တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းစေ့စပ်မှုတွေ လုပ်တဲ့သဘော မတွေ့ရဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PM/ALD/ ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်

သူတို့ရဲ့ရပိုင်ခွင့်ကို ရဖို့ပြောလာတဲ့အချိန်မှာ သူတို့ လူမျိုးစုတွေရဲ့ အစွန်းရောက်မှု၊အမြင်ကျဉ်းမြောင်းမှုဆိုတဲ့ အသုံးအနှုန်းမျိုးတွေဖြစ်လာတယ်ဗျ။ ဒီတော့ချုပ်ကိုင် ထားပြီးတော့ ခေတ်အဆက်ဆက်ကို အပေါ်စီးက …

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပြည်နယ် ၏အခြေအနေ။ အာဏာရNLD ပါတီနှင့်တိုင်းရင်းသားများ၏ ဆက်ဆံရေးအခြေအနေ စသည်တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( Arakan League For Democracy) ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ– ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပါတီမူဝါဒကို အကျဉ်းချုပ်မိတ်ဆက်ပေးပါဦး။

UMK – ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ဗျာ ရခိုင် တိုင်းရင်းသားတွေကို ကို ကိုယ်စားပြုပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ရခိုင်လူမျိုးကို ကိုယ်စားပြုတဲ့ပါတီတစ်ခုဖြစ်တယ်။ ပါတီပေါ်လာတာကတော့ ၁၉၈၈ အရေးအခင်းကနေ စပြီးတော့ ရခိုင်အမျိုးသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာ ရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ၊ရခိုင်သဟာယ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီးတော့ ၁၉၈၈ မှာ ဖွဲ့စည်းလာတဲ့ ပါတီဖြစ်တယ်။ ဒီတော့ ကျနော်တို့က တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် အဓိက က တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိဖို့၊ အဲဒီတုန်းကတော့ ပြည်ထောင်စုစစ်စစ်မူပေါ့ဗျာ။ အခုဟာကတော့ ဖက်ဒရယ်ပြည်ထောင်စု ပေါ့။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့တဲ့အခါ ရှစ်ပြည်နယ်၊ရှစ်ယူနစ်နဲ့ ဖွဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းရေးက ကျနော်တို့ရဲ့ အဓိက မူဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ALD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်း တစ်ယောက်အနေနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ဘယ်လိုမြင်သလဲ ခင်ဗျ။

UMK – လက်ရှိနိုင်ငံရေးအခင်းအကျင်းကတော့ ကျနော်တို့ မျှော်မှန်းတာနဲ့တော့ အလှမ်းကွာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၈ ကတည်းက ကျနော်တို့ မှန်းခဲ့တာက ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်လာလို့ရှိရင် ဒီနိုင်ငံဟာ ပြည်သူတွေေ ရွးချယ်ခွင့်ရတဲ့ အစိုးရပေါ်လာမယ်ဆိုရင် တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းသွားမယ်၊ တိုင်းရင်းသားတွေလည်း အခွင့်အရေးရပြီးတော့ ပြည်ထောင်စု စနစ်နဲ့ဖွံ့ဖြိုး တိုးတက် သောနိုင်ငံ တစ်ခု ဖြစ်သွား မယ် လို့ ကျနော်တို့ က အဲလိုမျှော်မှန်း ခဲ့တယ်။

ဟိုတုန်းက တိုင်းနဲ့ပြည်နယ် ၊နောက်တော့ ပြည်နယ်နဲ့တိုင်း ရှေ့နဲ့ နောက်နဲ့ ထားတာနဲ့ကို ကျနော်တို့တွေက အတော်လေး အလုပ်ရှုပ် နေတယ်။ အခုတစ်ခါ …

