တစ်ဘက်ကလည်း ပြောရရင် လုပ်သင့်တာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း

နိုင်ကျဉ်းတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း နိုင်ကျဉ်းတွေဆိုတာက ၈၈ ကနေပါခဲ့တဲ့သူတွေ ရှိတယ်။ဟိုအစောကတည်းက ပါခဲ့တဲ့သူတွေ ရှိတယ်။ နောက်ကျွန်မတို့ လုပ်ခဲ့တဲ့အတွေ့အကြုံတွေ ရှိတယ်။ သူတို့ရဲ့…

နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက စီစဉ်ဆောင်ရွက် နေသည်။ အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး ဒေါ်ဖြူဖြူသင်းကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ထားပါသည်။

ငြမ်းမီဒီယာ – နိုင်ကျဉ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လုပ်နေတယ်လို့ ကြားရတယ်။ အဲဒီအခြေအနေကို သိချင်ပါတယ်။

ဖြူ – ကျွန်မ အရှေ့ဒဂုံမှာ လေးထပ် အဆောက်အဦ ဆောက်ထားတာရှိပါတယ်။ နည်းနည်းလဲ ကြီးပါတယ်။ အဲဒီအဆောက်အဦက အခုဆိုရင် (၉၅)ရာခိုင်နှုန်းလောက် ပြီးပြီ။ အရင်က အဓိက ရည်ရွယ်တုန်းကတော့ HIV ဝေဒနာခံစားနေရတဲ့သူတွေအတွက် ရည်ရွယ်ပြီးလုပ်တာ။ နောက်ကျတော့ ကျွန်မတို့က အရှေ့ဒဂုံထဲမှာ တစ်ဧကခွဲလောက်ကျယ်တဲ့ ပလပ်မြေကွက် တစ်ခုကို အစိုးရ ဆီမှာ လျောက်လိုက်တယ်။ အဲဒီမြေကွက် ရလိုက်တော့ HIV လူနာတွေအတွက် အဆောက် အဦကို အဲဒီမှာ ဆောက်ပေးဖို့ လုပ်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့လုပ်တာပါ။ တစ်ခုရှိတာက ဒီနေရာကနေပြီး အားလုံးတော့ အဆင်ပြေအောင် လုပ်ပေး နိုင်မယ် မထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ကျဉ်းတွေကလည်း ရောဂါကြီးကြီးမားမားတွေဖြစ်တဲ့…

အဲဒီမှာ ကလေးတွေအတွက် အဆောက်အဦတွေ ဆောက်နေပြီ။ HIV လူနာတွေအတွက် အဆောက်အဦ ဆောက်ဖို့မြေကွက် ထပ်ရပြီဆိုတော့ လေးထပ် အဆောက်အဦးကို ကျွန်မတို့ရည်ရွယ်တာက အဲဒီနေရာမှာ HIV စင်တာတစ်ခု လုပ်လိုက်တော့ မယ်လို့စီစဉ်လိုက်တယ်။ ကျွန်မစဉ်းစားထားတာက ပြည်သူတွေအတွက် ကျန်းမာရေး စစ်ဆေးပေးချင်တယ်။ ကျန်းမာရေး စစ်ဆေးတယ် ဆိုတာကလည်း ကျွန်မတို့နိုင်ငံအတွက် အရေးတကြီးလိုတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါတစ်ခု ကိုကြိုသိထား တယ်ဆိုရင် တိုင်းပြည် အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ အကုန်အကျ သက်သာနိုင်မယ်။ အဆောက်အဦက လေးထပ်ပါ။ မြေညီထပ်နဲ့ ပထမထပ်ကို ကျန်းမာရေးအတွက် လုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာ။ တတိယ ထပ်ကိုတော့ ထရိန်နင် စင်တာ လုပ်မယ်။အပေါ်ဆုံးထပ်ကို အုပ်ချုပ်မှု ပိုင်းလူတွေအတွက် ထားတာပေါ့နော်။ အခုလတ်တလော ကျတော့ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို မြင်နေရသလို ကြားလည်းကြားနေရတော့ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက ကျွန်မ ဆေးခန်း လေး တစ်ခု လုပ်ပေးနိုင်ဖို့ အတွက် ဆရာဝန်တွေဘာတွေ ရှာထားတာလည်းရှိတယ်။ အခုနောက်ပိုင်း တော့ နေရာကျယ်ကျယ် ရရင် နယ်ကလာတဲ့သူတွေလည်း တည်းခိုလို့ ရနိုင်တယ်လို့ စဉ်းစားပြီး နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့လုပ်တာပါ။ တစ်ခုရှိတာက ဒီနေရာကနေပြီး အားလုံးတော့ အဆင်ပြေအောင် လုပ်ပေး နိုင်မယ် မထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ကျဉ်းတွေကလည်း ရောဂါကြီးကြီးမားမားတွေဖြစ်တဲ့ ကင်ဆာတို့ နှလုံးရောဂါတို့လို ကြီးကြီးမားမား တွေဆိုရင် အစိုးရဆေးရုံကြီးတွေမှာပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် အဲဒီလို ချိတ်ဆက်ပြီး ဆေးဝါးကုသဖို့တော့ လိုတာပေါ့။ ဒီတစ်နေရာတည်းမှာတော့ အားလုံး အဆင် မပြေနိုင်ဘူး။

