တရားပွဲ များတွင် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ရွတ်ဆိုခြင်းမပြုရန် ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဘာသာရေးအပေါ် အခြေခံပြီး သတင်းအမှား၊ သတင်းအတုတွေ ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေမှုဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ သည်နေ့ထိတော့ သတင်းအတု၊ သတင်းအမှား ထုတ်လုပ်ဖြန့်ချိနေသူတွေကို အစိုးရအနေနဲ့ ဖော်ထုတ်အရေးယူနိုင်တာ မတွေ့ရသေးပါဘူး။

ဘာသာရေးကိုအခြေခံပြီး ဖြန့်ချိနေတဲ့ သတင်းအမှားတစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

“တရားပွဲ များတွင် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ရွတ်ဆိုခြင်းမပြုရန်” သာသနာရေးဝန်ကြီး ဦးအောင်ကို က ပြောကြားထားကြောင်း သတင်းအမှားတစ်ပုဒ်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းအမှားကို Zay Linn Htike အမည်ရတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က ‘မြန်မာ့နိုင်ငံရေး ဘက်မလိုက် သတင်းဟစ်တိုင်’ ဂရုထဲကို ဖြန့်ချိထားတဲ့ Screen Shot ကို Thit Minn လို့အမည်ရတဲ့ အကောင့်ပိုင်ရှင်က ‘ ဒါတဲ့လားသာဝန် ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျဦးမယ် ‘ ခေါင်းစဉ်နဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပြန်လည် ဖြန့်ချိထားတာတွေ့ရပါတယ်။

ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ သတင်းအမှား ဖြန့်နေတဲ့ အုပ်စုအဖွဲ့ကြီးကြီးမားမားကြီးကတော့ ရှိခဲ့တာပဲလေ။ အခုလည်း ရှိနေတုန်းပဲ၊ လုပ်နေတုန်းပဲဖြစ်တယ်။ ဘာသာရေးနဲ့ဆက်နွယ်ပြီး သတင်းအမှားဖြန့်နေတဲ့သူတွေထဲမှာ …

သည်သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ဦးဇာနည်ဝင်း က၂၀၂၀၊ သြဂုတ်လ (၂၀) ရက်နေ့မှာ ငြမ်းမီဒီယာကို အတည်ပြုပြောကြားပါတယ်။

သည်သတင်းအမှားဟာ ၂၀၁၇ ခုနှစ်ထဲက ဖြန့်ချိခဲ့တဲ့ သတင်းဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း သည် သတင်းအမှားနဲ့ပတ်သက်ပြီး ၂၀၁၇၊သြဂုတ်လ (၁၄) ရက်နေ့ကတည်းက အများပြည်သူသို့ အသိပေးရှင်းလင်းထားတာကိုလည်း တွေ့ရပါတယ်။

သည်လို သက်ဆိုင်ရာကနေ သတင်းအမှားဖြစ်ကြောင်း အများပြည်သူကို ပြန်လည်ရှင်းလင်းထားခဲ့တဲ့ သတင်းအမှားကိုပဲ ရည်ရွယ်ချက်ရှိရှိ ပြန်လည်ဖြန့်ချိလာတာပါ။

သည်သတင်းဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး အမုန်းပွားစေတဲ့ ရေးသားဖော်ပြမှုဖြစ်သလို ဘာသာရေး၊ လူမျိုးရေးပဋိပက္ခမှတဆင့် နိုင်ငံရေးအသွင်ဆောင်ကာ အစိုးရတစ်ဖွဲ့လုံး အကျပ်အ တည်းတွေ့စေဖို့ အဓမ္မဝါဒီအဖျက်သမားတွေက စီမံချက်ချဆောင်ရွက်တာကို ထင်သာမြင်သာ တွေ့ရမှာ ဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာနက ၂၀၁၇၊သြဂုတ်လ (၁၄) ရက်နေ့က ထုတ်ပြန်ထားတဲ့ ရှင်းလင်းဖော်ပြချက်ထဲမှာ ရေးသားထားပါတယ်။

