တိုင်းရင်းသားတွေကိုလက်မတွဲဘဲ သူဆက်မိုက်ဦး မှာပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MKL / ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လ

လတ်တလော ကပ်ရောရာအသွင်ဆောင်နေသည့် Covid -19 virus အခြေအနေ၊ ၎င်းကိစ္စအပေါ်မူတည်ပြီးဖြစ်လာနိုင်သည့် ကမ္ဘာ့အရေး မြန်မာ့အရေးတို့ကို ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ခုနကပြောခဲ့တဲ့ Proxy Politic နဲ့ဆက်စပ်ပြီးတစ်ခုလောက်ထပ်မေးချင်ပါတယ်။ Pro China ကြောင့် China Proxy ဖြစ်နေရလို့ Western Democracy ဘက်ကိုရဲရဲကူးပြီး Liberal Democracy လုပ်ဖို့ပြောတော့ အဲဒီလိုလုပ်ရင် Western Democracy ရဲ့ Proxy ဖြစ်မသွားနိုင်ဘူးလား။

Dr.MKL – အဲဒီမေးခွန်းကောင်းတယ်။ အဲဒါကဘာလဲဆို တော့ ဘာပဲပြောပြောနှစ်ခုမှာ တစ်ခုတော့ရွေးရမယ်။ အဲဒီတော့ ကျနော်တို့ သွားချင်တာက ဒီမိုကရေစီဖြစ်တယ်။ Communist မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာက ဒီမိုကရေစီအပေါ်မှာ လုံးဝကို နေရမယ်။ ဘက် တစ်ဖက်တည်းနေရမယ်။ ဘက်နှစ်ဖက်တော့ခွလို့မရဘူး။ ဟိုဘက်ဒီဘက်လည်း လုပ်လို့မရဘူး။ ဟိုဘက်ထဲ လည်း ခေါင်းကျွံ၊ Communist ထဲလည်းလုပ်ကျွံဆိုတာမျိုးလုပ်လို့မရဘူး။ ကျွံရင် ကျနော်တို့ရဲ့ Vision နဲ့လုံးဝလွဲတယ်။ ကျနော်တို့ Vision နဲ့တစ်ထပ်တည်း ဖြစ်ဖို့ဆိုရင် Democracy ဘက်ကိုပဲခေါင်းကိုစိုက်ထားရမှာ။ ခေါင်းစိုက်လို့ Proxy ဖြစ်မဖြစ်ဆိုတဲ့ဟာက ကိုယ့်ရဲ့ကြံ့ခိုင် မှု အပေါ်မှာမူတည်တယ်။ အဲဒီတော့ သူတို့ကစားတိုင်း ကျနော်တို့ကစားခံဖို့မလိုဘူး။ ဥပမာ ဖိလပိုင်သမ္မတ ဒူတာတေးကိုပြလို့ရတယ်။ US က ကစားလည်းသူကစားမခံဘူး။ ဘာ ကြောင့်လည်းဆို သူ့မှာ Mandate ရှိတယ်။ သူ့နိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ Mandate ရှိတယ်။ အဲဒီ Mandate ကိုကျနော် တို့ကသုံးရမှာ။ ဒါပေမယ့်ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက် ကတော့ Democracy ပဲ။ ဒါကြောင့်မို့ Democracy ဘက် မှာ လုံးလုံးရပ်တည်ရမယ်။ ဒီလိုရပ်တည်တာဟာ Proxy ဖြစ်ဖို့မဟုတ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အာဏာနိုင်ငံရေးကိုပဲလုပ်မလား၊ လူထုအကျိုးစီးပွားတည်ဆောက်မလား။ သူဘာလုပ်မလဲ။ ကျနော်ခုနကပြောတဲ့ နောက်ထပ် တစ်ဆင့် Revolution လိုသေးတယ်ဆိုတာ အဲဒါကိုပြောတာ။ နိုင်ငံရေးအရ …

