တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကို မဲမပေးရန်ပြောခြင်းမှာ လူအခွင့်အရေး ချိုးဖောက်ခြင်းဟုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / တရားလွှတ်တော်ရှေ့နေ ဦးဌေး (ယာမှရေသော် (၄)ဦးမြောက်)

အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်က တိုင်းပြည် ကို ဦးစီးရင် တိုင်းပြည်ဟာ ဘယ်လိုမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အာဏာရှင် …

တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲမပေးရန်ပြောခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း အလုပ်သမား ကိုယ်စားပြု တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် တရားလွှတ်တော် ရှေ့နေ ဦးဌေးကပြောသည်။

ဒီကောင်တွေဒီလို ဆန္ဒပြလို့ရင်းနှီးမြှုပ်နှံမှုတွေ မလာတာ။ ကျွန်တော်တို့က အဲဒီလိုလောက်ပဲ ပြောတတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ နေလာတာ တော်တော်လေး ဒုက္ခရောက်တယ်။ တစ်ကယ်တော့ …

အလုပ်သမား၊ လယ်သမားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ကိုယ်စားပြုပြီး အလုပ်သမား၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားသူ (၁၁) ဦးက တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

မူဝါဒမပြတ်သားတဲ့ ခေါင်းဆောင်တွေကြောင့် အာဏာရှင်နွံထဲက ရုန်းမထွက်နိုင်ဖြစ်နေရတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ တစ်သီးပုဂ္ဂလကိုမဲမပေးဖို့၊ အားမပေးဖို့ဆိုတော့ ကျွန်တော်လည်းတော်တော်လန့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း (၈) မှာ နိုင်ငံသားတွေရဲ့မူလအခွင့်အရေး ပုဒ်မ ၃၆၉ (က)နဲ့ (ခ)မှာ နိုင်ငံသားတွေက ရွေးချယ် တင်မြှောက် ခွင့် ရှိတယ်။ ရွေးချယ် တင်မြှောက် ခံပိုင်ခွင့်ရှိတယ်။ ပြည်သူလူထု မဲပေးရွေးချယ်လို့တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို တာဝန်က ရုပ်သိမ်းပိုင်ခွင့်ရှိတယ်။ ဒီအခွင့်အရေးကို ဘယ်သူမှဟန့်တားလို့ မရဘူး။ဟန့်တားတယ်ဆိုရင် ဒါ လူ့ အခွင့်အရေး ချိုးဖောက်တာ။ နိုင်ငံသား အခွင့်အရေး ချိုးဖောက်တာ။ ဖွဲ့စည်းပုံကို ချိုးဖောက်တာ။အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်က တိုင်းပြည် ကို ဦးစီးရင် တိုင်းပြည်ဟာ ဘယ်လိုမှဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အာဏာရှင် အောက်က နင်းပြားဘဝမှာပဲ ရောက်မယ့် အနေအထားရှိပါတယ်” ဟု ဦးဌေးက ပြောသည်။

ကျွန်တော်တို့ပြောလိုတာ အဲဒီသဘောမျိုး မဟုတ်ပါ ဘူး။ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးခြင်း အားဖြင့် အစိုးရဖွဲ့နိုင်တယ်ပေါ့။ အစိုးရမဖွဲ့နိုင်တဲ့ ပါတီကိုမဲပေးရင် …

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များသည် အလုပ်သမား၊ လယ်သမားအရေးပြဿနာများကို မြေပြင်အထိကွင်းဆင်းပြီး စနစ်တကျ ဖော်ထုတ် ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလုပ်သမား၊ လယ်သမားပြဿနာများအားလွှတ်တော် နိုင်ငံရေး လမ်းကြောင်းမှ တစ်ဆင့် ဆောင်ရွက်နိုင်ရန် တစ်သီးပုဂ္ဂလအဖြစ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများ က ဆိုသည်။

