တစ်အိမ်ထောင် ငါးသိန်းပေးမယ့် ဦးဇော်ဇော် အလှူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ခံပုံ ဖန်တီးထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တစ်အိမ်ထောင် ငါးသိန်းပေးမယ့် ဦးဇော်ဇော် အလှူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ခံပုံ ဖန်တီးထားတဲ့ သတင်းအမှား တစ်ပုဒ် အကြောင်း ပြောပြလိုပါတယ်။

လိမ်လည်ထားတဲ့ သတင်းအမှားကို ဖြန့်ချိ သူတွေဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုက ဓာတ်ပုံကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

” ဦးဇော်ဇော် နှင့် ကိုယ်စားလှယ်အဖွဲ့ တစ်အိမ်ထောင် ကျပ် သိန်း (500000) Kyats “ လို့ ရေးသားထားတဲ့ လှူဒါန်းမှုကို ရန်ကုန်တိုင်းဝန်ကြီး ချုပ်က လက်ခံနေတဲ့ ဓာတ်ပုံ ဟာ ပြုပြင်ဖန်တီးထားသူတွေရဲ့ လိမ်လည်မှု ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)တစ်ခုသာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လိမ်လည်ထားတဲ့ သတင်းအမှား ကို ထီပေါက်စဉ် ကံထူးရှင်များ လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ဂရုကနေ စက်တင်ဘာလ(၁၈) ရက်နေ့ က ဖြန့်ချိခဲ့တာတွေ့ရပါတယ်။

သည်ဓာတ်ပုံမှာ ပါဝင်တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဘယ်ဘက်မှာ ရပ်နေသူဟာ ကမ္ဘောဇဘဏ် အထွေထွေ မန်နေဂျာ ဦးမြင့်ဦး ဖြစ်ပါတယ်။

သည် အခမ်းအနား ဓာတ်ပုံဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ၂၀၂၀၊ စက်တင်ဘာလ၊(၄) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနား ဖြစ်ပြီး ကမ္ဘောဇဘဏ် မှ ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျား အပူချိန်တိုင်းစက် (၆) လုံး ပေးအပ်လှူဒါန်းတဲ့ အခမ်းအနား သာဖြစ်ပါတယ်။

သတင်းအမှား ဓာတ်ပုံမှာ ” ဦးဇော်ဇော် နှင့် ကိုယ်စားလှယ်အဖွဲ့ တစ်အိမ်ထောင် ကျပ် သိန်း (500000) Kyats ” လို့ ရေးသားထားမှု ဟာ လိမ်လည် ပြုပြင်ဖန်တီးထားချက်သာဖြစ်ပြီး တကယ်ရေးသားထားတဲ့ စာသားအမှန်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး အတွက် လှူဒါန်းခြင်း ” ကျပ်သိန်း (၁၂၀၀) တန်ဖိုးရှိ ရွေ့လျား ကိုယ်အပူချိန်တိုင်းတာစက် (၆) လုံး ” လို့ လှူဒါန်းမှုရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထား ပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ် ရဲ့ လိုဂို အမှတ်အသား လည်း ပါဝင်တာ တွေ့ရပါတယ်။

ကျနော်တို့ လူမျိုးတွေဟာ အယုံလွယ်တတ်ကြပါတယ်။ လူတချို့က အဲ့ဒီအားနည်းချက်ကို အသုံးချပြီး လိမ်လည် လှည့်စားကြပါတယ်။ မသမာတဲ့နည်းနဲ့ ကိုယ်ကျိုးရှာကြပါတယ်။ ဦးဇော်ဇော်က မဲဖောက်ပေးပါမယ်။ လက်ဆောင်ပေးပါမယ် …

သည် ဓာတ်ပုံ ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ အပြာရောင်အမှတ်အသား ပါဝင်တဲ့ Phyo Min Thein ဖေ့စ်ဘွတ် စာမျက်နှာ ၊ ၂၀၂၀၊ စက်တင်ဘာလ၊(၄) ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)အပြာရောင် အမှတ်အသားပါတဲ့ ကမ္ဘောဇဘဏ် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ အပူချိန်တိုင်းတာစက်လှူဒါန်းမှု သတင်းနဲ့ ဓာတ်ပုံအမှန်ကို ၂၀၂၀၊ စက်တင်ဘာလ၊(၅) ရက်နေ့မှာ(  သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဖော်ပြထားတာတွေ့ နိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ၊ ထီဆုကြီးဆွတ်ခူးခဲ့သူတွေ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)၊ အနုပညာရှင်တွေရဲ့ နာမည်တွေ ကို အလွဲ သုံးစား လုပ်ထားတဲ့ လိမ်လည်မှုတွေ၊သတင်းအတု၊သတင်းအမှားတွေ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်) ကို သတိကြီးစွာထားသင့်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာရဲ့ အချက်အလက်စစ်ဆေးစောင့်ကြည်မှု နောက်ဆုံးတွေ့ရှိချိန်အထိ လိမ်လည်ထားတဲ့ သတင်းအမှားကို မျှဝေသူ တစ်ထောင်နှစ်ရာနီးပါးရှိပြီး၊ ဖုန်းနံပါတ်ပေးထားသူ နှစ်ရာကျော် ရှိတာကို တွေ့ရပါတယ်။

သည်လို လိမ်လည်ထားတဲ့ သတင်းအမှားတွေ၊ သတင်းအတုတွေ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ချိနေမှုဟာ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ် လည်း မဟုတ်တဲ့ လုပ်ကြံလီဆယ်မှုတွေ သာ ဖြစ်ပါတယ်။

” ကျနော်တို့ လူမျိုးတွေဟာ အယုံလွယ်တတ်ကြပါတယ်။ လူတချို့က အဲ့ဒီအားနည်းချက်ကို အသုံးချပြီး လိမ်လည် လှည့်စားကြပါတယ်။ မသမာတဲ့နည်းနဲ့ ကိုယ်ကျိုးရှာကြပါတယ်။ ဦးဇော်ဇော်က မဲဖောက်ပေးပါမယ်။ လက်ဆောင်ပေးပါမယ်။ အလှူငွေတွေ ပေးနေပါပြီ။ Like လုပ်ပေးပါ။ Share လုပ်ပေးပါ။ ဖုန်းနံပါတ်လေး ထားခဲ့ပေးပါ။ ငွေလွှဲပေးပါမယ်ဆိုလည်း ယုံတတ်ကြပါတယ်။တကယ်တော့ ဒီကိစ္စတွေ အားလုံးဟာ မိမိနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ မဖြစ်သင့်တာတွေ မဖြစ်စေရအောင်လို့ အသိပေးခြင်း ဖြစ်ပါတယ်။ ” လို့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် က အပြာရောင်အမှတ်အသား ပါတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က နေ အများပြည်သူ ကို ၂၀၂၀၊ ဇွန်လ (၁) ရက်နေ့ က( သည်နေရာမှာ ကြည့်နိုင်ပါတယ်)အသိပေးထားပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,