ငြမ်းမီဒီယာ – တကယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ် ဆိုရင် သူတို့အတွက် ဘယ်လို အထောက်အကူတွေ ဖြစ်မယ်လို့ ထင်လဲ။

ဖြူ – အခုတွေ့နေရတာကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဆိုတာ အခက်အခဲတွေ ရှိနေတာ တွေ့နေတာပဲလေ။ ဘဘ ဦးဝင်းတင်ရဲ့စေတနာဆေးခန်း၊ အဲဒီဆေးခန်းမှာ ကျွန်မတို့ ဦးဆောင်ပြီး လုပ်ခဲ့ကြတဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ နောက်ပြီး HIV နဲ့ပတ်သက်ပြီး လုပ်ခဲ့တဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲက ဘာလဲဆိုတော့ ပြည်သူတွေက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒီကြားထဲမှာ နိုင်ကျဉ်းတွေ ဆိုတာ ကတော့ ပိုပြီးခံစားရတာပေါ့။ သူတို့မှာ ဘာမှလည်း မရှိတော့ဘူး။ အခက်အခဲကာလမှာ နိုင်ငံကောင်း ဖို့ အတွက်ပဲ ခေါင်းထဲထည့်ပြီး လုပ်လာတဲ့သူတွေ ဆိုတော့ ကျန်းမာရေး စောင့်ရှောက်ဖို့၊ ကျန်းမာရေးကို ကုသဖို့တောင် အခက်အခဲရှိနေတဲ့ သူတွေက အများကြီး ရှိနေတဲ့အခါကျတော့ ကျွန်မတို့ ဒီဘက်ကနေ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးလိုက်နိုင်ပြီ ဆိုတာနဲ့ကို သူတို့အတွက် အများကြီး အဆင်ပြေနိုင်မယ်လို့ ကျွန်မထင်တယ်။

ငြမ်းမီဒီယာ – ကျန်းမာရေး စောင့်ရှောက်မှုကို ဘယ်တော့လောက် စ ပေးနိုင်မလဲ။

ဖြူ – အရှေ့ဒဂုံမြို့နယ်၊ (၆)ရပ်ကွက်၊ ခါတော်မှီ(၁)လမ်းမှာ လေးထပ် အဆောက်အဦ တစ်လုံး ဆောက်နေတာ ပြီးတော့မယ်။ နယ်ကလာတဲ့သူတွေ တည်းခိုဖို့အပြင် ထမင်းကျွေးဖို့လည်း စီစဉ် နေတယ်။ အဆောက်အဦက ဓာတ်လှေကား ပါမယ်။ အဲကွန်းတွေပါမယ်။ ဘယ်တော့လောက် စ မလဲဆိုရင် အမြန်ဆုံး စ နိုင်အောင် ကြိုးစားနေပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံရေး အကျဉ်းသားဟောင်းတွေက အများကြီး၊ အကူအညီလိုအပ်နေတဲ့ သူတွေကလည်း အများကြီးဆိုတော့ တကယ်ပဲ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အခါမှာ အကူအညီ တောင်းခံ သူတွေ များလာမယ်ဆိုရင် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်မယ်လို့ စိတ်ကူးထားလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖြူ – ကျွန်မ မြင်တာကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေထဲမှာ အားလုံးကတော့ ဒုက္ခ ရောက်နေတာ မဟုတ်ဘူး။ နိုင်ငံတကာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေလဲ အများအပြားရှိတယ်။ နောက်တစ်ခုက ပြည်တွင်းမှာလည်း ရှိပြီးသားတွေ ရှိတယ်။ HIV နဲ့ ပတ်သက် ပြီး လုပ်ခဲ့တုန်းကလည်း ကျွန်မတို့ အခက်အခဲကာလကနေ လုပ်ခဲ့ကြတာ။ အဲဒီတုန်း ကဆို အခက်အခဲကာလ အတားအဆီးကာလကနေ လုပ်ခဲ့ကြတာ။ အခုနိုင်ကျဉ်းကိစ္စ လုပ်မယ်ဆိုရင် ကျွန်မမြင်တာကတော့ ညီညီညွတ်ညွတ် လုပ်မယ်ဆိုရင် မလုပ်နိုင်စရာ အကြောင်း မရှိဘူးလို့ မြင်တယ်။ ခုနကပြောသလို နိုင်ကျဉ်းတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း နိုင်ကျဉ်းတွေဆိုတာက ၈၈ ကနေပါခဲ့တဲ့သူတွေ ရှိတယ်။ဟိုအစောကတည်းက ပါခဲ့တဲ့ သူတွေ ရှိတယ်။ နောက်ကျွန်မတို့ လုပ်ခဲ့တဲ့အတွေ့အကြုံတွေ ရှိတယ်။ သူတို့ရဲ့ လုပ်နိုင်တဲ့ အခြေအနေမှာ ထားပြီး လုပ်လို့ရမှာပါ။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မတို့ပြောသလို ဝန်ထုပ်ဝန်ပိုးပုံသဏ္ဍန် ဖြစ်လာရင် ကျန်းမာရေး စောင့်ရှောက်မှုပုံစံ လုပ်ဆောင်လာခဲ့ တာ ဆိုတော့ အခက်အခဲ ကာလမှာတောင် ကျွန်မတို့ လုပ်လာခဲ့သေးတာပါ။ အခုဆိုရင် အပြောင်းအလဲကာလလည်း ဖြစ်တယ်။ ပွင့်လင်းလာတဲ့ ကာလလည်း ဖြစ်တယ်။ အဲဒီမှာမှ ကျွန်မတို့ကလည်း တတ်နိုင်သလောက် လုပ်မယ်၊ အစိုးရဘက်က လည်း တတ်နိုင်တဲ့ဘက်က တာဝန်ယူမယ်ဆိုရင် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်နိုင်ပါဘူး။

