တပ် တောင်းဆိုထားတဲ့ မဲစာရင်းကိစ္စ ပြေလည်အောင် မဖြေရှင်းပေးရင် ဆိုးကျိုးတွေ ရှိလာမယ်လို့ ဒုတပ်ချုပ် ပြောတယ်ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော်က တောင်းဆိုထားတဲ့ မဲစာရင်း ကိစ္စကို ပြေလည်အောင် မရှင်းပေးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေသာ ရှိလာလိမ့်မယ်လို့ ဒုချုပ်ပြောပြီ ဆိုတဲ့ အကြောင်းအရာကို သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဒီဇင်ဘာ(၂၁) ရက်နေ့မှာ ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။

” အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက မိမိလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောဆိုရင် တပ်ကဘယ်သူ့မျက်နှာမှ ထောက်နေစရာ မလိုတော့ဘူး ။ ကမ္ဘာသိအောင်လည်း ထောက်ပြခဲ့ပြီးပြီ လို့ မှတ်ချက်ပေးလိုက်ပါပြီ။ လေးစားပါတယ် အဘ ” လို့ သီရိ ဖေ့စ်ဘွတ်အကောင့် က ဖြန့် ချိထားတဲ့ အကြောင်းအရာမှာ ရေးသားဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိ ဖေ့စ်ဘွတ် အကောင့်က ဖြန့်ချိထားတဲ့ တပ် တောင်းဆိုထားတဲ့ မဲစာရင်းကိစ္စ ပြေလည်အောင် မဖြေရှင်းပေးရင် ဆိုးကျိုးတွေ ရှိလာမယ်လို့ ဒုတပ်ချုပ် ပြော ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းအမှား၊ အမှန် အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတာ မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၂၀၊နိုဝင်ဘာ(၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသိပေးကြေညာချက် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။  သည်နေရာ နဲ့  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

သည်လို ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာ ရှိပေမယ့် တပ်မတော်က တောင်းဆိုထားတဲ့ မဲစာရင်း ကိစ္စကို ပြေလည်အောင် မရှင်းပေးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေသာ ရှိလာလိမ့်မယ်လို့ ဒုချုပ်ပြောပြီ ဆိုတဲ့ အကြောင်းအရာကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာတွေမှာ လည်း ဖော်ပြထားခြင်း မျိုး မရှိပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဒုတပ်ချုပ် ဓာတ်ပုံ နဲ့နာမည်ကို အသုံးပြု ပြီး သတင်းအတု၊ သတင်းအမှား တွေ ဖြန့်ချိခဲ့တာလည်း ရှိခဲ့ပါတယ်။ သည်နေရာ သည်နေရာ နဲ့ သည်နေရာမှာ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်း အားဖြင့် သီရိ ဖေ့စ်ဘွတ် အကောင့်က ဖြန့်ချိထားတဲ့ တပ် တောင်းဆိုထားတဲ့ မဲစာရင်းကိစ္စ ပြေလည်အောင် မဖြေရှင်းပေးရင် ဆိုးကျိုးတွေ ရှိလာမယ်လို့ ဒုတပ်ချုပ် ပြော ဆိုတဲ့ အကြောင်းအရာ ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

သတင်းအတု၊ သတင်းအမှား တွေ ဖြန့်ချိနေတဲ့ သီရိ ဖေ့စ်ဘွတ်အကောင့်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံကို ကာဗာ ဓာတ်ပုံ အဖြစ် အသုံးပြုထားပြီး Follower သုံးထောင်ကျော်၊ Friends သုံးထောင့်ရှစ်ရာ နီးပါးရှိပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,