တိုင်းပြည်မှာ မတည်ငြိမ်မှု၊ ဆူပူအုံကြွမှုတွေဖြစ်လာအောင် လုပ်နေတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

‘တပ်က အိမ်စောင့်အစိုးရ ဖွဲ့ပြီးသွားပြီးလို’့ ဆိုတဲ့ သတင်းအမှားတွေ အပြင် ရွေးကောက်ပွဲ ကာလအလွန်မှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား တွေကို ပုံစံအမျိုးမျိုးနဲ့ ဖေ့စ်ဘွတ်ပလက်ဖောင်းကို အခြေပြုပြီး အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် ဝါဒဖြန့် လှုံဆော် ဖြန့်ချိနေတာ တွေ့နေရပါတယ်။ အခုလို သတင်းအမှားတွေ နဲ့ လှုံ့ဆော် ဝါဒဖြန့် ရေးသားမှုတွေနဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်အချို့ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်ထားပါတယ်။

ပြည်သူလူထုက အဆုံးအဖြတ်ပေးထားတာတစ်ခုကို ဘယ်လိုလုပ် ဆန်တက်လို့ လွယ်မလဲဗျာ။ ဆန်တက်မယ်ဆိုရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးမှာပဲလေ။ ဒီသတင်းအမှားတွေနဲ့ လုပ်ကြံတဲ့သူတွေက …

ဦးမြအေး
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု

ကျနော်ကတော့ သိပ်အလေးမထားဘူး။ဖွချင်တဲ့သူက လျောက်ဖွနေတာ။ ဒါက တပ်ရဲ့သဘောထားလည်း မဟုတ်လောက်ဘူးလို့ ယူဆတယ်။လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဆီလျှော်တဲ့ ကိစ္စမဟုတ်ဘူး။ သူတို့ လျောက်ဖွတဲ့သတင်းတွေကို ယုံတဲ့သူကတော့ သူ့ Level သူ့အဆင့်အတန်းကို ဖော်ပြတာပဲရှိလိမ့်မယ်။ ကျနော်အနေနဲ့စိတ်မဝင်စားဘူး။ဘာလို့လည်းဆိုတော့ သတင်းဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်စဉ်းစား ဉာဏ်နဲ့ပဲ ဆင်ခြင်ဖို့သင့်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သေချာတာ တစ်ခုက ပြည်သူလူထုက အဆုံးအဖြတ်ပေးထားတာတစ်ခုကို ဘယ်လိုလုပ် ဆန်တက်လို့ လွယ်မလဲဗျာ။ ဆန်တက်မယ်ဆိုရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးမှာပဲလေ။ ဒီသတင်းအမှားတွေနဲ့ လုပ်ကြံတဲ့သူတွေက   ပေါက်ကရတွေရေးတဲ့သူကတော့ ခုမှမဟုတ်ဘူး။ဖေ့ဘွတ်ခ်မှာ လျောက်ရေးနေကြတာ။ တချို့က တန်ဖိုးမထားဘူးပေါ့နော်။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ ရေးသားပိုင်ခွင့်ကို တန်ဖိုးမထားဘဲ အိမ်သာနံရံမှာ   စာရေးသလိုရေးနေတဲ့ လူတန်းစားပါပဲ။

အိမ်စောင့်အစိုးရ ဖွဲ့စရာအကြောင်း မရှိဘူး။ ပါစရာကို မရှိတာ။ ကျမတို့က ဒီသတင်းအမှားကိုဖြန့်တဲ့သူတွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်တယ်ဆိုတာ ကြည့်ရမှာပေါ့။ ရောက်လာတဲ့ …

 


ဂျေလှသင်
စာရေးဆရာမ

ဒါက ကျမတို့ပြည်သူတွေ စိတ်ကူးထဲမှာတောင် မရှိဘူး။ တပ်မတော်က အိမ်စောင့်အစိုးရဖွဲ့ရလိမ့်မယ်လို့။ အိမ်စောင့်အစိုးရဆိုတဲ့ သဘောတရားကိုက ဦးနုဆီကနေ ဦးနေဝင်းလက်ထဲကို ခဏအပ်လိုက်တဲ့ အခိုက်အတန့်ကို အိမ်စောင့်အစိုးရလို့ခေါ်တာ။၁၉၅၈ ကနေ ၁၉၆၀ ဖဆပလ ရွေးကောက်ပွဲမတိုင်ခင် နှစ်နှစ်ကာလလောက်ကို သမိုင်းထဲမှာတော့ ဦးနုက ဦးနေဝင်းအစိုးရကို ခဏအပ်တယ်လို့ပြောတာပါ။ အဲ့ကာလကို အိမ်စောင့်အစိုးရလို့ပြောတာ။

