တပ်က ၂၀၀၈ ခြေဥအပေါ်မှာ တော်တော်လေး တိမ်းညွတ်ပြီး ကာနေတဲ့ သဘောရှိတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UMA / ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ခေါင်းဆောင် ဦးမြအေး

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ စကားလုံး တွေကို ပြန်သုံးပြရမယ်ဆိုရင် နိုင်ငံရေးလိုဘကြောင့် ပြင်ဆင်လိုတဲ့ အချက်တွေကို တပ်မတော်က လက်မခံဘူးလို့ တိတိလင်းလင်း ပြော ထားတာ ရှိတယ်ဗျာ။ နောက် …

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် NLD ပါတီက ကြိုးစားလျက်ရှိရာ အောင်မြင်နိုင်ရန် အလားအလာများ၊ အခက်အခဲများ၊ လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖက်ဒရယ် ဒီမို ကရက်တစ် အင်အားစု၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သူ ဦးမြအေးကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကော်မတီ တစ်ရပ် ဖွဲ့စည်းရေးအဆို လက်ခံဆွေးနွေးဖို့ အတည်ပြုခဲ့ပြီးပြီဆိုတော့ အောင်မြင်နိုင်မယ်လို့ ယူဆလား။

UMA – အခုအချိန်မှာ NLD အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စကြိုးပမ်းလာတဲ့ ခြေလှမ်းတစ်ရပ်လို့ နံပါတ် (၁)၊ အဲဒီအတိုင်းပဲ ကျွန်တော်မြင်တယ်။ နံပါတ် (၂) က ကော်မတီဖွဲ့ဖို့ ဆိုတဲ့ဟာက အားလုံးပါဝင်နိုင်အောင် ဖြစ်တယ်ဆိုတာ လွှတ်တော်ထဲမှာ ဆွေးနွေး တာ အားလုံးသိပြီး ဖြစ်တယ်။ အားလုံးပေါင်းပြီးတော့မှ ဖွဲ့စည်းပုံပြင် ပြီး နိုင်ငံတော်ကြီးရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်း ပုံတစ်ရပ် ပေါ်အောင် ကြိုးစားတဲ့ လှုပ်ရှားမှု ဖြစ်တယ်။ သို့သော် လွယ်ကူမလားဆိုတော့ အခု ကော်မတီဖွဲ့တာတောင်မှ တဖက်နဲ့ တဖက် ပြေလည်မှု မရှိတဲ့ဟာကို ထင်ထင်ရှားရှား တွေ့ရတယ်ဗျာ။ တကယ်တမ်း ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ နိုင်ငံရေးဂယက်တွေတော့၊ တော်တော် ပြင်းထန်တဲ့ ဂယက်တွေ ထဦးမယ်လို့ ယူဆလို့ ရတာပေါ့ဗျာ။ သို့သော်လည်း ဘယ်လိုပဲဖြစ် ဖြစ် ကျွန်တော်တို့ လုပ်ရမှာပဲ၊ ဒါကတော့။ NLD တင်တာ မှန်တယ်၊ NLD ကို ထောက်ခံတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဆိုတင်တုန်းက တပ်ဖက်ကလည်း တော်တော်လေး ပြင်းပြင်းထန်ထန် ထရပ် ကန့်ကွက်တာ ရှိခဲ့တယ်။ ဒီတော့ ပြင်မယ့် အချက်တွေကို တပ်နဲ့ ကြိုမညှိထားရင် ရလဒ် ထွက်ပါ့မလား။

UMA – အဲဒါက ညှိနှိုင်းရမယ့်အပိုင်းက တစ်ပိုင်းသွားရမှာဗျ။ ကျွန်တော့်အမြင် ပြောရရင်တော့ဗျာ၊ ကြိုတင် ညှိနှိုင်းချက် ရှိပြီး တော့မှ လုပ်ရင်တော့ အကောင်းဆုံး ဖြစ်မှာပေါ့ဗျာ။ ဒီနေရာမှာတော့ ကျွန်တော်မြင်တာက ကြိုတင်မညှိနှိုင်းနိုင်ရင်တောင်မှ လုပ်ရတော့ မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အားလုံးရဲ့ ဆုံချက်က ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာ အားလုံးရဲ့ ဆုံချက်။

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ် သက်ရင်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်တွေက တိုက်ရိုက် ရွေး ချယ်တဲ့ ပုံစံမျိုး၊ အိန္ဒိယ ဖက်ဒရယ်နဲ့ ချိန်ထိုးပြီး ပြောသွား တယ်။ ဆိုတော့က ပြင်ဆင်မှုတွေကတော့ ကျွန်တော်ထင်တယ်၊ ဖြစ်လာ လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့ …

