တောင်သူလယ်သမားတွေနဲ့ အစိုးရ ထိပ်တိုက် တွေ့ကြလိမ့်မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ကော်မတီဝင် ကိုစစ်မုန်း

အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသမား မြေလွတ်၊မြေလပ် လျှောက် တဲ့ သူတွေနဲ့ ပြည်သူတွေ ကြားမှာ ပြဿနာတက်မယ်။ နောက်ပြီးတော့ ကျေးရွာသား အချင်းချင်း ကြားမှာလည်း ပြဿနာတွေ တက် …

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့က ပြင်ဆင်ပြဌာန်းခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများပေါ်တွင် လုပ်ကိုင်နေသူများနှင့် လုပ်ကိုင်လို သူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ နောက်ဆုံးထား ပြီး မှတ်ပုံတင်ရန် အစိုးရက အသိပေး ထုတ်ပြန်ထားသည်။ ဥပဒေ ပြဌာန်းချက်အတိုင်း မလုပ်ဆောင်ပါက (၂) နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် (၅) သိန်း ဒဏ်ငွေဖြစ်စေ ပေးဆောင်ရ မည်ဟု ပြဌာန်းထားသည်။ ၎င်းဥပဒေအရ လုပ်ဆောင်မည် ဆိုပါက အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် မြေသိမ်းခံရမည့် အခြေ အနေများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ဥပဒေကို ဖျက်သိမ်းပေးရန် မြေယာအရေး ဆောင်ရွက် သည့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဖယ်ဒရယ် တိုင်းရင်းသား၊ တောင်သူလယ်သမား ကွန်ရက် အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ကော်မတီဝင်ဖြစ်သည့် ကိုစစ်မုန်းနှင့် ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်း ထားပါ သည်။

ငြမ်းမီဒီယာ – မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ ဥပဒေနဲ့ ပတ်သက်ပြီး မြေယာ အရေး လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတစ်ယောက် အနေနဲ့ ဘာ ပြောချင်လဲ။

SM – ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ ရှိတဲ့ မြေတွေကို အလွယ်တကူ သိမ်းယူလို့ ရနိုင်တဲ့ အန္တရာယ်ရှိတယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာလည်း ပြဿနာကို ဖန်တီး ပေးနိုင်တယ်။ နောက် တစ်ခုက ကျွန်တော်တို့က ဓလေ့ထုံးတမ်းတွေနဲ့ လုပ်လာ ခဲ့ကြတာ၊ အခုချိန်မှာ ရွေးချယ်ရတော့မယ့် ပုံစံ ဖြစ်သွားတော့ ဓလေ့ထုံးတမ်းတွေ ပျက်ကုန်တယ်။ ကိုယ့်ဓလေ့ထုံးတမ်းနဲ့ သွားမယ် ဆိုတော့ လည်း တစ်ဖက်မှာက တရားစွဲ ခံရနိုင်တယ်။ မြေဆုံးရှုံးနိုင်တယ်။ အဲဒါကိုကြောက်လို့ ဥပဒေနောက် လိုက်တော့ လည်း ဓလေ့က ပျောက်ဦးမယ်။ မြေယာလုံခြုံမှုအပိုင်းရော၊ ဓလေ့အပိုင်းရော ခြိမ်း ခြောက် ခံနေရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစိုးရဘက်က ပြောတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် မြေယာအရေး လှုပ်ရှားတဲ့ သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ပြောတာကျတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း မရှိဘူးလို့ ပြောကြတယ်။ အဲဒီနှစ်ခုက ဘာကွာနေတာလဲ။

SM – အဓိကကတော့ ဥပဒေပိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကျွန်တော် တို့ရဲ့ ဓလေ့ထုံးတမ်း ရိုးရာတွေ ကွဲလွဲသွားတယ်။ ဥပဒေကတော့ ၂၀၀၈ ဖွဲ့စည်းပုံက လာတော့ ဗဟိုဦးစီးဆိုတဲ့ ရှု့ထောင့်ကနေ ထုတ်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေတွေကို အစိုးရက ထိန်းချုပ်ရ မယ်ဆိုတဲ့ ဘက်ကနေ ဖြစ်လာတယ်လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဥပဒေက ပြဌာန်းပြီးလို့ လမ်းညွှန်ချက် ထုတ်ပြန်ထားပြီ။ ဒီဥပဒေကို ပြင်ဖို့ လုပ်နေ တုန်းက အခုကန့်ကွက်သူတွေ အနေနဲ့ မလုပ်သင့်ဘူးလို့ မပြောခဲ့ကြဘူးလား။ ဘယ်လို အခြေအနေတွေ ရှိခဲ့လဲ။

