တိုင်းရင်းသားအချင်းချင်း ကြား ဖိနှိပ်မှုက ဆိုးရွားလာတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LNDP /လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဌ ဦးရွှေမင်း

တချို့ကကျတော့ မိမိကိုယ်မိမိလူမျိုးကြီးမဖြစ်နိုင်တော့ ကျဉ်းမြောင်း တဲ့ လူမျိုးရေးဝါဒပေါ့ဗျာ။ တချို့လူတွေအဖွဲ့အစည်းတွေက လူမျိုးကြီးဝါဒကိုဆန့်ကျင်တယ်ဆိုပေမယ့် ကိုယ် ကိုယ်၌က လူမျိုးကြီးဝါဒကိုအားပေး …

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၂၉) နေရာဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်အခြေ စိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဌ ဦးရွှေမင်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ရဲ့ ပါတီသမိုင်းနဲ့ ပါတီရဲ့မူဝါဒကိုပြောပြပါဦး။

USM – ပါတီသမိုင်းကတော့ ၂၀၁၃ ခုနှစ်ကစပြီးကျနော်တို့ပါတီကို စတည်ထောင်လာခဲ့တာပေါ့ဗျာ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ကျတယ်။ အဲဒီနောက်ပိုင်း ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈ ) ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီက မြန်မာနိုင်ငံတစ်ဝန်း (၂၈) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ (၅) နေရာ အနိုင်ရခဲ့တယ်။

မြန်မာနိုင်ငံရဲ့ပါတီ ကိုးဆယ်ကျော်အနက်က အဆင့်ရှစ်နေရာကိုရတယ်။ ကျနော်တို့ပါတီရုံးချုပ် ကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အမှတ် (၁၈/၁၃) မှာတည်ရှိပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ (၂၉) နေရာဝင်ရောက်ယှဉ်ပြိုင်မယ်။ ကချင်ပြည်နယ်က (၂၃) နေရာဝင်ရောက်ယှဉ်ပြိုင်သွားမယ်။

ပါတီရဲ့အခြေခံမူဝါဒကို အကျဉ်းချုပ်ပြောရရင် လီဆူအမျိုးသားများကို အခြေခံပြီး ပြည်သူတစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မယ်ဆိုတာပဲဖြစ်တယ်။

အာဏာရပါတီက အစိုးရလုပ်ငန်းနဲ့အတူ တွဲလုပ်လို့ရတဲ့ စည်းရုံးရေးအပိုင်းတွေအများကြီးရှိတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့သွားပြီးတော့ စည်းရုံးရေးသဘောမျိုးဆောင်ရွက်တာတွေက …

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုရော ဘယ်လိုမျှော်လင့်ထားပါသလဲ။

USM – ၂၀၂၀ ရွေးကောက်ပွဲ ကို ကျနော် မျှော်လင့်ထားတာက အောင်နိုင်မှုအခြေအနေ အနည်းဆုံး (၇၀) ရာခိုင်နှုန်းရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံလည်းရှိထားတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုကို ဘယ်လိုသုံးသပ်မိသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USM – လွတ်လပ်မျှတမှုကတော့ တော်တော်လေးကို အားနည်းနေတယ်လို့ ဆိုပါရစေ။ လုံးဝမရှိဘူးလို့ ပြောတာမျိုးမဟုတ်ဘူး။ တော်တော်လေးအားနည်းတယ်။ လွတ်လပ်မှုကတော့ မရှိဘူးပေါ့ဗျာ။ ဘာလို့မရှိ ဘူးလည်းဆိုတော့ COVID -19 ကာလရဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ ကျနော်တို့ထိန်းချုပ်ခံထားရသလို ဖြစ်နေတယ်။

နောက် မျှတမှုလည်း ထိုနည်းလည်းကောင်းပဲ။ မျှတမှုအပိုင်းမှာလည်း အာဏာရပါတီက အစိုးရလုပ်ငန်းနဲ့အတူ တွဲလုပ်လို့ရတဲ့ စည်းရုံးရေးအပိုင်းတွေအများကြီးရှိတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့သွားပြီးတော့ စည်းရုံးရေးသဘောမျိုးဆောင်ရွက်တာတွေကတော့ သိပ်ပြီးတော့ မဖြစ်သင့်တဲ့ သဘောမို့လို့ မျှတမှုကလည်းမရှိဘူးလို့ ကျနော်တို့သုံးသပ်ရမှာပဲ။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေမှာအများဆုံးကြားရလေ့ရှိတဲ့ မှတ်ပုံတင်ကိစ္စ၊ မဲစာရင်းကိစ္စတွေရော ကချင် ပြည်နယ်မှာ ဘယ်လိုအခြေအနေရှိပါသလဲ။