ဒီထက် စကားလုံး လေး နည်းနည်း လျှော့ပြီးပြောရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ပါ အသုံးအတိုင်း တပ်ကလည်း လက်ခံထားတာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု။ အဲဒါကို လက်ခံထားပြီးသား။ လက်မှတ် ထိုးထားပြီးသား။ ဆိုတော့ ဒါက ဆုံချက်ဖြစ်နေတယ်။ ဒီဆုံချက်ကို သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံက သွားလို့မှ မရတာ။ ကျွန်တော် တို့က လက်ခံရုံနဲ့ မပြီးဘူးလေ။ တပ်ဖက်ကို ကျွန်တော် တိုက်တွန်း ချင်တာက ပြင်ဆင်ဖို့ဆိုတာ ဖြစ်ရတော့မှာ။ Agree ဖြစ်ထားတဲ့ဟာနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်ဖို့ ကြိုးပမ်းရတော့မှာ။ ဒါက လက်ရှိ အကောင်အထည် ဖော်နေတဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စတွေ အတွက်ရော၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေအတွက် ရော အရမ်းအရေး ကြီးတဲ့ဟာလေဗျာ။ အဲဒီအပေါ်မှာ အားလုံး ပူးပေါင်း ပါဝင် တဲ့ ဖြေရှင်းမှု ပုံစံမျိုးနဲ့ပဲ စဉ်းစားသင့်တယ်လို့ ကျွန်တော် မြင်တယ်။ အခု သွားတာ လည်း မှန်တယ်၊ Right၊ အဆိုတင်တာကို လက်ခံတယ်။ ဒါ အား လုံး ပါဝင်နိုင်အောင် လုပ်သွားတာ။

ငြမ်းမီဒီယာ – လွှတ်တော်မှာ NLD က (၅၉) ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီတွေက (၁၁) ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီက (၅) ရာခိုင်နှုန်း ဆိုတော့ တပ်မတော် မပါရင် (၇၅) မကျော်တော့ ညှိမထားရင် ဖွဲ့စည်းပုံ ပြင်ဖို့က ဘယ်လိုဖြစ်နိုင်မလဲ။

UMA – ဒီလိုရှိတယ်ဗျ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပြောသွားတဲ့အထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ကို သူတို့လည်း လက်ခံတဲ့ ပုံစံ ရှိတယ်လို့ ပြောသွားတယ်။ သူတို့က ကော်မတီဖွဲ့တဲ့ကိစ္စကို ကန့် ကွက်တယ် ပြောတာလေ။ လုပ်ထုံးလုပ်နည်း နဲ့ မညီဘူးဆိုပြီး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုချင်တဲ့ ပြင်ဆင်မှုမျိုးကိုတော့ ကျွန်တော်တို့က ၂၀၀၈ အောက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော် အခင်း အကျင်းမှာ ဘယ်လိုမှ ပြင်လို့မရဘူး။ ဒါ သေချာတယ်။ ကျွန်တော်တို့ နိုင်ငံရေးကို တပြုံလုံး အရှည်ကြီး မြင်ဖို့လိုတယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေက ကျွန်တော်တို့ ဖန်တီး ယူထားတဲ့ နိုင်ငံရေး အခြေအနေ မဟုတ်ဘူး။ 7 Point Road Map နဲ့ ပေါ်လာတဲ့ အခင်းအကျင်း အောက်မှာ ရှိတာ။ ၂၀၀၈ အောက်မှာ ရှိတာ။ ဆိုတော့ တပ်ရဲ့သဘောထား မပါဘဲ ဖွဲ့စည်းပုံက စာလုံးတစ်လုံးတောင် ကျွန်တော်တို့ ပြင်လို့မရဘူး။ သို့သော် ပြီးခဲ့တဲ့ NCA သုံးနှစ်မြောက်မှာ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းရဲ့ အသွင်သဏ္ဌာန် တွေ အရဆိုရင် ဒီဖွဲ့စည်းပုံ ပြင်ရေး အတွက် တချို့တချို့အချက်တွေကိုတော့ တပ်ကလည်း ပြင်လာ နိုင်ဖွယ်ရာ ရှိတယ်လို့ ကျွန်တော် ခန့်မှန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်က သဘောတူမှ ပြင်လို့ရမယ် ဆိုတဲ့ အခြေအနေအောက်မှာ ရုန်းကန်ရမှာပဲ။ ဒါတော့ သိပ်သေချာတယ်။