အဲလိုမျိုးရပ်တည်တိုင်းသာ Proxy ဖြစ်မယ် ဆိုရင် EU ကြီးတစ်ခုလုံးဟာလည်း US ရဲ့ Proxy ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် Democracy ရဲ့ Original က EU ပဲ။ ဘာကြောင့်လဲဆိုတော့ Swiss တွေက Democracy စနစ် ကျင့်သုံးတဲ့နေရာမှာ အအောင်မြင် ဆုံးပဲ။ US ကအဲဒီလောက်မဟုတ်ဘူး။ အဲဒီဟာကလည်း ခြားနားချက်ရှိတယ်။ ဆိုတော့ ကျနော်တို့က Democracy စနစ်မှာ ရပ်တိုင်း Proxy မဖြစ်ပါဘူး။ ကိုယ့်ရဲ့ နိုင်ငံရေးစံချိန်စံညွှန်းကို ကိုယ်တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ့်ရဲ့ Mandate ကို အသုံးချ ပါလို့တိုက် တွန်းချင်တယ်။ Mandate ကိုကိုယ်ကပြည့်ပြည့်၀၀အသုံးချနိုင်မယ်၊ လမ်းကြောင်းမှန်ပေါ် တည်ဆောက် နိုင်မယ်ဆိုရင် ကျနော်တို့က ဂရုစိုက်စရာမလိုဘူး။ ဒါပေမယ့် ဘက်မှန်မယ် ဆိုရင် ကျနော်တို့ရဲ့လူသားစံချိန်စံညွှန်း၊ ကျနော်တို့ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း၊ ကျနော်တို့က ကမ္ဘာကလေးစားတဲ့အတိုင်း လိုက်နာနေထိုင်မယ်ဆိုရင် ကမ္ဘာ့ အသိုင်းအဝိုင်း ထဲမှာ ခုနက ကျနော်ပြောတဲ့ Rhythmically ရောက်သွားမှာပဲ။ အဲဒီလိုရောက်ဖို့ အရေးကြီးတယ်။ Rhythm ဖြစ်ဖို့အရေးကြီးတယ်။ အခုက Rhythm မဖြစ်တာ။ အဲဒါကိုကျနော်ပြောချင် တာ။

ငြမ်းမီဒီယာ – အခြေခံဥပဒေပြင်ဆင်တဲ့ကိစ္စဘက်ကိုတစ်ခုလောက်မေးချင်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ Formal Way နဲ့ ကြိုးစားခဲ့တာနှစ်ကြိမ်ရှိခဲ့ပြီ။ မရနိုင် မှန်းသိရက်နဲ့ ဒုတိယအကြိမ်ထပ်လုပ်တာက Informal Way နဲ့ပြင်တဲ့ နည်းလမ်းကိုသွားဖို့ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

Dr. MKL – အင်း . . ။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်ဆိုတာက လူထုကို ကျားလား၊ နွားလား ခင်းပြတာပေါ့။ အချိန် ကုန်ခံ၊ ပိုက်ဆံ ကုန် ခံပြီးခင်းပြလိုက်တယ်။ ဒါပေမယ့်အဲဒီလို ခင်းတဲ့ဇာတ်လမ်းက သတ္တိရှိရှိလုပ်ရမှာ။ ကျနော်ပြောလိုတာက ခင်းရုံခင်းပြီးတော့ လူလည်လုပ်လို့တော့မရဘူး။ အခုက လမ်းကြောင်းကတော့ခင်းလိုက်ပြီ။ နောက်တစ်ဆင့်ကိုသူက သတ္တိရှိရှိလုပ်ရမယ်။ နောက် တစ်ဆင့်ဆိုတဲ့ဟာက အခုရွေး ကောက်ပွဲကိုအရင်လုပ်လိုက်ဦးပေါ့။ ရွေးကောက်ပွဲပြီးရင် အစိုးရတစ်ခုတက်လာလိမ့်မယ်။