ဒါပေမယ့် အခုအခါ ပြည်သူရွေးချယ်တဲ့ အစိုးရက အစိုးရ နှစ်ဆက် ရှိလာပြီပေါ့ဗျာ။ ပထမ ငါးနှစ်တုန်းက အဲဒါက ဘာပဲဖြစ်ဖြစ် အသွင်အပြောင်း အကူးအစိုးရလို့ ပြောလို့ ရှိရင် အခုဟာကတော့ ပြည်သူဆန္ဒမဲနဲ့ တကယ်ကို ဒီမိုကရက်တစ် အစိုးရကို ကျနော်တို့ ပိုင်ဆိုင်ထားပြီ။ ဒါပေမယ့် ကျနော်တို့ မူလက မျှော်မှန်းခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အခုကျနော်တို့ သွားနေတဲ့ အခါမှာ အဓိက ပြင်ဆင်ရမှာဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကျနော်တို့ ဘာမှ တို့ထိလို့မရဘူး။ သူတို့ပြင်နေတယ် ဆိုတဲ့ ဟာက လည်း သာမာန် အပဟိက လောက်ပဲဖြစ်တယ်။ တကယ့် တကယ် တိုင်းရင်းသားတွေ လိုလားတဲ့ ဒီပြည်ထောင်စု၊ တိုင်းရင်းသားတွေ လိုလားတဲ့ ပြင်ဆင်ချက် တွေ ကျနော်တို့ မတွေ့ရသလောက်ပဲ။ ကျနော်တို့ အားရမှု မရှိဘူး။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေမှာ အစိုးရအနေနဲ့ လုပ်သာကိုင်သာမရှိတာ ဖွဲ့စည်းပုံကြောင့်လို့ ပြောသူရှိသလို၊အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ပဲဆိုင်တယ်လို့ ပြောဆိုကြတာ ရှိပါတယ်။ ဦးမျိုးကျော် ကရော ဘယ်လိုမြင်လဲဗျ။

UMK – နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အခုကျနော်တို့ ၂၀၁၅ အနိုင်ရလာတဲ့ အစိုးရအနေနဲ့ အာဏာ အပြောင်းအလဲ တက်တဲ့ကာလဆိုရင် ကျနော်တို့နိုင်ငံရဲ့ အနေအထားက ပုံစံလေးတစ်မျိုးပေါ့ဗျာ။ ဘယ်လောက်ထိ ပြတ်ပြတ် သားသားကိုင်နိုင်မလဲ။ သူတို့ရွေးကောက်ပွဲ ဝင်မယ်ဆိုတုန်းက သူတို့ပြောထားတဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ လည်း ရှိတယ်လေ။ အဲဒီ အချိန်တုန်းက ကျနော်တို့ ၂၀၁၆ နှစ်စပိုင်း၊ နှစ်လယ်ပိုင်းမှာ နိုင်ငံမှာ ယန္တရားတွေ၊ လုပ်ရကိုင်ရ တာတွေမှာ ပြည်သူတစ်ယောက် အနေနဲ့ဆို အတော်လေး အဆင်ပြေတဲ့ကာလလို့ ကျနော်မြင်မိတယ်။

အဲဒီတုန်းက သူတို့ အပြတ်အသတ်နိုင်တယ်ဗျာ။ ဘယ် တိုင်းရင်းသားမှ အကူအညီခေါ်စရာမလိုဘူး။မလိုဘူးဆိုတဲ့ အတွေးလေး တစ်ခု အဲဒီဟာလေး ဝင်သွား …

