တပ်ဘက်အရပ်ဘက်ဆက်ဆံရေးက ဒီအစိုးရသက်တမ်းကာလမှာ ဒုံရင်း ဒုံရင်းပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KZY / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ

ဦးကျော်ဇေယျသည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စာရင်းစစ်ချုပ် အစီရင်ခံစာအရ လွှတ်တော်၌ချက်ကျလက်ကျ ဝေဖန်ထောက်ပြခဲ့သူ တစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း NLD ပါတီမှထုတ်ပယ်ခံရပြီး လက်ရှိတွင်ပြည်သူ့ရှေ့ဆောင် ပါတီသို့ဝင်ရောက်ထားသည်။ လက်ရှိနိုင်ငံရေး အခြေအနေ များနှင့် ပတ်သက်ပြီး ဦးကျော်ဇေယျကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာဆောင် ရွက်ခဲ့ကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ တပ်မတော် ရဲ့ နိုင်ငံရေး မှာ ပါဝင်နေမှုနဲ့ဆိုင်တဲ့ ပုဒ်မတွေကိုပြင်ဆင်ဖို့ အခက်အခဲရှိခဲ့တာတွေ့ရပါတယ်။ ဆိုတော့ အခြေအနေတစ် ခုလုံးကို ခြုံငုံ သုံးသပ် ကြည့်ရင် တပ်မတော်က အာဏာသုံးရပ်လုံးမှာ ပါဝင်နေခြင်းဟာတဖက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာအဓိကကျတဲ့ ဖက်ဒရယ် စနစ်တည်ဆောက်ရေးဆိုတဲ့အချက်အပေါ် ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါသလဲ။

UKZY – မှန်ပါတယ်။ အခုပြင်တဲ့အခါမှာ ၂၆၁ ပေါ့ဗျာ။ ဖက်ဒရယ်နဲ့ဆိုင်တဲ့ဟာပေါ့။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ၊ အများအားဖြင့် ပြည်နယ်တွေနဲ့ဆိုင်တဲ့ဟာပေါ့။ ပြည်နယ်တွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ့်ဟာပေါ့။ အဲဒါလေးတွေပြင်နိုင်ခဲ့ရင်တော့ ပိုကောင်း တာပေါ့။ အဲဒါလေးများအဆင်ပြေနိုင်မလားလို့ ကျနော်လည်းစောင့်ကြည့်တာ။ အဲဒါလည်းခင်ဗျားတို့သိတဲ့အတိုင်းပေါ့။ အခုက ဖက်ဒရယ် ဒီမိုကရေစီနဲ့ ဒီမိုကရေစီဖက်ဒရယ် အဲဒါ ကလည်း ရှေ့နောက်အထားအသိုတွေက ငြင်းနေရတာကိုး။ နောက်ဆုံး အနှစ်သာရ က ကျနော်တို့လည်း ၂၀၀၈ ပြင်တာကို အားလုံးသဘောတူတယ်။ တပ်မတော်ကလည်း မပြင်ဘူးမပြောပါဘူး။ ပြင်မယ် ပေါ့။ ပါတီအားလုံးကလည်း မပြင်ဘူးဆိုတာ ဘယ်သူမှအသံမထွက်ဘူး။ တကယ်ပြင်ဖို့လုပ်တဲ့အခါကျတော့လည်း ဘာမှမဟုတ်တဲ့ စကားအထားအသိုလေးပဲ ပြောင်းနိုင်တယ်။ ကျနော်တို့ ရလဒ်ကောင်းမထွက်ဘူးပေါ့ဗျာ။ ပြင်ဆင်မှုရလဒ်က ကျနော်တို့ မျှော်မှန်း ထားသလောက် ထွက်မလာဘူး။ ခုနက ၂၆၁ လိုဟာမျိုးဆို မျှော်မှန်းတာပေါ့။ အဲဒါ ကျနော့်အမြင်ပြောရရင်တော့ ကိုယ့်လိုလားချက် အတိုင်းဖြစ်မလာဘူးပေါ့။ တခြားပြည်သူတွေလည်း ကျနော့်လိုပဲခံစားရလိမ့်မယ်ထင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မေးခွန်းက အခြေခံဥပဒေမပြင်နိုင်လို့ တပ်မတော်ကနိုင်ငံရေးမှာဆက်ပါဝင်နေတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးပါတဲ့ ဖက်ဒရယ်စနစ်တည်ဆောက်မယ် ဆိုတဲ့အချက်အပေါ် ဘယ်လိုသက်ရောက်မှု ဖြစ် လာနိုင်သ လဲဆိုတာပါ။

