တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည် ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၂၁၊ ဇန်နဝါရီ (၁) ရက်နေ့ မှ စ၍ တပ်မတော်က အာဏာသိမ်းထားပြီး တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့ပေးမည် ဆိုတဲ့ အကြောင်းအရာကို သီရိ အမည်ရ ဖေ့စ်ဘွတ် အကောင့်က ဇန်နဝါရီ (၂) ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

သည်အကြောင်းအရာကို မှတ်ချက်ပေးသူ၊ ထပ်ဆင့်ဖြန့်ချိသူ၊ React ပြုသူတွေ လည်း ရှိတာ တွေ့ရပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive  ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဖေ့စ်ဘွတ်အပေါ်မှာ ဖြန့်ချိနေတဲ့ သည်လို အကြောင်းအရာတွေကို တွေ့လိုက်ရုံနဲ့ သတင်းအမှားတွေဆိုတာ သိတဲ့ လူတွေ ရှိသလို၊ ဖေ့စ်ဘွတ်အပေါ်မှာ တွေ့နေတဲ့ အကြောင်းအရာတွေအားလုံးကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေလို့ ကောက်ယူ ယုံကြည်နေသူတွေလည်း ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရည်ရွယ်ချက်အမျိုးမျိူးနဲ့ သတင်းအတု၊သတင်းအမှား ဖြန့်ချိနေသူတွေဟာ သည်လို ယုံကြည်တတ်တဲ့ လူတွေကို ဦးတည်ပြီး လူမှုအဖွဲ့အစည်းအတွင်း တည်ရှိနေတဲ့ အခြေအနေတွေကို ပုံစံမျိုးစုံနဲ့ ပုံဖျက်ပြီး တည်ငြိမ်မှု၊ သဟဇာတ ဖြစ်မှု ကို ရှုပ်ထွေးအောင်၊ ပျက်စီးအောင် ကြံဆ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။

သီရိအမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအတု၊ သတင်းအမှားတွေ ပုံမှန် ဖြန့်ချိနေလေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခုဖြစ်ပါတယ်။ သီရိ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိခဲ့တဲ့ သတင်းအတု၊သတင်းအမှား တွေ ကို သည်နေရာနဲ့   သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းလုပ်ငန်းစဉ်တွေနဲ့အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည် ဆိုတဲ့ အကြောင်းအရာမျိုးဖော်ပြထားတာ မရှိပါဘူး။

ဒါ့အပြင် တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည် ဆိုတဲ့ အကြောင်းအရာ ဟာ သတင်းအတု၊သတင်းအမှား သာဖြစ်တယ်လို့ NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြုပြောကြားပါတယ်။

” ဒါတွေက စောစောက ကတည်း က ကြားပြီး သွားပါပြီ။ (၃)ရက်နေ့မှာ အာဏာသိမ်းမယ်ဘာတို့ကြားနေရတာပဲ။ ဒါတွေက အစိုးရ က မတည်ငြိမ်တော့ဘူးဆိုတဲ့ ပုံစံ ဖြစ်အောင် အစိုးရရဲ့ Image ကို ပျက်စေချင်လို့ လုပ်တဲ့ Fake News တွေပါ ” လို့ NLD ပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သီရိ အမည်ရ ဖေ့စ်ဘွတ် အကောင့်က ဖြန့်ချိထားတဲ့ ၂၀၂၁၊ ဇန်နဝါရီ (၁) ရက်နေ့ မှ စ၍ တပ်မတော်က အာဏာသိမ်းထားပြီး တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့ပေးမည် ဆိုတဲ့ အကြောင်းအရာ ဟာ သတင်းအတု၊သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်ရှိ ပြည်သူလူထုရဲ့အနေအထားတွေကိုကြည့်ရင်သိပါတယ်။ဘာမှမဖြစ်ပါဘူး။ရုန်းကန်သွားလာရုန်းကန်နေဆဲပါပဲ။ ဘာမှမရှိပါဘူး။ NLDပါတီအနေနဲ့လည်း လုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်နေတာပဲ။ အစိုးရ ယန္တရားလည်း ဒီအတိုင်းပဲသွားလာနေတာပဲ။ ဘာမှမဖြစ်ပါဘူး လို့ မုံရွာအောင်ရှင် ကပြောပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,