ပါတီနိုင်ငံရေးကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ အလုပ်သမားနှင့်လယ်သမား အရေးများ၌ အတွေ့အကြုံရင့်ကျက်ပြီး လုပ်ငန်းကျွမ်းကျင်းမှုရှိသူများ၊ ရွေးကောက်ပွဲ ကတိများအားလေးစားလိုက်နာသူ၊ ပရဟိတစိတ်ရှိသူ၊ ခေါင်းဆောင်မှု အရည်းအသွေး ရှိသူ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေးစားလိုက်နာသူ ဆိုသည့်အချက် (၇) ချက်ဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း များကို ရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီလွှတ်တော်သက်တမ်းမှာ တော်တော်လေးကို အလုပ်သမားတွေနဲ့ပတ်သက်ရင် အားနည်းပါ တယ်။ လွှတ်တော် ကိုယ်စားလှယ် တွေက အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဘာသိလဲဆိုရင် အလုပ်သမားတွေက ထစ်ကနဲရှိ ဆန္ဒ ပြတတ်တယ်။ နောက်တစ်ခုက ဒီကောင်တွေဒီလို ဆန္ဒပြလို့ရင်းနှီးမြှုပ်နှံမှုတွေ မလာတာ။ ကျွန်တော်တို့က အဲဒီလိုလောက်ပဲ ပြောတတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ နေလာတာ တော်တော်လေး ဒုက္ခရောက်တယ်။ တစ်ကယ်တော့ ဒီအလုပ်သမား အလုပ်သမားဆန္ဒ ပြတာတွေက ဥပဒေတွေအားနည်းလို့ ဆန္ဒပြတာလား။ အလုပ်သမားဆန္ဒပြမှုတိုင်းက ဥပဒေတစ်ခုအပေါ်မှာ အငြင်းအခုံဖြစ်ပြီး ဆန္ဒပြတာလားဆိုတာ ဘယ်ကိုယ်စားလှယ်တစ်ယောက်မှ မသိဘူးဗျ။ ဘယ်သူကမှလည်းမဆွေးနွေးဘူး” ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ ကိုနေလင်းအောင်က ပြောသည်။

အလုပ်သမား တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိရာ လှိုင်သာယာ၊ ထန်းတစ်ပင်နှင့် ကော့မှူးမဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲမပေးရန်ပြောခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဆိုသည့်အချက်နှင့်ပတ်သက် ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“အဲတာကတော့ သူတို့သဘောထားပါပဲ။ ကျွန်တော်တို့ပြောလိုတာ အဲဒီသဘောမျိုး မဟုတ်ပါ ဘူး။ အစိုးရဖွဲ့နိုင်တဲ့ပါတီကို မဲပေးခြင်း အားဖြင့် အစိုးရဖွဲ့နိုင်တယ်ပေါ့။ အစိုးရမဖွဲ့နိုင်တဲ့ ပါတီကိုမဲပေးရင် အစိုးရမဖွဲ့နိုင်ဘဲနဲ့ ဒါတွေက ဟိုဟာဖြစ်မယ်ပေါ့။ မဲပေးတဲ့ကိစ္စဟာ စဉ်စားစရာဖြစ်မယ်ပေါ့။ ဒီသဘောမျိုးပြောတာပါ။ အစိုးရဖွဲ့နိုင်တာဖြစ်စေ၊ မဖွဲ့နိုင်တာဖြစ်စေ မဲပေးတဲ့ကိစ္စကတော့ ကျွန်တော်တို့ ဘာမှမပြောလိုပါဘူး “ ဟု ငြမ်းမီဒီယာ သို့ ပြောသည်။

နိုင်ငံရေးပါတီတချို့ကဲ့သို့ အာဏာရရှိရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ အုပ်ချုပ်ခံ လူတန်းစားများဘက်က ရပ်တည် နိုင် ရန် အလုပ်သမား၊ လယ်သမားသမဂ္ဂများကိုယ်စားပြုပြီးတစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဦးဌေးကပြောသည်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ ပါက အလုပ်သမား၊ လယ်သမား အရေးများကို လွှတ်တော်အတွင်းဆွေးနွေးနိုင်မှာဖြစ်ပြီး၊ RIGHT TO RECALL နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၌ အလုပ်သမား ကိုယ်စားလှယ် အနေဖြင့်ပါဝင်ခွင့်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင် ကပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ အလုပ်ရှင်ကိုယ်စားလှယ်အဖွဲ့က ပါဝင်ခွင့်ရရှိခဲ့ပြီး အလုပ်သမားကိုယ်စားပြု ကိုယ်စားလှယ် အစုအဖွဲ့ က ပါဝင်ခွင့် မရှိသေးပေ။

အလုပ်သမားလယ်သမားတွေအရေးကို အာဏာရပါတီခေါင်းဆောင်က စိတ်ပါဝင်စားမှုမရှိတာပဲ

၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦး အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း (၅) ဦးအနိုင်ရရှိခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,