ဘာဖြစ်လို့လဲဆိုတော့ အရှိန်အဝါလေးလည်း ရှိနေတာကိုးဗျ။ ဒါပေမယ့် တကယ့်တကယ် အစိုးရအဖွဲ့အစည်းတွေလည်း ဖွဲ့စည်း လာတယ်။ သွားတဲ့ အခါမှာ အစကတော့ ဟုတ်သလိုလိုပေါ့ဗျာ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ မူလရှိနေတဲ့ အစိုးရ၊ခေတ် အဆက်ဆက် Run နေတဲ့ ယန္တာရားကြီးတွေအတိုင်းပဲ အခု တက်လာတဲ့ ရွေးချယ်ခံရတဲ့ အစိုးရ လည်း အဲဒီယန္တရားအတိုင်းပဲ လည်ပတ်သွားတယ်လို့ ကျနော်တို့ က မြင်ရတယ်။ အဲဒီမှာ နံပါတ် တစ် မလုပ်နိုင်ခဲ့တဲ့ဟာကတော့ သူတို့ပြောခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ဒီနေရာမှာ လက်ညိုးထိုးစရာဆိုလို့ အစိုးရ နှစ်ရပ်ဖြစ်နေတယ်ဆိုတဲ့ ဟာမျိုး မီဒီယာတွေမှာ ကျနော်တို့လည်း အများကြီးပြောခဲ့ ဖူးပါတယ်။ အစိုးရ နှစ်ရပ် ဖြစ်နေတယ်ဆိုတဲ့ ဟာမျိုးကလည်း စကတည်းက ပြတ်ပြတ်သားမလုပ်ခဲ့တဲ့ ပြဿနာ၊ အဲဒီဟာက ပိုပြီးထင်ရှား လာတာတွေ့ရတယ်။ ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲပေါ့။ ဒါပေမယ့် ဖွဲ့စည်းပုံထဲမှာလည်း တကယ့် တကယ် လုပ်လို့ရနိုင်တဲ့ ဟာမျိုး ။ဘာခေါ်မလဲဆိုတော့ အခုဟာက Landslide နိုင်ပြီး လွှတ်တော်ထဲမှာ အများစုဖြစ်ပြီး ဒီအတွက် နည်းလမ်းရှာလို့ရနိုင်တာ တွေလည်း အများကြီး ရှိပါတယ်။ အခု ၂၀၂၀ အတွင်း ဝင်လာတဲ့အခါမျိုးမှ ဒီဖွဲ့စည်းပုံကို ပြန်ပြီး ကိုင်တာမျိုး ကျတော့ အများကြီး နောက်ကျသွားပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီက နေ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တချို့လည်း နုတ်ထွက်ခဲ့တာမျိုး တွေ့ရ တယ်။ တိုင်းရင်းသားတွေဘက်ကလည်း NLD ဟာ တိုင်းရင်းသား တွေနဲ့ ဝေးကွာလာပြီဆိုတဲ့သဘော ပြောဆိုလာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ရှိပါတယ်။ တိုင်းရင်းသား တွေနဲ့ ပတ်သက်ရင် NLD ရဲ့သဘောထားက ဘယ်အချိန် လောက်က စပြောင်းတာလဲ ခင်ဗျ။ဘာကြောင့် ပြောင်းလဲ သွားတယ်လို့ထင်လဲခင်ဗျ။

UMK – ဘယ်လောက် လောက်က စပြောင်းသလဲဆိုတော့ ကျနော်ထင်တယ် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ထွက်ကတည်းက ပြောင်းတယ်လို့ ပဲပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက သူတို့ အပြတ်အသတ်နိုင်တယ်ဗျာ။ ဘယ် တိုင်းရင်းသားမှ အကူအညီခေါ်စရာမလိုဘူး။မလိုဘူးဆိုတဲ့ အတွေးလေး တစ်ခု အဲဒီဟာလေး ဝင်သွားပါလိမ့်မယ်။ဒါက ပြတ်ပြတ်သားသား နိုင်တဲ့ အတွက်ပေါ့။ နောက်တစ်ခုက တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းစေ့စပ်မှုတွေ လုပ်တဲ့သဘော မတွေ့ရဘူး။အဲဒီလို ညှိနှိုင်းစေ့စပ်တာ မဟုတ်ဘဲနဲ့ ငါတို့ဒါပေးမယ် မင်းတို့ယူမလား။ မင်းတို့ကို ငါဒါပဲပေးမယ်။မင်းတို့ဒီအထဲက ဝင်လာခဲ့ဆိုတဲ့ဟာ မျိုး သဘော သဘာဝကို ကျနော်တို့တွေ့ရတယ်။ခံစားမိတယ်။ ဆိုတော့ အဲဒီဟာကိုယ်တိုင်က နှစ်ပေါင်းများစွာပေါ့ဗျာ ကျနော်တို့ ရင်ချင်းအပ်၊ကျောချင်း ကပ်ပြီးတော့ ရဲဘော်ရဲဘက်တွေကို ပြုသွားတယ်လို့ မြင်ရ တယ်။ဒီဟာကြီးက ကျနော်တို့အတွက်တော့ ခံစားရတာ မကောင်းပါဘူး။

