တပ်ချုပ်ပြောကြားချက် ကြံ့ခိုင်ရေး ပြောခွင့်ရ ပုဂ္ဂိုလ်များ သဘောမတွေ့ ဖြစ်နေ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးအောက်တန်းကျတာပေါ့။ ညစ်ပတ်တဲ့နိုင်ငံရေးကို ကျင့်သုံးတာပေါ့။ တပ်နဲ့ပြည်ခိုင်ဖြိုးကို ရန်တိုက်ပေး တာပါ။ ဒါပါပဲ။ ဒါတွေကို သိပ်လည်း …

သမိုင်းကြောင်းကောင်းတဲ့ပါတီကိုရွေးချယ်ရန် တပ်ချုပ်ပြောကြားချက်အပေါ် ပြည်ခိုင်ဖြိုး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်များ သဘော မတွေ့ဖြစ်နေ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည်သတင်းကို Athaw Ka လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က နေ Current Affairs ဆိုတဲ့ Public Group ထဲ သြဂုတ်လ(၂၆) ရက်နေ့က တင်ထားတာပါ။

သည်သတင်း အမှားကို ပြန်လည် မျှဝေသူ ငါးရာနီးပါးရှိပြီး ၊မှတ်ချက်ပေးသူ ၂၀၀ နီးပါး၊ React ပြုသူ တစ်ထောင်ကျော် ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းနဲ့ ပတ်သက်ပြီး အမှား၊ အမှန် အချက်အလက် စစ်ဆေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည်သတင်းဟာ သတင်းအမှား သာ ဖြစ်တယ် လို့ ဒေါက်တာနန္ဒာလှမြင့် က အတည်ပြု ပြောကြားပါတယ်။

” ဒီလို သတင်းအတုကို ဘယ်အဖွဲ့အစည်းက ထုတ်နေတယ်ဆိုတာ ပြည်သူအားလုံး သိကြမှာပါ ရှုံးမှာ ကို သူတို့သိပ်ကြောက်နေလို့ ခုလို သတင်းအတုတွေ တစ်ခုပြီး တစ်ခု ဖြန့်နေတာလား။ဒီလို နည်းနဲ့ အနိုင်ရဖူးလို့ ထပ်သုံးနေတာလား။ ထိုအဖွဲ့ထင်သလို ပြည်သူ တွေ မအကြတော့ပါဘူးဗျာ။ ဒီ သတင်းအတုဖြန့်ဝေမှုနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ် ” လို့ ကြံ့ခိုင်ရေးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကနေရေးသားထားပါတယ်။

Athaw Ka လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က နေ Current Affairs ဆိုတဲ့ Public Group ထဲ ဖြန့်ချိထားတဲ့ သတင်းအမှား ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

× ##ကာချုပ်၏သမိုင်းကြောင်းကောင်းတဲ့ပါတီကိုရွှေးချယ်ရန်ပြောကြားချက်အပေါ် ပြည်ခိုင်ဖြိုးပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်များ သဘောမတွေ့ဖြစ်နေ

#ဒေါက်တာနန္ဒာလှမြင့်

ကျွန်တော်တို့ကတပ်မတော်ကိုထောက်ခံအားပေးတဲ့ပါတီလေ။ ကာချုပ်ကြီး ပြောလိုက်တဲ့သမိုင်းကြောင်း ကောင်းတဲ့ပါတီဆိုတော့ ကျွန်တော်တို့ကို ထောက်ခံသလိုလိုနဲ့ မျက်နှာဖြတ်ရိုက်ချသလိုခံစားရတယ်။ ၂၀၁၅ ရွှေးကောက်ပွဲရှုံးခဲ့ရတာ ပါတီမသန့်လို့ လာဘ်စားမှု့တွေများလို့ ဘဏ္ဍာငွေတွေခိုးခဲ့တဲ့သူတွေခိုးခဲ့ကြလို့ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း ဝန်ခံထားတဲ့ ဗီဒီယိုဖိုင် လိုင်းပေါ်မှာပြန့်နေတာလည်းသိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခုလို ကာချုပ်ကြီး ပြောလိုက်တဲ့စကားကို ကြားရတော့ စိတ်မကောင်း တော်တော်ဖြစ်မိတယ်။

