တောင်းပန်တဲ့ကိစ္စမှာ နိုင်ငံရေးသမားရဲ့ ပြတ်သားမှု ရှိဖို့ လိုတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မှားရင်တောင်းပန်တတ်တဲ့ လူတွေ ကျနော်တို့ လူ့အဖွဲ့အစည်းက လိုချင်နေတာ။ ကျနော်တို့ လူ့အဖွဲ့အစည်း တစ်လျောက်လုံးေ တွ့နေရတာက မတောင်းပန်တဲ့ လူတွေပဲတွေ့နေရတာ။ အမှားတွေအများကြီးနဲ့ မတောင်းပန်တဲ့လူတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်တဲ့အတွက် တောင်းပန်လိုက်ရင်ကျေလည်ပါတယ်။ ပြဿနာက …

အောက်တိုဘာ(၁၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအား လက်ရှိရာထူးမှ အမြန်ဆုံးဖယ်ရှားပြီး အရေးယူမှုများပြုလုပ်ပေးရန် အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုေ ကာ်မတီက အောက်တိုဘာလ(၁၇)ရက်နေ့ တွင် ထုတ်ပြန်ေ ကြညာလိုက်သည်။အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းအား တစ်စုံတစ်ရာ အရေးယူမှု မရှိသည့် အပေါ်တွင်လည်း ပြင်းပြင်းထန်ထန်ကန့် ကွက်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ ပညာရေး အဖွဲ့အစည်းများအနေဖြင့်ပဲခူးတိုင်းဝန်ကြီးချုပ်အား ရာထူးမှ အမြန်ဆုံး ဖယ်ရှားပေးရန်အထိ တောင်းဆိုလာသည်ကို လည်းတွေ့ရသည်။ယင်းကြေညာချက်များမထုတ်ပြန်ခင် အောက်တိုဘာလ(၁၆)ရက်နေ့တွင် တို့မျိုးဆက်ကွန်ရက်၏ ဒါရိုက်တာ၊ အခြေခံပညာ၊ ပညာရေးလုပ်သားများ ဗဟို လုပ်ငန်းကော်မတီ၊ နိုင်ငံရေးအကြံပေး ဦးနန္ဒာစစ်အောင် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း- ပဲခူတိုင်းဝန်ကြီးချုပ်က သတင်းစာမျက်နှာတွေကနေ တဆင့် တောင်းပန်စကားပြောဆိုလာတဲ့ အပေါ်မှာဘယ်လို လက်ခံထားလဲ ဗျ။

UNDSA – အဓိက က နိုင်ငံရေး Speaker လုပ်တဲ့သူတွေက စကားမှားတာပဲဖြစ်ဖြစ်၊ နောက်တာပြောင်တာ ပဲဖြစ်ဖြစ်၊ ကိုယ်ပြောတဲ့စကားဟာ အခြားလူ့အဖွဲ့အစည်းက မကြိုက်ဘူး ။ဒါမှမဟုတ် အခြားလူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ဘဝနဲ့ ပတ်သက်တဲ့ရည်မှန်ချက်တွေ ထိခိုက်တယ်လို့ထင်ရင်၊ ဒီဘက်က ပြောလာပြီဆိုရင် တောင်းပန်ကြရတာ သဘာဝပဲ။ ဒါက Speaker တွေရဲ့ ပြဿနာပါပဲ။ကျနော်တို့လည်း Public Speaker လုပ်တဲ့သူတွေပါ။တစ်စုံတစ်ရာ ဒီလိုကိစ္စမျိုး ပြဿနာဖြစ်လာရင် တောင်းပန်ကြရတာပါပဲ။ဒါကျင့်ဝတ်လို့ ခေါ်တာပေါ့နော်။ ကျနော်တို့မြင်တာက နိုင်ငံရေးသမားတစ်ယောက်ဟာ အမှန်တွေအမှားတွေ ရောထွေးမှာပဲ။ မှားရင်တောင်းပန်ဖို့က သတ္တိရှိဖို့လိုအပ်တာလေ။ မှားရင် တောင်းပန်ရင် ကျနော်တို့ လူ့အဖွဲအစည်းက အပြစ်မမြင်ပါဘူး။ မှားရင်တောင်းပန်တတ်တဲ့ လူတွေ ကျနော်တို့ လူ့အဖွဲ့အစည်းက