တစ်မြို့နယ်လုံးမှာရှိတဲ့ လူတိုင်း ဒုက္ခသည်တွေလို ဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

OTS / ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ

ဘုန်းကြီး ကျောင်းတွေ အိမ်တွေမှာပဲ နေနေရတယ်။ ပြည်သူတွေကတော့ စိုးရိမ်နေရတာပေါ့ဗျာ။ သူတို့တွေ တိုက်ခိုက်နေတာက ရွာတွေကိုပါ လာထိတယ်။ နှစ်ဘက် တိုက်ကြတာဆိုတော့ အကုန်ကြောက်ပြီး ပြေးနေရတာပေါ့ဗျ …

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ လွပ်လပ်ရေးနေ့ မနက်အစောပိုင်း က ဘူးသီးတောင်မြို့နယ် အတွင်း ရှိ ရဲကင်းစခန်း (၄) ခုကို AA အဖွဲ့က ဝင်တိုက်သည့်အတွက် တပ်မတော်မှ နယ်မြေ ရှင်းလင်း မှုများ ပြုလုပ်နေသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ တာဝန်ရှိသူများက သတင်းထုတ်ပြန် ထားသည်။ ရခိုင်ပြည်နယ် အတွင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ အပါအဝင် အခြား မြို့နယ်အချို့နှင့် နယ်စပ်စည်းရိုးတို့တွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပေါ် နေသည့်အတွက် စစ်ဘေး ဒုက္ခသည် အရေအတွက် တိုးမြင့်လာနေသည်။ ယင်းအခြေအနေများနှင့် စပ်လျဉ်းပြီး ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကို ငြမ်းမီဒီယာက ဆက်သွယ် မေး မြန်းထားပါသည်။

ငြမ်းမီဒီယာ – ဘူးသီးတောင်မြို့နယ်မှာ ဘယ်လိုအခြေအနေ ရှိနေလဲ။

O.T.S – ဘူးသီးတောင်မြို့နယ်ထဲမှာက တိုက်ပွဲတွေ ခဏခဏ ဖြစ် နေတယ်။ စစ်ဘေးရှောင်တွေ အများကြီး ရောက်နေတယ်။ ကျွန်တော်တို့ အခု ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာကို ရောက်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စပါးတွေတောင် မသိမ်းနိုင်ကြတဲ့ လူတွေ အများကြီး ရှိနေတယ်။ တစ်မြို့နယ်လုံး မှာရှိတဲ့ လူတိုင်း ဒုက္ခသည်တွေလို ဖြစ်နေတယ် …

ငြမ်းမီဒီယာ – ဘူးသီးတောင်မြို့နယ်မှာ အခုလက်ရှိ စစ်ဘေးရှောင် အရေ အတွက် ဘယ်လောက် ရှိနေလဲ။

O.T.S – စစ်ဘေးရှောင် ရှိတယ်။ စစ်ဘေးသင့် ရှိတယ်။ စစ်ဘေးရှောင်ဆိုတာက အခြားနေရာက ပြောင်းရွှေ့လာတာဖြစ်ပြီး၊ စစ်ဘေးသင့်က မြို့နယ်တွင်းမှာရှိတဲ့ လူအကုန်လုံးက စစ်ဘေး သင့်တွေ ဖြစ်နေကြရတယ်။ ကျွန်တော်တို့က အခုထွေအုပ်ပါတယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ပါတယ်၊ ပြန်ကြား ရေးနဲ့ ပြည်သူ့ဆက် ဆံရေး ပါတယ်။

တိုက်ပွဲဖြစ်တဲ့ နေရာမှာတော့ လေယာဉ်တွေနဲ့ တိုက်နေတယ်လို့ ဒေသခံတွေက ကျွန်တော့်ကို သတင်းပို့ ပါတယ်။ နေရာက အဝေးကြီး၊ မြေပြင်အနေအထားက ဘယ်လိုရှိမယ် မသိဘူး။ တိုက်လေယာဉ်တွေ ပျံသွားနေတာတော့ အသံတွေလည်း ကြားနေရတယ် …

