မြဝတီ / နေပြည်တော်၊ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေး ခန်းမ၌ ကျင်းပသည့် အစည်းအဝေး
♦ တပ်ချုပ် ဦးစီး ကျင်းပသည့် တပ်မတော်တွင် COVID-19 အစည်းအဝေး မှ ကောက်နုတ်ချက်
♦ မြန်မာတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူအရေအတွက် များပြားလာ၊ စိုးရိမ်ရသည့် အခြေ အနေဖြစ်။
♦ နိုင်ငံ၏ အရေးကိစ္စ၊ အမျိုးသားရေး ကိစ္စ ဖြစ်သည့် အတွက် တပ်မတော်အနေဖြင့် လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက် ပေးသွားရမည်။
♦ ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူမရှိ (မရှိ)သေး။
♦ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၁)ဦး၊ မှီခို(၇) ဦး ။
♦ Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား(၂၀၇)ဦး၊ မှီခို(၁၀၈)ဦး ။
♦ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား (၅၆)ဦး၊ မှီခို(၇၆)ဦး ။
♦ Facility Quarantine စောင့်ကြည့်ရန် အတွက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၁၅၄)ဦး ။
♦ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၄၁၃)ဦး ။
♦ ရွှေညောင် တည်းခိုရေးစခန်းတွင် (၂၆)ဦး ။
♦ ကျိုင်းတုံမြို့ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း တွင်(၁)ဦး ။
ဧပြီ၊(၁၄)၊၂၀၂၀
မှတ်ချက် ။ ။တပ်ချုပ် ဦးစီး ကျင်းပသည့် တပ်မတော်တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး မှ ကောက်နုတ်ဖော်ပြသည်။