ငြမ်းမီဒီယာ – ကော်မတီဖွဲ့ဖို့ မဲခွဲခဲ့တုန်းကတောင် ကန့်ကွက်မဲ က (၁၇) မဲ၊ ကြားနေက (၃) မဲ ရှိခဲ့တော့ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုရင်ရော တိုင်းရင်းသား ပါတီတွေဆီက မဲကို ရနိုင်ပါ့မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ဒီနေရာမှာ ကျွန်တော်တို့က မြင်ရမှာက တိုင်းရင်းသားပါတီ တွေရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့ ရည်မှန်းချက်ပေါ့။ အဲဒါက ရှင်းတယ်။ တိုင်းရင်းသားတွေ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ကို အာမခံရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင် တာ။ ဆိုတော့၊ ဖက်ဒရယ်ဆိုင်ရာ အခွင့်အရေးတွေ၊ ဥပမာ ပြည်နယ် လုပ်ပိုင်ခွင့်တွေ တိုးပေးတဲ့ ကိစ္စရပ်မျိုးတွေဟာ တိုင်းရင်းသားတွေ အကုန်လုံးကတော့ ပါလာမှာပဲ။

နိုင်ငံရေးကို ချဉ်းကပ်တဲ့အခါမှာ Personal အငြိုး အတေးတွေ၊ အမုန်းတရားတွေနဲ့ မချဉ်းကပ်သင့်ဘူးလို့ ကျွန်တော် မြင်တယ်။ Principal သဘောတရားအရပဲ ချဉ်းကပ်စေချင်ပါတယ်။ မူဝါဒပိုင်း ဆိုင်ရာပေါ့။ မူဝါဒ ဘယ်လောက်အထိ အပြောင်းအလဲ …

ဒီအပေါ်မှာပဲ ဒီမိုကရက်တိုက်ဇေး ရှင်း အတွက်ကို အားလုံးပါဝင်ဆောင်ရွက်လာမယ်လို့ မြင်တယ်။ အခုသွားရမယ့် ကိစ္စကတော့ ကျွန်တော်တို့က ရှိသမျှအားတွေ အကုန်စုရမယ်လို့ မြင်တယ်။ အဲဒီတော့ တိုင်းရင်းသား ပါတီတွေ လည်း ပါလာမှာ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း ဖက်ဒရယ်နဲ့ ကိုက်ညီဖို့၊ ဒါမှ မဟုတ်ရင် ဖက်ဒရယ် အဆင့်ကို မရောက်ဘူး ဆိုရင် တောင်မှ အဲဒီကို ဦးတည်တဲ့ ပြင်ဆင်မှုမျိုး ဖြစ်တယ်ဆိုရင်တော့ ကျန်တဲ့သူတွေ ပါလာလိမ့်မယ်။ တပ်မတော်ရဲ့ သဘောထားတော့ ပြောရခက်တယ်။ တော်တော် ပြောရခက်တယ်။ ကျွန်တော်တိုက်တွန်း ချင်တာ တစ်ခုပဲရှိတယ်။ ဟိုနေ့က ဖြစ်စဉ်မှာဆိုရင် ပြည်သူလူထု က တပ်မတော်အနေနဲ့ ကပ်ဖဲ့ရပ်ဖဲ့ လုပ်နေတယ်လို့ မြင်တာဗျ။ အဲဒီလို မြင်တာ။ အဲဒီလို အမြင်မျိုးက ကျွန်တော်တို့ နိုင်ငံအတွက် လည်း မကောင်းနိုင်ဘူး။ တပ်မတော် အတွက်လည်း မကောင်းဘူး၊ အစိုးရအတွက်လည်း မကောင်းဘူး၊ ကျွန်တော်တို့ အားလုံး အတွက်လည်း မကောင်းဘူး။ နိုင်ငံရဲ့ အနာဂတ်လေ။ အဲဒါကို တပ်မတော်က ပြန်သုံးသပ်စေချင်တယ်ဗျာ။

ငြမ်းမီဒီယာ – ခြေဥပြင်ဆင်ရေး ကော်မတီကလည်း တိုင်းရင်းသားပါတီ တွေရဲ့ ထောက်ခံမှုရဖို့ဆိုရင် တိုင်းရင်း သားရေးရာနဲ့ ပတ်သက် တာတွေကိုလည်း ထည့်သွင်းပြင်ဆင်ဖို့ လိုတဲ့ သဘောလား။

