တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်း လိုက်ပါပြီ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သည်တစ်ခါ ပြောပြလိုတာကတော့ တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်းလိုက်ပါပြီဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။

ပွဲကတော့ ကြည့်ကောင်းပြီဟေ့ သူတို့ ဘာလုပ်နေကြပြီးလဲလို့ သိတဲ့သူတွေ သိမှာပါ စိတ်ချ တပ်မတော်သည် အပြောမဟုတ်ပါ စာသားတွေနဲ့ တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်းလိုက်ပါပြီဆိုတဲ့ အကြောင်းအရာ ကို Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာ(၁၁) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။

Kozaw Oo ဟာ ဖော်ပြပါ အကြောင်းအရာကို မျိုးချစ်တပ်မတော်အင်အားစု အမည်ရ ဖေ့စ်ဘွတ်ဂရုထဲမှာ ဖြန့်ချိထားပြီး ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေရှိတာကိုလည်း တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်း လိုက်ပါပြီ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က သတင်းအမှား၊အမှန် အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လိုအကြောင်းအရာ ရေးသားဖော်ပြထားတာမျိုးမရှိပါဘူး။

တပ်မတော်သတင်းတွေ၊ထုတ်ပြန်ချက်တွေ ဖော်ပြတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာ နဲ့ မြဝတီ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေမှာ သည်အကြောင်းအရာနဲ့ပတ်သက်ပြီး ဖော်ပြထားတာမရှိပါဘူး။ သည်နေရာနဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်း လိုက်ပါပြီ ဆိုတဲ့ အကြောင်းအရာကို ဖြန့်ချိမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီချုပ်နဲ့ တပ်မတော်သားတွေ ခန်းမတစ်ခုမှာ တွေ့ဆုံနေပုံကို အသုံးပြုထားပါတယ်။

SS / သတင်းအမှား လုပ်ကြံဖန်တီးမှုမှာ တလွဲ အသုံးပြုထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက် ဓာတ်ပုံ

Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့်က အသုံးပြုထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော်သားတွေရဲ့ ဓာတ်ပုံဟာ ၂၀၁၈၊ စက်တင်ဘာလ(၁၃) ရက်နေ့က ဓာတ်ပုံဖြစ်ပြီး ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ အစည်းအဝေးခန်းမ က ဓာတ်ပုံဖြစ်တာကို စီစစ် တွေ့ရှိရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းအတု၊ သတင်းအမှား လုပ်ကြံဖန်တီးသူတွေဟာ သူတို့ဖန်တီးထားတဲ့ သတင်းအမှားတွေကို လူတွေ ယုံကြည်သွားဖို့အတွက် ဓာတ်ပုံတွေကို အလွဲအသုံးချတာ၊ လူပုဂ္ဂိုလ်နာမည်တွေကို အလွဲသုံးတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။

Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာလည်း တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်း လိုက်ပါပြီ ဆိုတဲ့ အကြောင်းအရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်သားတွေ ရဲ့ ဓာတ်ပုံအဟောင်းတစ်ခုကို အလွဲသုံးစား ပြုထားတာသာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Kozaw Oo အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ တပ်မတော်ရဲ့ ဥပဒေဘောင်အတွင်းက တရားစီရင်ရေးဖြစ်မြောက်ရန် စတင်ဖွဲ့စည်း လိုက်ပါပြီ ဆိုတဲ့ အကြောင်းအရာ ဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ဖြန့်ချိထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ကာလအလွန်တွေမှာ သည်လို သတင်းအမှား၊သတင်းအတု တွေ ကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးမှုတွေကို တွေ့နေရတာပါ။

နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ ကြေညာချက်အတု နဲ့ သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ချိခဲ့တာရှိပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေထဲကို လည်း သည်နေရာမှာ ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,