USM – မှတ်ပုံတင်ကိစ္စက တစ်ယောက်ပြောရင် တစ်မျိုးဖြစ်နေတယ်။ တချို့ကလည်း မှတ်ပုံတင်ရှိမှမဲထည့်ခွင့်ရှိ တယ်လို့ပြောသလို၊ UEC ကိုမေးတော့လည်း ပုံစံ (၆၆) အိမ်ထောင်စုစာရင်းရှိရင်ထည့်လို့ရတယ်ပြောတယ်။

ပထမအကြိမ် မဲစာရင်းကပ်တုံးက တစ်အိမ်လုံးပျောက်နေတာတွေ၊ အိမ်ထောင်စုလိုက်ပျောက်နေတာတွေ ရှိ တယ်။ အခုဒုတိယအကြိမ်ကတော့ မကောက်သေးဘူး။ အဲဒါကိုပြန်ပြီးစောင့်ကြည့်ရမယ့်အနေအထားရှိပါတယ်။

ငြမ်းမီဒီယာ – Online ကမဲဆွယ်စည်းရုံးမှုကို ကန့်ကွက်သွားမယ်လို့ ဦးရွှေမင်းပြောထားဖူးတာသတိပြုမိပါ တယ်။ အဲဒါဘယ်လိုအကြောင်းကြောင့်ဆိုတာပြောပြနိုင်မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USM – ဟုတ်ကဲ့။ ကျနော်ပြောတာကို ပြန်ရေးသားကြတဲ့နေရာမှာ နည်းနည်းလိုသွားတာတွေရှိတယ်။ ကျနော်ပြောတာက Online မဲဆွယ်စည်းရုံးခြင်းကို ကန့်ကွက်မယ်လို့ပြောတာမဟုတ်ပါဘူး။ မဲဆွယ် စည်းရုံးဖြင်းကို Online ကသာ လုပ်လုပ်ကြဖို့ ခွင့်ပြုခဲ့မယ်ဆိုရင်၊ COVID ကာလမှာ Online ကပဲလုပ်ရမယ်၊ တခြားသောမြေပြင် မဲဆွယ်စည်းရုံးခွင့်ကို မလုပ်ရဘူးဆိုရင် ကန့်ကွက်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Online ကမဲဆွယ်တာကတော့ ရှိနေကြမှာပဲလေ။ ဒါကိုကန့်ကွက်တာမဟုတ်ပါဘူး။ တချို့က အင်တာဗျူး တွေမှာမေးကြတာရှိတယ်။ “COVID အခြေအနေကြောင့် အကယ်၍များ မြေပြင်မှာမဲဆွယ်စည်းရုံးခွင့်မရခဲ့ဘဲ၊ Online ကနေပဲမဲဆွယ်ရမယ်ဆို ဘယ်လိုဖြစ်မလဲ” ဆိုပြီးမေးကြတယ်။ အဲဒီမှာ ကျနော်က အဲဒီလိုဆိုရင် မျှတမှုမရှိတဲ့ မဲဆွယ်ခွင့်ဖြစ်လို့ ကန့်ကွက်မယ်လို့ ကျနော်ပြောခဲ့တာပါ။

ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ကျနော်တို့ရဲ့ အခြေခံမဲဆန္ဒနယ်တွေက တောင်တန်းဒေသတွေ၊ တောင်ပေါ်ဒေသတွေဖြစ်တယ်။ ဒီဒေသတွေ မှာ Online မီဒီယာတွေနဲ့ချိတ်ဆက်ဖို့အသာထား၊ ဖုန်းလိုင်းတောင်မရပါဘူး။ လမ်းပန်းဆက်သွယ်ရေးဆိုရင် လည်း ကျနော်တို့ ခေါင်လံဖူးဒေသဆိုရင် ကားလမ်းလည်းမရှိဘူး၊ ဆိုင်ကယ်လမ်းလည်းမရှိဘူး။ လမ်းလျှောက် သွားရတဲ့ဒေသတွေဖြစ်တယ်။