UMA – ကျွန်တော်မြင်တာကတော့ဗျာ၊ တိုင်းရင်းသားအရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးက ဒီ ၂၀၀၈ နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စ ဖြစ်တယ်လေ။ ဟိုဘက်က ၂၁ ပင်လုံ အခင်း အကျင်း က ပွင့်ပွင့် လင်းလင်း ပြောရရင် ဘာဖြစ်လာမလဲဆိုတာကို တော်တော့်ကို ပြောရ ခက်တဲ့ အခြေအနေ ဖြစ်နေ တယ်။ ကျွန်တော့်အမြင် ပြောရမယ် ဆိုရင် ပြန်ပြီးတော့ကို Review လုပ်ရမယ့် အခြေအနေ။ အဲဒီလိုပဲ နားလည်တယ်ဗျ၊။ ဆိုတော့၊ ဒီဘက်က လုပ်နိုင်တဲ့ အခင်း အကျင်းက ဘာလဲဆိုတော့ Decentralize ပေါ့ဗျာ။ တချို့ဟာတွေ ပြင်ပေးရလိမ့်မယ်။ ဖက်ဒရယ်တော့ ချက်ချင်းသွားလို့ မရရင်တောင် ဒီဘက်ကနေ ဖက်ဒရယ်ကို သွားနိုင်တဲ့ ပုံသဏ္ဍာန်မျိုးတွေ၊ သွားချင် တဲ့ အလားသဏ္ဍာန်တူတဲ့ ဆန္ဒဖော်ပြမှုတွေကို ကျွန်တော်တို့က ဖွဲ့စည်းပုံ ပြင်ရင်းနဲ့ ဖော်ပြရမယ်။ ဒါမှ တိုင်းရင်းသားတွေက ပါမယ်။ တိုင်းရင်းသား ပါတီတွေနဲ့ လည်း ညှိနှိုင်းဆွေးနွေးမှ တိုင်းရင်းသားတွေ ရဲ့ စိတ်ထဲက ခံစားချက်ကို မြင်နိုင်မှာလေ။ အဲဒါ ကတော့ ဆောင်ရွက် ရလိမ့်မယ်လို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ၊ NLD ရဲ့ မဟာမိတ် ပေါ်လစီ သိပ်အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါပါပဲ။

ငြမ်းမီဒီယာ – ၅၉ (စ) တို့၊ ၄၃၆ တို့ ပြင်ဆင်ချင်ရုံလောက်နဲ့ဆို တိုင်းရင်းသား တွေလည်း ပါဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်လား။

UMA – အဓိကကတော့ ကျွန်တော် စောစောက ပြောခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ NCA သုံးနှစ်ပြည့် မိန့်ခွန်း အနေအထားတွေရယ်၊ နိုင်ငံရေး အခင်းအကျင်းတွေ ကျွန်တော် ပြောခဲ့ပြီးပြီလေ။ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့က Interest တွေမှာ တချို့နေရာတွေမှာ ထပ်တူဖြစ်ပေမယ့် တချို့နေရာတွေမှာ မတူဘူးဗျ။ အဲဒါကိုတော့ Stakeholder တွေ မြင်အောင်ကြည့် တတ်ဖို့ လိုတယ်ဗျ။ သူ့နေရာနဲ့သူ၊ သူ့အနေအထားနဲ့သူ၊ အကုန်လုံး ကို ဆက်ဆံတတ်ဖို့လိုတယ်လို့ မြင်တယ်လေ။ ကျွန်တော် အကြံပြု တာပါ။ ဒီဟာက ကိုယ့်တစ်ပါတီတည်းအတွက် ပြင်တယ်ဆိုတဲ့ ပုံစံ မျိုး မဖြစ်အောင်လည်း NLD က လုပ်သွားလိမ့်မယ်လို့ မျှော်လင့် တယ်။ ခင်ဗျား စောစောက ဆွေးနွေးခဲ့တဲ့ ပုဒ်မတွေက ဒုတိယနေရာ ရောက်ရင်ရောက်မယ်ဗျာ။ ကျွန်တော်မြင်တာကတော့ တိုင်းရင်းသား တွေနဲ့ ထိတွေ့ ဆက်ဆံရတဲ့ နေရာမှာ၊ ဥပမာပြောရရင်ဗျာ၊ ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်ကနေ တိုက်ရိုက်ရွေးချယ်တာမျိုး တွေ စဉ်းစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ဒါ အကြမ်းဖျဉ်း ပြော တာပါ။ ဒါမျိုးတွေက အစ NLD က တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး တော့ နားထောင်ရမယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီအတိုင်းပဲ၊ ဒီဘက်က ဒီမိုကရက်တစ်အင်အားစု၊ လွှတ်တော်ပြင်ပ အခင်း အကျင်းကြီးက တပြုံလုံး ရှိနေတယ်။ အဲဒီအခင်းအကျင်းတွေရဲ့ စကားသံတွေကိုလည်း နားထောင်ဖို့ လိုမယ်။ တပ်ရဲ့ သဘော ထားကိုလည်း တီးခေါက် ရမှာပေါ့ဗျာ။ အဲဒီတော့ ဘယ်ဟာမှ အစွန်းထွက်သွားလို့ မရဘူးလို့ ကျွန်တော် ထင်တယ်ဗျ။ အစွန်း ထွက်သွားရင် မြန်မာ့နိုင်ငံရေးရဲ့ တည်ဆဲအခြေအနေကြီးက ယိုင် နဲ့သွားလိမ့်မယ်။ အဲဒါကိုလည်း တစ်ဖက်က ပြန်ထိန်းရမှာလေ။ တော်တော်တော့ ခက်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုကို ကျွန်တော်ကတော့ ထောက်ခံ တယ်၊ ဝန်းရံမှာပဲ ဖြစ်တယ်။ ဒါပဲ။ ကျွန်တော့်သဘောထားကတော့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကြံ့ခိုင်ရေးကလည်း ဖွဲ့စည်းပုံကို ပြင်ဖို့ မလိုသေးဘူးလို့ ပြောထားတာ ရှိတယ်။ ဒီတော့ ပူးပေါင်းပါဝင်ဖို့ အနေအထား ရှိပါ့မလား။