ငြမ်းမီဒီယာ – နိုင်ကျဉ်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ပုံစံမျိုးစုံနဲ့ ထောက်ပံတာရှိတယ်။ ကျန်းမာရေးကဏ္ဍအတွက် လုပ်တာမျိုးတော့ မတွေ့ရဘူး။ အဲဒီအတွက် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြူ – ဂရန့်တွေတို့၊ နောက်သူတို့ပေးတဲ့ ပရောဂျက်တွေ ရှိပါတယ်။ ကျွန်မမြင်သလောက်တော့ ကျွန်မကိုယ်တိုင်လည်း HIV နဲ့ပတ်သက်ပြီး နှစ်ရှည်လများ လုပ်ခဲ့တာတွေရှိတယ်။ အဲဒါဒီမှာ တွေ့ရတာက နိုင်ငံတကာက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီကဏ္ဍမျိုးမှာ သုံးစွဲတာ တော်တော်ကို နည်းတယ်။ ဒါကနိုင်ငံတကာမှာလည်း မရှိဘူး။ အခြားနိုင်ငံတွေနဲ့ကျွန်မတို့နိုင်ငံ ဘာကွာခြားနေလဲ ဆိုရင် အခြားနိုင်ငံတွေက ပညာရေးပိုင်းကို ဦးတည်တယ်။ သူကဘာလဲဆိုတော့ ပြည်သူတွေ အသိပညာရှိရင် ကောင်းတယ်ဆိုတဲ့ အတွေးနဲ့ ပညာရေးပိုင်းကို ပိုက်ဆံအများကြီး သုံးတယ်။ ဒီလိုမျိုး ကုသရေးပိုင်းကို တော်တော်လေး အားနည်း တယ်။ စီမီနာတွေ၊ ဟောပြောပွဲတွေ ပညာပေးပွဲတွေ သာ အကြိမ်ကြိမ်လုပ်နေပြီး ပြည်တွင်းမှာရှိနေတဲ့ ရောဂါခံစားနေ ရသူတွေက ဆေးတောင် မရတာတွေ အများကြီးရှိတယ်။ အရမ်းကိုဒုက္ခရောက်နေတယ်။ အဲဒါကို မြင်တဲ့အတွက် ကျွန်မတို့က ကုသရေး ပိုင်းကို သွားခဲ့တာ။

ဆရာဝန် အနေအထား ပြည့်စုံအောင် မရှိဘူး။ ဆေးဝါးတွေ ပြည့်စုံအောင်မရှိဘူး။ ဒါကိုလည်း လွှတ်တော်ကနေ ကျန်းမာရေးအတွက် အပြည့်အဝသုံးပါ လို့ ကျွန်မတို့ တိုက်တွန်းတယ်။ ကျန်းမာရေးဘတ်ဂျတ်နဲ့ ပတ်သက်လို့ ဘယ်တော့မှ မလျှော့ဘူး။ စစ်တာတောင် …

