တပ်ချုပ် နဲ့ တပ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို တရားစွဲသွာမယ်လို့ NLD ထိပ်တန်းခေါင်းဆောင် တစ်ဦး ပြောတယ်ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဥပဒေပညာရှင်များ နဲ့ ညှိနှိုင်းပြီး တရားစွဲဆို သွားမယ်လို့ NLD ထိပ်တန်းခေါင်းဆောင် တစ်ဦး က ပြောကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာ ကို Aung Naing Thu အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၂၄) ရက်နေ့မှာ ဖြန့်ချိ ခဲ့ပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း  မဲ မသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း ဦးဝင်းထိန် ပြောဝန်ကြီးချုပ်တွေ၊ မဲရုံစောင့်ဆရာ ၊ ဆရာမတွေ နဲ့ ကိုယ်စားလှယ်လောင်း တွေကို ဖမ်းဆီးတော့မယ် ၊ NLD အနိုင်ရ ကိုယ်စားလှယ် နှစ်ရာကျော် နုတ်ထွက်စာတင် ၊ မျိုးချစ်များအချိန်တန်ပါပြီ ၊  တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည် ၊ ဒေါ်အောင်ဆန်းစုကြည် မဲခိုးမှုသတင်း နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြ  စတဲ့ သတင်းအတု၊ သတင်းအမှား တွေကို ဖြန့်ချိခဲ့ကြပါတယ်။

Aung Naing Thu အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ တပ်ချုပ် နဲ့ တပ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို တရားစွဲသွာမယ်လို့ NLD ထိပ်တန်းခေါင်းဆောင် တစ်ဦး ပြောတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တပ်မတော်ကိုပြန်ပြီး တရားစွဲမယ်တို့ဘာတို့က လုံးဝမဟုတ်ပါဘူး။ ဘယ်သူကမှ အဲဒီလို မပြောပါဘူး ခင်ဗျာ။ အဲဒါသေချာပါတယ်။ ဒီဟာတွေက ပြန်ပြီး လက်တုံ့ပြန်ရမယ့် အနေအထားတွေလည်း မဟုတ်ပါဘူး လို့ NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြု ပြောကြားပါတယ်။

တပ်မတော်ကလည်းသူ့ဟာသူ ကြေညာချက်ထုတ် သတင်းမှန် ထုတ်တာတို့ လုပ်တာပဲ။ ကျနော်တို့ ဒီအပေါ်မှာ ဘာမှ တုံ့ပြန်မှာ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတဲ့အတိုင်း လုပ်စရာရှိတဲ့ အလုပ်ကိုပဲ ဆက်လက် လုပ်ဆောင်သွားမှာ လို့ မုံရွာအောင်ရှင် က ဆိုပါတယ်။

ဇန်နဝါရီ (၂၃) ရက်နေ့ ကလည်း သတင်းအတု၊ သတင်းအမှား ဖြန့်ချိသူတွေဟာ နေပြည်တော် တပ်ထောက်ခံပွဲ သီတဂူဆရာတော် ကြွမယ် ဆိုတဲ့ သတင်းအမှား ကို ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,