ငြမ်းမီဒီယာ– တိုင်းရင်းသားတွေခံစားမှုထဲမှာ ဗမာနိုက်ဇေးရှင်း လုပ်နေ တယ်ပေါ့။ဗမာကြီးစိုးရေးဝါဒ လုပ်နေတယ် ပေါ့။ တချို့တွေးတာကြတော့ကလည်း ဗမာတွေကလည်း တိုင်းရင်းသားပဲ။ငါတို့လည်း စနစ် တစ်ခုရဲ့အောက်မှာ ဖိနှိပ်မှု ကို ခံရတယ်။အဲလို အမြင်မျိုးလည်းတွေ့ရပါတယ်။အဲဒီတော့ ဗမာကြီးစိုးရေး ဝါဒဆိုတာ စနစ်ကြောင့်ဖြစ်တာလား။လူ ကြောင့် ဖြစ်တာလားခင်ဗျ။

UMK – အဲဒါလည်း နှစ်မျိုးလုံးဖြစ်နိုင်တယ်ဗျ။ ဗမာလည်း တိုင်းရင်းသားလူမျိုးတစ်မျိုးဆိုတာ ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင်တွေပေါ့ဗျာ ရှေးယခင်ကတည်းက ကျနော်တို့ ပါတီ စတည် ကတည်းက ရှစ်ပြည်နယ်၊ ရှစ်ယူနစ်နဲ့ သွားမယ်ဆိုတာ ဗမာလည်း ပြည်နယ်တစ်ခုယူပါဆိုတဲ့ မူလေဗျာ။ ၁၉၆၁ ရှမ်းမူပေါ့ဗျာ။ဒါလည်းဒီအတိုင်းပါပဲ။ ကျနော်တို့က အဲဒီအယူအဆရှိပါတယ်။ဗမာဆိုတာ တိုင်းရင်းသား တစ်မျိုးဆိုတာ သူတို့ထဲမှာလည်း ပြည်သူတွေက အောက်ခြေမှာ နင်းပြားတွေ အများကြီးပေါ့ဗျာ။ဒါပေမယ့် ခေတ်အဆက်ဆက်မှာ အုပ်ချုပ်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း ဗမာတွေဖြစ်တယ်ဗျာ။ ဗမာတွေ ဖြစ်ပြီးတော့ သူတို့တစ်စုပေါ့၊ သူတို့နဲ့အပေါင်းအပါးတွေကောင်းစားဖို့လုပ်တယ်။ ဒါပေမယ့် သိသာထင်ရှားတာတစ်ခုကတော့ တကယ့်တကယ် ဘာခေါ်မလဲ ဒီနိုင်ငံအတွက်သူတို့စေတနာထားပြီး လုပ်လာတယ် ဆိုတဲ့ဟာမျိုးပေါ့ဗျာ ။တချို့ပေါ့နော် ။

ကျနော်တို့ ၊ခင်ဗျားတို့ကို သင်လိုက်တဲ့စာ ၊အတန်းစာ မှာ သမိုင်းတွေ က အလိမ်အညာတွေ သင်ထားတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ရှမ်းသမိုင်းမှလဲ မသင်ဘူး။ ဘယ် ရခိုင်သမိုင်းမှ လဲ …

အဲဒါတွေဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားနယ်မြေတွေကျတော့ အဲဒီအခွင့်အရေးတွေ ပါးပါးလေးတောင်မရဘဲနဲ့ ဒီဖက် ဗမာပြည်ဆိုတဲ့ တိုင်းဒေသကြီး တွေမှာပဲ အဲဒီအခွင့်အရေးတွေဟာ တိုင်းရင်းသားနယ်မြေတွေ ထက်စာရင် ပိုပိုသာသာလေး ဖြစ်နေတယ်။ဒီဟာက အခြား တိုင်းရင်းသားတွေနဲ့ ဗမာနဲ့ ခွဲခြားထားတယ်ဆိုတဲ့အမြင်မျိုး ၊စိတ်ခံစားချက်ကို ဒီတိုင်းရင်းသားတွေမှာ ရတယ်။ဒီဟာက အုပ်ချုပ်သူ အဆက်ဆက် ဗမာအစိုးရအဆက်ဆက်လုပ်လာတဲ့ ကျင့်သုံးသွားတဲ့ မူအနေနဲ့မြင်တယ်။ဒီအပေါ်မှာပဲ တိုင်းရင်းသား တွေ ကနေပြီးတော့ ကျဉ်းမြောင်းတဲ့အမြင်ရှိတယ်ဆိုတော့ အုပ်ချုပ်တဲ့သူ တနည်းအားဖြင့် ဗမာတွေက တိုင်းရင်းသား တွေ အမြင်ကျဉ်းမြောင်းအောင် အမြင်ကျယ်ကျယ်နဲ့ တမင်များ လုပ်ထားသလား ဆိုတာ မေးခွန်းတွေမေးရမလိုဖြစ်နေတယ်။ ဒါပေမယ့် လည်း ကျနော်တို့လည်းခံစားပါတယ် သူတို့တွေမှာလည်း ဒုက္ခရောက်နေတဲ့သူတွေအများကြီး ရှိတယ်။ဒါပေမယ့် ဗမာကလည်း တိုင်းရင်းသား ဆိုတာ ကျနော်တို့က အဲလို လက်ခံပါတယ်။

