တရုတ်ရဲ့ကျေးကျွန် ဖြစ်သွားမယ့် အလုပ်လောက် စဉ်းစားရခက်မယ် မထင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ShingKri / ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးစာ့ဂျီ

ကျွန်တော်တို့ ပြည်သူတွေ အသက်အိုးအိမ် စတေးရမယ့် ဟာ အတွက် မြစ်ဆုံရေကာတာ စီမံကိန်း မရပ်တန့်မချင်း ဆက်ပြီး ကန့်ကွက်မယ်။တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ လက်တွဲပြီး မြစ်ဆုံစီမံကိန်း လုံး၀ ရပ်ဆိုင်းသွားတဲ့အထိ ဆက်လက် ကြိုးစား သွားပါမယ် …

မြစ်ဆုံရေကာတာ အပါအဝင် မြစ်ညှာ မြစ်ဝှမ်းရှိ စီမံကိန်းများ အပြီးတိုင် ဖျက်သိမ်းပေးရေး အတွက် မြစ်ကြီးနားမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ (၇) ရက်နေ့က လူထုအင်အား များစွာဖြင့် ဆန္ဒထုတ်ဖော်ပွဲ တစ်ခု ပြုလုပ် ခဲ့သည်။ အဆိုကိစ္စနှင့် ပတ်သက်ပြီး မြစ်ဆုံရေကာတာ အပြီး အပိုင် ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးစာ့ဂျီးကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ လုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဘာတာဝန် ယူထားပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USG – ကျွန်တော်က ပွဲဖြစ်မြောက်ရေး ဥက္ကဌပေါ့။ ပွဲဖြစ်မြောက်ရေး ဦးစီးဦးဆောင်တဲ့ အပိုင်းမှာ ပါဝင်ပါတယ်။

ငြမ်းမီဒီယာ – ဆန္ဒထုတ်ဖော်ပွဲ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ။

USG – ဒီဆန္ဒဖော်ထုတ်ပွဲက ပြောမယ်ဆိုရင် ကချင်ပြည်နယ်ကို တရုတ်သံအမတ် လာတဲ့အချိန်မှာ တစ်ကြော့ပြန်ပြီး သွေးထိုးလံှု့ဆော်တဲ့ အပိုင်း ဖြစ်တဲ့အခါကျတော့ ကချင်ပြည်နယ်သူ ပြည်နယ်သား တွေက မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းဖို့နဲ့ ဒီဟာကို ဆက်လက် လုပ်ကိုင်ဖို့ သဘောတူညီမှု မရှိဘူးဆိုတာကို ဆန္ဒ ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဆန္ဒထုတ်ဖော်ပွဲအပေါ် ဒေသအာဏာပိုင်က အရေးယူမှု ရှိသလား။

USG – ကျွန်တော်တို့က ခွင့်ပြုချက်တင်ပြီး လုပ်ဆောင်တာပါ။ လော်စပီကာ ခွင့်ပြုချက် မတင်ဘူး။ နဖူးစည်းခွင့်ပြုချက် မတင်ဘူး၊ ဆုတောင်းပွဲ အခမ်းအနား အစီအစဉ်တွေခွင့်ပြုချက် တင်တုန်းက မပါ ဘူးဆိုပြီး အရေးယူဖို့ ပြောလာတယ်။ တစ်ကယ်တမ်းက ကိုယ့်ဘာသာအရ လွပ်လွပ်လပ်လပ် ဆုတောင်းခွင့် ရှိပြီးသားပဲလေ။

ငြမ်းမီဒီယာ – ဆန္ဒထုတ်ဖော်ပွဲကနေ အစိုးရကို ဘယ်လို သတင်းစကား ပေးလိုက်နိုင်လဲ။ စီမံကိန်း ရပ်သွားမယ်လို့ရော ထင်သလား။ မရပ်ခဲ့ရင်ရော ဘာတွေ ဆက်လုပ်သွားမလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USG – ပြည်သူတွေ သဘောမတူတဲ့ စီမံကိန်းဖြစ်တာကြောင့် အစိုးရကလည်း ရပ်ဆိုင်းမယ် လို့ မျှော်လင့်ပါတယ်။ မြစ်ရိုးတစ်လျှောက် နေ ထိုင်သူက (၃) သန်းကျော် ရှိတယ်။(၉၀) ရာခိုင် နှုန်း ပြည်ပကိုတင်ပို့ဖို့ အတွက်၊ ကျွန်တော်တို့ ပြည်သူတွေ အသက်အိုးအိမ် စတေးရမယ့် ဟာ အတွက် မြစ်ဆုံရေကာတာ စီမံကိန်း မရပ်တန့်မချင်း ဆက်ပြီး ကန့်ကွက်မယ်။တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ လက်တွဲပြီး မြစ်ဆုံစီမံကိန်း လုံး၀ ရပ်ဆိုင်းသွားတဲ့အထိ ဆက်လက် ကြိုးစား သွားပါမယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ရဲ သလား။စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ စွမ်းအင်ပေါ်လစီတွေ လုပ်ရဲသလား ဆိုတဲ့ အပေါ်မှာလည်းအများကြီး မူတည်တယ်။ ပြောမယ်ဆိုရင် …

