာပဲ။ အဲဒီကိစ္စတွေရဲ့ အရင်းအမြစ်က Land Registration မလုပ်တာပဲဖြစ်တယ်။ Policy Making လုပ်ပြီး Land Registration မလုပ်တာက တစ်ပိုင်း လုပ်ပြီး တစ်ပိုင်း မလုပ်တာဘဲ။ အဲဒီဟာက တိုင်းပြည်ကို ကမောက်ကမဖြစ်စေတဲ့ လယ်ယာမြေပြဿနာကို မဖြေရှင်းနိုင်ရတဲ့ အချက်ပဲ ဖြစ်တယ်။ အဲဒါကိုကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ပထမဖက်ဒရယ်ပြဿနာမပြီးသေးခင်မှာ Proxy Politic နဲ့ Proxy Economic ဆိုတဲ့ပြဿနာတွေ ထပ်ဝင်လာတယ်လို့ ဒေါက်တာပြောဖူးတာကို သတိပြုမိပါတယ်။ အဲဒီအချက်တွေကို အကျယ်ရှင်းပြပေးလို့ရနိုင် မလား။

Dr.MKL – ပွင့်ပွင့်လင်းလင်းပြောရရင် ဖက်ဒရယ်ရည်မှန်းချက်က ကျနော်တို့ ပြည်နယ်လူမျိုးစုတွေရဲ့ Vision ပဲ။ တကယ်လည်း ဒီတိုင်းပြည်ရဲ့ Politic Vision ကလည်း ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ကို မလုပ်လို့ကို မရဘူး။ ကျနော် တို့က Eight Tribes နဲ့ ကျနော်တို့ ပြည်ထောင်တွေကိုစုထားတာ။ လွတ်လပ်သောပြည်ထောင်တွေကို ၁၉၄၈ ကျမှ Eight Tribes နဲ့သွားပြီးစုတဲ့ အတွက်ကြောင့်မို့ ဒီနေ့ဒီပြသနာဖြစ်တာ။ ဒါပေမယ့် မူရင်းနိုင်ငံရေး Base က ဒီလိုကွဲပြားတဲ့ လူမျိုးစုတွေကို Eight Tribes နဲ့စုတာဖြစ်တဲ့အတွက်ကြောင့်မို့ ဖက်ဒရယ်စနစ်သာ အမှန် ကန်ဆုံးနိုင်ငံရေးစနစ်ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေးစနစ်အရ ဖက်ဒရယ်ကိုသွားမယ်ဆိုရင် ဖက်ဒရယ် က အလကားသွားလို့မရဘူး။ ဖက်ဒရယ်က ဒီမိုကရေစီပေါ်မှာပဲအခြေခံရတယ်။ ဒါပေမယ့်အခုလုပ်နေတဲ့ပုံစံက ကျနော်တို့မှာ ဘန်ဒေါင်းမူ အစွဲရှိတယ်။ ၁၉၅၀ ကျော် ၆၀ လောက်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမှာလုပ်ခဲ့တဲ့ စစ်အေးကာလမှာ ဟိုဘက် မလိုက်ဘူး၊ ဒီဘက်မလိုက်ဘူးဆိုတဲ့ ခြံစည်းရိုးခွထိုင်တဲ့မူပေါ့။ အဲဒီမူက ကျနော်တို့ တိုင်းပြည်ကို သင်္ဘောနစ်သလို ဆွဲနှစ်သွားတာ။ ကျနော်မြင်တာက ၁၉၄၇ ခုျနှစ်လောက်ကတည်းက ကျနော် တို့ရဲ့ Vision က ဖက်ဒရယ်ဒီမိုကရေစီပဲ။ ဖက်ဒရယ်ကိုအခြေခံတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့သွားတာ။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီက ခုနကလိုခြံစည်းရိုးခွထိုင်လို့မရဘူး။ Communist နဲ့ Capitalism မှာ အရင်းရှင်စနစ်ဖြစ်တဲ့ Capitalism ကိုပဲ ကျနော်တို့ကသွားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနောက်တိုင်း နိုင်ငံရေးစနစ်က Liberal Democracy System ဖြစ်နေတယ်။ အဲဒီတော့ Capitalism နဲ့တွဲနေတဲ့ Liberal Democracy ကို ကျနော်တို့က ချိတ်ကိုချိတ်ရမယ်။ ခြံစည်းရိုးခွလို့မရဘူး။ အဲဒီဘက်ကို ရဲရဲတင်းတင်းခုန်ချရမှာ။ အဲဒီဟာကို မဝံ့ရဲတဲ့အခါကျတော့ ဒီနေ့နိုင်ငံရေးပြသနာက ဖြေရှင်းလို့ကိုမရနိုင်ဘူး။ အဲဒီတော့ ပြည်မနိုင်ငံရေး အင်အားစုတွေကို ကျနော်ထောက်ပြချင်တာက ရဲရဲဝံ့ဝံ့ သာ Liberal Democracy ကိုခုန်ချပါ၊ Communist ကို သွားပြီးချိတ်ထားလို့မရဘူး။ Communist ကိုချိတ်ထားတော့ Communist ဘက်မှာလည်း တန်းလန်းကြီး၊ Liberal Democracy ဘက်ကိုလည်းမရောက်ဘူး။ မရောက်တော့ အနောက်တိုင်း Western Democracy က လည်း ကျနော်တို့နဲ့ Alliance မဖြစ်ဘူး။ တရုတ်ကလည်း ဒီကြားထဲဆက်နှိပ်ကွပ်တာ။ အဲဒီအတိုင်း ခံရတယ်။ အဲဒီတော့ ကျနော်တို့ရဲ့နိုင်ငံရေးအမှားကို ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ကျနော်ပြောပြချင်တာပါ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,