UMA – အခုဖြစ်နေတဲ့ ပြဿ နာက NLD ပြင်မယ်ဆိုရင် ပြင်လို့မရ အောင် ငါတို့ ဘယ်လို လုပ်မလဲ၊ ဒါ ရွေးကောက်ပွဲအကြို NLD က ပြင်ဆင်တာပဲ၊ အဲဒီလို သံသယတွေနဲ့ တွေးတာ။ ကျွန်တော်ပြောမယ်၊ ရွေးကောက်ပွဲဝင်တဲ့ ပါတီတိုင်းဟာ ဖက်ဒရယ်နဲ့ ကိုက်ညီ တဲ့ ဖွဲ့စည်းပုံကို ဆွဲရမယ် ဆိုတာတော့ အကုန် နားလည်ထားကြတာ လေဗျာ။ ကြံ့ခိုင်ရေးပါတီ လက်ထက်ကလည်း ဖွဲ့စည်းပုံ ပြင်ရေး အတွက် သူတို့လုပ်ခဲ့၊ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်လေ။ ဒါကြီးက ပြင်စရာမလိုဘူးလို့ ပြောတဲ့ နိုင်ငံရေးပါတီ က တိုင်းရင်းသားတွေ နဲ့လည်း ရှေ့လျောက်နိုင်ငံရေး ပြေလည်နိုင်စရာ လမ်းစ မဟုတ်တဲ့ ဟာကြီးကို ဘာလို့ တရားသေ စွဲကိုင်မှာတုန်း။ တိုင်းပြည်အတွက် လည်း အကျိုးမှ မရှိတာ။ ဒါကတော့ စဉ်းစား စရာ။ အဲဒီတော့ ပါခြင်း၊ မပါခြင်းဆိုတာက ဘယ်သူလုပ်လို့ မပါဘူးဆိုတာထက် တိုင်းပြည် အကျိုးပဲ စဉ်းစားသင့်တယ်။ တပ်ကပဲ လုပ်လုပ်၊ NLD ကပဲ လုပ်လုပ်၊ ကြံ့ခိုင်ရေးကပဲ လုပ်လုပ်။ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိ မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သင့်ရင် ဆောင် ရွက်ရမှာပေါ့ဗျာ။ ဒါပါပဲ။ အခုဟာကတော့ ဟိုလူလုပ်လို့ မပါဘူး၊ ဟိုလူ့ Credit မပေးဘူး၊ ဒီလူ့ Credit မပေးဘူး၊ အဲလိုကြီး ဖြစ်နေ တယ်ဗျ။ အဲဒါကြီး ကတော့ သိပ် ကလေးကလားဆန်တယ်။

ငြမ်းမီဒီယာ – တချို့ကလည်း ၂၀၂၀ နီးမှ NLD က ဖွဲ့စည်းပုံပြင်ရေး အသံ ကို ပြန်ထုတ်လာတယ်လို့ ဝေဖန်တာရှိတယ်။ ကိုမြအေး အယူအဆက ရော။

UMA – ကျွန်တော်ကကျတော့ ဒီလိုဗျ။ ကျွန်တော်က အဲဒီလို မမြင် ဘူး။ ဘာလို့ မမြင်ဘူးလဲ ဆိုတော့ ကျွန်တော် စောစောက ပြောသလို ပဲ၊ ရွေးကောက်ပွဲ အကြိုကာလမှာကတည်းက ဖွဲ့စည်းပုံပြင်ရေး အတွက် ကြွေးကြော်သံထဲမှာ ပါပြီးသားလေ။ သူတို့ (၃) ချက်ထဲမှာ ပါပြီးသားဗျာ။ ဆိုတော့ ဖွဲ့စည်း ပုံပြင်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းမှု မှန်သမျှကို စစ်စစ် မှန်မှန်ပေါ့နော်၊ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကလုပ်လုပ် ကျွန်တော်တို့က လက်ကမ်းကြိုဆို ရမှာပဲ။ ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရက်တိုက်ဇေးရှင်းကို တကယ် အားပေးနိုင် တဲ့ အခြေအနေ ဖြစ်ရမယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို မျက်နှာမူရမယ်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကြိုးပမ်းမှု အားလုံးကို ကျွန်တော်တို့က လက်ခံရမှာပဲ။