 နိုင်ငံရေးရည်မှန်းချက်မတူတဲ့ အုပ်စုနှစ်ခုကို ပေါင်းတာက သူပဲသေဖို့ဖြစ်လာတယ်။ သူကအဲဒါကို မသိလို့ပဲဖြစ်ဖြစ် သိသိနဲ့ဖြစ်ဖြစ် …

NLD Majority နဲ့ဖြစ်လာဦးမှာပဲ။ သူ့ချည်းပဲ အစိုးရဖွဲ့ချင်လည်းဖွဲ့လိမ့်မယ်။ မဖွဲ့ဘူးဆိုရင်လည်း သူ့ Majority နဲ့ Collation Government ဖြစ် ချင်လည်းဖြစ်လာလိမ့်မယ်။အဲဒီလို ဖြစ်တဲ့ အနေအထားမှာ NLD အနေနဲ့ သူ့ချည်းပဲ ခု ၂၀၁၅ လို အစိုးရဖွဲ့ နိုင်ရင် သူ့ အနေနဲ့ သတ္တိရှိရှိလုပ်ရမယ်။ သတ္တိရှိရှိဆိုတဲ့ဟာက ပထမအဆင့်အနေနဲ့ သူအလင်းပြပြီးပြီ၊ နောက် တစ်ဆင့်အနေနဲ့ လွှတ်တော် ထဲမှာ အဆိုတင်၊ မဲခွဲ။ အဲဒီမှာ 75 plus 1 မဟုတ်တော့ဘူး။ 50 plus 1 ပဲ။ Fifty ကျော်တာနဲ့ ကျနော်ပြောပြော နေတဲ့ Referendum ပေါ့။ ကျနော်တို့ KNC ကတောက်လျောက်ဒီကိစ္စကိုကိုင်လာတာကြာပြီ။ ၂၀၁၈ ကတည်းက။ Referendum Power ပဲ။ ဆိုတော့ Referendum Power ကို Lawအရတကယ်တမ်း ရေးဆွဲနိုင်တဲ့ အဆင့် တစ်ဆင့်ကိုလည်း တပြိုင်နက်တည်း ဖန်တီးဖို့ လိုသလို၊ ဒီဟာကို Referendum နဲ့ခွဲမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို Fifty Percent အရအဆိုတင်သွင်းပြီး သတ္တိရှိရှိသူလုပ်ရမယ်။ ပြီးတာနဲ့ အဲဒီရွေးကောက်ပွဲအနိုင်ရထားတဲ့အစိုးရက အစိုးရအနေနဲ့ဆက်လုပ်လို့မရတော့ဘူး။ သူကကြားဖြတ် အစိုးရ တည်ဆောက် ရမယ်။ သူကနှုတ်ထွက်ရမယ်။ အဲဒါတွေတော့ ရင်းရလိမ့်မယ်။ အဲဒါကိုမလုပ်နိုင်ဘဲနဲ့တော့ ထပ်မတွန်းတာကောင်းတယ်။ အဲဒါ မလုပ်နိုင် ဘူး ဆိုရင် သူကတစ်ပါတီအကျိုးစီးပွားကို ပြန်တည်ဆောက်မှာ။ အာဏာတည်ဆောက်မှာ။ အာဏာ ပါတီ နိုင်ငံရေးကို လုပ်လိမ့် မယ်။ အဲဒီတော့ NLD ကဘာလုပ်မလဲ။ အာဏာနိုင်ငံရေးကိုပဲလုပ်မလား၊လူထု အကျိုးစီးပွား တည်ဆောက်မလား။ သူဘာလုပ်မလဲ။ ကျနော်ခုနကပြောတဲ့ နောက်ထပ်တစ်ဆင့် Revolution လိုသေးတယ်ဆိုတာ အဲဒါကိုပြောတာ။ နိုင်ငံရေးအရ Revolution လုပ်ရ မှာ။ အဲဒီအဆင့်ကို လုံးဝဖြတ်ရလိမ့်မယ်။ ဆိုတော့ သူ ရင်းမလား။ အခုလို တည်ငြိမ်လိုက်၊ မတည်ငြိမ် လိုက်ဖြစ်နေတဲ့ ဟာကို သူရင်းမလား။ ဒီတိုင်းပြည်ရဲ့ အဓိကပဋိပက္ခ Origin က Constitutional Conflict ပဲ။ ဒီအခြေခံဥပဒေဆိုင်ရာ ပဋိပက္ခပဲ။ အဲဒီ ပဋိပက္ခ ဘယ်လောက်ထိကောင်းသွားမလဲ၊ ဒီမိုကရက်တစ်အရွေ့ကို ဘယ်လောက်ထိ တည်ဆောက်မလဲ။