ငြမ်းမီဒီယာ – ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အရွယ်အစား (သို့မဟုတ်) နေရာကို ပြင်ဆင်ဖို့ ညှိနှိုင်းနေ တယ်လို့ ပြောထားတယ်။ အဲဒီအပေါ် ဘာများ ပြောချင်ပါသလဲ။

USG – အဲဒါ ဆင်ခြေပေးတာလို့ မြင်တယ်။ မြစ်ဆုံကို မလုပ်တော့ ဘူးဆိုတဲ့ပြတ်ပြတ် သားသား အဖြေ မရသေးဘူး။ အကြောင်းပြချက်နဲ့ လုပ်နေလို့မရဘူး။ဧရာဝတီမြစ်ရိုး တစ်လျှောက်မြစ်ညှာရော၊ မြစ်ဝှမ်းရောက စီမံကိန်းတွေအားလုံးဖျက်ပစ်ရမှာ။ မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် လိုအပ်တယ်ဆိုတာ ဟုတ်ပါတယ်။ဒါပေမယ့် ဒီလောက် ဧရာမမြစ်ဆုံ ရေကာတာကြီးကို တည်ဆောက်စရာမှ မလိုဘဲ၊ ကချင်ပြည်နယ်မှာ လျှပ်စစ်ထုတ်ဖို့ မြစ်ချောင်းအင်းအိုင် တွေ အများကြီး ရှိပါတယ်။

ပြည်သူလူထုရဲ့ သဘော ထားဆန္ဒ ဆုံးဖြတ်ချက် မပါတဲ့ စီမံကိန်း မှန်သမျှ အားလုံးကို ဖျက်သိမ်းပြီး တော့မှ ပြည်သူလူထုနဲ့ လက်တွဲပြီး ပြည်သူ လူထု အတွက်၊ ကိုယ့်တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့နဲ့ လူထုကို ကာကွယ် စောင့်ရှောက်ဖို့၊ အနာ ဂတ်အတွက်၊ မျိုးဆက်သစ်တွေအတွက် ထည့်သွင်း စဉ်းစားပေးပါ …

မလိခနဲ့ ချိဖွေ ရေအားလျှပ်စစ် ထုတ်လုပ်ရေးနဲ့တင် မီးထွန်းဖို့ လုံလောက်ပြီ။ လုပ်ငန်းလုပ်ဖို့ အတွက်ဆိုရင် ပြည်သူတွေ ဆုံးရှုံး နစ်နာမှုသိပ်မရှိတဲ့၊ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးထိခိုက်မှု သိပ်မရှိတဲ့ ချောင်းတစ်ခု၊ နှစ်ခုကို ဖြတ်ပြီး အလတ်စား ရေအားလျှပ်စစ်ထုတ်ရင် ပြည်တွင်းအတွက်တော့ ဖူလုံသွားပြီ။ ပိုတောင် ပိုလျှံဦးမယ်။အခုလို (၉၀) ရာခိုင်နှုန်း တရုတ်ကိုတင်ပို့ပြီး ကိုယ့်နိုင်ငံသားတွေ အသက်အိုးအိမ် စတေးခံစရာ မလိုဘူး။

