တပ်မတော်သား (၁) ဦးတွင် COVID-19 ‌ရောဂါပိုး တွေ့ရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Pete Linforth

တပ်မတော်သား (၁) ဦးတွင် COVID-19 ‌ရောဂါပိုးတွေ့ ရှိကြောင်း တပ်မတော်က ထုတ်ဝေနေသည့် မြဝတီသတင်းတွင် ဖော်ပြထား သည်။

အဆိုပါ တပ်မတော်သား ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ PCR နည်းဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ မေလ (၄ )ရက်နေ့၊ နံနက် လေး နာရီခွဲ၊ ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိရသည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတပ်မတော်သားသည် ဧပြီလ (၃၀) ရက်နေ့တွင် ဖျားခြင်း၊လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း စသည့် ရောဂါ များ ခံစားနေရသဖြင့် မေလ( ၁) ရက်နေ့တွင် COVID-19 ‌ရောဂါနှင့် ပတ်သက်၍ အထူးကြိုတင်ပြင်ဆင်ထားသော နယ်မြေခံ တပ်မတော်ဆေးရုံ၊ ကုသဆောင်တွင် သီးခြားစောင့် ကြည့် ၍ လိုအပ်သော ကုသမှုများဆောင်ရွက်ထားသည် ဟု ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ တပ်မတော်သားနှင့် ဆက်စပ် ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့် ရောဂါရှာဖွေ ဖော်ထုတ် ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ပြုလုပ်နေသည်။

COVID-19 ‌ရောဂါပိုးတွေ့ရှိသော တပ်မတော်သားသည် နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်တာဝန် ထမ်းဆောင်နေသူ ဖြစ်ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိသည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက် လျက်ရှိသည့် မြန်မာ့ တပ်မတော် သင်တန်းသား အရာရှိ (၅) ဦး သည် လည်း COVID-19 ရောဂါပိုးကူးစက် ခံထားရပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိသည် ဟု တပ်မတော် က သတင်း ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက် လျက်ရှိသည့် တပ်မတော်သား (၅) ဦး အပါအဝင် COVID-19 ရောဂါပိုးကူးစက်ခံရသူ တပ်မတော်သား (၆) ဦး ရှိပြီ ဖြစ်သည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,