SM – အရင် အဟောင်းတုန်းကလည်း ကျွန်တော်တို့ ကန့်ကွက်ခဲ့ တယ်။ ဒီဥပဒေ စလုပ်ကတည်းက ထုတ်ပြန်ချက်တွေ ထုတ်တယ်။ တောင်သူလယ်သမားအရေး၊ လယ်ယာမြေအရေး လုပ်တဲ့သူတွေ ပေါင်းပြီး အချက်အလက်တွေစုပြီး အစိုးရနဲ့ လွှတ်တော်ကို အကြိမ် ကြိမ်စာပို့ခဲ့တယ်။ ဒါပေမယ့် ထွက်လာတော့လည်း ကျွန်တော်တို့ဟာ တွေ မပါလာပါဘူး။ သိပ်အလေးမထားသလိုပါပဲ။

ငြမ်းမီဒီယာ – အခုဖြစ်နေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စက မြေတွေ သိမ်းချင်လို့ လုပ်တာလို့ ပြောနေ ကြတယ်။ ကိုစစ်မုန်းအနေနဲ့ ဆိုရင် ရော ဘယ်လိုမှတ်ချက် ပေးချင်လဲ။

SM – ဥပဒေနဲ့ မြေသိမ်းတာပေါ့ဗျာ။ သူတို့ မြေသိမ်းဥပဒေ ရေးဆွဲ နေတာရှိတယ်။ အခုတော့ အဲဒါ ပြန်ပြီးငြိမ်နေတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို တစ်ဖက်လှည့်နဲ့ မြေသိမ်းဖို့ အတွက် ထုတ် တာပါ။ မြေလွတ်တယ်ဆိုပြီး ဥပဒေနဲ့ သိမ်းမှာဖြစ်တယ်။ နောက်ပြီး လူငှါးနဲ့ မြေသိမ်းခိုင်းသလို ဖြစ်တယ်။ ဥပမာ မြေယာ လုပ်ပိုင်ခွင့် လျှောက်ပါလို့ ပြောတဲ့အခါမှာ တောင်ပေါ်မှာ နေတဲ့ သူတွေရော၊ ကျေးလက်မှာ ရှိတဲ့သူတွေရောက ဥပဒေအရတော့ လျှောက်လို့ရတယ်လို့ ခွင့်ပေးထားသလိုနဲ့ တစ်ကယ်တမ်း ပေးတော့ မယ်ဆိုတော့ ရမယ့်အခြေအနေ မရှိပါဘူး။ သူတို့က နံပါတ်တစ် စီးပွားရေးအရ ကြည့်တယ်။ မြေယာ လျှောက်သူတွေက ဒီမြေကို ဘယ်လောက် အသုံးပြုနိုင်မလဲ။ အစိုးရ အနေနဲ့ဆိုတော့ နိုင်ငံကို ဘယ်လောက် အကျိုးပြုမလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြေလွတ်၊ မြေလပ်ဆိုတာ မရှိဘူး။ အဲဒီဥပဒေက လိုကို မလို တာ။ တိုင်းရင်းသား တွေရဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာတွေကို လေးစားလိုက်နာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်၊ မြေတွေကို လိုချင်တယ် ဆိုရင် သက်ဆိုင်ရာ ဒေသအလိုက် ညှိနှိုင်းလို့ ဒေသ ခံတွေ သဘောတူမှ မြေတွေငှါးရမ်း တာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါ ဆိုတာ …

စီးပွားရေး ဘယ်လောက် ဖွံ့ဖြိုးတိုး တက်မလဲ။ ရင်းနှီး မြှုပ်နှံနိုင်မှု ဘယ်လောက် လုပ်နိုင်မလဲဆိုတာကို ကြည့်ပြီး ပေးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ လက်လှမ်း မမီနိုင် ပါဘူး။ ငွေရေးကြေးရေး အရရော၊ ဆက်သွယ်ရေးအရပါ မဖြစ်နိုင် ဘူး။ နေပြည်တော် ကို ရွာကလူ နှစ်ယောက်သုံးယောက် သွားလိုက် ပြန်လိုက် လုပ်ရမှာနဲ့ တရားရုံးတွေ သွားရမယ့် ကိစ္စ တွေနဲ့ ဆိုတော့ မဖြစ်နိုင်ဘူး။ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီတွေ၊ အသိုင်းအဝိုင်းကြီး တွေမှ သာ လျှောက်ထား နိုင်တဲ့ အနေအထားဆိုတော့ တစ်ဖက်လှည့်နဲ့ မြေသိမ်းနိုင်တဲ့ အခြေအနေ ဖြစ်တာပေါ့။