အခြေခံဥပဒေပြင်ဆင်ဖို့က ပြည်သူတွေကို ဒုက္ခပေးစရာ မလိုပါဘူး။ တပ်ချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့လိုက် ရင် ဒီကိစ္စတွေပြီးပြီ။ ဒီနှစ်ဦးကြားမှာ သဘောထားကြီးရင် ကြီးလိုက်ရင် …

အဲဒီတော့ ကချင်ပြည်နယ်မှာ ကျနော်တို့ပြိုင်မယ့် (၈) မြို့နယ်မှာ (၂) မြို့နယ်က တော့ Online သုံးစွဲလို့ရတယ်။ ကျန်တဲ့ (၆) မြို့နယ်မှာတော့ ဖုန်းလိုင်းတောင် လုံးဝမရတဲ့နေရာတွေ ရှိတာ ကြောင့် ကျနော်လာမေးတဲ့သူကို အဲဒီလိုဖြေခဲ့တာဖြစ်တယ်။ Online တစ်ခုတည်းနဲ့ မဲဆွယ်ရမယ်ဆိုရင် ကျနော်တို့ ဒါကိုကန့်ကွက်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ငြမ်းမီဒီယာ – နိုင်ငံရေးပါတီဥက္ကဌတစ်ယောက်အနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှု ကို ဘယ်လိုသုံးသပ်ရှုမြင်မိပါသလဲ။

USM – အဓိကတော့ အမိန့်ညွှန်ကြားချက်တွေထုတ်တယ်ဆိုရင် တွက်ချက်ပြီးမှထုတ်ရမယ်။ ဥပမာ ကျနော်တို့ က လူငါးဦးထက်ပိုမစုကနေ၊ နောက် (၁၅) ဦး၊ နောက် (၃၀)၊ နောက် (၅၀) အထိဖြေလျော့ပေးလာတယ်။ (၅၀) အထိကိုဖြေလျော့ပေးတယ်၊ ပြီးရင် Social Distancing ကို (၆) ပေလို့ပြောတယ်။ အဲဒီမှာ တွက်ကြည့် လိုက်ရင် ပေ (၃၀၀) ပတ်လည် အခန်းမျိုး ကျနော်တို့ ဘယ်မှာမှ မရနိုင်ပါဘူး။

ကျနော်တို့နယ်မှာမပြောနဲ့ နေပြည်တော်မှာတောင် ရနိုင်ဖို့မလွယ်ပါဘူး။ အဲဒီလိုအခန်းမျိုးရှာပြီး မဲဆွယ်စည်းရုံးရေးလုပ်ဖို့ဆိုတာ တော်တော်ခက် ပါတယ်။ အဲဒီတော့ ကျနော်တို့က ကျနော်တို့နယ်တွေမှာအများဆုံးရှိတဲ့ အသင်းတော်များရဲ့ ဟောခန်းတွေကို ငှားရမ်းအသုံးပြုရတယ်။ အဲဒီအချိန်မှာ တချို့နေရာတွေမှာ ဒီဟာတွေကိုခွင့်မပြုဘူးလေ။

ဒီလိုခွင့်မပြုတော့ ကျနော်တို့မှာ လူ (၅၀) ဝန်းကျင်စုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့က နိုင်ငံတော် အဆောက်အဦတွေရှိတယ်။ အခမ်းအနားတွေလုပ်ရင်းနဲ့တစ်ပါတည်း ကျွဲကူးရေပါသဘောမျိုး စည်းရုံးသွားနိုင် တာရှိတယ်။ ကျနော်တို့ကျတော့ အဲဒီလိုတွေမလုပ်နိုင်တော့ မျှတမှုဆိုတာမရှိဘူးလို့ ကျနော်ဒီအတိုင်းပဲသုံး သပ်တယ်။

ငြမ်းမီဒီယာ – လက်ရှိအစိုးရရဲ့ အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှု မအောင်မြင်ရတာ ဘာကြောင့်လို့ ပြောနိုင် မလဲ။