ဖက်ဒရယ် ပြည်ထောင်စုကြီးနဲ့ ကိုက် ညီတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်ရေးကို ပါးစပ်က အကုန်လုံး ပြော လို့ရ တယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ လုပ်မယ်ဆိုရင် ကျွန်တော်ထင်တယ်၊ တစ်နှစ်တောင် ကြာမယ်မထင်ဘူး …

အဲဒီလိုပဲ Principle သဘောတရားအရ ချဉ်းကပ်ချင် တယ်ဗျာ။ သေချာတယ်၊ ၂၀၂၀ အထိလည်း ပါတီတွေအကုန်လုံးက ဖွဲ့စည်းပုံ ပြင်ရမယ် ပြောမှာပဲ။ မပြင်ဘူးလို့ ပြောတဲ့ပါတီ ကျန်ခဲ့မှာပဲ။ ဘယ်သူမှ ပြောမှာလည်း မဟုတ်ဘူး၊ ကျွန်တော်မြင်တာကတော့။

ငြမ်းမီဒီယာ – ၂၀၁၅ တုန်းကလည်း တစ်ကြိမ်ပြင်ခဲ့ဖူးတယ်။ အဲဒီတုန်းက သမ္မတ အရည်အချင်း ကိစ္စနဲ့ တခြား အချက်အချို့လောက်ပဲ ပြင်နိုင် တယ်။ အခုတစ်ကြိမ်မှာရော ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ ယူဆ လဲ။

UMA – ကျွန်တော် အများကြီး မမျှော်လင့်ဘူးဗျ။ ပွင့်ပွင့်လင်းလင်းပဲ ပြောတာ။ ကြိုးပမ်းမှုကို အသိ အမှတ်ပြုရမယ်။ သို့သော် ရလဒ်ကို ကျွန်တော် အများကြီး မမျှော်လင့်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ပြောသလို ဖွဲ့စည်းပုံအရကို၊ 7 Point Road Map ရဲ့ အခင်းအကျင်းအောက်မှာ တိုင်း ပြည်က ရှိနေတာ။ အဲဒီတော့ ဖွဲ့စည်းပုံအရကို တပ်ရဲ့ သဘောထား မပါဘဲ ဘာမှ လုပ်လို့မရပါဘူး။ အဲဒီဟာက ကျွန်တော်တို့ အများကြီး မျှော်လင့် လို့ရတဲ့ အခြေအနေမျိုး တော့ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ကျွန်တော် အများကြီး မမျှော်လင့်ထားဘူး။ သို့သော် တိုင်းပြည်ရဲ့ ရှိနေတဲ့ စီးပွား ရေး၊ လူမှုရေး အားလုံး ကို ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အကျိုးပြုခဲ့ သလား၊ အကျိုးမပြုခဲ့ဘူးလား ဆိုတာတော့ ကာယကံရှင်တွေ အကုန်လုံး ပြန်သုံးသပ်ဖို့တော့ လိုတယ်လို့ မြင်တာပါပဲ။ ဒါပါပဲ။

ငြမ်းမီဒီယာ – အရင်က လေးပွင့်ဆိုင်တို့၊ ခြောက်ပွင့်ဆိုင်တို့မှာလည်း အဖြေ မထွက်ခဲ့ဘူး။ အခုအချိန်မှာရော အဲဒီ အခြေအနေနဲ့ ကွာခြားမှုရှိ နိုင်တယ်လို့ မြင်ပါသလား။

UMA – မမြင်ဘူးဗျ။ မမြင်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တမ်း ပြောမယ်ဆိုရင် ထိပ်ပိုင်း Stakeholder တွေပေါ့ဗျာ။ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင် လေး၊ ငါး၊ ခြောက်ယောက် လောက် စကားပြောလိုက်ရင် ဒီကိစ္စကြီးက ပြေလည် သွားနိုင်စရာ အကြောင်းရှိတယ်။ အကောင်းဘက်ကို သွားနိုင်သလို၊ နောက် ကြောင်းလည်း ပြန်လည် သွားနိုင်တာမျိုး ဖြစ်နိုင်တယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာက ဒီကစားကွင်း ထဲမှာ။ ကျန်တဲ့ ကစား ကွင်းတွေ အကုန်လုံး က ဒီ လေး၊ ငါး၊ ခြောက်ယောက်ကို။ တိတိကျကျ ပြောရမယ်ဆိုရင်ဗျာ၊ တိုင်းရင်းသား အင်အားစုတွေရယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ရယ်၊ ထိုင်ပြီးစကားပြောပြီး သွားရင်တော့ ပြင်ဆင်ရေး သွက်လက် လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုက ထိုင်စကားပြောမယ် ဆိုတာ ဘယ်မူပေါ်မှာ ပြောမ လဲဆိုတာတော့ လိုတာပေါ့ဗျာ။ ဒါကတော့ ရှင်းတယ်။ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ် ပေါက်ရေးအတွက် ကြိုးပမ်းစေချင်တယ်။ ဒီမူပေါ်မှာ သွားရမှာပဲ။ အဲဒါဆိုရင် မြန်သွားလိမ့်မယ်။ မြန်လည်း မြန်စေချင်ပြီ။ မဟုတ်ရင် တိုင်းပြည်နာလိမ့်မယ်။