နောက်ပြီး ကျွန်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အထောက် အကူအဖွဲ့ပါတယ်။ ကျွန်တော်တို့က ဂျီနီဗာကွန်ဗန်းရှင်း တွေကို ရှင်းပြတယ်။ နောက်ပြီးတော့ ထွက် ပြေးလာကြတဲ့ စစ်ဘေး ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ပေးတယ်။ ရခိုင်ဂီတအဖွဲ့တွေ က ဆန်အိတ် (၅၀) လောက် ပါလာတယ်။ ထွက်ပြေးလာတဲ့ စစ်ဘေး ရှောင်တွေထဲက ကလေးတွေကို စိတ်ဓာတ်ခွန်အား ပေးတာတွေ လုပ်ပေးနေတယ်။

ငြမ်းမီဒီယာ – လက်ရှိ ဒုက္ခသည် အရေအတွက်က ဘယ်လောက်ရှိတယ်လို့ သိထားလဲ။

O.T.S – တစ်မြို့နယ်လုံးမှာ လိုအပ်နေတာပါ။ စပါးတွေတောင် မသိမ်းနိုင်ကြတဲ့ လူတွေ အများကြီး ရှိနေတယ်။ တစ်မြို့နယ်လုံး မှာရှိတဲ့ လူတိုင်း ဒုက္ခသည်တွေလို ဖြစ်နေတယ်။

ငြမ်းမီဒီယာ – ဒီမနက်က ရဲကင်းစခန်း (၄) ခု တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ဦးအောင်သောင်းရွှေတို့ ဘယ်လို ကြားသိထားပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

O.T.S – အဲဒါတော့ မသိဘူးဗျ။ တိုက်လေယာဉ်တွေသွားနေတာကို ကျွန်တော့်မျက်စိနဲ့ မြင်ရတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာတော့ လေယာဉ်တွေနဲ့ တိုက်နေတယ်လို့ ဒေသခံတွေက ကျွန်တော့်ကို သတင်းပို့ ပါတယ်။ နေရာက အဝေးကြီး၊ မြေပြင်အနေအထားက ဘယ်လိုရှိမယ် မသိဘူး။ တိုက်လေယာဉ်တွေ ပျံသွားနေတာတော့ အသံတွေလည်း ကြားနေရတယ်။

ငြမ်းမီဒီယာ- ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာနဲ့အတူ အာဆာအကြမ်း ဖက်အဖွဲ့ရဲ့ လှုပ်ရှားမှု သတင်း တွေကိုရော ကြားရသေးလား။

O.T.S – အဲဒါတွေ မသိဘူးဗျ။ မြေပြင်အနေအထားကို မသိဘူး။ အဝေးကြီး ဖြစ်နေလို့ပါ။

ငြမ်းမီဒီယာ – စစ်ဘေးသင့်တွေရော၊ စစ်ဘေးရှောင်တွေပါ အခုလတ်တ လောမှာ အရေးတကြီး ဘာတွေ လိုအပ်နေပါသလဲ။

O.T.S – သူတို့ လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့က အဓိကပေါ့ဗျာ။ စားနပ် ရိက္ခာထက် သူတို့ စိတ်အေးအေး ချမ်းချမ်းနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာကနေ ရှောင်ကွင်းပြီး ကောင်းကောင်းနေနိုင်ဖို့ အရေးကြီး တယ်။ အခုက နီးစပ်ရာရွာတွေမှာပဲ နေနေရတယ်။ ဘုန်းကြီး ကျောင်းတွေ အိမ်တွေမှာပဲ နေနေရတယ်။ ပြည်သူတွေကတော့ စိုးရိမ်နေရတာပေါ့ဗျာ။ သူတို့တွေ တိုက်ခိုက်နေတာက ရွာတွေကိုပါ လာထိတယ်။ နှစ်ဘက် တိုက်ကြတာဆိုတော့ အကုန်ကြောက်ပြီး ပြေးနေရတာပေါ့ဗျာ။

ငြမ်းမီဒီယာ – နိုင်ငံတော် အစိုးရအနေနဲ့ စစ်ဘေးသင့်တွေ၊ စစ်ဘေးရှောင် တွေအတွက် ဘယ်လို ထောက်ပံ့ တာတွေ ရှိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

O.T.S – အစိုးရအနေနဲ့တော့ သီးခြားထောက်ပံ့တာ ဘာမှ မရှိ သေးဘူး။ ကျွန်တော်တို့ကတော့ ဒေသအာဏာပိုင်တွေနဲ့ ညှိပြီး လုပ်နေတာတွေတော့ ရှိပါတယ်။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,