လိုချင်နေတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းတစ်လျောက်လုံးတွေ့နေရတာက မတောင်းပန်တဲ့ လူတွေပဲတွေ့နေရတာ။အမှားတွေအများကြီးနဲ့ မတောင်းပန်တဲ့ လူတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်တဲ့အတွက် တောင်းပန်လိုက်ရင်ေ ကျလည်ပါတယ်။ပြဿနာက ဘာရှိသလဲ ဆိုတော့ တောင်းပန်တဲ့ ကိစ္စမှာ နိုင်ငံရေးသမားရဲ့ ပြတ်သားမှု ရှိဖို့လိုတာ။မှားသွားရင် မှားသွားတယ်ဆိုတာမျိုး။အဲဒါဆို ဇာတ်လမ်းပြီးနိုင်တယ်။ အခုကျတော့နယ်မှာ ဘာတွေဖြစ်နေသလဲဆိုတော့ မနေ့က (အောက်တိုဘာ၊၁၆၊၂၀၁၉)ဆိုဗီဒီယိုဖိုင်တွေ့တယ်။ဝန်ကြီးချုပ်မမှားဘူးဆိုတာမျိုး ပြောဖို့ကြိုးစား တာပေါ့။ အဲဒီလိုဖြစ်လာတာ မသင့်ဘူးပြောချင်တာ။တချို့ကိစ္စတွေက မှားတယ်လို့ပြော လိုက်ပြီး သွားတာ။ဒီဘက်ကလည်းမကျေနပ်ရင် ပါတီကို တိုင်ကောင်းတိုင်နိုင်တယ်။ပါတီလုပ်ထုံးလုပ်နည်းတွေရှိမယ်။ မှားတဲ့ကိစ္စတစ်ခုမှာ လက်ခံဖို့ရယ်၊မှားတာနဲ့ပတ်သက်ပြီး အသိအမှတ်ပြုဖို့ရယ်၊မှားတဲ့ကိစ္စမှာပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ လူ့အဖွဲအစည်းမှာလိုအပ်တယ်။အခုက ပိုဆိုးလာမှာစိတ်ပူတာ။ တိုင်းပြည်မှာ နမူနာတွေ့ခဲ့တဲ့အများစုက မှားတယ်၊ထပ်ကာတယ်။အမှားတွေ လုပ်ရင်းပဲဆက်မှားတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ပြောပြီး တက်လာကြတဲ့အခါမှာ၊အပြောင်းအလဲ လုပ်နေတဲ့ အခါမှာ အဲဒီလိုဟာမျိုးတွေကို ပြောင်းလဲနိုင်ဖို့ လိုတာကျနော်တို့မြင်တယ်။ အလေ့အကျင့် ကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ကျနော်တို့ မျှော်လင့်ပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်တောင်းပန်တယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ကြိုဆိုတယ်။တစ်ခုရှိတယ်။ နိုင်ငံရေးသမား တစ်ယောက်ရဲ့ ပြတ်သားမှုမျိုးနဲ့ မှားသွား တယ်ပေါ့။ရှင်းရှင်း လင်းလင်းပြောလို့ရတယ်။ရှင်းရှင်းလင်းလင်းပြောစေချင်တယ်။

ငြမ်း- ပညာရေးအဖွဲ့အစည်းတွေကတော့ တရားဝင်စာထုတ်ပြီး တောင်းပန်ဖို့တောင်းဆိုထားတာတွေ့ရတယ်။ ပဲခူတိုင်း ဝန်ကြီးချု ပ်ကတော့ သတင်းစာမျက်နှာတွေကနေ တဆင့်ေ တာင်းပန်ထား တယ်။ဒါက လက်ခံလို့ ရတဲ့ အခြေအနေလား။ လက်မခံဘူးလား။ တရားဝင်စာထုတ်ပြီး တောင်းပန်ဖို့လိုသေးလား။ ကိုနန္ဒာစစ်အောင် ဘယ်လို ထင်လဲ။

