တပ် က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ် က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဒီဇင်ဘာ(၁၅) ရက်နေ့က သီရိအမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေကို လည်းတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိအမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ သည်အကြောင်းအရာ အပြင် အခြေအနေထိန်းသိမ်းထားနိုင်ပြီ၊ NLD အစိုးရ သက်တမ်းကုန်ဆုံးပါက တပ်မတော်အာဏာ ထိန်းသိမ်းထားမည် စတဲ့ အကြောင်းအရာတွေကို လည်း ဖြန့်ချိခဲ့တာတွေ့ရပါတယ်။  သည်နေရာနဲ့သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာနဲ့ သည်နေရာနဲ့   သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သီရိ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတဲ့ တပ် က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ ဆိုတဲ့ အကြောင်းအရာ ဟာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လိုအကြောင်းအရာဖော်ပြထားတာမျိုး မရှိပါဘူး။

သည်အကြောင်းအရာ ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား တစ်ခုသာဖြစ်တယ်ဆိုတာ သတင်းဖတ်သူ အများစု သိနိုင်ပေမယ့် တချို့ကတော့ သည်အခြေအနေ ဟာ တစ်ကယ်ဖြစ်နေတာလို့ ယူဆနေသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူတွေဟာ သတင်းအမှားမှန်းသိလျက် နဲ့ အများပြည်သူကြား ထင်ယောင်ထင်မှား ဖြစ်လည်း မနည်းဘူးဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သတင်းအမှားတွေကို များများ ပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိ ထပ်ဆင့်ဖြန့်ချိနေတယ်လို့ ယူဆရပါတယ်။

” အနိုင်ရတဲ့ပါတီနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး တုံ့ပြန်ဆန့်ကျင်မှုတွေ ၊ လူထုကြားထဲမှာအမြင်တွေလွဲမှားအောင် နည်းမျိုးစုံနဲ့ဆက်လုပ်နေတာပေါ့။ ဒါက နိုင်ငံရေးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။ ဒါပေမယ့် အဲဒီကိစ္စက အစိုးရမဖွဲ့ခင် အချိန်မှာ ဒီလို သတင်းအမှားတွေ၊ ထုတ်ပြန်ခြင်း အားဖြင့် လူထု အတွင်းမှာ အမြင်ရှုပ်ထွေးအောင် လုပ်နေတယ်လို့ယူဆ” တယ်လို့ မြန်မာ့နိုင်ရေးလေ့လာသူ ဦးသန်းစိုးနိုင် က မှတ်ချက်ပြုပါတယ်။

ခုထွက်နေတဲ့ သတင်းအတုတွေက လှုံ့ဆော်ရေး၊လူတွေကြားမှား နားလည်မှု ထင်ယောင်ထင်မှား ဖြစ်ရေး ရည်ရွယ်တာထက် တစ်ဘက်အင်အားစုတွေက သူ့ကိုယ်သူပြန်ပြီး နှစ်သိမ့်တဲ့ ချွေးသိမ့်တဲ့ သူတို့ရည်မှန်းထားတဲ့ ပစ်မှတ်ရှိမှာပေါ့။သူတို့ …

သတင်းအမှား၊သတင်းအတုတွေရဲ့သဘာဝက လူထုကြားမှာ နားလည်းမှု လွဲမှားအောင်၊ စိတ်ခံစားမှူတွေပြောင်းအောင် စေ့ဆော်မှု အမျိုးမျိုး လူတွေ ကြားထဲမှာ ထင်ယောင်ထင်မှားဖြစ်အောင် ၊ ပေါက်ကွဲမှုဖြစ်အောင် စသဖြင့်ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်တာ တောက်လျှောက်လည်းဒီသဘောနဲ့ လုပ်ကြတာပေါ့ လို့ နိုင်ငံရေးဆောင်ပါးတွေ အထူးပြု ရေးသားနေသူ သတင်းစာဆရာ ဦးသီဟသွေး က ပြောပါတယ်။

ခုတလော တွေ့ရတဲ့ဟာမျိုးက ရွေးကောက်ပွဲပြီးခါစကဆို မဲတွေကိုပြန်ရေပြီး ပြန်လုပ်တဲ့ အခါမှာ NLDက ပြန်ပြီးရှုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေ ဒါက Repeating တွေ ထပ် ထပ်ပြီး လုပ်လာတဲ့ သဘောရှိတယ်။ သတင်းအမှားတွေ ရည်ရွယ်ချက်ကတော့ NLDက နောက်ထပ် အာဏာမရနိုင်တော့ဘူး။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ့် နှပ်ကြောင်းကိုပေးနေတဲ့ သဘောဖြစ်နေတယ်။ ဒီဟာက လက်တွေ့မှာ ကျနော်တို့ အမြင်ပြောရရင်ဖြစ်ကို မဖြစ်နိုင်ဘူး။အခြေခံဥပဒေအရ ဖြစ်ကို မဖြစ်နိုင်တာ။ အခြေခံဥပဒေအရ မဖြစ်နိုင်တော့ ခုထွက်နေတဲ့ သတင်းအတုတွေက လှုံ့ဆော်ရေး၊လူတွေကြားမှား နားလည်မှု ထင်ယောင်ထင်မှား ဖြစ်ရေး ရည်ရွယ်တာထက် တစ်ဘက်အင်အားစုတွေက သူ့ကိုယ်သူပြန်ပြီး နှစ်သိမ့်တဲ့ ချွေးသိမ့်တဲ့ သူတို့ရည်မှန်းထားတဲ့ ပစ်မှတ်ရှိမှာပေါ့။သူတို့ ကို အားပေးထောက်ခံသူကြားမှာ၊စိတ်သက်သာရာရဖို့ တစ်ခုဖန်တီးနေတယ်လို့ပဲမြင်တယ် လို့ သတင်းစာဆရာ ဦးသီဟသွေး က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,