တရုတ်ကြောက် ပါတီတွေကို မဲ မှား မပေးမိဖို့ ထရမ့် ပြောသယောင် ဖန်တီးထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမား တွေရဲ့ ရုပ်ပုံတွေကို အသုံးပြုပြီး အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ သတင်းအတု၊ သတင်းအမှားတွေ ကို ဖြန့်ချိနေမှုတွေ ရှိပါတယ်။

ရွေးကောက်ပွဲ ကာလ နီးလာတာနဲ့အမျှ သည် သတင်းအတု၊ သတင်းအမှား တွေရဲ့ ပျံ့နှံ့မှုအားကလည်း ပိုများလာတာကိုတွေ့ရပါတယ်။

အခုပြောပြလိုတာကတော့ မြန်မာရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်က ပြောထားသယောင် ဖန်တီးထားတဲ့ သတင်းတစ်ခု အကြောင်းဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းကို Pe Tar အမည်ရတဲ့ အကောင့်ပိုင်ရှင် က ဖြန့်ချိထားတာဖြစ်ပြီး သည်သတင်းကိုမျှဝေသူ ၊ မှတ်ချက်ပေးသူ၊ React ပြုသူ အများအပြား ရှိတာကိုလည်း တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ (web  archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်)

သည်အကြောင်းအရာကို Pe Tar က Aung San Suu Kyi (Myanmar State Counsellor ) ဆိုတဲ့ ဂရုထဲမှာ ဖြန့်ချိထားတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဓာတ်ပုံမှာ ” တရုတ်ကြောက်ပါတီတွေကို ခင်ဗျားတို့ မဲမှားပေးမိရင် တရုတ်ပြည်သူ့ သမ္မတမြန်မာနိုင်ငံတော်မှာ ခင်ဗျားတို့ တရုတ်စာသင်ဖို့ ပြင်ထားကြ ” ဆိုတဲ့ စာသား ကို ရေးသားထားတာပါ။

သည်ဓာတ်ပုံ မှာဖော်ပြထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အချက်အလက်စစ်ဆေးကြည့်ရာမှာ သည်စကားကို သမ္မတ ထရမ့်အနေနဲ့ ပြောဆိုထားခြင်း မရှိတာကို နိုင်ငံတကာသတင်းမီဒီယာများ၊နိုင်ငံတကာ သတင်းအချက်အလက်များ အရ အတည်ပြုနိုင်ပါတယ်။

Pe Thar အကောင့်ရဲ့ ဖော်ပြချက်ဟာ သမ္မတထရမ့် ရဲ့ ကယ်ရီကေးချား ဓာတ်ပုံကို အသုံးပြုပြီး သမ္မတထရမ့်က ပဲ ပြောသယောင် ဖန်တီးထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ မပြောတဲ့ စကားတွေကို ပြောသယောင် ဖန်တီးတာ၊ ယခင်က ပြောခဲ့တဲ့ ၊ ဖြစ်ခဲ့တဲ့ အခြေအနေ တွေကို အခု ပြောသယောင်၊ ဖြစ်သယောင် လုပ်ကြံဖန်တီးထားမှုတွေဟာ အခုလို ရွေးကောက်ပွဲ ကာလမှာ လူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ထိပါးပြီး အန္တရာယ် ရှိတဲ့ အခြေအနေ တွေ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,