တရားစီရင်ပြီးသား ဖြစ်ရပ်ဟောင်း ကို ဘာသာရေး၊လူမျိုးရေး လှုံ့ဆော်မှုတွေနဲ့ အခုဖြစ်သယောင် ပြန်ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သည်လို အပြုအမူ အခြေအနေတွေကို ဖန်တီးနေသူတွေဟာ ရွေးကောက်ပွဲမှာ နိုင်စရာ အကြောင်း မရှိသလို ရွေးကောက်ပွဲ မနိုင် နိုင်တဲ့ အခြေအနေ အပေါ်တည်ပြီး …

တရားစီရင်ပြီးသား အမှုတစ်ခုကို အခုမှ ဖြစ်သယောင် ပုံမှားရိုက်ပြီး လူမှုကွန်ရက်မှာ ဖြန့်ချိနေတဲ့ ရုပ်သံဖိုင် တစ်ခုအကြောင်း ပြောပြလိုပါတယ်။

သည် ရုပ်သံဖိုင်ထဲက အဖြစ်အပျက်ဟာ ၂၀၁၅၊ ဇူလိုင်လ(၂၀) ရက်နေ့က စမ်းချောင်းမြို့နယ် ရဲစခန်းရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် ဟောင်းတစ်ခုပါ။

သည်ရုပ်သံဖိုင်မှာ ပါဝင်တဲ့ ခင်မောင်မြင့်ဆိုသူကို စမ်းချောင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းထိုက် က တရားလို ပြုလုပ်ပြီး ပုဒ်မ ၂၉၄၊ သာသနာညှိုးနွမ်းစေမှု ၂၉၅ ၊ ၂၉၅ (က)၊ တာဝန်ဝတ္တရားထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု ကျုးလွန်ခြင်း ပုဒ်မ ၃၅၃ တို့နဲ့စမ်းချောင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၅၊ ဒီဇင်ဘာလ(၈) ရက်နေ့မှာ စမ်းချောင်းမြို့နယ် တရားရုံးက ခင်မောင်မြင့်ကို ပုဒ်မ ၂၉၄-က အတွက်အလုပ်နဲ့ ထောင်ဒဏ် (၃)လ၊ ပုဒ်မ၃၅၃အတွက်အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်၊ပုဒ်မ၂၉၅-က အတွက်အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ် ထောင်ဒဏ် သုံးနှစ် သုံးလ ကျခံစေဖို့ အမိန့်ချခဲ့ပြီးဖြစ်ပါတယ်။

သည်လို တရားစီရင်ပြီးသား အမှုတစ်ခုကို ပြည်သူလူထုအကြား ထင်ယောင်ထင်မှားဖြစ်အောင်၊ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခ တွေ ဖြစ်ပေါ်လာအောင်၊ သဟဇာတ ရှိနေတဲ့ လူမှုအဖွဲ့အစည်းအကြား တည်ငြိမ်မှု ပျက်ပြားအောင် စတဲ့ ရည်ရွယ်ချက်၊ လှုံ့ဆော်ချက် တွေနဲ့ အခုမှ ဖြစ်သယောင် ပုံမှားရိုက်ပြီး ပြည်သူလူထုအကြား အထင်အမြင်လွဲမှားအောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေ ကနေတစ်ဆင့် ဖြန့်ချိနေကြတာ ဖြစ်ပါတယ်။

သည် ရုပ်သံဖိုင် အဟောင်းကို သြဂုတ်လ(၂၉ ) ရက်နေ့ ည ၁၁ နာရီ ကျော်ခန့်မှာ Pyae Phyo Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်က ဖြန့်ချိထားတာ တွေ့ရပြီး ငြမ်းမီဒီယာ က သည် ရုပ်သံဖိုင် အဟောင်းကို တွေ့ရှိချိန်မှာ မျှဝေသူ အများအပြား ရှိနေပြီး သည်အဖြစ်အပျက် ရုပ်သံဖိုင်ဟာ တရားစီရင်ပြီးသား အဖြစ်အပျက်လို့ မသိရှိသူတွေ အများအပြား ရှိတာကို တွေ့ခဲ့ ရပါတယ်။