အိမ်စောင့်အစိုးရဆိုတာ သူဖွဲ့ချင်တိုင်းဖွဲ့လို့မှမရတာ။ ကျမတို့ သမိုင်းကို ပြန်စဉ်စားရင်ပေါ့။ အခု ၂၀၂၀ ဟာ ၁၉၅၈ နဲ့ဘာမှ သိပ်မဆိုင်တာကို။ လက်ရှိအစိုးရ ကိုယ်တိုင်က လူထုလက်ခံံထားတဲ့ တောင်ပြိုကမ်းပြို နိုင်ထားတဲ့ အစိုးရလေ။ အိမ်စောင့် အစိုးရနဲ့ ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းနဲ့ဘာမှမဆိုင်ဘူး။

တိုင်းပြည်ကောင်းရာကောင်းကြောင်း သွားဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီကို သွားဖို့ ခြေလှမ်းတွေကို တန့်သွားအောင်လို့။ ခြေလှမ်းတွေကို နောက်လှည့်ကြည့်မလားဆိုတဲ့ ပုံစံနဲ့သွေးတိုးစမ်း ဝါဒဖြန့်တဲ့ စကားလုံးလို့ ထင်တာပဲ။

အိမ်စောင့်အစိုးရဆိုတာ ကျမတို့ ပြည်သူလူထု၊ စိတ်ကူးထဲမှာမရှိဘူး။ ဖြစ်လာစရာ အကြောင်းလည်း မရှိ ဘူး။ ဒီသတင်းဟာ မှန်လာစရာ အကြောင်းကို မရှိတာ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အိမ်စောင့်အစိုးရ ဖွဲ့စရာအကြောင်း မရှိဘူး။ ပါစရာကို မရှိတာ။ ကျမတို့က ဒီသတင်းအမှားကိုဖြန့်တဲ့သူတွေဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်တယ်ဆိုတာ ကြည့်ရမှာပေါ့။ ရောက်လာတဲ့ ခဲကို ကျမတို့ လိုက်မယ့်အစား၊ ခဲက ဘယ်က ထွက်လာသလဲ ဆိုတာကြည့်ရမှာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အိမ်စောင့်အစိုးရ ဖြစ်လာလိမ့်မယ်လို့ အယုံအကြည်မရှိပါဘူး။ ဒါ သက်သက်မဲ့ ဝါဒဖြန့်တာလို့သဘောထားပါတယ်။ ပြည်သူကို သွေးတိုးစမ်းတဲ့ စကားလုံးလို့ပဲ သဘောထားပါတယ်။

အိမ်စောင့်အစိုးရဆိုတာ ကိုယ့်အိမ်ကိုတောင် လုံခြုံအောင်စောင့်ပါဦး။ ကိုယ့်ရဲ့အဖွဲ့အစည်း ကိုယ့်ရဲ့လုပ်ငန်းတွေတောင်ပြီးအောင် လုပ်ပါဦး။ ဒီလို သတင်းအမှားတွေ ဖွတာက …

မုံရွာအောင်ရှင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အတွင်းရေးမှှူး၊ ဗဟိုပြန်ကြားရေးအဖွဲ့

အိမ်စောင့်အစိုးရဆိုတာ ကိုယ့်အိမ်ကိုတောင် လုံခြုံအောင်စောင့်ပါဦး။ ကိုယ့်ရဲ့အဖွဲ့အစည်း ကိုယ့်ရဲ့လုပ်ငန်းတွေတောင်ပြီးအောင် လုပ်ပါဦး။ ဒီလို သတင်းအမှားတွေ ဖွတာက တိုင်းပြည်မှာ မတည်ငြိမ်မှု၊ ဆူပူအုံကြွမှုတွေဖြစ်တော့မယ်ဟာမျိုးတွေ အဲဒီလိုဖြစ်လာအောင် လုပ်နေတယ်လို့ပဲ ယူဆပါတယ်။

လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုပြီးဝါဒဖြန့်တာတွေ၊ သြဇာလွှမ်းမိုးတာတွေက အင်မတန်မြန်ဆန်ထိရောက်တဲ့အတွက် ဒါတွေအပေါ်အသုံးပြုလာလို့ သတင်းအမှားပင်ဖြစ်သော်လည်း …

ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

ရွေးကောက်ပွဲက နိုင်ငံရေးအရ ပြိုင်ဆိုင်မှုပြင်းထန်တယ်ပေါ့။ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို ခုနရွေးကောက်ပွဲ အကြိုကာလမှာ ရွေးကောက်ပွဲအလွန်ကာလတွေ အတွက်ပါ ကြိုတင်ပြီး လွန်လွန်ကျွံကျွံပြောခဲ့၊ ဆိုခဲ့တဲ့ ပါတီအဖွဲ့အစည်းတွေလည်းရှိခဲ့တယ်ပေါ့။

တချို့ဆို ဒီရွေးကောက်ပွဲအကြို ကာလကတည်းက ပါတီတစ်ခုရဲ့ထိပ်တန်းခေါင်းဆောင်တစ်ယောက်က ရွေးကောက်ပွဲမှာ မနိုင်လည်းအစိုးရဖွဲ့မယ်။နိုင်လည်းအစိုးရဖွဲ့မယ်လို့ပြောခဲ့တာမျိုး၊ နောက်တစ်ခါ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ ပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်နေတဲ့ သူကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ မနိုင်ရင်နိုင်တဲ့နည်းနဲ့ လုပ်မယ်လို့ပြောခဲ့တာမျိုးတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ခါ အစိုးရဖွဲ့ကြမယ့် ပါတီတွေ ဒီပါတီတွေကနေ အစိုးရလက်အောက်မှာရှိမယ့် လက်နက်ကိုင်တစ်ခုရဲ့ တပ်မတော်ရဲ့ အကြီးအကဲကို (၃၄) ပါတီက သွားရောက်တွေ့ဆုံခဲ့တာလည်း ရှိခဲ့တော့ ဒီရွေးကောက်ပွဲ အကြို ကာလကတည်းက ဒီရွေးကောက်ပွဲအလွန်အတွက် ကြိုတင်ပြင်ဆင်ပြီး အင်အားပြိုင်ခဲ့ကြတာတွေ၊ ပြည်သူလူထုအပေါ်မှာ ဝါဒရေးအရ ခုနလို့ လွှမ်းမိုးနိုင်ဖို့ကြိုးစားခဲ့တာ အင်မတန်ပြင်းထန်ခဲ့ပါတယ်။

အလာတူးပဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလမှာ ဆိုရင်လည်း ယခင် ၂၀၁၀ တို့ ၂၀၁၂ တို့၊ ၂၀၁၅ တို့တုန်းကမကြုံတွေ့တဲ့ တစ်ဘက်နဲ့တစ်ဘက်ခိုက်ရန်ဒေါ်သဖြစ်ပြီး အသက်သေဆုံးတဲ့အထိဖြစ်ပွားကြတာတွေ၊ နောက်တစ်ခါ ကိုယ်ကာယ အမူအယာကို မထိန်းသိမ်းဘဲ အင်မတန် ရုန့်ရင်း ကြမ်းတမ်းတဲ့ အပြုအမူတွေဆောင်ရွက်တာတွေအထိ ဖြစ်လာခဲ့တယ်ပေါ့။ ဖြစ်လာခဲ့တော့ အဲ့ဒါလေးတွေရဲ့ရိုက်ခိုက်မှုအပေါ်မှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လည်း ထွက်ပေါ်လာရော ရလဒ်က ခုနလို အင်အားနှစ်စုရှိတဲ့အထဲမှာ တစ်ဘက်အင်အားစုမျှော်မှန်းထားတာတဲ့ အလွန်အကျွံကိုလွဲပြီးတော့မှ နိုင်တဲ့သူက ပြတ်ပြတ်သားသားလွန်လွန်ကဲကဲ အနိုင်ရရှိသွားပြီး၊ အရှုံးရလဒ်ကို ရင်ဆိုင်လိုက်ရတဲ့ သူကလည်း မျှော်မှန်းထားတာထက်ဘယ်လိုမှ မယှဉ်နိုင်လောက်အောင် ရှုံးသွားတဲ့အခါကျ ဒီရွေးကောက်ပွဲ အလွန်ကာလမှာလည်း ရွးကောက်ပွဲရလဒ်အပေါ်မှာ လက်မခံစရာ အခြေအနေတွေ ပေါ်ပေါက်လာတာပေါ့။