ငြမ်းမီဒီယာ – ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းမှု လမ်းစဉ်ကပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိက ကျတယ်လို့ ယူဆတာလား။

UMA – ဟုတ်တယ်။ အဓိကက ကျွန်တော် ပြောပြမယ်ဗျာ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေး ချင်တယ်။ အခု နိုင်ငံရေး အခြေအနေမှာ ဆိုးတာတွေ ရှိသလို၊ အားကောင်းတာ တွေ လည်း ရှိတယ်။ ဥပမာဗျာ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘော တူပြီဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေ အကုန်လုံးက သဘောတူ တယ်ဆိုတာ ရှင်းတယ်။ ဒါ Understood ပဲလေ။ အဲဒီ လိုပဲ NLD မှာ ဒေါ်အောင်ဆန်းစုကြည် သဘောတူပြီဆိုရင် အားလုံး သဘောတူဖို့က Understood ပဲ။ ခြွင်းချက် အနည်းငယ်မျှပဲ ရှိတာက လွဲလို့ ကျန်တာ အခက်အခဲ မရှိဘူးလို့ ကျွန်တော်မြင်တယ်။ အဲဒါက အားကောင်းခြင်းပဲ။ ကျန်တဲ့ အပိုင်းက ထားလိုက်တော့ဗျာ။ အား နည်းချက်တွေ ကတော့။ အဲဒီတော့ ဒီအားကောင်းချက်တွေပေါ်မှာ မူတည်ပြီး တိုင်းပြည်ခေါင်းဆောင်တွေက ရေရှည်အမြင်နဲ့ တိုင်းရင်း သား အားလုံးရဲ့ အခွင့်အရေးကိုလည်း ဖော်ဆောင်ပေးနိုင်မယ့်၊ ဒီမိုကရေစီလည်း ထွန်းကားတဲ့၊ ဖက်ဒရယ် ပြည်ထောင်စုကြီးနဲ့ ကိုက် ညီတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်ရေးကို ပါးစပ်က အကုန်လုံး ပြော လို့ရ တယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ လုပ်မယ်ဆိုရင် ကျွန်တော်ထင်တယ်၊ တစ်နှစ်တောင် ကြာမယ်မထင်ဘူး။ ထားပါ တော့ဗျာ၊ ၂၀၂၀ မှာ ဖွဲ့စည်းပုံ အသစ် တစ်ရပ်နဲ့တောင် ရွေးကောက်ပွဲ ကျင်းပရတာ ဖြစ်သွားနိုင်တယ်။

ငြမ်းမီဒီယာ – တပ်ဘက်ကလည်း အစိုးရနဲ့ ကွဲပြားမှုမရှိ ဆောင်ရွက်နေ တယ်လို့ ပြောဆိုထားတာ ရှိတယ်။ တလောက အေအေကိစ္စမှာ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက် အတိုင်း လုပ် တယ်လို့။ အခု ဖွဲ့စည်းပုံပြင်ရေးမှာရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညှိနှိုင်းချက် ကို တပ်မတော်က လက်ခံပါ့မလား။

UMA – ကျွန်တော် စောစောက ပြောသလိုပေါ့ဗျာ။ အဲဒါက NCA သုံးနှစ်ပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ပါတဲ့ စကားလုံး တွေကို ပြန်သုံးပြရမယ်ဆိုရင် နိုင်ငံရေးလိုဘကြောင့် ပြင်ဆင်လိုတဲ့ အချက်တွေကို တပ်မတော်က လက်မခံဘူးလို့ တိတိလင်းလင်း ပြော ထားတာ ရှိတယ်ဗျာ။ နောက် ၂၀၀၈ Constitution ကြောင့်ပဲ အတိုက်အခံတွေ အစိုးရဖြစ်လာတယ် ဆိုတဲ့ဟာကို ထောက်ခံထား တယ်ဗျာ။ ဆိုတော့၊ တပ်ရဲ့သဘောထားက ၂၀၀၈ ခြေဥ အပေါ်မှာ တော်တော်လေးကို တိမ်းညွတ်ပြီး ကာနေတဲ့ သဘောတော့ ရှိတယ် ဗျ။ ဒါပေမဲ့ တစ်ဖက်ကလည်း ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ် သက်ရင်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်တွေက တိုက်ရိုက် ရွေး ချယ်တဲ့ ပုံစံမျိုး၊ အိန္ဒိယ ဖက်ဒရယ်နဲ့ ချိန်ထိုးပြီး ပြောသွား တယ်။ ဆိုတော့က ပြင်ဆင်မှုတွေကတော့ ကျွန်တော်ထင်တယ်၊ ဖြစ်လာ လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေ တစ်ရပ်ကို တော့ ချက်ချင်းတော့ မရနိုင်ဘူး။

