တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းအမှားတွေကို အကြောင်းအရာပုံစံအမျိုးမျိုးနဲ့ ဖြန့်ချိနေမှုဟာ ရွေးကောက်ပွဲ ကျင်းပပြီးစီးလို့ တစ်လ ပြည့်ခါနီးမှာတောင် အရှိန်မပြတ် ရှိနေတုန်းပါပဲ။

သည်တစ်ခါ ပြောပြလိုတာကတော့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ဆိုတဲ့ အကြောင်းအရာ အကြောင်းပဲ ဖြစ်ပါတယ်။

သည်အကြောင်းအရာကို သူရိယ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဒီဇင်ဘာ(၅)ရက်နေ့ ကဖြန့်ချိခဲ့တာ တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူရိယ အမည်ရ ဖေ့စ်ဘွတ်အကောင့် ဟာ တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုဆိုတဲ့အချက်အပါအဝင် မဲပုံးကို အလုံးလိုက်ချိန်းတာ၊ သက်ဆိုင်ရာအမတ်တွေက ဆရာ၊ဆရာမ တစ်ယောက်ချင်းစီကို ငါးသိန်းစီပေးမယ်ဆိုတဲ့ အကြောင်းအရာတွေကို ရေးသားထားတာတွေ့ရပါတယ်။

အကြောင်းအရာအပြည်အစုံကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သူရိယ ဖြန့်ချိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အမှား၊အမှန် အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတာ မရှိပါဘူး။

ဒါ့အပြင် သည်သတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့် က အတည်ပြုပြောကြားပါတယ်။

” ဒါက လုံးဝယုတ္ထိမရှိတဲ့ စကားပါ။ မဲလိမ်မဲခိုးမှု ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ခံပြီး တပ်မတော်ကို တောင်းပန်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကျနော်က ဖြေဆိုရန် မရှိဆိုတာလည်း မဟုတ်ပါဘူး အားလုံးကအခြေအမြစ်မရှိတဲ့သတင်းလို့ပဲပြောချင်ပါတယ် ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့် က ဆိုပါတယ်။

၂၀၂၀ရွေးကောက်ပွဲက ပြည်သူအများ စိတ်ဝင်စားတဲ့ ရွေးကောက်ပွဲကြီးဖြစ်ခဲ့ပါတယ်။ ကိုဗစ်ဆိုတဲ့ရောဂါကြီး ခြိမ်းခြောက်မှုကြားထဲမှာ မကြောက်မရွံ့ မဲ အမြောက်အမြား ပေးခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ လူထုမျက်မှောက်မှာ သန့်သန့်ရှင်းရှင်းလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ဘယ်လို လူများက မမှန်ကန်စွပ်စွဲသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်ကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး လို့ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အကယ်၍များ ကျနော်တို့အဖွဲ့ချုပ်ရဲ့အနိုင်ရရှိမှုဟာ ရာခိုင်းနှုန်းအနည်းငယ်လေးပဲ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလိုအမှားတွေရော၊ လူထုကြားမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကောလာဟလတွေရော ရာဇဝတ်မှုတွေရော၊ ဒီအချိန်မှာ တိုင်းပြည်ကို အများကြီး ဒုက္ခပေးနေမယ်။ တိုင်းပြည်မှာ စိုးရိမ်စိတ်၊ပူပန်စိတ်ဖြစ်နေရမယ်လို့ ဒေါက်တာမျိုးညွန့် က မှတ်ချက်ပြုပါတယ်။

ဒီလိုသံသယကင်းလောက်တဲ့ အဆုံးအဖြတ်ကိုရအောင် ပြည်သူများကမိမိတို့အဆုံးအဖြတ်နဲ့ ထွက်ပြီးမဲပေးခဲ့တဲ့အတွက် ထပ်ပြီး အနူးအညွတ်ကျေးဇူးတင်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,