အခုလည်းရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး UEC အပေါ် မကျေနပ်တာတွေ၊ နောက်တစ်ခါ ကျနော်တို့ကန့်ကွက်တာတွေ၊ ဆန္ဒထုတ်ဖော်တာတွေ၊ UEC ကို အရေးယူပေးဖို့ဆောင်ရွက်နေတာလည်း ကျနော်တို့တွေ့တာပေါ့။သို့သော် အဲ့ဆောင်ရွက်ချက်တွေ သည် ၂၀၂၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို ပြောင်းနိုင်လားဆိုတော့ မပြောင်းနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ခုနအားလုံးလက်ရှိအားဖြင့် အတည်ပြုလက်ခံထားတဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ အရကိုပဲ UEC ရဲ့ အဆုံးအဖြတ်သည် အတည်လို့ပြောတဲ့ အတွက် UEC ကနေ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို ထုတ်ပြန်ကြေညာပြီးတဲ့အတွက် ဒီရလဒ်က မပြောင်းလဲနိုင်တော့ဘူး။

မပြောင်းလဲနိုင်တဲ့ အခါကြတော့ ဒီရလဒ်အပေါ်မှာ လက်မခံနိုင်ဘူးဆိုရင် လုပ်နိုင်တာသည် ခုနပြောသလို ဒီရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဖွဲ့စည်းမှုတွေ၊ အစိုးရဖွဲ့စည်းမှုတွေကို အခက်အခဲအကျပ်အတည်းဖြစ်အောင် ဖန်တီးမှုတွေပဲ ပေါ်ပေါက်လာမှာပေါ့။ ပေါပေါက်လာဖို့ရှိတာပေါ့။ ဒါသဘာဝကျပါတယ်။သို့သော်လည်းပဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျနော်တို့က ပိုပြီးလွယ်ကူနေတာက ဒီဘက်ခေတ်မှာကျတော့ အရင်အစိုးရတွေနဲ့မတူတာကြတော့ ဒီနောက်ပိုင်း ၂၀၁၁ ရဲ့နောက်ပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုပြီးဝါဒဖြန့်တာတွေ၊ သြဇာလွှမ်းမိုးတာတွေက အင်မတန်မြန်ဆန်ထိရောက်တဲ့အတွက် ဒါတွေအပေါ်အသုံးပြုလာလို့ သတင်းအမှားပင်ဖြစ်သော်လည်း အိုင်တီနည်းပညာကိုနားမလည်တဲ့သူ၊ အိုင်တီနည်းပညာနဲ့ ဝေးကွားတဲ့သူတွေက လူမှုကွန်ရက်မှာ တက်လာသမျှကို သတင်းအမှန်လို့ ယူဆကြတာပေါ့။ ယူဆကြတဲ့အခါကြတော့ ဒါတွေက တမင်ရည်ရွယ်ပြီးတော့ ခုနလိုလက်ဆင့်ကမ်းပြီး မျှဝေလိုက်တာတွေလည်း ရှိကြတယ်။