UKZY – ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ဆိုတာ အကုန်သိကြတဲ့အတိုင်း (၇၅) ရာခိုင်နှုန်း ကျော်မှ၊ ဒါကလည်း တပ်မတော်ပါမှ ရလဒ်ကောင်းထွက်မယ့်သဘောရှိတယ်။ ခင်ဗျားပြောတဲ့ ငြိမ်းချမ်းရေးပေါ့ဗျာ။ ငြိမ်းချမ်းရေး အတွက်လည်း ဒါတွေကအထောက်အကူပြုနိုင်တာပေါ့။ ငြိမ်းချမ်းရေးမှာလည်း တွေးကြည့်လို့ရှိရင် တကယ့်ကိုအဓိက အချက်အခြာ ကျနေတာက တပ်မတော်ပဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေက အရေးကြီးတယ်ဆိုပေမယ့် တပ်မတော်ရဲ့သဘောထားက အဓိကကျနေတယ်ဆိုတဲ့ဟာကိုတော့ အဖြေတစ်ခု ကောက်ချက်ဆွဲလို့ရသွားတာ ပေါ့ဗျာ။ အဲဒီလောက်ပဲ ကျနော်ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်) ဟာ ဥပဒေအရ အစိုးရလက်အောက်ကို တရားဝင် မရောက် ဘဲ ငြိမ်းချမ်းရေး တည်ဆောက်လို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်လို့ ရနိုင်ပါ့မလား။

UKZY – မှန်တယ်၊ အဲဒီမေးခွန်းကိုကျနော်ပြည့်ပြည့်စုံစုံရှင်းပြချင်တယ်။ ရနိုင်ပါ့မလားဆိုတဲ့ဟာကိုပြောရရင် ရကောင်းရနိုင်တယ်။ ရကောင်းရနိုင်တယ်ဆိုတာကတော့ တိုင်းရင်းသားလက်နိုင်ကိုင်အဖွဲ့တွေရဲ့ သဘောထား ကလည်းရှိသေးတယ်။ အခုဆို ဟို တလောကပဲ KNU က ပြန်ပြီးငြိမ်းချမ်း ရေးယူတဲ့အဖွဲ့တွေ ရှိလာတယ်လေ။ သူတို့သဘောထားပျော့ပြောင်းလာတဲ့သဘောပေါ့။

တပ်မတော်က သူတို့ရဲ့ သဘောထားမပါပါဘူး၊ သူတို့နဲ့မတိုင်ပင်ပါဘူးလို့ ပြောလိုက်တဲ့အခါ ကျနော်တော်တော် အံ့သြသွားတယ်။ အဲဒါ …

လက်နက်ကိုစွန့်လွှတ်ပြီး ငြိမ်းချမ်းရေးယူတယ်ပေါ့ဗျာ။ အဲဒီတော့ ဟုတ်ပြီ၊ ခင်ဗျားက ရ နိုင်ပါ့မလားဆိုတဲ့မေးခွန်းကိုတော့ ကျနော် မှတ်ချက်ပြုရတာ တော်တော်ခက်တယ်ဗျ။ တကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တုံ့ပြန်တဲ့ အပေါ်လည်း မူတည်ပါ တယ်။ သူတို့ အပေါ်လည်းမူတည်တယ်။ သူတို့ကလည်း တပ်မတော်ရဲ့ သဘောထား အတိုင်း လိုက်လျောပြီးတော့ ငြိမ်းချမ်းရေးဟာ သူတို့အတွက်အရေးကြီးတယ်၊ အပစ်အခတ်ရပ်စဲမယ်၊ စသဖြင့် အဲဒီသဘောအတိုင်း လိုက်လျောမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ အဲဒါပဲ မူတည်ပါတယ်။ ကျနော်က အတိအကျ တော့မပြောနိုင်ပါဘူး။ မရနိုင်ဘူးဆိုတာကိုတော့လေ။ ဒီအတိုင်း ဆက်သွားမယ် ဆိုလို့ရှိရင်ပြောတာပါ။