USM – အဓိကတော့ သဘောထားကြီးမှုနဲ့ သူတို့ရဲ့ဦးတည်ချက်က တူညီဖို့လိုပါတယ်။ တကယ်ပဲ အခြေခံ ဥပဒေကိုပြင်ဆင်ချင်တာလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးတာလားဆိုတဲ့ အချက်နှစ်ချက်က အဓိကဖြစ်ပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ ဒါက မဲဆွယ်စည်းရုံးတဲ့သဘောလို့ပဲ မြင်ပါတယ်။ အခြေခံဥပဒေကိုပြင်ဆင်ချင်တယ်လို့မမြင်ပါဘူး။

အရပ်စကားနဲ့ပြောရရင် အခြေခံဥပဒေပြင်ဆင်ဖို့က ပြည်သူတွေကို ဒုက္ခပေးစရာ မလိုပါဘူး။ တပ်ချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့လိုက် ရင် ဒီကိစ္စတွေပြီးပြီ။ ဒီနှစ်ဦးကြားမှာ သဘောထားကြီးရင် ကြီးလိုက်ရင် ဒီကနေ့ပြည်သူတွေ အသည်းအသန်ကြီး ပင်ပန်းနေစရာ မလိုဘူးလို့ ဒီလိုပဲ အရပ်စကားနဲ့ သုံးသပ်ချင်တယ်။

ငြမ်းမီဒီယာ – အရင် မ.ဆ.လအစိုးရ၊ နောက်စစ်အစိုးရ၊ ပြီးတော့ ဦးသိန်းစိန်အစိုးရ၊ အခုလက်ရှိ NLD အစိုးရ ဆိုတဲ့ အစိုးရ (၄) ခုထဲမှာ ဘယ်အစိုးရက တိုင်းရင်းသားအရေးကို အများဆုံးဆောင်ရွက်တယ်လို့ ပြောနိုင် သလဲ။

USM – အစိုးရ (၄) ဆက်လုံးကို ကျနော်တို့မီခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရော၊ တပ်မတော် အစိုးရရော၊ ဦးသိန်းစိန်အစိုးရရော၊ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရရောပေါ့။ ကျနော့် အမြင်နဲ့ ပွင့်ပွင့်လင်းလင်း သုံးသပ်ရရင် တိုင်းရင်းသားအရေးဆောင်ရွက်နိုင်မှုအားနည်းလို့ ကနေ့ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးမဖြစ်နိုင်တာ အဲဒီအချက်က အဓိကဖြစ်တယ်။ အဲဒီတော့ ထူးမခြားနားလို့ပဲ သုံးသပ် ရမှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုလုပ်ငန်းစဉ်က ဘယ်လောက်တိုးတက်မှုရှိလာတယ် လို့ ပြောနိုင်မလဲ။

USM – လုပ်တော့ လုပ်ဆောင်နေကြပါတယ်။ ကျနော်တို့လည်း တပ်အားသရွေ့ ပါရတာတွေရှိပါတယ်။ ဒါပေမယ့် အဓိက ခေါင်းဆောင်ပိုင်းမှာ သဘောထားကြီးမှုနဲ့၊ သဘောထားပြည့်ဝဖို့လိုပါတယ်။ မှန်ကန်တဲ့ သဘောထားဖြစ်မှုကလည်း အရေးကြီးတယ်။ ဒါမှသာ ကျနော်တို့ ငြိမ်းချမ်းရေးရမယ်။

အထူးသဖြင့်တော့ အစိုးရရယ်၊ တပ်မတော်ရယ်၊ EAO ရယ် ဒီသုံးဖွဲ့က မှန်ကန်တဲ့အတွေးအမြင်နဲ့၊ စိတ်သဘောထားမှန်စွာနဲ့၊ သဘောထားကြီးစွာနဲ့ ဆောင်ရွက်မှသာဖြစ်နိုင်မယ်။ မဟုတ်ရင်တော့ ကျနော်တို့က ဟန်ပြပုံစံသက်သက်နဲ့ သွားနေတာဖြစ်နေမယ်။ ကျနော်ကတော့ အပြင်ဘက်ကကြည့်ရင် ဒီအတိုင်းပဲသုံးသပ်ချင်ပါတယ်။