အလုပ်တစ်ခုအနေနဲ့ထိုင်ပြိး လူထုအတွင်းကိုရောက်အောင် လုပ်နေတဲ့ ဆိုက်ဝါးပုံစံမျိုး လုပ်နေတာတွေလည်းရှိကောင်းရှိတယ်။ သို့သော်များသောအားဖြင့်ကတော့ ကိုယ့်ပါတီ၊ သူ့ပါတီဝန်းရံ ထောက်ခံသူတွေ က မိမိတို့ရဲ့နည်းပညာချို့တဲ့ တဲ့အပေါ်မှာ တက်လာသမျှသည် သတင်းအမှန်တွေလို့ထင်ပြီး မိမိနှစ်သက်တဲ့သတင်း၊ မိမိနှစ်သက်တဲ့ပါတီအပေါ် အကျိုးရှိရာရှိကြောင်း သတင်းဆိုရင် လက်ဆင့်ကမ်းမျှဝေလိုက်တယ်လို့ပဲ ယူဆတယ်။ အဲဒီမှာ လက်ဆင့်ကမ်း ပြန့်ပွားမှုတွေ ရှိလာတာပေါ့။ သို့သော်လည်း စိုးရိမ်စရာမရှိတာက လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး ပြုလာတာကြာတဲ့အခါကြတော့ အဲဒီသတင်းက မြန်ဆန်သလိုပဲ ပျက်ပြယ်သွားဖို့က အင်မတန်မြန်တယ်။ ဖေ့စ်ဘွတ်ခ်ပေါ်တက်လာသမျှ သတင်းတွေသည် သတင်းအမှန်မဟုတ်ရင် သူရဲ့သက်တမ်းဟာ အလွန်ဆုံး ၇၂ နာရီပဲ။ သုံးရက်လောက်ထက် ပိုမခံဘူး။ နောက်ထပ်သတင်းတွေက ထပ်တက်တက်လာပြီး သတင်းအတုတွေသည် သတင်းအမှန်တွေက တက်တက်လာတဲ့အတွက် လတ်တလောအနေနဲ့ ပျံ့နှံ့နေတဲ့ အချိန်မှာ စိုးရိမ်စရာဖြစ်ပေမယ့် သတင်းအမှန်တွေက ဒီပေါ်မှာပြန်တက်လာရင်တော့ သတင်းအမှားတွေ ပြန်ပျက်သွားပါလိမ့်မယ်။ သို့သော်ကျနော်တို့ ရွေးကောက်ပွဲအကြိုကာလက အခြေအနေတွေ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရလာတဲ့ရလဒ် ၊နောက်ရွေးကောက်ပွဲ အလွန်မှာ အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရှိတဲ့အခါကြတော့ ပြိုင်ဆိုင်မှုက ဒီထက်ပိုရှိနိုင်သေးတယ်။ ပြင်းထန်ဖို့အလားအလားတွေ ရှိနိုင်သေးတယ်။ သို့သော် ဘယ်လောက်ပဲ၊ ဘယ်လောက်ပဲပြင်းထန်၊ပြင်းထန်၊ ၂၀၂၀ ရွေးကောက်ပွဲကို UEC က ထုတ်ပြန်ထားတဲ့ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။အနိုင်ရတဲ့ ပါတီကလည်း လွှတ်တော်ဖွဲ့သင့်တာဖွဲ့မယ်၊ အစိုးရဖွဲ့တာလည်း ဆက်ဖွဲ့သွားမှာပဲ။သို့သော်လည်း ဒီထက် အခြေအနေက ဆိုးဝါးလာခဲ့ရင်လည်း UEC ၊ ဘာလုပ်မလဲ၊ဘာဆုံးဖြတ်မလဲ စောင့်ကြည့်ရမှာပေါ့။

ဒီဖြစ်ပေါ်လာတာက ရွေးကောက်ပွဲကိုအခြေခံပြီးဖြစ်ပေါ်လာလို့ UEC က ကိုင်တွယ်ရမှာ။ UEC ကနေ ဒီဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ဒီဖြစ်ရပ်တွေကိုဖန်တီးနေတဲ့ပါတီတွေ၊ ပါတီအဖွဲ့ဝင်တွေ၊ ပါတီတာဝန်ရှိသူတွေ ဒီလူတွေကို UEC က ဘယ်လိုကိုင်တွယ် ထိန်းကျောင်းမလဲပေါ့။နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေမှာလည်း ပါတီတွေမှာ ပါတီတွေရဲ့ခေါင်းဆောင်းတွေက ပုဒ်မ ၆ မှာ ဝန်ခံလက်မှတ်ရေးထိုးထားရမယ်ဆိုတာတွေလည်း ရှိတယ်။ အဲဒီဝန်ခံလက်မှတ်ရေးထိုးထားပါလျက်နဲ့တားမြစ်ချက်တွေကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်လည်း သုံးနှစ်အထိပါတီရဲ့ ဆောင်ရွက်ချက်တွေကို ရပ်ဆိုင်းခွင့်ရှိတယ်။

အဲဒီ သုံးနှစ်အတွင်းမှာလည်း ဒီဟာတွေ တားမြစ်တာတွေ ဆက်လုပ်မယ်ဆိုရင်လည်း ပါတီကိုဖျက်သိမ်းတဲ့အထိ အရေးယူနိုင်တယ်ဆိုတာမျိုးတွေလည်း ရှိတဲ့အတွက် ဒီထက်ပိုပြီး လွန်ကဲတဲ့ဆောင်ရွက်ချက်တွေ၊ ဒီထက်ပိုပြီးလွန်ကဲတဲ့ဆောင်ရွက်ချက်တွေ၊ ဒီထက်ပိုပြီး မတည်မငြိမ်ဖြစ်လာအောင် သတင်းအမှားတွေနဲ့ ဆောင်ရွက်လာတာမျိုးတွေရှိရင်တော့ အစိုးရကလည်း အစိုးရပိုင်းကဆောင်ရွက်သလို တစ်ကယ်တမ်း UEC က ကိုင်တွယ်ဆောင်ရွက်မှာဖြစ်လို့ UEC ဘာဆက်လုပ်မလဲ ဆိုတာလေးကိုပဲစောင့်ကြည့်ရမယ့် အနေအထားရှိတယ်လို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,