ငြမ်းမီဒီယာ – လက်ရှိအစိုးရဟာ တပ်ဘက်အရပ်ဘက် ဆက်ဆံရေးကို တည်ဆောက်ပြီး တပ်တော်နဲ့ (၄) နှစ်ကျော် လောက် ရင်ကြားစေ့ရေးဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံနဲ့ပြည် သူအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိခဲ့တယ်ဆိုတာကို သုံးသပ် ပြောပြပေးပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKZY – ခင်ဗျား အဲဒီမေးခွန်းကို ကျနော်သိပ်ဖြေချင်တာ။ ကျနော်လည်းအရင်က NLD ပါတီကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်၊ သဘော ကျတယ်။ အမျိုးသားရင်ကြားစေ့ရေး သဘောကျတယ်။ သူရဲ့ရွေးကောက်ပွဲကြေညာ စာတမ်းကဟာတွေပေါ့ဗျာ။ အကျယ်ချဲ့ပြီး ကျနော်မပြောချင်တော့ပါဘူး။ ၂၀၀၈ ပြင်မယ်၊ ငြိမ်းချမ်းရေးရအောင် လုပ်မယ်၊တရားဥပဒေ စိုးမိုးအောင် လုပ်မယ်၊ ဒါတွေကို ကျနော် သဘောကျတယ်။ ကဲ ဟုတ်ပြီ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြား စေ့ရေးတွေလုပ်ခဲ့တဲ့ အတိုင်းအတာမေးလို့ရှိရင်၊ ကျနော်ထင်တယ်၊ နောက်ဆုံး ဘိတ်တော့ လုပ်တယ် လုပ်တယ် လုပ်တယ်နဲ့ နောက်ဆုံးဘိတ်အနှစ်သာရမှာ ကျနော် မထင်တာ သွားတွေ့တယ်။

တပ်နဲ့ အရပ်ဘက်နဲ့ကြိုတင်ညှိနှိုင်းမှု အခြေအနေမကောင်းခဲ့ဘူး။ အဲဒီလိုကြိုတင်ညှိနှိုင်းမှု အခြေအနေမကောင်းခဲ့လို့လည်း အခု ၂၀၀၈ ပြင်တဲ့ အခါ …

အခု ICJ ကိစ္စမှာ တပ်မတော်က သူတို့ သဘောထားကိုပြောတဲ့အခါမှာ တပ်မတော်နဲ့ တိုင်ပင်ခြင်း မရှိဘူး ဆိုတာ ကို ကျနော် သိခဲ့ရတယ်လေ။ ဒါက အကုန်လည်းသိပြီးဖြစ်မှာပါ။ ICJ ကိစ္စမှာ အစိုးရရဲ့လုပ်ဆောင်ချက်ဟာ တပ်မတော်နဲ့ ညှိနှိုင်းမှုမရှိဘူး။ နိုင်ငံတော်ကာကွယ်ရေးနဲ့ အချုပ်အခြာကိုထိပါးစေတယ်ဆိုပြီး အသိပေးစာနဲ့သူ့သဘောထားကို ပြောလိုက်တဲ့အခါ ကျနော် တော်တော် အံ့သြ သွားတယ်။ အဲဒါလေးကိုပြောချင်တာပါ။ဒါရင်ကြားစေ့ရေးနဲ့ ပတ်သက်တာ ပေါ့ဗျာ။ ကျနော်ပထမ ထင်တာက ဒီ ICJ ကိစ္စမှာဒီလို နိုင်ငံတော်အတိုင်ပင်ခံကြီး ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သွားပြီးရင်ဆိုင်တယ် ဘာညာဆိုတာ သြော် အစိုးရနဲ့တပ်မတော်၊ တပ်မတော်နဲ့အစိုးရ အသေအချာတိုင်ပင်ပြီးတော့ အကောင်းဆုံးအဖြေကို တိုင်တိုင်ပင်ပင်လုပ်တယ်လို့ ထင်လိုက်တာ။ အခုက မလုပ်ဘူး၊ တပ်မတော်က သူတို့ရဲ့ သဘောထားမပါပါဘူး၊ သူတို့နဲ့မတိုင်ပင်ပါဘူးလို့ ပြောလိုက်တဲ့အခါ ကျနော်တော်တော် အံ့သြသွားတယ်။ အဲဒါလေးကို ကျနော်ပြောတာပါ။

