တပ်နှင့် မြေအငြင်းပွားသည့်ကိစ္စ ဆန္ဒထုတ်ဖော်ရန် ကိုဗစ်ကာလပြီးမှ စီစဉ်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TWA / ဆန္ဒထုတ်ဖော်ရာတွင်ကိုင်ဆောင်မည့်ဗီနိုင်းနှင့် ဒေသခံတစ်ဦး

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ကွတ်ချိုကျေးရွာတွင် တပ်နှင့်မြေအငြင်းပွားမှုကို နိုင်ငံတော်အကြီးအကဲများ သိစေရန် ဆန္ဒထုတ်မည့်အစီအစဉ်ကို COVID – 19 ကာလအပြီးမှသာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးသန်းဝင်အောင် က ငြမ်းမီဒီယာသို့ ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ်ပင်လုံမြို့၌ ဇူလိုင် လ (၁၁) ရက်နေ့တွင်ပြုလုပ်ရန် ခွင့်ပြုချက် တောင်းဆိုထားသော်လည်း ကိုဗစ်ကာလဖြစ်နေသည့်အတွက် ဆန္ဒထုတ်ဖော်မှုကို ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးခဲ့ခြင်းဖြစ်သည်။

လွိုင်လင်မြို့နယ်၊ ကွတ်ချိုကျေးရွာတွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် မိသားစု (၇) စုနှင့် လွိုင်လင်မြို့အခြေစိုက် ခရလ (၁၂) တို့အကြား မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းဖြစ် ပွားခဲ့ပြီး၊ ခလရ (၁၂) ၏ ဗိုလ်ကြီးတစ်ဦးက တရားလိုပြုလုပ် ကာ တရားစွဲဆိုခဲ့သည့်အတွက် ရွာသား (၃) ဦးကို မြို့နယ် တရားရုံးက ပုဒ်မ ၄၄၇ ဖြင့် ထောင်ဒဏ် တစ်လစီကျခံစေရန် ဇူလိုင်လ (၁) ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ထောင်ကျနေသူများပြန်လည်လွတ်မြောက်ရေးနှင့် မြေမသိမ်းဆည်းရေးအတွက် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလကြောင့် စည်းကမ်းတင်းကျပ်ထားမှုများကို ဇူလိုင်လ (၁၅) ရက်နေ့အထိ ထပ်တိုးထားသဖြင့် ပြန်လည်ဖြေလျော့မှုပေး ၊မပေးအပေါ်မူတည်ပြီး ဆန္ဒထုတ်ဖော်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးသန်းဝင်းအောင် က ဆိုသည်။

ငြမ်းမီဒီယာ

→ လယ်ယာမြေအငြင်းပွားမှု နိုင်ငံတော်အကြီးအကဲများ သိရန် ဆန္ဒပြမည်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,