ကချင်ပြည်နယ်မှာ ကချင်လူမျိုးတစ်မျိုးပဲရှိတာမဟုတ်ဘူး။ ကချင်အုပ်စုဝင် တခြားသောလူမျိုးစုတွေ ရှိတယ်။ ထိုနည်းတူစွာပဲ ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းအုပ်စုဝင် တခြားသောလူမျိုးစုတွေရှိတယ်။ အဲဒီ …

ငြမ်းမီဒီယာ – လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာပါတဲ့ ဒေသခံတိုင်းရင်းသားတွေ ဝန်ထမ်းရေးရာကဏ္ဍမှာ နေရာရဖို့ဆောင်ရွက်မယ်ဆိုတဲ့အချက်ကို သတိပြုမိပါ တယ်။ နိုင်ငံမှာအရေးကြီးတဲ့ တချို့သောအဖွဲ့အစည်းတွေရဲ့ ရာထူးကြီးကြီးမားမားနေရာတွေမှာ တိုင်းရင်း သားတွေကို ခန့်အပ်တာဝန်ပေးတာမျိုးမတွေ့ရတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ဆိုတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ဒီအချက်က အစိုးရနဲ့ တိုင်းရင်းသားတွေကြားက ယုံကြည်မှုရေချိန်ကို ပြန်တည် ဆောက်ဖို့ ရည်ရွယ်တာလား။

USM – ကျနော်တို့ ဝန်ထမ်းရေးရာကဏ္ဍမှာ ပြည်နယ်များရဲ့လုပ်ပိုင်ခွင့်က တော်တော်လေးကိုနည်းပါတယ်။ ဗဟိုကချုပ်ကိုင်တာများတယ်။ အထူးသဖြင့် အရေးကြီးသောဝန်ထမ်းရေးရာနေရာတွေမှာ လျောက်ထားရတာ တော်တော်လေးခက်ခဲတာတွေ့ရတယ်။ ဆိုတော့ အဲဒီအချက်ကို ထင်ဟပ်စေချင်လို့ ကျနော်တို့ရွေးကောက် ပွဲကြေညာစာတမ်းမှာ ဒီအချက်ကိုဖော်ပြတာဖြစ်ပါတယ်။

ဒီကိစ္စတွေက ငြိမ်းချမ်းရေးနဲ့တိုက်ရိုက် အချိုးကျတယ် ဗျ။ တိုင်းရင်းသားအချင်းချင်းကြား၊ တိုင်းရင်းသားဆိုတာထဲမှာ ဗမာတိုင်းရင်းသားနဲ့ တခြားသောတိုင်းရင်းသားများ ကြား၊ ပြည်မနဲ့ တောင်တန်းကြား ယုံကြည်မှုကိုအဓိကတည်ဆောက်နိုင်မှသာ ဒီကိစ္စကပြေလည်နိုင်မယ်။ ဒီကိစ္စမှာ တစ်ဖက်တည်းအမြင်နဲ့သုံးသပ်ရင်မသင့်တော်ဘူး။ ပြည်မဘက်ကလူမျိုးတွေကလည်း သူတို့အနေအထား သူတို့ စဉ်းစားဆောင်ရွက်တာမှန်ကန်တယ်လို့ယူဆလို့ရသလို၊ ဒီဘက်တိုင်းရင်းသားတွေစဉ်းစား တာလည်း မှန်တယ်လို့ပြောလို့ရတယ်။ နှစ်ဖက်လုံးကမှန်နိုင်တာပေါ့။

ဘာဖြစ်လို့ကျနော်ဒီလိုပြောသလဲဆိုတော့ ဒီရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားမယ်ဆိုရင် ယုံကြည်မှုကအဓိကပဲ။ ယုံကြည်မှုမရှိခဲ့ ခြင်းရဲ့ဂယက်ဟာ နိုင်ငံရဲ့အရေးကြီးတဲ့ Institution တွေမှာ ဝန်ထမ်းခန့်အပ်နေရာပေးတဲ့ကဏ္ဍကို ရိုက်ခတ် လာတယ်လို့ ဒီအတိုင်းပဲကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – လူမျိုးရေးခွဲခြားမှုက ဗမာနဲ့ တခြားတိုင်းရင်းသားတွေကြားမှာရှိသလို တိုင်းရင်းသားတွေအချင်း ချင်းကြားမှာလည်း ရှိတယ်ဆိုတဲ့သုံးသပ်ချက်ကို ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

