တပ်မတော်သတင်းထုတ်ပြန်ချက်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ပထမဦးဆုံး တင်ခဲ့သည့် ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားသည် အမှတ်အသားစာ တစ်စုံတစ်ရာ မပါသော်လည်း နောက်ပိုင်း တင်သည့်

MNDAA၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ကွတ်ခိုင်မြို့ အတွင်း လာရောက်နှောင့်ယှက် ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် သတင်းထုတ်ပြန်

နေပြည်တော်၊ စက်တင်ဘာ – ၂

MNDAA၊ TNLA၊ AA အကြမ်းဖက် သောင်းကျန်းသူများက ၂၀၁၉ သြဂုတ်လ ၃၁ ရက် ၀၉၀၀ နာရီမှ ၁၁၀၀ နာရီအထိ ကွတ်ခိုင်မြို့ တွင်းနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့အား နေရာ ၂ နေရာမှ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ရာ မော်ဟစ် စုစည်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေါ်ထွယ်ရာ (ဘ)ဦးဇော်ဂျာ အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး၊ ဦးဂျုံဒေါင်း (ဘ) ဦးဂွမ်ဂျုံး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နှင့် နယ်မြေခံ တပ်ဌာနချုပ်များအား လာရောက် ပစ်ခတ်သည့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များနှင့် ၎င်းတို့၏ တရားမဝင် Website များမှ တပ်မတော်က ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ရွာသူ/ ရွာသားများ သေဆုံး/ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းမှားနှင့် ကောလဟာလ ထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှန်အား စိစစ်ရာ သောင်းကျန်းသူများ အနေဖြင့် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့အား ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ချပ်စ်ကျောင်း အနီးနေရာမှ လည်းကောင်း၊ ကွတ်ခိုင်မြို့၏ အနောက်တောင်ဘက် ပန်ဆေးကျေးရွာ အနီးနေရာမှ လည်းကောင်း အသီးသီး လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုဖြစ်စဉ် အပါအဝင် သြဂုတ်လ ၁၅ ရက်မှ ယနေ့အထိ ကွတ်ခိုင်မြို့ ပတ်ဝန်းကျင်အား သောင်းကျန်းသူများမှ လက်နက်ကြီးဖြင့် နှောင့်ယှက် ပစ်ခတ်မှုမှာ ၅ ကြိမ်ရှိပြီး ဖြစ်သည်။ အဆိုပါ မော်ဟစ်စုစည်း ကျေးရွာသည် ကွတ်ခိုင်မြို့၏ မြောက်ဘက်မီတာ ၁၀၀၀ အကွာအဝေး ခန့် အတွင်း၌ ရှိပြီး ပန်ဆေး ကျေးရွာအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်းနှင့် မန်ထန်ရွာကချင်ချပ်စ် ကျောင်းအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည် လမ်းကြောင်း ၂ ကြောင်း ပေါ်၌ ကျရောက် လျက်ရှိသည်ကို လက်နက်နှင့် ခဲယမ်း ကျွမ်းကျင် ပညာရှင်များက စစ်ဆေးတွေ့ရှိရသည်။

၎င်းအပြင် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ပထမဦးဆုံး တင်ခဲ့သည့် ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားသည် အမှတ်အသားစာ တစ်စုံတစ်ရာ မပါသော်လည်း နောက်ပိုင်း တင်သည့် ဓာတ်ပုံများ၌ တပ်မတော်မှ ထုတ်လုပ်သည့် ဗုံးသီးပုံသဏ္ဍာန် အမှတ်အသားစာများ ပါသည့် ဓာတ်ပုံများကို တင်၍ လုပ်ကြံဖန်တီး သတင်းအမှားများ/ကောလဟာလများ ရေးသားဖော်ပြနေ ကြောင်း တွေ့ရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက်/ခဲယမ်း ပညာရှင်များဖြင့် စိစစ်ခဲ့ရာ ရန်သူ လာရောက် ပစ်ခတ်ခဲ့သည့် နေရာနှင့် ကျည်သွား လမ်းကြောင်း များအရ မော်ဟစ်စုစည်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များမှာ ရန်သူ ပစ်ခတ်မှုကြောင့်သာ ဖြစ်ကြောင်းနှင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။