တပ်ချုပ်၏ သတိပေးကြေညာချက်ဆိုသည့် လုပ်ကြံဖန်တီးထားသည့် ရုပ်သံဖိုင် တစ်ခု ဖြန့်ချိနေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာနိုင်ငံ အခြေစိုက် သံတမန် အဖွဲ့အစည်းတွေရဲ့ သဘောထားကြေညာချက်တစ်စောင် ကို ဇန်နဝါရီ(၂၉ ) ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်တွေကို  သည်နေရာ ၊ သည်နေရာ နဲ့  သည်နေရာ တွေမှာ ကြည့်နိုင်ပါတယ်။

သည်ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြားသံရုံးများအနေနှင့် သံတမန်ကျင့်ဝတ်နှင့်ပြောဆို ဆက်ဆံကြရန် မိမိတို့နိုင်ငံသည် အချုပ်အ ခြာ အာဏာပိုင် နိုင်ငံဖြစ်သည့် အတွက် မည်သည့်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ မဟုတ်ကြောင်း၊ မိမိနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအား အခြားနိုင်ငံများမှဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း စသဖြင့် ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတစ်ခုကို တပ်ချုပ်က သတိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ သယောင် ရာပြည့်ကျော် ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂၉ ) ရက်နေ့ မှာ ဖြန့်ချိခဲ့တာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရာပြည့်ကျော် ဖေ့စ်ဘွတ်အကောင့် ဟာ သည်အကြောင်းအရာကို စာသား၊ ရုပ်သံ တို့နဲ့ တကွ ဖြန့်ချိထားတာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်ချုပ်က သတိပေးကြေညာချက် တစ်စောင် ထုတ်ပြန် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးခဲ့ပါတယ်။

သည်အကြောင်းအရာကို ဖြန့်ချိတဲ့ ရုပ်သံဖိုင်မှာ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုမှုမှာ Google Translate ကို အသုံးပြုထားပြီး မြန်မာဘာသာဖြင့် ပြောဆိုမှုကို အမျိုးသား တစ်ဦးရဲ့ အသံနဲ့ ဖန်တီးထားတာတွေ့ရပါတယ်။ အမျိုးသား အသံ အပြီးမှာ ဒို့စစ်သားဆိုတဲ့ တေးသီချင်းကို ဆက်လက်ဖော်ပြခဲ့ပါတယ်။ ရုပ်သံ ကြာမြင့်ချိန် လေးမိနစ် ၂၅ စက္ကန့် ရှိပါတယ်။

SS / ဇန်နဝါရီ (၂၈) ရက်နေ့ ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်(အရောင်ဖြင့်ပြထား)

တပ်မတော်ကာကွယ်ရေးဦးစီဒချုပ်ရုံး ဝက်ဘ်ဆိုဒ်စာမျက်နှာ တစ်ခုဖြစ်တဲ့ OFFICE OF THE COMMANDER – IN – CHIEF OF DEFENCE SERVICES စာမျက်နှာမှာ ဇန်နဝါရီ(၂၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်သာ ရှိပြီး နိုင်ငံခြားသံရုံးတွေကို သတိပေးထားတယ် ဆိုတဲ့ တပ်ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြကြေညာ ထားခြင်း မရှိပါဘူး။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / ဇန်နဝါရီ (၂၈) ရက်နေ့ ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်(အရောင်ဖြင့်ပြထား)

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေမှာ လည်း နိုင်ငံခြားသံရုံးတွေကို သတိပေးထားတယ် ဆိုတဲ့ တပ်ချုပ်ရဲ့ ထုတ်ပြန်ချက်ကို မတွေ့ရပါဘူး။သည်နေရာ နဲ့  သည်နေရာ တွေမှာ ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရာပြည့်ကျော် ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ နိုင်ငံခြားသံရုံးတွေကို သတိပေးထားတယ် ဆိုတဲ့ တပ်ချုပ်ရဲ့ ထုတ်ပြန်ချက်ဟာ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

အခုတလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပေါ်တည်ပြီး သတင်းအတု၊ သတင်းအမှားတွေ၊ အချက်အလက် အမှားတွေ နဲ့ သွေးထိုးလှုံ့ဆော်မှု၊ အဓိကရုဏ်း ဖြစ်ပေါ်လာအောင်ဖန်တီးလာနိုင်မှုတွေ ရှိလာနိုင်တဲ့ အတွက် သတင်းအချက်အလက်တွေကို သေချာ မစိစစ်ဘဲ မျှဝေခြင်း၊ ယုံကြည်လက်ခံလိုက်ခြင်း မပြုမိဖို့ တိုက်တွန်းလိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,