USM – ဟုတ်ပါတယ်။ အဓိကကတော့ အဲဒါပါပဲ။ မြန်မာစကားမှာပြောနေကြတာကတော့ လူမျိုးကြီးဝါဒပေါ့ဗျာ။ တချို့က လူမျိုးကြီးဝါဒကိုဗဟိုပြုချင်တယ်။ တချို့ကကျတော့ မိမိကိုယ်မိမိလူမျိုးကြီးမဖြစ်နိုင်တော့ ကျဉ်းမြောင်း တဲ့ လူမျိုးရေးဝါဒပေါ့ဗျာ။ တချို့လူတွေအဖွဲ့အစည်းတွေက လူမျိုးကြီးဝါဒကိုဆန့်ကျင်တယ်ဆိုပေမယ့် ကိုယ် ကိုယ်၌က လူမျိုးကြီးဝါဒကိုအားပေးသလိုဖြစ်နေတယ်။

အထူးသဖြင့် လူမျိုးကြီးဝါဒ မဖြစ်ရင်တောင် ကျဉ်းမြောင်း တဲ့ လူမျိုးရေးစိတ်ဓာတ်တွေနဲ့ တိုင်းရင်းသားအချင်းချင်းတွေကြား ဖိနှိပ်မှုက တနေ့တခြားဆိုးရွားလာနေတယ်။ အဲဒါမျိုးကို ကျနော်တို့ပါတီကလည်း တော်တော်လေးကို ခံစားခဲ့ရသလို ထိပ်တိုက်လုပ်ဆောင်မှုတွေတောင် ဖြစ်ခဲ့တဲ့အနေမျိုးတော့ ရှိပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။

USM – အဓိကကတော့ အပေးအယူအလျော့အတင်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ပေါ့။ ယုံကြည်မှုတည် ဆောက်ပြီးရင် အပေးအယူကို အလျော့အတင်းလုပ်ကြရမယ်။ အဲဒါမှ ကျနော်တို့ငြိမ်းချမ်းနိုင်မယ်။ ဒါပေမယ့် နှစ်ဖက်လုံးကတော့ တင်းလို့မဖြစ်ဘူး။ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ရမယ်။ ဆိုတော့ ကိုယ်ချင်းစာတရားနဲ့ဆွေးနွေးရမှာဖြစ်တယ်။

လက်နက်ကိုင်လမ်းစဉ်နဲ့တော့ ဘယ်နည်းနဲ့ မှဖက်ဒရယ်စနစ်ကိုသွားနိုင်မယ်မထင်ဘူး။ အင်အားကြီးသူ အင်အားငယ်သူ နှစ်ဖက်ကြားမှာ ဆွေးနွေးညှိနှိုင်း တဲ့ စားပွဲဝိုင်းယဉ်ကျေးမှုနဲ့ …

ဗိုလ်ချုပ်ပြောခဲ့တဲ့စကားရှိတယ်။ ‘ကချင်တစ်ကျပ်၊ ဗမာတစ်ကျပ်’ ဆိုတာ။ ဒါလည်းစဉ်းစားစရာရှိတယ်။ မှန်တယ် တစ်ကျပ်ချင်းတူတယ်၊ ဒါပေမယ့် ဗမာက (၆) ယောက်ရှိမယ်၊ ကချင်က တစ်ယောက်ပဲရှိမယ်။ အဲဒီတော့ တစ်ကျပ်ချင်းတူရင်တောင် ဗမာက (၆) ကျပ်ရမယ်၊ ကချင်က တစ်ကျပ်ပဲရ မယ်။ ဒါကို တစ်ဖက်ကကြည့်ရင် ရသင့်တယ်ပေါ့။ တိုင်းရင်းသားဖက်ကကြည့်ရင်မရသင့်ဘူးပေါ့။ ဆိုတော့ ဒါတွေကို ကျနော်တို့က ညှိရမယ်။ အပေးအယူနဲ့ညှိရမယ်။ ပြီးရင် ယုံကြည်မှုကိုတည်ဆောက်ရမယ်။ ပြီးရင် အကျိုးစီးပွားကို တွက်ချက်ပြီးညှိနှိုင်းမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။

