တပ်မတော်၏စွှန့်လွှတ်အနစ်နာခံမှု၊နားလည်လက်ခံမှုသည် လွန်စွာအရေးကြီးဟု ကေဘီစီ ထုတ်ပြန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို ဖော်ဆောင်နေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အနာဂတ်သည် တပ်မတော်၏ စွန့်လွှတ်အနစ်ခံမှု၊နားလည်လက်ခံမှုသည် လွန်စွာအရေးကြီး သည်ကို ယုံကြည်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ယမန်နေ့ကထုတ်ပြန်သည့် ကြေညာချက်……

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ဒုဗိုလ်မှူးကြီး သန်းထိုက် မှတရားရုံးတွင် ဦးတိုက်လျောက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကေဘီစီက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကေဘီစီ ဥက္ကဌအားတရားစွဲဆိုရန် တပ်မတော်ဘက်မှ တရားရုံး ဦးတိုက်လျောက်ထားခြင်းကို စက်တင်ဘာလ(၉)ရက်နေ့က ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ရုပ်သိမ်းခြင်းအား ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှကြိုဆိုပါကြောင်း ကေဘီစီက ဆိုသည်။

ယင်းအပြင်တပ်မတော်နှင့်ပြည်သူကြားဖြစ်ပျက်နေသော ပဋိပက္ခများ၌ ယခုကဲ့သို့ တပ်မတော်ဘက်မှ တရားနည်းလမ်းကျစွာ အဆုံးသတ် စေသော လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားပါက နိုင်ငံတော်၏ ငြိမ်းချမ်းရေးကို အထောက်အကူပြုစေမည်ဟု ယုံကြည်ပါသည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။