အဲဒီမှာဘယ်လောက်ခက်လဲဆိုရင် ဘယ်သူရဲ့အကူအညီမှ မယူဘဲ လုပ်ခဲ့ရတော့ ကျွန်မတို့လည်း တော်တော်လေးကို လုပ်ခဲ့ရ တယ်။ နိုင်ငံတကာကလည်း ဆေးဝါးတွေ လှူဒါန်းတာ မရှိခဲ့ဘူး။ အဲဒီလိုပဲ ပရောဂျက် တွေနဲ့လာတဲ့ တော်တော်များများ ကလည်း သူတို့သတ်မှတ်တဲ့ ကာလ အတွင်း ခြောက်လဖြစ်ချင်ဖြစ်မယ်၊ တစ်နှစ်ဖြစ် ချင်ဖြစ် မယ်။ အဲဒီလိုကာလနဲ့ လုံလောက်တာပဲ ပေးတယ်။ အခု ဆေးကုသတယ် ဆိုတာကျတော့ တစ်လလောက်လုပ်ပြီး ရပ်လို့မရဘူး။ ဒါတွေက ကာလရှည် သွားရမယ့် အခါကျ တော့ တော်တော်များများက ဒီကိစ္စအတွက် အရင်းအနှီးကြီးတော့ သိပ်မလုပ်ကြဘူး။ ဒီမှာလည်း နိုင်ကျဉ်းတွေကို သင်တန်း တွေပေးကြတယ်။ ထောက်ပံ့ကြတယ်။ဒါပေမယ့် လုံလုံလောက်တော့ မရကြဘူးပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ တော်တော်ကို ရှာဖွေရမယ်။ လုပ်ရကိုင်ရတာလည်း တော်တော်ကို ခက်ပါတယ်။

ငြမ်းမီဒီယာ – NLD ပါတီ လုပ်ပိုင်ခွင့်တွေ ရလာတဲ့အချိန်မှာ နိုင်ကျဉ်းဟောင်းတွေကို မသိသ လိုပဲနေတယ်၊ လှည့်မကြည့်ကြဘူးလို့ ပြောတာတွေရှိပါတယ်။ ဒေါ်ဖြူဖြူသင်း အနေနဲ့ဆိုရင် ဘာပြောမလဲ။

ဖြူ – ကျွန်မတို့လည်း တွေ့နေရတာပဲလေ။ ဘာလဲဆိုရင် အစိုးရတစ်ရပ်အနေနဲ့ အလုပ် လုပ်တဲ့ အခါမှာ သူတို့ရဲ့ ဘတ်ဂျက်တွေနဲ့ သွားနေရတာ။ အခုဆိုရင် တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို မပေးနိုင်သေးဘူး။ ဒါကတော့ လတ်တလော နိုင်ငံရဲ့ အနေအထားပေါ့။ ဆရာဝန် အနေအထား ပြည့်စုံအောင် မရှိဘူး။ ဆေးဝါးတွေ ပြည့်စုံအောင်မရှိဘူး။ ဒါကိုလည်း လွှတ်တော် ကနေ ကျန်းမာရေးအတွက် အပြည့်အဝသုံးပါ လို့ ကျွန်မတို့ တိုက်တွန်းတယ်။ ကျန်းမာရေးဘတ်ဂျတ်နဲ့ ပတ်သက်လို့ ဘယ်တော့မှ မလျှော့ဘူး။ စစ်တာတောင် အကျင့်ပျက်ခြစားမှုပိုင်းကိုပဲ အဓိကထား စစ်တယ်။ ကျန်တဲ့ကိစ္စတွေ အကုန်လုံးကို ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရမ်းအားနည်းနေတာ ဖြစ်တဲ့အတွက် ဒါကို တစ်နိုင်ငံလုံးက ပြည်သူ လူထု ခံစားရရှိဖို့အတွက် ပေးတာပါ။ အဲဒီတော့ အစိုးရလုပ်တာ ကြည့်မယ်ဆိုရင်တော့ ရရှိတဲ့ ဘတ်ဂျက် အပေါ်မှာပဲ လုပ်နိုင်စွမ်းအားက အများကြီးမူတည်တယ်လို့ ကျွန်မမြင်တယ်။ တစ်ဘက်ကလည်း ပြောရရင် လုပ်သင့်တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ကို ဘယ်လိုစီမံခန့်ခွဲမှုနဲ့ သွားဖို့စဉ်းစားထားလဲ။

ဖြူ – ကျွန်မတို့က လုပ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။ အခက်အခဲတွေကလည်း သိနေတာကို။ အဲဒါနဲ့ပတ်သက်လို့ အရင်က လုပ်ခဲ့တဲ့သူတွေလည်း ရှိတယ်။ အရင်ကလည်း လုပ်ခဲ့ဖူးတယ်ဆိုတော့ ကျွန်မတို့ ဆွေးနွေးညှိနှိုင်းပြီး ဘယ်ဟာ အကောင်းဆုံး ဖြစ်မယ်ဆိုတာ တိုင်ပင်ပြီး လုပ်ကြမှာပါ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,