လူထုထောက်ခံထားတာ ဒီ (၅) နှစ်က အဟောသိကံ ဖြစ်သွားတယ်။ အဲဒီတော့ နောက် ငါးနှစ်ကို သူဆုံးဖြတ်ဖို့လိုတယ်။ အခု ဒီကနေ …

ရင်းတော့ရင်းရမှာပဲ။ မရင်းဘဲ ဘာမှမရဘူး။ သတ္တိရှိရှိတော့ လုပ်သင့်ပြီလို့ကျနော်မြင်တယ်။ ဒါက NLD တစ်ခုတည်းနိုင် ရင်လုပ်ရမယ့်အချက်။ တကယ်လို့ ညွှန့်ပေါင်းဖြစ်လာခဲ့သော်၊ NLD Majority နဲ့ညွှန့်ပေါင်း၊ သူဘယ်လိုဖွဲ့မလဲပေါ့။ သူ ဘယ်လို ဖွဲ့မလဲဆိုတဲ့အပေါ်မူတည်ပြီး ကျနော်တို့က စဉ်းစားရမှာ။ ဥပမာ သူနဲ့ USDP နဲ့သော်လည်းကောင်း၊ တခြားသူ့ရဲ့ Proxy တွေနဲ့ သော်လည်းကောင်း အမျိုးမျိုးသူလှည့်လုပ်လို့ရတယ်။ တိုင်းရင်းသားလက် မတွဲဘဲ သူလုပ်ဦးမယ်။ သူဆက်မိုက်ဦးမှာပဲ။ ဒါ ခုကတည်းက ကျနော်ပြောလိုက်တာ။ တိုင်းရင်းသားလက် မတွဲမချင်းသူဟာ နည်းလမ်းမှန်ကို မရောက်ဘူး။ သူဟာ တိုင်းရင်းသား နဲ့ တွဲမိရင်တော့ ဒီတိုင်းရင်းသားအတွဲအစပ်က ခုနကကျနော်ပြောတဲ့ဟာကိုသွားမလား၊ Start to the Point ၊ ဒီအဆင့်ကိုပဲ ဆက်တိုး မလား၊ မတိုးဘဲနဲ့ တိုင်းရင်းသားတွေနဲ့တွဲပြီး အစိုးရကို ဗဟို Government မှာ၊ Cabinet ကို တည်ဆောက် မယ်၊ ပြည်နယ်တွေမှာ လည်း တည်ဆောက်မယ်။ အဲဒီနည်းနဲ့ ဖြေးဖြေးရွေ့မလား။ အဲဒီနှစ်ချက်ကို လွန်ဆွဲမှာပဲ။ တိုင်းရင်းသား ခေါင်း ဆောင်တွေလည်း ဆုံးဖြတ်ရမယ်၊ NLD လည်းဆုံးဖြတ်ရမယ်။ ဒါကရွေးကောက်ပွဲနိုင်ပြီး ဆုံးဖြတ်ရမယ့်အချက်ပေါ့။ နိုင်ပြီး တစ်နှစ် နှစ်နှစ်အတွင်းမှာ ဆုံးဖြတ်ရမှာ။ ကျနော်ကတော့ ဒီလိုပဲပြောချင်တယ်။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာကတည်းက NLD ရဲ့ တပ်မတော်နဲ့ရင်ကြားစေ့ခဲ့တဲ့ ရလဒ်က နိုင်ငံနဲ့လူထု အတွက် ဘယ်လိုအကျိုးကျေးဇူးဖြစ်ခဲ့တယ်လို့ ကောက်ချက်ချနိုင်မလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr. MKL – အမှန်ကတော့ NLD က Utopia လုပ်တာပေါ့။ Utopia ဆိုတဲ့စကားလုံးကိုကျနော်သုံးချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ကူးယဉ် All Perfect ဆိုတဲ့အခြေအနေမျိုးသူဖန်တီးတာ။ Utopia ဆိုတာ ပြီးပြည့်စုံတဲ့၊ အလွန်ကောင်းမွန်တဲ့ လောကကို ဖန်တီးဖို့စိတ်ကူးလို့ ကျနော်သုံးလိုက်တာ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ သူစိတ်ကူးယဉ်တာက မြန်မာပြည်မှာ Hard Power ကိုင်ထားတဲ့ တပ်မတော် Institution ကို NLD က Soft Power ကျင့်သုံးပြီး၊ အဲဒီနှစ်ခု ပေါင်း Smart Power တည်ဆောက်ဖို့ သူစိတ်ကူးယဉ်တာ။ Utopia ဆိုတာ အဲဒါကိုပြောတာ။ အမှန်ကတော့ ကျနော်တို့ က ဘာပဲကြည့်ကြည့် နိုင်ငံရေးအရတက်လာတဲ့၊ NLD ဆိုရင်လည်း ဒါ နိုင်ငံရေး Institution ကြီးပဲ။ သူစဉ်းစားရမှာက ကျနော်တို့ရဲ့ နိုင်ငံရေးအရရည်မှန်းချက်တွေက ဝိဝါဒ ကွဲလို့မရဘူး။ ဝိဝါဒကွဲလွဲရင် ဘယ်တော့မှပေါင်းလို့မရဘူး။ ဝိဝါဒမတူတဲ့၊ နိုင်ငံရေးရည်မှန်းချက်မတူတဲ့ အုပ်စုနှစ်ခုကို ပေါင်းတာက သူပဲသေဖို့ဖြစ်လာတယ်။ သူကအဲဒါကို မသိလို့ပဲဖြစ်ဖြစ် သိသိနဲ့ဖြစ်ဖြစ် သူနင်းတာပဲ။ Hard Power ကို သူက Smart Power အဖြစ်ပြောင်းတာ။ ပြောင်းပေမယ့် သူ့မှာပြောင်းနိုင်လောက်တဲ့ Ability မရှိဘူး။ နံပါတ်တစ် Constitutional အရသူ့မှာ Ability မရှိဘူး။ ဒါကရှင်းရှင်းလေး။ ဥပမာ အခြေခံဥပဒေအရ သူ့မှာလုပ်ပိုင်ခွင့်မရှိဘူး။ မရှိဘဲနဲ့ သူသွားပေါင်းတယ်။

သိသိနဲ့ ကိုယ်ကျိုးစီးပွားဘက်ကို ကာကွယ်ဖို့ Withdraw လုပ်နေတာမျိုးကို ဖြေလျော့စေချင်တယ်။ ဖက်ဒရယ် ဒီမိုကရေစီအရေးကို …