ဒါပေမယ့် အမျိုးသားအကျိုးစီးပွားအတွက် ကျွန်တော်တို့ပါတီဆက်လက်တိုက်ပွဲဝင်သွားမှာပါ။

#ဦးသိန်းထွန်းဦး

ကာချုပ်ကြီးပြောလိုက်တဲ့စကားကို ဘာမှမဝေဖန်လိုပါဘူး။ ကျွန်တော်တို့ပါတီ ဟာ ၂၀၁၅ တုန်းကပြည်ခိုင်ဖြိုးပါတီ မဟုတ်တော့ဘူး ရိုးသားစွာ ရပ်တည်မဲ့ပါတီအဖြစ် တည်ဆောက်ထားတဲ့ ပါတီကြီး တစ်ခုဖြစ်ပါတယ်။တိုင်စရာမရှိလို့အားကိုးပါတယ် ရေနစ်နေတဲ့ သူတွေ ကို ဝါးလုံးနဲ့ပါဆောင့်ထိုးပြီး ရေနှစ်သတ်ခံရသလိုခံစားရပါတယ်။ စိတ်တော့မကောင်းပါဘူး ။ ကိုယ့်ပါတီအတွက် ကိုယ့်အား ကိုယ်ကိုးပြီးတက်နိုင်သလောက်ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ချက် ချထားပေးပါတယ်။

#သမိုင်းကြောင်းကောင်းတဲ့ပါတီ
#ဒေါက်တာနန္ဒာလှမြင့်
#ဦးသိန်းထွန်းဦး
ပြည်ခိုင်ဖြိုးပါတီ ( အမရပူရမြို့နယ်ပါတီရုံး )
ပြည်ခိုင်ဖြိုး ချစ်သူများဆုံဆည်းရာ GP
Ref.W.G ×

” နိုင်ငံရေးအောက်တန်းကျတာပေါ့။ ညစ်ပတ်တဲ့နိုင်ငံရေးကို ကျင့်သုံးတာပေါ့။ တပ်နဲ့ပြည်ခိုင်ဖြိုးကို ရန်တိုက်ပေး တာပါ။ ဒါပါပဲ။ ဒါတွေကို သိပ်လည်း ဂရုမစိုက်ပါဘူး။ပြည်သူတွေလည်းဘယ်သူမှမယုံပါဘူး ” လို့ သတင်းတု၊ သတင်းအမှား ဖြန့်ချိနေမှုနဲ့ ပတ်သက်ပြီး ဒေါက်တာနန္ဒာလှမြင့် ကပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီလို သတင်းတု၊သတင်းအမှား တွေ ဖြန့်ချိနေမှု၊ ဖြစ်ပေါ်နေမှုဟာ Facebook Team နဲ့ အစိုးရမှာပဲ တာဝန်ရှိတယ် လို့ ဒေါက်တာနန္ဒာလှမြင့် က ဆိုပါတယ်။

” Facebook Teamက အမုန်းတရားတွေ၊ မဟုတ်မှန်တာတွေ အဲဒါတွေဆို ဖြုတ်ချမယ်ဆိုရင် သန်း ၆၀၀၀ သုံးပြီးလုပ်ထားတာပဲ။ ဖြုတ်မှ မဖြုတ်ချတာပဲ။ ပြည်ခိုင်ဖြိုးတံဆိပ်နဲ့ အကောင့်အတုတွေအများကြီး။ အကောင့်အတုတွေ အများကြီးလုပ်ရင် ပြည်ခိုင်ဇြိုးက ပြောသလိုလိုနဲ့ ရန်တိုက်ပေးနေတာတွေ။ လူ တွေ အထင်အမှား ဖြစ်အောင် လုပ်နေတာတွေ အများကြီးပါ ” လို့ ဒေါက်တာ နန္ဒာလှမြင့် က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,