ငြမ်းမီဒီယာ – ဒီတော့ အခုချိန်မှာ ပြင်ပနိုင်ငံရေး အင်အားစုတွေကရော ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဘယ်လို အကောင်းဆုံးနည်းလမ်းနဲ့ ဆောင်ရွက်နိုင်မလဲ။

UMA – နိုင်ငံရေးမှာတော့ဗျာ၊ (၁၀၀) ရာခိုင်နှုန်း စိတ်တိုင်းကျတယ် ဆိုတာ ဘယ်မှာမှ မရနိုင် ဘူးဗျ။ ဒါကတော့လေ။ ကျွန်တော်တို့က နိုင်ငံရေးကို ချဉ်းကပ်တဲ့အခါမှာ Personal အငြိုး အတေးတွေ၊ အမုန်းတရားတွေနဲ့ မချဉ်းကပ်သင့်ဘူးလို့ ကျွန်တော် မြင်တယ်။ Principal သဘောတရားအရပဲ ချဉ်းကပ်စေချင်ပါတယ်။ မူဝါဒပိုင်း ဆိုင်ရာပေါ့။ မူဝါဒ ဘယ်လောက်အထိ အပြောင်းအလဲ၊ အတိမ်း အညွတ်ရှိလဲ ဆိုတာကိုပဲ စဉ်းစားစေချင်ပါတယ်။ ကျွန်တော့် သဘော ထား ပြောပါဆိုရင် ဒီနေ့ ဒီအချိန်အခါမှာ NLD ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်း ချက်တွေ အကုန်လုံးကို ကျွန်တော်တို့ လွှတ် တော်အပြင်မှာ ရှိတဲ့ သူတွေက ဝန်းရံအားပေးကြဖို့တော့ လိုတယ်။ ဒါပေမဲ့ ဘာရမှ၊ ဘယ်လိုရမှဆိုတဲ့ ပိုင်းဖြတ်ချက်က ကျွန်တော်တို့ ဆီမှာလည်း မရှိဘူး၊ NLD ကိုယ်တိုင်လည်း ကြိုးစား ရမှာ ဖြစ်တယ်။ ဒါကိုကတော့။ ဒါပေမဲ့ သေချာတယ်၊ ကျွန်တော်တို့ ဝန်းရံပေးရလိမ့် မယ်။ ကျွန်တော်တို့အားလုံး ကျောထောက်နောက်ခံ ပြုပေး ရလိမ့် မယ်၊ NLD ကို။

ငြမ်းမီဒီယာ – ဒါဆို NLD ကို ပြင်ပနိုင်ငံရေးအင်အားစုတွေက ဘယ်လိုနည်း လမ်းတွေနဲ့ ကူညီနိုင်မလဲ။

UMA – ဒါကတော့ ကျွန်တော် ပြောပြမယ်။ တချို့ တချို့ အပိုင်းတွေ ကတော့လေ၊ NLD ပါတီကိုလည်း ကျွန်တော် အကြံပြုချင်တာက ဒီဟာက လွှတ်တော်တစ်ခုတည်းနဲ့ပြီးသွား မယ့်ကိစ္စ မဟုတ်ဘူးဗျ။ ဥပမာအားဖြင့် နယ်စပ်ဖြစ်စဉ်ဆို လွှတ်တော်ပြင်ပနိုင်ငံရေး လမ်း ကြောင်းကြီး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လွှတ်တော်ထဲ ရှိနေ တာမှ မဟုတ်ဘဲ။ ကျွန်တော်မြင်တာက ပြည်တွင်း ဒီမိုကရက်တစ် အင်အားစုတွေနဲ့ NLD ပါတီ က လည်း အကြံဉာဏ် တောင်းခံတာမျိုး၊ ဆွေးနွေးတာမျိုး၊ ညှိနှိုင်းတာမျိုး လုပ်သင့် တယ်လို့ ကျွန်တော်မြင်တယ်။ ဒါက ကိုယ့်ရဲ့မဟာမိတ်တွေလို့ သဘောထားပြီး စဉ်းစား ရလိမ့်မယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဝန်းရံတယ်၊ ဝန်းရံတယ် ဆိုတာ အဝန်းရံခံဦးမှ လည်း ဖြစ်မယ်လေဗျာ။ ဒီလိုတော့ ရှိတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲမှားလို့ရှိရင် ကြာလို့ရှိရင် ဝေးသွားတတ်တယ်ဗျ။ အဲဒါကြောင့် ပြောနေတာပါ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,