ပေါင်းတော့ သူပဲကွဲတယ်။ နောက် တစ်ခါ Constitutional အရပြီးရင် နိုင်ငံရေးအရပေါ့။ နိုင်ငံရေးအရလည်း အားသာချက်ကို မနင်းဘူး။ မနင်းဘဲ နဲ့ Hard Power ရှိတဲ့ တပ်မတော် Institution ရဲ့အားသာချက်တွေမှာပဲ သူကလိုက်ရောတာ။ အဲဒီတော့ ဟိုကနင်းတာချည်း သူကခံရတာ။ အဲဒီလိုမျိုးဖြစ်တာ။ ဒါပေမယ့် အဲဒီအပိုင်းမှာ သူ က Diplomatic နည်းအရ၊ သံတမန် နည်းလမ်း အရ တပ်ကိုလည်း နည်းနည်းပြန်ပြီး Lesson ပေးတာရှိတယ်။ ပြန်ပြီးပုံစံပေးတာတွေသူလုပ်တယ်။ ဥပမာ အာဏာနှစ်ခု၊ အစိုးရနှစ် ခုလိုဖြစ်နေတဲ့ အတွက်ကြောင့် သူတို့ကလုပ်ပိုင်ခွင့်မရှိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ ကမ္ဘာမှာလုပ်တယ်။ တပ်ကလည်းအဲဒါကို တောက်လျောက် ထောက်တယ်၊ သူတို့ကိုချောက်တွန်းတယ် ချောက်တွန်းတယ်ဆိုတာ အလကားမဟုတ်ဘူး။ အဲဒီတော့ ကျနော် မြင်တာက NLD လုပ်ရပ်က National Reconciliation ဆိုပြီးပါးစပ်ကပြောတယ်၊ ဒါပေမယ့် လက်တွေ့မှာ National Reconciliation မဆန်တဲ့ ဟာ ကို သူတို့ကပေါ်တင်ပြန်လုပ်တယ်။ တပ်ဘက်က Hard Power မို့မလုပ်တာက သူ့အပိုင်း၊ သူက နဂိုကတည်းက လုပ်မယ့်သူ မဟုတ်ဘူး။ လုပ်မယ့်သူမဟုတ်တဲ့ဟာကို သူက National Reconciliation ဆိုပြီး Diplomatic Way မှာ ပြန်နင်းတာ မျိုး သူ မလုပ်ရဘူး။ ဒါ Totally။ အဲဒီမှာ ကျနော့်အယူအဆအရဆိုရင် သူကတပ်ဘက်မှာ လုံး၀ Solidly လုပ်ရ မှာ။ ဒါပေမယ့် အဲဒီမှာ သူကမလုပ်ဘူး။ ကျနော့်အမြင်ပေါ့။ သူကတော့ လုပ်တယ်ပြောလိုက်၊ မလုပ်ဘူးပြောလိုက်နဲ့ နှစ်ခွလုပ် တယ်။ ဆိုတော့ သူ ပြတ်သားမှု မရှိခဲ့လို့ တိုင်းပြည်နစ်နာတယ်ဗျာ။ ကျနော်ပြောလိုတာ ဒါပဲ။ လူထုထောက်ခံထားတာ ဒီ (၅) နှစ်က အဟောသိကံ ဖြစ်သွားတယ်။ အဲဒီတော့ နောက် ငါးနှစ်ကို သူဆုံးဖြတ်ဖို့လိုတယ်။ အခု ဒီကနေ NLD CEC တွေအားလုံးကို ကျနော် Message ပေးချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီအချက်တွေကို သတိထားဆောင် ရွက်သင့်ကြောင်း ကျနော် ပြောချင်တယ်။ ဒါက တစ်ခါတလေကျ ဘေးကလူမပြောရင် မသိနိုင်တာမျိုးလည်းရှိတယ်။ ကျနော့်အမြင်က Hard Power ကို Smart Power ပြောင်းတာ NLD မပြောင်းနိုင်ဘူး။ အဲဒီအပေါ်မှာပဲမူတည်သွားတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါ။

