တပ်ချုပ် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေး အသင်းအဖွဲ့များအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့ များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ သွားရောက် ပေးအပ်လှူဒါန်းခဲ့

သြဂုတ်(၂၅)၊၂၀၁၉၊ရန်ကုန်

မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသအနှံ့အပြားတွင် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများစွာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည်စုံသည့် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ် ပြုထားကြောင်းလှူဒါန်းပွဲအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ထည့်သွင်းပြောကြားခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။

သြဂုတ်လ(၂၅)ရက်နေ့မွန်းလွဲပိုင်းအချိန်ကပျဉ်းမနားမြို့၊ စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းနှင့် ဦးကျေး ဂျာမေ့ဗလီများသို့ သွားရောက်၍ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအတွက် အလှူငွေ ၃၀ သိန်း၊ ဆန် ၆၀ အိတ်၊ ကုလားပဲ ၅ အိတ်၊ ဆား ၃ အိတ်၊ ဆီ ၃၀ ပိဿာ တို့အား အသီးသီး လှူဒါန်း ခဲ့ခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။