အထူးသဖြင့် ကျနော်တို့ကချင်ပြည်နယ်မှာ ဖြစ်နေတာကတော့ အကျိုးစီးပွားပေါ့ဗျာ။ အကျိုးစီးပွားကို အခြေခံပြီးလုပ်တဲ့အတွက် ယုံကြည်မှုတည်ဆောက် ဖို့က တော်တော်လေးခက်နေတယ်လို့ ကျနော်ဒီအတိုင်းပဲသုံးသပ်ချင်ပါတယ်။

ငြမ်းမီဒီယာ – ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ကိစ္စကိုရော LNDP အနေနဲ့ ဘယ်လို သဘောထားရှိပါသလဲ။

USM – ဖက်ဒရယ်ကို ကျနော်တို့ထောက်ခံပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မယ် ဆိုတာကို ကျနော်တို့ထောက်ခံတယ်။ သွားတဲ့နေရာမှာလည်း ကျနော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်စနစ် တွေကို ကျင့်သုံးဖို့တော့လိုတာပေါ့ဗျာ။ နိုင်ငံခြားကနေတစ်ပုံစံတည်း ကူးချလို့တော့ဖြစ်မှာမဟုတ်ဘူး။

ကိုယ့် ရေမြေဒေသနဲ့၊ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ဖက်ဒရယ်စနစ်ကို ညှိနှိုင်းပြီးတော့ သွားကြရမယ်။ အဲဒီလိုသွားတဲ့ နေရာမှာလည်း ဒီဖက်ဒရယ်နဲ့ပြောရင် ပြည်နယ်နဲ့ပြည်မမှာ ကျနော်တို့အခု တိုင်းသားပြည်နယ်က (၇) ခုရှိ တယ်။ ကျနော်တို့မှာတိုင်းရင်းသားက (၇) မျိုးတည်းမဟုတ်ဘူးလေ။ အဲဒီတော့ တခြားသောတိုင်းရင်းသားများ ကိုလည်း အခွင့်အရေးတန်းတူရစေနိုင်တဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးနိုင်ဖို့လိုတယ်။

တိုက်ရိုက်ပြောမယ်ဆိုရင် ကျနော်တို့ ကချင်ပြည်နယ်မှာ ကချင်လူမျိုးတစ်မျိုးပဲရှိတာမဟုတ်ဘူး။ ကချင်အုပ်စုဝင် တခြားသောလူမျိုးစုတွေ ရှိတယ်။ ထိုနည်းတူစွာပဲ ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းအုပ်စုဝင် တခြားသောလူမျိုးစုတွေရှိတယ်။ အဲဒီတိုင်း ရင်းသားလူမျိုးစုတွေအားလုံး တန်းတူအခွင့်အရေးရဖို့လိုတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးတစ်ခုတည်း အတွက်ရလို့မဖြစ်ဘူး။

နောက်ကျနော်တို့ကချင်ပြည်နယ်မှာဖြစ်နေတာက ကချင်ဆိုတာ ဘာကိုပြောမှန်းကိုမသိ ဘူး။ ချင်းပြည်နယ်မှာလည်း အဲဒီအတိုင်းပဲလို့ ကျနော့်မိတ်ဆွေချင်းတိုင်းရင်းသားတစ်ဦးကပြောတယ်။ ချင်း ဆိုတာ ဘာလဲပေါ့။ ဒါမျိုးတွေက ဖက်ဒရယ်စနစ်ဆီသွားတဲ့နေရာမှာ အဟန့်အတားလေးတွေသဘောမျိုး ဖြစ် နေတာရှိတယ်။ ဒါလေးတွေကို ညှိနှိုင်းဖြေရှင်းပြီးမှ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ် ဆိုရင်တော့ အဆင်ပြေပါတယ်။

ကျနော်တို့ပါတီရဲ့ဆောင်ပုဒ်ကိုက ‘တန်းတူညီမျှတိုးတက်ဖို့ ဒူးလေးပါတီကို မဲပေးစို့’    ဆိုတော့ ဖက်ဒရယ်ကိုအခြေခံပြီး ကျနော်တို့တည်ဆောက်နေတဲ့သဘောကို ဖော်ညွှန်းထားတာဖြစ်ပါ တယ်။

