တပ်ချုပ် COVID-19 ရောဂါပိုးစစ် ၊ ရောဂါပိုး မရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

REUTERS

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား COVID-19 ရောဂါပိုးစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း မေလ(၁၂) ရက်နေ့၊ ည ရှစ်နာရီ တွင် တပ်မတော် က သတင်းထုတ်ပြန်သည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိသားစုဝင်များကိုလည်း စစ်ဆေးခဲ့သည် ဟု သတင်း ထုတ်ပြန်ချက် အရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရာရှိကြီးများ၊ ၎င်းတို့၏မိသားစုဝင်များ အားလုံးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၏ ၅၅ ရာခိုင်နှုန်းကျော်အား ပဏာမစစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တစ်လအတွင်း ခရီးသွားရာဇဝင် ရှိခဲ့ သူများ ကိုလည်း COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း သတင်းထုတ်ပြန်ချက် က ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မေလ၊(၁၈) ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ နှင့် ၎င်းတို့၏ အုပ်ချုပ်မှုအထောက်အကူပြု အဖွဲ့များ စုစုပေါင်း (၂၁၉) ဦး ကို လည်း COVID-19 ရောဂါပိုး စစ်ဆေးလျက် ရှိကြောင်း မေလ(၇) ရက်နေ့ က သတင်း ထုတ်ပြန်ခဲ့သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: ,