” ကျနော်တို့က အတိအကျတော့သိတယ်။ ကျနော်လွယ်လွယ်လေးပြောရရင်ဆန့်ကျင်ဘက်အုပ်စုလို့ပဲ ပြောလိုပါတယ် ” လို့ သတင်းအမှား ဖြန့်ချိနေမှုအခြေအနေများနဲ့ ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဇာနည်ဝင်း က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ကိစ္စ အတော်များများကိုလုပ်ခဲ့တဲ့ တချို့ဆိုလည်း လုပ်နေတုန်းပဲ။ သူတို့တွေက ရွေးကောက်ပွဲကာလမှာ ဘယ်လို ဒီဇိုင်းပြောင်းလာသလဲဆိုတော့ …

Thit Minn လို့အမည်ရတဲ့ အကောင့်ပိုင်ရှင်က ဖြန့်ချိထားတဲ့ သည်သတင်းအမှားကို ပြန်လည်မျှဝေသူတွေရဲ့ ဖေ့စ်ဘွတ် ပရိုဖိုင်းဓာတ်ပုံ အများစုဟာ အမှန်လို့ ကောက်ချက်ချနိုင်ဖို့ အခြေအနေအတော်အားနည်းပါတယ်။

” ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ သတင်းအမှား ဖြန့်နေတဲ့ အုပ်စုအဖွဲ့ကြီးကြီးမားမားကြီးကတော့ ရှိခဲ့တာပဲလေ။ အခုလည်း ရှိနေတုန်းပဲ၊ လုပ်နေတုန်းပဲဖြစ်တယ်။ ဘာသာရေးနဲ့ဆက်နွယ်ပြီး သတင်းအမှားဖြန့်နေတဲ့သူတွေထဲမှာ မှ နိုင်ငံရေးပါတီတွေ ပါနေတယ်ဆိုရင် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများနည်းဥပဒေအရ ကော်မရှင်က ပြင်းပြင်းထန်ထန်အရေးယူဖို့ လိုအပ်တယ်လို့ ” အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချမှတ်သူလည်းဖြစ်၊ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမြတ်ကျော်က ငြမ်းမီဒီယာကို ပြောပါတယ်။

သည် သတင်းကို ထမိန်ခြုံများအား နှိပ်ကွပ်ရေး မျိုးချစ်တပ်ပေါင်းစု၊ မင်းကင်းဟစ်တိုင်၊ အမျိုးစစ်၍အမျိုးချစ်သည်၊ ဗမာဒို့သွေးရဲရဲနီ၊ မြန်ပြည်ချစ်၊ Online မျိုးချစ်အင်အားစုများ & တပ်မတော်ချစ်သူများ group၊ ၂၁ ရာစု စစ်သတင်းနှင့် နိုင်ငံရေးသတင်းများ၊ မင်္ဂလာဒုံ အမျိုးသားရေးအင်အားစု၊ ရဲဝံ့စွန့်စား နှလုံးလှ တပ်မတော်သားများ၊ NLD မပါသည့် ညွန့်ပေါင်းအစိုးရလိုလားသူများ၊ မြန်ပြည်ချစ်၊ ကျောက်ပန်းတောင်ဟစ်တိုင်သတင်းနှင့်နိုင်ငံရေး၊ အသိပညာတိုးတက်စေဖို့၊ စာသင်သားတို့ရင်ဖွင့်သံ စတဲ့ဂရုတွေထဲ ပြန်လည် မျှဝေတာတွေ့ ရပါတယ်။

သည်လို ဘာသာရေး၊ လူမျိုးရေး သတင်းအမှား ဖြန့်ချိနေမှုတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ဝေဝါးအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ယူဆသုံးသပ်သူတွေလည်း ရှိပါတယ်။

” ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အစွန်းရောက်ကိစ္စ အတော်များများကိုလုပ်ခဲ့တဲ့ တချို့ဆိုလည်း လုပ်နေတုန်းပဲ။ သူတို့တွေက ရွေးကောက်ပွဲကာလမှာ ဘယ်လို ဒီဇိုင်းပြောင်းလာသလဲဆိုတော့ အဲဒီမှာလုပ်ခဲ့တဲ့သူတွေက အဲဒီအဖွဲ့တွေမှာ လုပ်ခဲ့တဲ့သူတွေက၊ အဲဒီကို အုံနဲ့ကျင်းနဲ့ ထောက်ခံခဲ့ တဲ့သူတွေက နိုင်ငံရေးပါတီခေါင်းဆောင်တွေလိုလို၊ နိုင်ငံရေးသမားတွေလိုလို မျက်နှာဖုံးစွပ်အယောင်ဆောင်ပြီး ရွေးကောက်ပွဲရဲ့အနှစ်သာရကို ပျက်စီးအောင် လုပ်နေတယ်လို့ ” အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချမှတ်သူလည်းဖြစ်၊ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမြတ်ကျော်က ငြမ်းမီဒီယာကို ပြောပါတယ်။

Thit Minn လို့ အမည်ရတဲ့ အကောင့်ပိုင်ရှင်က ဖြန့်ချိထားတဲ့ သည်သတင်းအမှားကို ဂရုတွေထဲ ပင်တိုင်မျှဝေနေသူ ကတော့ U Myo Chit လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်ပဲဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ကျနော်တို့ ဖေ့ဘွတ်စ်နဲ့ပတ်သက်ပြီးတော့ သတင်းတု၊ သတင်းမှားတွေနဲ့ပတ်သက်ပြီး ကျနော်တို့စောင့်ကြည့်တာ၊ လုပ်ငန်းနဲ့ပတ်သက်ပြီး တုံ့ပြန်မယ့်အနေအထားရှိပါတယ်။ လုပ်ငန်းစဉ်များတဲ့အတွက် ဒါကိုတော့ချပြလို့မရပါဘူး။ ဒါကတော့ ကျနော်တို့ဌာနဆိုင်ရာရဲ့ စောင့်ထိန်းရမယ့်အင်္ဂါရပ်ပါ ” လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဇာနည်ဝင်း က ငြမ်းမီဒီယာကို ပြောပါတယ်။

U Myo Chit လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် ဟာ လူမျိုးရေး၊ ဘာသာရေး သတင်းအမှားတွေ၊ စွပ်စွဲမှုတွေ၊ ပြင်းထန်တဲ့ မှတ်ချက်တွေ ရေးသားဖြန့်ဝေနေတာတွေလည်း တွေ့ရပါတယ်။

” မြန်မာပြည်မှာ ဘာသာရေး၊ လူမျိုးရေး၊ မှိုင်းတိုက်ပြီးအာဏာအကျိုးစီးပွား ငန်းဖမ်းတာက သမိုင်းတစ်လျောက်မှာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကျနော်တို့ပြောတာထက်ကို ပိုပြီးတော့ ကိုယ့်ဘဝထဲက ခံစားပြီးတော့ ပိုပြီး သိမြင်နားလည်လိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။ ဒီအချိန်မှာတော့ သတိရှိကြပါ။ ဒီမိုကရေစီ သွားတဲ့လမ်းခရီးမှာ အဖျက်အမှောင့်တွေ၊ စစ်အာဏာရှင် အကျိုးစီးပွားတွေ၊ ဖက်ဆစ်အတွေးအခေါ်တွေနဲ့၊ နည်းပေါင်းစုံနဲ့ ဖျက်ဆီးနှောင့်ယှက်နေတယ်လို့ ကျနော်ယူဆတယ်။ ပြည်သူတွေအနေနဲ့ အထူးသတိရှိပြီး ဒီမိုကရေစီပန်းတိုင်ကို မျက်ခြေမပြတ်ဖို့ တိုက်တွန်းပါတယ်” လို့ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချမှတ်သူလည်းဖြစ်၊ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမြတ်ကျော်က သတင်းစကား ပါး ပါတယ်။

U Myo Chit လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် ဟာ အကောင့်ပုန်းတစ်ခုသာဖြစ်ပြီး ပရိုဖိုင်းပုံမှာ ကုလသမဂ္ဂအဖွဲ့အစည်းအမှတ်တံဆိပ်မှာ ကြက်ခြေခတ်ထားတဲ့ပုံကို ပရိုဖိုင်းပုံအဖြစ် အသုံးပြုထားတာ တွေ့ရပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,