ငြမ်းမီဒီယာ – ကရင်နီဒေသ တိုင်းရင်းသားတွေရဲ့ မြေပိုင်ဆိုင်မှုက ဘယ်လို အခြေအနေလဲ။ ကယားပြည် နယ်မှာ မြေလွတ် မြေလပ်က ဧက (၄) သိန်းကျော်ရှိတယ်လို့ အစိုးရ စာရင်းတွေအရ သိရတယ်။ ဒီဘက်က လည်း မြေလွတ်မရှိဘူး ပြောနေတော့ အဲဒီအခြေအနေကို သိချင် တယ်။

SM – အစိုးရကတော့ သူ့ဆီမှာ မှတ်ပုံ မတင်ထားတာရယ်၊ မြေစာရင်း မှာရှိတဲ့ မြေပုံတွေ၊ သစ်တောဌာန မှာရှိတဲ့ မြေပုံတွေကို ကြည့်ပြီး ပြောခြင်းဖြစ်တယ်။ မြေပြင်မှာတော့ ရွာအလိုက် သူ့ဧရိယာနဲ့သူ ရှိ တယ်။ လူမျိုးစုအလိုက် ရှိတယ်ဆိုတာကို အောက်ခြေမှာတော့ အချင်းချင်း သိထားကြတယ်။ ဥပမာ ပြောရရင် ငါတို့ရွာက ဒီအထိပိုင် တယ်။ မင်းတို့မြေက ဘယ်အထိ ရောက်တယ် ဆိုတာမျိုး ရှိသလို ဘေးကလူတွေ၊ ဘေးရွာတွေက အသိအမှတ် ပြုထားတာတွေလည်း ရှိတယ်။ အချို့ စနစ်ကျတဲ့ ရွာတွေကတော့ ဘေးရွာနဲ့ညှိပြီး မြေပုံလေး ဆွဲထားတာမျိုးတော့ ရှိတယ်။

မူဝါဒ ထွက်ထားတယ် ဆိုပေမယ့်လည်း အခု ဥပဒေတွေ က မူဝါဒကို ဆန့်ကျင်နေတော့ မူဝါဒကြီးက အလကား ဖြစ်သွားတာ။ အကယ်၍ တိုင်းရင်းသား ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာမယ်လို့ ဥပဒေထွက်ရင် ပြဿနာတက်မှာက ပိုင်ဆိုင်ရေး နဲ့ အသုံးပြုခွင့်က အခြေခံဥပဒေနဲ့ တိုက်ရိုက်တိုးမယ် …

ငြမ်းမီဒီယာ – အခု ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတယ်။ အစိုးရဘက်က ဒီဥပဒေကို မဖျက်သိမ်းဘူးဆို ဘာတွေ ဖြစ်လာ နိုင်မလဲ။

SM – မဖျက်သိမ်းဘူး ဆိုရင်တော့ အစိုးရနဲ့ ပြည်သူ ပြဿနာတက် လိမ့်မယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ တောင်သူလယ်သမားတွေနဲ့ အစိုးရ ထိပ်တိုက် တွေ့ကြ လိမ့်မယ်။ နံပါတ် နှစ် က အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသမား မြေလွတ်၊မြေလပ် လျှောက် တဲ့ သူတွေနဲ့ ပြည်သူတွေ ကြားမှာ ပြဿနာတက်မယ်။ နောက်ပြီးတော့ ကျေးရွာသား အချင်းချင်း ကြားမှာလည်း ပြဿနာတွေ တက်လာလိမ့်မယ်။

ငြမ်းမီဒီယာ – ဒီလို ပြသနာတွေ ဖြစ်လာနိုင်တယ် ဆိုတော့ ဒီဥပဒေကို ဘယ် လို ဖြစ်စေချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SM – မြေလွတ်၊ မြေလပ်ဆိုတာ မရှိဘူး။ အဲဒီဥပဒေက လိုကို မလို တာ။ တိုင်းရင်းသား တွေရဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာတွေကို လေးစားလိုက်နာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်၊ မြေတွေကို လိုချင်တယ် ဆိုရင် သက်ဆိုင်ရာ ဒေသအလိုက် ညှိနှိုင်းလို့ ဒေသ ခံတွေ သဘောတူမှ မြေတွေငှါးရမ်း တာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါ ဆိုတာကို တရားဝင်ဖြစ်အောင် လုပ်လိုက်မယ်ဆိုရင် မြေသိမ်း ဥပဒေတို့၊ မြေလွတ်၊ မြေလပ် ဥပဒေ တို့တောင် မလိုပါဘူး။ အဲဒီလို လုပ်ပေးလိုက်ရင် အစိုးရဖြစ်ဖြစ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ် ဖြစ် လုပ်ရတာ လွယ်သွားမယ်။ အာမခံချက်လည်း ပိုရှိသွားမယ်။ တိုင်းရင်း သားတွေရဲ့ ရိုးရာဓလေ့တွေကို ဥပဒေအရ ကာကွယ် ပေးနိုင်ဖို့ ဥပဒေ ပြဌာန်းပေးရင် ပိုအဆင်ပြေမယ်။

