တပ်မတော်တွင် Quarantine စောင့်ကြည့်သူ အရေအတွက် ရှစ်ရာကျော် အထိရှိလာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြဝတီ /  တပ်ချုပ် ဦးစီးကျင်းပပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ညှိနှိုင်းအစည်းအဝေး

တပ်မတော် တွင် Quarantine စောင့်ကြည့်သူ အရေအတွက် မှာ (၈၄၄) ဦးအထိ ရှိလာ ပြီး ယနေ့အချိန်အထိ တပ်မတော်အတွင်း COVID – 19 ရောဂါ ကူးစက်ခံရသူ၊ ရောဂါပိုး တွေ့ရှိသူ မရှိသေးကြောင်း တပ်မတော်က ထုတ်ဝေနေသည့် မြဝတီ သတင်း ဖော်ပြချက် အရ သိရသည်။

တပ်မတော်အတွင်း Quarantine စောင့်ကြည့်သူ အရေအတွက်မှာ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား (၁၈)ဦး၊ မှီခို(၉)ဦးHome Quarantine စောင့်ကြည့် သူ တပ်မတော် သား(၁၉၆)ဦး၊ မှီခို(၁၀၆)ဦး Facilities Quarantine စောင့်ကြည့်သူ တပ်မတော် သား(၃၄၅)ဦး၊ မှီခို(၁၇၀)ဦးဖြစ်ပြီး စုစုပေါင်း (၈၄၄) ဦး ဖြစ်သည်။

ဧပြီ၊(၁၄) ရက်နေ့ မြဝတီသတင်းဖော်ပြချက်အရ တပ်မတော်အတွင်း Quarantine စောင့်ကြည့်သူ အရေအတွက် မှာ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၁)ဦး၊ မှီခို(၇) ဦးHome Quarantine စောင့် ကြည့်သူ တပ်မတော်သား(၂၀၇)ဦး၊ မှီခို(၁၀၈)ဦးFacility Quarantine စောင့်ကြည့်သူ တပ်မတော်သား (၅၆) ဦး၊ မှီခို(၇၆)ဦးဖြစ်ပြီး စုစုပေါင်း (၄၆၅) ဦးဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါစာရင်းအရ ဧပြီ၊(၂၀) ရက်နေ့ မြဝတီသတင်းဖော်ပြချက်တွင် Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား(၁၁)ဦး၊ မှီခို(၂)ဦး လျော့နည်းခဲ့ပြီး ၊Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား (၇) ဦး၊ မှီခို (၉) ဦး တိုးလားပြီး၊Facility Quarantine တွင် တပ်မတော်သား (၂၈၉) ဦး၊ မှီခို (၉၄) ဦး တိုးလာသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ၊(၂၀)၊11:00 PM သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID – 19 ရောဂါပိုး ကူးစက်ခံရသူ (၁၁၉) ဦး၊ပိုးတွေ့သေဆုံးလူနာ (၅) ဦး၊ ပိုးတွေ့ပြန်လည် သက်သာ (၇) ဦး၊ စောင့်ကြည့်လူနာ (၂၀၈၉) ဦး နှင့် ဓာတ်ခွဲ စစ်ဆေးသူ (၄၆၉၂) ဦး ရှိသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,