တပ်ချုပ်နှင့်တရုတ်သံအမတ်တွေ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E.Mr.Chen Hai တို့သည်သြဂုတ်လ(၂၂)ရက်နေ့ကတွေ့ဆုံ ခဲ့သည်။

သြဂုတ်(၂၃)၊၂၀၁၉၊ရန်ကုန်

တပ်ချုပ်နှင့်တရုတ်သံအမတ်တို့တွေ့ဆုံရာတွင်ရခိုင်ပြည်နယ်၌်လူ့အခွင့်အရေးချိုးဖောက်မှုများကိုအကြောင်းပြ၍ မြန်မာနိုင်ငံအားနိုင်ငံတကာက ဖိအားပေးနေသည်များကို တရုတ်နိုင်ငံအနေဖြင့် လက်မခံ ကြောင်းနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည် ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများကို ဆွေနွေးခဲ့ ကြသည်ဟုဆိုသည်။

ယင်းအပြင်ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဖြစ်ပွားခဲ့သည့်အကြမ်းဖက် တိုက်ခိုက်မှုကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်းနှင့်မြန်မာ့ ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေ သည့်အခြေအနေများနှင့်ငြိမ်းချမ်းရေးဆွေးနွေး မှုတိုးတက်မှု ရရှိရန်လုပ်ဆောင်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နေပြည်တော်၊ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင်တပ်ချုပ်နှင့်အတူကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊တရုတ် သံအမတ်နှင့်အတူ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။