ငြမ်းမီဒီယာ – ဆိုတော့ လက်ရှိအစိုးရရဲ့ လေးနှစ်ကျော် လောက် တပ်မတော်နဲ့ရင်ကြားစေ့ရေးဆောင်ရွက်ခဲ့မှု ဟာ နိုင်ငံနဲ့ ပြည်သူ အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိခဲ့ပါသလဲ။

UKZY – ဘယ်လိုအကျိုးကျေးဇူးရှိလဲဆို၊ တပ်ဘက်အရပ် ဘက်ဆက်ဆံရေးက ၂၀၀၈ ဥပဒေအရ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေး ကောင်စီပေါ့ဗျာ၊ အဲဒါကြီးကိုဖွဲ့ထားတာ။ ဒါ အကောင်အထည်ဖော်ပြီး အစည်းအဝေးလည်းတစ်ကြိမ်မှ မလုပ်နိုင်ဘူးပေါ့ဗျာ။

မှေးမှိန် အောင် လုပ်တယ်လို့တော့ ကျနော်အစိုးရကိုတော့ မစွပ်စွဲဘူးဗျ။ မစွပ်စွဲရဲပါဘူး။ ဒါ တပ်မတော်ကလည်း …

အဲဒါကြီးက အခုဖွဲ့စည်းပုံပြင်တဲ့အခါလည်း ပြင်ဖို့မလွယ်ဘူးဖြစ်သွားတယ်ပေါ့။ သူတို့လိုချင်တဲ့ပုံစံအတိုင်း၊ ဒီပါတီက လိုချင်တဲ့ ပုံစံ အတိုင်းမရဘူးပေါ့။ ထားပါတော့။ ခင်ဗျား တပ်ဘက်အရပ်ဘက်ဆက်ဆံရေးက ဒီအစိုးရသက်တမ်းကာလမှာ ဒုံရင်း ဒုံရင်းပဲ။ ယခင် အတိုင်းပဲ။ ယခင်အတိုင်းပဲဆိုတာ အရင် NLD အစိုးရအာဏာမရခင်ကတပ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ အခု ဒီမိုကရေစီစနစ်နဲ့ တက်လာတဲ့အစိုးရလက်ထက် တပ်ဘက်အရပ်ဘက်ဆက် ဆံရေးဟာ ဘာမှမထူးခြားဘူး၊ ယခင်အတိုင်းပါပဲ ဆိုတာလေးကို ကျနော်မှတ်ချက်ပြုချင်ပါတယ်။

ငြမ်းမီဒီယာ – အစိုးရသက်တမ်း (၅) နှစ်နီးပါး တပ်မတော်နဲ့ ရင်ကြားစေ့ရေးဆောင်ရွက်ခဲ့တဲ့ရလဒ်ဟာ နိုင်ငံအတွက် ဘာမှ မထူးခြားဘူးလို့ ပြောချင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKZY – မှန်တာပေါ့။ မထူးခြားဘူးလေ။ မထူးခြားဘူးဆိုတာ ယခင် ပထမအကြိမ် ဦးသိန်းစိန်လက်ထက်တုန်းက (ဒါကသိပ်တော့ မတူဘူးပေါ့) တပ်ဘက်အရပ်ဘက်ဆက်ဆံရေးက အစည်းအဝေးလည်းခေါ်ခဲ့တယ်၊ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီကို ခေါ်ခဲ့တာလည်းရှိတယ်။ လုပ်ခဲ့တာတွေရှိတယ်။ အခုကျတော့ ကျနော်တို့ ဒုတိယသက်တမ်း (၅) နှစ်မှာ တစ်ကြိမ်မှ မခေါ်သေး ဘူး။ မခေါ်သေးဘူးဆို တော့ ခေါ်သင့်တဲ့ဟာတွေ ရှိခဲ့လားဆိုတော့ကျနော့်အမြင်တော့ ရှိခဲ့တယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်သင့်ဟာတွေရှိတယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးလိုပါတယ်။ မခေါ်နိုင်ဘူးဆိုတော့ ဒါ တပ်နဲ့ အရပ်ဘက်နဲ့ကြိုတင်ညှိနှိုင်းမှု အခြေအနေမကောင်းခဲ့ဘူး။ အဲဒီလိုကြိုတင်ညှိနှိုင်းမှု အခြေအနေမကောင်းခဲ့လို့လည်း အခု ၂၀၀၈ ပြင်တဲ့ အခါ မအောင်မြင်ဘူးပေါ့။ မအောင်မြင်ဘူးလို့ပဲပြောရမှာပဲ။ ဒါတော့ အငြင်းပွားစရာတော့ မရှိပါဘူး။ ကျနော် ထင်တယ် မှတ်ချက် ပေးစရာတောင် မလိုလောက် ဘူး။