ငြမ်းမီဒီယာ – တချို့နေရာတွေမှာ လူမျိုးစု၊လူမျိုးတစ်မျိုးရဲ့ အမှတ် လက္ခဏာတွေကို အခြေခံပြီး နိုင်ငံရေးအရ၊ တော်လှန်ရေး အရ လှုံ့ဆော်ခဲ့တဲ့ နေရာမှာ လူမျိုးရေး မုန်တီးမှုကိုအခြေခံတဲ့ လှုံ့ဆော်မှုတွေလည်း ရှိတတ်၊ ဖြစ်ခဲ့တာမျိုးတွေက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့လမ်း၊ငြိမ်းချမ်းရေးကိုသွားတဲ့လမ်းမှာ အနာဂတ်မျိုးဆက်အတွက် ၊နောင် မျိုးဆက်တွေအပေါ် ဘာတွေ သက်ရောက်မှုရှိနိုင်မလဲ ခင်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMK – အဲဒါကျတော့ ဒီလိုဗျ။ကျနော်တို့နိုင်ငံရဲ့ ဖြစ်တည်မှုက တိုင်းရင်းသား လူမျိုးတွေနဲ့ စုထားတဲ့ ပြည်ထောင်စု ဖြစ်တယ်ဗျ။ တနည်းအားဖြင့်ပြောရရင်ဗျာ ပြည်ထောင်တွေကို စုတဲ့ ပြည်ထောင်စုဖြစ်တယ်ဗျာ။ ဟိုတုန်းကပြောမယ်ဆိုရင် ပြည်နယ်ပေါင်းစု ပြည်ထောင်စုလို့ ပြောရမယ်။ အခုက ကျနော်တို့ နိုင်ငံဖြစ်နေတဲ့ ဟာက ပြည်နယ်နဲ့တိုင်းကိုပေါင်းမှ ပြည်ထောင်စုဖြစ်တယ်။ တိုင်းဆိုတဲ့ဟာမျိုးကို ဘယ်လို အဓိပ္ပာယ် သတ်မှတ်မလဲဆိုတာ မသိခဲ့ရဘူးဗျ။ဟိုတုန်းက တိုင်းနဲ့ပြည်နယ် ၊နောက်တော့ ပြည်နယ်နဲ့တိုင်း ရှေ့နဲ့ နောက်နဲ့ ထားတာနဲ့ကို ကျနော်တို့တွေက အတော်လေးအလုပ်ရှုပ် နေတယ်။ အခုတစ်ခါ တိုင်းဒေသကြီး လို့ ဆိုပြန်ရော။ ဒီဟာတွေက တချို့သော ဉာဏ်ကြီးရှင်တွေက တမင်များဖန်တီးသလားလို့ ကျနော်တို့ အဲလိုလည်း သုံးသပ်ပါ တယ်။ ဒီတော့ ဒီမှာ သူ့တိုင်းရင်းသား လူမျိုးတွေက ဒီပြည်ထောင်စုမတိုင်ခင်ကတည်းက ဒီတိုင်းရင်းသား လူမျိုးတွေဟာ ဒီဒေသ၊ ဒီနေရာ၊ဒီလူမျိုး၊ဒီနာမည်နဲ့ သူတို့ ဖြစ်တည်နေခဲ့တာလေ။နဂိုကတည်းက ရှိနေတဲ့ ဟာမျိုးပါ။သူတို့မှာ သူတို့ရဲ့အခွင့်အရေး ရှိတယ်။သူတို့ရဲ့ ရပိုင်ခွင့်ရှိတယ်။ ပင်လုံ စာချုပ်လက်မှတ်ထိုးပြီး လွတ်လပ်ရေး ယူလိုက်တဲ့အခါမှ သူတို့ရဲ့အခွင့်အရေး ရပိုင်ခွင့် တွေ ပျောက်သွားတာ။ဒီဟာကို ချုပ်နှောင်ထား တယ် ဆိုကတည်းက အတော်လေး လွဲနေပြီ။ အဲဒီတော့ သူတို့ရဲ့ရပိုင်ခွင့်ကို ရဖို့ပြောလာတဲ့အချိန်မှာ သူတို့ လူမျိုးစုတွေရဲ့ အစွန်းရောက်မှု၊အမြင်ကျဉ်းမြောင်းမှုဆိုတဲ့ အသုံးအနှုန်းမျိုးတွေဖြစ်လာတယ်ဗျ။ ဒီတော့ချုပ်ကိုင် ထားပြီးတော့ ခေတ်အဆက်ဆက်ကို အပေါ်စီးက သူတို့ရဲ့ နိုင်ငံတော်လိုလို၊ ဒီနိုင်ငံထဲမှာ ခေတ်အဆက်ဆက် သူတို့ အုပ်ချုပ်မှုအောက်မှာ ပဲ နေသလိုလိုဆိုတဲ့ အမြင်မျိုးတွေကျတော့ ဒါတွေက ကျနော်တို့နိုင်ငံ မှာ အများကြီး လွဲသွားပြီ။နောက်တစ်ခု ကျနော်တို့ ၊ခင်ဗျားတို့ကို သင်လိုက်တဲ့စာ ၊အတန်းစာ မှာ သမိုင်းတွေ က အလိမ်အညာတွေ သင်ထားတာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ရှမ်းသမိုင်းမှလဲ မသင်ဘူး။ ဘယ် ရခိုင်သမိုင်းမှ လဲ မသင်ဘူး။မွန် သမိုင်းကိုလဲ သင်တာမရှိဘဲနဲ့ ကျနော်တို့က ပုဂံမင်းဆက်၊ကုန်းဘောင် မင်းဆက် ဆိုပြီး ဒါတွေ ရာဇဝင်တွေ သင်လာပြီးကြီးလာရတယ်။ဒါကိုက အတော်လေး လွဲမှားတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,