တရားစီရင်ပြီးသား ဒီအဖြစ်အပျက် ကို မသိရှိသူတွေက သည်ရုပ်သံဖိုင် ကို မှတ်ချက်ပေးရာ ပြင်းထန်တဲ့ ဒေါသစိတ်များနဲ့ တုံ့ပြန် ခဲ့တာ ကို လည်း တွေ့ခဲ့ရပါတယ်။

Pyae Phyo Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်က ဖြန့်ချိထားတဲ့ တရားစီရင်ပြီးသား အဖြစ်အပျက် ရုပ်သံဖိုင် အဟောင်းကို သြဂုတ်လ(၃၀) ရက်နေ့ ၊ ညနေ ခြောက်နာရီကျော်ခန့်မှာ ငြမ်းမီဒီယာ က ပြန်လည် ဝင်ရောက် ကြည့်ရှုရာ မှာ သည် ရုပ်သံဖိုင် ကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တာတွေ့ရပါတယ်။

သြဂုတ်လ(၃၀) ရက်နေ့ ည ခုနှစ်နာရီခန့်မှာ မြန်မာမျိုး  လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က သည် ရုပ်သံဖိုင် အဟောင်း ကို ပဲ ” ထိုအရာကို အမေ့သား ဟုခေါ်သည်” ဆိုတဲ့ စာသားကိုရေးသားပြီး မြန်ပြည်ချစ် လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ပြန်လည် ဖြန့်ချိထားတာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာမျိုး ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် ဖြန့်ချိခဲ့တဲ့ တရားစီရင်ပြီးသား အဖြစ်အပျက် ရုပ်သံဖိုင် အဟောင်းကို သြဂုတ်(၃၀)၊ည ကိုးနာရီ ခန့်မှာ ပြန်လည် ဝင်ရောက်ကြည့်ရှုရာမှာ ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တာတွေ့ရပါတယ်။

ကိုဗစ်ကာလ လူထုအကြား အထွေထွေ စိတ်မွန်းကြပ်မှုတွေ ရှိနေချိန်မှာ ထိရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေး အခြေအနေတွေကို အခုဖြစ်သယောင်ပုံဖျက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ လုပ်ကြံလီဆယ်ထားတဲ့ ဖော်ပြမှုတွေဟာ အတော်ကို အန္တရာယ်ကြီးတဲ့ အခြေအနေပါ။

သည်လို အပြုအမူ အခြေအနေတွေကို ဖန်တီးနေသူတွေဟာ ရွေးကောက်ပွဲမှာ နိုင်စရာ အကြောင်း မရှိသလို ရွေးကောက်ပွဲ မနိုင် နိုင်တဲ့ အခြေအနေ အပေါ်တည်ပြီး ရိုးရိုးသားသား မယှဉ်ပြိုင်ဘဲ အောက်လမ်းနည်း တွေ ကို သုံးကြတာလို့ တရားစီရင်ပြီးသား အဖြစ်အပျက် ရုပ်သံဖိုင်အဟောင်း လူမှုကွန်ရက်မှာ ပုံမှားရိုက် ဖြန့်ချိလာမှုနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က မှတ်ချက်ပြုပါတယ်။

သည်ရုပ်သံဖိုင် အဟောင်း အဖြစ်အပျက် မှာပါဝင်ခဲ့တဲ့ ခင်မောင်မြင့် ကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ခဲ့တဲ့ သတင်းကို “ စမ်းချောင်းမြို့မ ရဲစခန်းရှေ့တွင် ညစ်ညမ်းစွာပြုမူသူတစ်ဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ၂၀၁၅၊ဇူလိုင်လ(၁၅)ရက်နေ့ မှာ ဆဲဗင်းဒေးသတင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ခင်မောင်မြင့်ကို စီရင်ချက် အမိန့် ချခဲ့တဲ့ အခြေအနေကို “ ရဲစခန်းအရှေ့ ဆဲဆိုပြီးဘာသာရေးတံဆိပ်တစ်ခုကိုစော်ကားသူကို အလုပ်နဲ့ထောင်ဒဏ် ၃နှစ်၃လချမှတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံသတင်းပေးပို့ချက်ကို အလဲဗင်းမီဒီယာ က ၂၀၁၅၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ မှာ ဖော်ပြထားပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,