ငြမ်းမီဒီယာ – အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင် စီ အစည်းအဝေးခေါ်ယူသင့်တဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် မခေါ်ခဲ့ဘူးလို့ ဦးကျော်ဇေယျပြောသွားတဲ့အချက်က တပ်မတော်ရဲ့အရေးပါမှုကို အစိုးရက မှေးမှိန်အောင်လုပ်တယ်လို့ ယူဆလို့ရနိုင်လား။

UKZY – အဲဒါကျတော့ မှေးမှိန်အောင်လုပ်တယ်လို့ယူဆ နိုင်တယ်လို့ ကျနော်မပြောရဲဘူးဗျ။ မပြောရဲဘူးဆိုတော့လည်း သူတို့ ညှိနှိုင်းတဲ့အခါမှာ၊ ဥပမာဗျာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော် အတိုင်ပင်ခံတို့ သူတို့ဆွေးနွေးချင်တော့ ဆွေးနွေးမှာပေါ့။ ဒါတွေက ကျနော်တို့မသိနိုင်တဲ့ နောက်ကွယ်က ကိစ္စတွေလေ။ အစည်းအဝေးတော့မလုပ်ဘူး။ သူတို့တာဝန်ရှိတဲ့လူတွေ၊ ထိပ်တန်းအချင်းချင်း လုပ်ချင်တော့လုပ်ခဲ့မှာပေါ့။ ဒါတွေက ရှိချင် လည်း ရှိခဲ့မှာပေါ့။ အဲဒီမှာ လုပ်ခဲ့တဲ့အခါမှာ ဘယ်လိုတွေ ပြောပြီးဆိုပြီးလုပ်ခဲ့လည်းတော့ မသိဘူးပေါ့ဗျာ။ အဲဒီတော့ မှေးမှိန် အောင် လုပ်တယ်လို့တော့ ကျနော်အစိုးရကိုတော့ မစွပ်စွဲဘူးဗျ။ မစွပ်စွဲရဲပါဘူး။ ဒါ တပ်မတော်ကလည်း တမင်ကလာ မှန်တန်းပဲ နေတယ်လို့ ကျနော်မစွပ်စွဲရဲပါဘူး။ သူတို့သုံးဦး သုံးဘက်က ဘယ်လိုဆွေးနွေးလဲတော့မသိဘူး။ အဲဒီအခါ ရလဒ်က အစည်းအဝေး တော့ တရားဝင်မလုပ်ဘူးပေါ့ဗျာ။ တရားဝင်မလုပ်ပေမယ့်လည်း နိုင်ငံတော်အကြီးအကဲကြီးများ သူတို့အချင်းချင်း ပြောချင်လဲ ပြောမှာ ပေါ့။ ဖုန်းနဲ့ပြောချင်လဲပြောမယ်၊ လူချင်းတွေ့ချင်လဲတွေ့မယ်။ ကျနော်တို့မသိရဘူးလေ။ ခင်ဗျားပြောတဲ့ မှတ်ချက်တော့ ကျနော် အတိအလင်းတော့မပေးရဲဘူး။ အဲဒီလောက်ပါပဲ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

ရန်ကုန်တိုင်းမှာ အဲဒီထက်ဆိုးတဲ့ဟာတွေ အများကြီးဖြစ်နေတယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,