မဟာလူမျိုးကြီးဝါဒ၊ ဒါမှမဟုတ်ကျဉ်းမြောင်းတဲ့လူမျိုးရေးဝါဒတွေနဲ့သွားမယ်ဆိုရင် ကျနော်တို့ကတိုင်းရင်းသားများလွန်းလှတဲ့နိုင်ငံ တစ်ခုဖြစ်တော့ တော်တော်လေးအခက်အခဲရှိမယ် …

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့အပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန် တီးနိုင်ခွင့်တွေအတွက် တော်လှန်ရေးတွေလုပ်ကြတာရှိပါတယ်။ လက်ရှိဒီနိုင်ငံရဲ့အခြေအနေအရဆိုရင် ဒီ အခွင့်အရေးတွေရနိုင်စေတဲ့ အသင့်တော်ဆုံးနည်းလမ်းက လက်နက်ကိုင်တော်လှန်ရေးနည်းလမ်း ဖြစ်နိုင်ပါ သလား။ တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက်ရဲ့အမြင်နဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။

USM – ကျနော့်အမြင်အရ ပွင့်ပွင့်လင်းလင်းနဲ့ အတိုချုပ်ပြောရရင် ဒီလက်နက်ကိုင်တိုက်ခိုက်တဲ့တော်လှန်ရေး နည်းလမ်းနဲ့ ဖက်ဒရယ်စနစ်ကို ဘယ်နည်းနဲ့မှမရနိုင်ပါဘူး။ နိုင်ငံရေးစားပွဲပေါ်မှာ သဘောထားကြီးကြီးနဲ့ညှိနှိုင်း ပြီးမှသာ ရနိုင်မှာဖြစ်တယ်။ တိုက်ခိုက်လာခဲ့တဲ့နှစ်တွေကလည်း မနည်းတော့ဘူး။

လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာ အခုထိရှိနေတုန်းပဲ။ ဒါတွေဟာရှေ့ဆက်ပြီးတော့ ချုပ်ငြိမ်း သွားဖို့မရှိဘူး။ ပိုပြီးတိုးပွားလာဖို့ကိုပဲမြင်နေရတယ်။ အဲဒီတော့ ဒီလက်နက်ကိုင်လမ်းစဉ်နဲ့တော့ ဘယ်နည်းနဲ့ မှဖက်ဒရယ်စနစ်ကိုသွားနိုင်မယ်မထင်ဘူး။ အင်အားကြီးသူ အင်အားငယ်သူ နှစ်ဖက်ကြားမှာ ဆွေးနွေးညှိနှိုင်း တဲ့ စားပွဲဝိုင်းယဉ်ကျေးမှုနဲ့သာ ဒီဖက်ဒရယ်စနစ်ဆီသွားနိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

USM – ကျနော်ပြောချင်တာကတော့ ကျနော်တို့နိုင်ငံငြိမ်းချမ်းရေးရဖို့အတွက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကြီး တည်ဆောက်သွားနိုင်ဖို့က တစ်အချက်က ကျနော်တို့သဘောထားကြီးဖို့လိုအပ်ပါတယ်။ နှစ် အချက်ကတော့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်ရမယ်။ သုံးအချက်ကတော့ ကျနော်တို့ ကိုယ်ချင်းစာ တရားနဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့ စားပွဲဝိုင်းယဉ်ကျေးမှုနဲ့သွားမှဖြစ်မယ်။ လေးအချက်ကတော့ ကျနော်တို့ တိုင်းရင်းသားအားလုံးဟာ သာတူညီမျှအခွင့်အရေးနဲ့ ဆက်ဆံမှဖြစ်မယ်။

ဒီလိုမှမဟုတ်ဘဲ မဟာလူမျိုးကြီးဝါဒ၊ ဒါမှမဟုတ်ကျဉ်းမြောင်းတဲ့လူမျိုးရေးဝါဒတွေနဲ့သွားမယ်ဆိုရင် ကျနော်တို့ကတိုင်းရင်းသားများလွန်းလှတဲ့နိုင်ငံ တစ်ခုဖြစ်တော့ တော်တော်လေးအခက်အခဲရှိမယ်။ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကြီးများသော်လည်းကောင်း၊ အဖွဲ့ငယ်များသော်လည်းကောင်း သဘောထားကြီး ကြီးနဲ့ ဆွေးနွေးပေးကြစေလိုပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,