ငြမ်းမီဒီယာ – မြေအသုံးချရေး မူဝါဒမှာ တိုင်းရင်းသားတွေရဲ့ ထုံးတမ်းစဉ် လာတွေကို အသိအမှတ် ပြုထား ပြီးတော့ အခုကျ ဘယ်လို ဖြစ် တာလဲ။ မူဝါဒနဲ့ ဥပဒေက ကန့်လန့် ဖြစ်နေတာလား။

SM – မြေအသုံးချမူဝါဒ အခန်း (၈) မှာပါတယ်။ သို့သော် တစ်ကယ် အရေးကြီး ဥပဒေအရ ခိုင်ခိုင်မာမာနဲ့ ပြဌာန်းရမယ်လို့ ထည့်ထား တာမျိုး မတွေ့ရဘူး။ မူဝါဒ ထွက်ထားတယ် ဆိုပေမယ့်လည်း အခု ဥပဒေတွေ က မူဝါဒကို ဆန့်ကျင်နေတော့ မူဝါဒကြီးက အလကား ဖြစ်သွားတာ။ အကယ်၍ တိုင်းရင်းသား ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာမယ်လို့ ဥပဒေထွက်ရင် ပြဿနာတက်မှာက ပိုင်ဆိုင်ရေး နဲ့ အသုံးပြုခွင့်က အခြေခံဥပဒေနဲ့ တိုက်ရိုက်တိုးမယ်။ ဓလေ့ထုံးတမ်းကို အသိအမှတ် ပြုလိုက်မယ် ဆိုရင် ပိုင်ဆိုင်ခွင့်ကိုပါ အသိအမှတ် ပြုရမယ်ဆိုတာ တစ်ထပ်တည်း ပါလာမယ်။ ဖွဲ့စည်းပုံ မှာ ကျတော့ မြေယာက နိုင်ငံတော်ပိုင် ဆိုတော့ ဆန့်ကျင်ဘက် ဖြစ် နေတော့ သူတို့ မသိချင်ယောင် ဆောင်နေတယ်လို့ ကျွန်တော် မြင် တယ်။

ငြမ်းမီဒီယာ – အခု မြေလွတ်၊ မြေလပ်နဲ့ ပတ်သက်ပြီး ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတယ် ဆိုတော့ ဘယ်လို အင်အားမျိုးတွေနဲ့ လုပ်ဆောင်မလဲ။ နောက်ပြီး ဘာတွေ ဆက်လုပ်သွားမလဲ။

SM – အွန်လိုင်းကမ်ပိန်း ရှိတယ်။ နောက်ပိုင်း ကျေးရွာတွေထဲ ဆင်းပြီး ဟောပြော ဆွေးနွေးမှုတွေ လုပ်မယ်။ ဒီပြည်နယ်မှာတော့ အဲဒီလို အကောင်အထည်ဖော်လို့ ပြဿနာတစ်ခုခု ဖြစ်ရင်တော့ ကျွန်တော်တို့က တောင်သူဘက်က ရပ်မှာပါ။

ငြမ်းမီဒီယာ – မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို လက်ရှိလုပ်ကိုင် နေသူ တွေပဲဖြစ်ဖြစ်၊ လုပ်လိုတဲ့ သူပဲဖြစ်ဖြစ် အစိုးရဆီမှာ လျှောက်ဖို့ သတင်းစာကနေ ကြေညာထားတယ်။ အဲဒီ သတင်း စကား က တိုင်းရင်းသား ဒေသက ကျေးလက်ရွာတွေကို ရောက်ပါ့မလား။

SM – မရောက်ပါဘူး။ သတင်းစာဖတ်တဲ့သူ မရှိဘူး။ နောက်ပိုင်း ကျရင်တော့ အုပ်ချုပ်ရေးမှူး တွေက တစ်ဆင့် အသိပေးလာနိုင် တယ်လို့ ထင်တယ်။ အခုထိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်း သေသေ ချာချာ မသိကြသေးဘူး။ သေချာသိရင်တော့ ပွစိထိုး တွေ ဖြစ်မှာ သေချာတယ်။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက်ပြောချင်လဲ။

SM – မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာ မရှိပါဘူး။ ဒီဥပဒေက မြေသိမ်းဖို့လုပ်တဲ့ ဥပဒေ ဖြစ်သလို အချင်းချင်းလည်း ရန်တိုက်ပေး မှာပါ။ ရှုထောင့်ပေါင်းစုံက ကြည့်ရင်တော့ မရှိသင့်တဲ့ ဥပဒေပါ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,