ငြမ်းမီဒီယာ – စာချုပ်က စစ်အစိုးရလက်ထက်မှာ ချုပ်ခဲ့တယ်။ ဘယ်အစိုးရတက်တက် ဖြေရှင်းရမယ့် သဘောရှိတယ်။ ဒါပေမယ့် အခု ရွေး ကောက်ပွဲတွေ နဲ့ တက်လာတဲ့ အစိုးရအဖွဲ့တွေမှာ ဒီကိစ္စ အတွက် ဖြေရှင်းနိုင်တဲ့ အခြေ အနေ မရှိဘူးဆိုတာမျိုး တွေ့နေရတယ်။ ဦးစာ့ဂျီး အနေနဲ့ဆို ဘယ်လိုဖြေ ရှင်းဖို့ အကြံပြုချင်လဲ။

USG – ဖျက်သိမ်းဖို့ ဆန္ဒရှိတယ်။ တစ်ကယ်သတ္တိရှိရှိနဲ့ ဒီမိုကရေစီ အရွေ့ဘက် သွားချင်တဲ့ ခေါင်းဆောင်တွေ ဆိုရင်တော့ လွယ်ပါတယ်။ အခုက ဆင်ခြင်ပေးနေကြတာ။ ဥပမာပြောပြမယ်။ တစ်ကယ်ပဲ ဖက်ဒရယ်၊ သဘာဝသယံဇာတ ခွဲ ဝေရေးကို သတ္တိရှိရှိ လုပ်မယ်ဆိုရင် ကချင်ပြည်နယ်မှာရှိတဲ့ တွင်းထွက် သယံဇာတက ရရှိတဲ့ငွေက မနည်းပါဘူး။Global Witness က ထုတ်ပြန်တဲ့ စာရင်းဇယား အရ ၂၀၁၄ မှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်း တစ်ခုတည်းက ရတဲ့ဝင်ငွေတောင် အမေရိကန် ဒေါ်လာ(၃၁ ဒဿ မ ၅) ဘီလီယံ ရရှိတယ် ဆိုတော့ မြစ်ဆုံက ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၃ ဒဿ မ ၅) ဘီလီယံပဲ ရှိတာဆိုတော့ လျော်ကြေး ပေးမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးလည်း ထိပါးစရာမလိုဘူး။ ပွင့်လင်းမြင်သာ မှုရှိရှိ အဲဒီပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ဖြေရှင်းရင် ဒီအဖြေတွေက သိနေတာပါပဲ။ အကြောင်းပြ ချက်တွေ မခိုင်လုံပါဘူး။ အကြံပြုချင်တာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ရဲ သလား။စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ စွမ်းအင်ပေါ်လစီတွေ လုပ်ရဲသလား ဆိုတဲ့ အပေါ်မှာလည်းအများကြီး မူတည်တယ်။ ပြောမယ်ဆိုရင် အခြား နည်းလမ်းတွေနဲ့ စွမ်းအင်ပေါ်လစီတွေ၊ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုပေါ်လစီတွေ၊ သယံဇာတပေါ်လစီတွေ အများကြီး ဖြေရှင်းလို့ရတယ်။ တရုတ်နိုင်ငံက ထိုင်ဆိုထိုင်၊ ထဆိုထ လုပ်ရမယ့်၊ တရုတ်ရဲ့ကျေးကျွန် ဖြစ်သွားမယ့်အလုပ်လောက် စဉ်းစားရခက်မယ်လို့ မထင်ဘူး။ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် အခြားနည်းလမ်းနဲ့ ဖြေရှင်းလို့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။ နိုင်ငံတော် အကြီးအကဲ တွေကို ဘာသတင်းစကားများ ပါးချင်ပါသလဲ။

USG – နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ ပြည်သူလူထုရဲ့ သဘော ထားဆန္ဒ ဆုံးဖြတ်ချက် မပါတဲ့ စီမံကိန်း မှန်သမျှ အားလုံးကို ဖျက်သိမ်းပြီး တော့မှ ပြည်သူလူထုနဲ့ လက်တွဲပြီး ပြည်သူ လူထု အတွက်၊ ကိုယ့်တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့နဲ့ လူထုကို ကာကွယ် စောင့်ရှောက်ဖို့၊ အနာ ဂတ်အတွက်၊ မျိုးဆက်သစ်တွေအတွက် ထည့်သွင်း စဉ်းစားပေးပါလို့ ပြောချင်ပါတယ်။ ဒီမြစ်ဆုံ ရေကာတာကြီး မရပ်မချင်း၊ တစ်နိုင်ငံလုံး၊ တစ်ပြည်နယ်လုံးက လူထုနဲ့ ချိတ်ဆက်ပြီး ကန့်ကွက် သွားပါမယ်။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,