Dr. MKL – အဓိကအနေနဲ့ ကျနော်တို့တိုင်းပြည်က ဒီ Pandemic Disease ရဲ့ Wave ထဲမှာ ရိုက်ခတ်ခံရမယ့် နောက်ဆုံးသော တိုင်းပြည်ထဲမှာပါတယ်။ အဲဒီလိုအနေအထားမှာ၊ ကျနော်တို့နိုင်ငံရေးလှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတဲ့ အနေအထားမှာ ဒီ Pandemic Effectကို ကျော်ပြီးတာနဲ့ကျနော်တို့ ပြတ်ပြတ်သားသား တည်ဆောက်ဖို့ကို ကျနော်ပြောချင်တယ်။ ကျနော့်လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအသိုင်းအဝန်းအားလုံးကို ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည် အရွေ့ရဲ့အချုပ်အခြာဟာ နိုင်ငံရေး အစုအဖွဲ့မှာပဲရှိတယ်။ တခြား ဘယ်မှာမှမရှိဘူး။ CSO မှာလည်းမရှိဘူး၊ စီးပွားရေးမှာလည်းမရှိဘူး။ စီးပွားရေးမှာရှိတယ်ဆိုတာ အလကား။ စီးပွားရေးကိုချုပ်ကိုင်တာလည်း နိုင်ငံရေးပဲ။ လူမှုရေးကို ချုပ်ကိုင်တာလည်း နိုင်ငံရေးပဲ။ ဆိုတော့ နိုင်ငံရေးကို ဦးဆောင် နေတဲ့ Institutional Life မှာရှိတဲ့ Leader အားလုံး ဒီဟာကိုပြတ်ပြတ်သားသားတည်ဆောက်ဖို့ ကျနော်ပြောလိုတယ်။ ဖက်ဒရယ် ဒီမိုကရေစီကိုအာရုံစိုက်ပါ။ ဒီလိုပဲ တပ်ကလည်း ဖက်ဒရယ်ဒီမိုကရေစီရမှ ပြေငြိမ်းမယ်ဆိုတဲ့ အဖြေကို သိထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်တယ်။ သိသိနဲ့ ကိုယ်ကျိုးစီးပွားဘက်ကို ကာကွယ်ဖို့ Withdraw လုပ်နေတာမျိုးကို ဖြေလျော့စေချင်တယ်။ ဖက်ဒရယ် ဒီမိုကရေစီအရေးကို မြန်မြန်ရွှေ့တာနဲ့ ကိုယ်ကျိုးစီးပွားကိုကာကွယ်ပြီးသားဖြစ်သွားမှာပဲ။ အခုသူတို့စိုးရိမ်ချက်က Negative ဖြစ်နေ တယ် လို့ ကျနော် ပြောချင်တယ်။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ရဲရဲရွှေ့ပါ၊ တပ်ကလည်းရွှေ့ပါ။ အကောင်းဘက် သွားလိမ့်မယ်။ ဒီလိုပဲ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကလည်း ပြတ်ပြတ်သားသား အလုပ်လုပ်ဖို့လိုတယ်။ ကျနော့်အမြင် ကတော့ ပြတ်ပြတ်သားသားမလုပ်ရင် ဒီတိုင်းပြည်ရဲ့အနေအထားက ဒီအတိုင်းပဲမျောနေမှာ။ အဲဒီတော့ ပြတ်သားတဲ့ ခေါင်းဆောင်မှု နဲ့ ပြတ်သားတဲ့ Vision ကိုတည်ဆောက်ပါလို့ပဲ ကျနော်ပြောချင်တယ်။ နှစ်ဘက်လုံးကိုပေါ့။

ငြမ်းမီဒီယာ – အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆက်စပ်ဖတ်ရှုပါရန်

ကျနော်တို့က Revolution နောက်တစ်ဆင့်လိုသေးတယ်

တစ်ကမ္ဘာလုံးက ကိုယ့်အသက်ကိုယ် လုနေရတယ်

IDP Camp တွေအတွက်သူတို့ ဘာမှလုပ်မပေးဘူး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,