UNDSA – ကျနော်တို့ထက်စာရင် ကာယကံရှင် ဆရာ၊ ဆရာမတွေက ဒီအခြေအနေကို ပိုပြီးနားလည် ပါလိမ့်မယ်။ ဒီကိစ္စက ပညာရေးလောက ဝန်ထမ်းတွေကို သက်ရောက်တာ။ ပညာရေးနယ်ပယ်ရဲ့အမြင်က အဓိက ကျပါလိမ့်မယ်။ ကျနော်တို့မြင်တာက ပညာရေးဝန်ထမ်းတွေအတွက် ဒီကိစ္စက အနာဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်က ကျနော်တို့ သုတေသန စစ်တမ်းတစ်စောင်လုပ်တယ်။ ဧရာဝတီတိုင်းမှာ ဆရာ။ ဆရာမတွေရဲ့ လူမှုဘဝလုံခြုံရေးနဲ့ပတ်သက်ပြီး စစ်တမ်း တစ်စောင်လုပ်တယ်။ မနှစ်က ကျနော်တို့လုပ်တဲ့စစ်တမ်းပေါ့။ မကြာခင်ထွက်ဖို့ ရှိပါတယ်။ အများစုက ဘာပြဿနာ တက်နေလဲ ဆိုတော့ ခုနက နစ်နာမှုတွေ ကြုံနေကြ တာ။ဆရာ၊ဆရာမတွေက ဒီပလိုမာပြီး ပြီးခါစဆိုတော့ အသက် ၁၉၊ ၂၀လောက်ရှိမှာပေါ့။ ဧရာဝတီတိုင်းလို ကျေးရွာအုပ်စုများတဲ့နေရာတွေမှာ ၊ရွာမှာရှိတဲ့ ဝန်ထမ်းအိမ်ရာဆိုတာကလည်း အဆင်မပြေကြဘူးလေ။ ဝန်ထမ်းအိမ်ရာ ရှိတဲ့ရွာရှိတယ်။မရှိတဲ့ ရွာလည်း ရှိတယ်။ တချို့နေရာတွေ ကျတော့လည်း ကျောင်းနဲ့ ရွာနဲ့ဝေးတာ။ အဲလိုအခက်အခဲတွေကြုံနေရတာ။တချို့ကျောင်းတွေမှာ အိမ်ရာတွေလုပ်ပေးထားတယ်။ အိမ်ရာတွေ မလုံခြုံတော့ အခက်အခဲဖြစ်တယ်။အိမ်သာမရှိတာတို့။ တချို့ရွာတွေကျေ တာ့လည်း ရွာက ချပေးတဲ့အိမ်မှာနေကြရတာ။ ဆရာ၊ဆရာမေ တွကလည်း အသက် ၁၉၊၂၀ ။ရွာကထားတဲ့ အိမ်မှာ နေရတာ ဆိုတော့လည်း သူများအိမ်မှာနေထိုင်ရတာအများကြီး အနေအထိုင် ဂရုစိုက်ရတာပေါ့။ဒါက တကယ်ရင်ဆိုင်နေ ရတဲ့အခက်အခဲ။ ဆရာတို့မီဒီယာသမားတွေလည်းတွေ့မှာပါ။ အဝေးပြေးလမ်းမမှာ ဆရာ၊ဆရာမလေးတွေ မတ်တပ် ရပ် ရပ်နေတာ တွေ့မှာပါ။ရန်ကုန်တိုင်းအတွင်း ဆိုပေမယ့် ကွမ်းခြံကုန်း ဟိုဘက်ခြမ်းကျော်လိုက်ရင် ဒေးဒရဲ အစပ်၊ဒေးဒရဲက ဧရာဝတီတိုင်း ၊မြစ်ဒီဘက် ကူးရင် ရန်ကုန်တိုင်း ဖြစ်တာ ကို။ရန်ကုန်ကနေ သွားတဲ့ဆရာ၊ဆရာမတွေဆိုရင် ဟိုမှာနေရေးထိုင်ရေး အခက်အခဲရှိလို့ သွားကြတယ် ဆိုရင် ဒီကနေသွားရင် ကားခက နှစ်ထောင်၊နှစ်ထောင့်ငါးရာလောက် ကုန်မှာ။အသွားအပြန်ဆို ငါးထောင်လောက် ကုန်မှာ။ သူတို့လခက တစ်သိန်းခြောက်သောင်းလောက်ရှိတာ။ကာခက တစ်သိန်းခွဲလောက်ဆို သူတို့ဘယ်လို လို့ တတ်နိုင်မလဲ။ မတတ်နိုင်တဲ့အခါကျတော့အဆင်ပြေသလိုစီးကြရတာပေါ့။အဲဒီတော့အဆင်ပြေသလို စီးကြရတာ သူများကားကို။ ကျနော်တို့ သူငယ်ချင်းတွေသွားရင် ကျနော်တို့ကားတွေကို ဆရာမလေးတွေ တားရင် ဆရာမလေးတွေက နောက်ခန်းပဲ စီးကြတာ။ကျနော် စိတ်ပူတာ သူတို့သိမ်ငယ်စိတ် ဖြစ်နေသလား ပေါ့။ သူတို့ပိုက်ဆံတော့ပေးကြတာပေါ့ဗျာ။ဒါပေမယ့် ပြဿနာရှိတာက နောက်အဖုံးခန်းက လိုက်မယ်လို့ သူတို့ပြောကြတာကိုး။ဒါက သိကြပါတယ်။ အဲဒီတော့ ဒီအခင်းအကျင်းကြီး ကတကယ် ဖြစ်နေတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကြီးမှာတကယ် ရှိနေတဲ့အခင်းအကျင်းကြီးဗျ။ကျောင်းမှာ ဆရာ၊ဆရာမတွေက ကလေးတွေကိုစာသင်ပေးနေရတဲ့ ကျေနပ်တဲ့ဘဝရှိတယ်။ တစ်ခုရှိတာက ကျောင်းကနေ လမ်းမပေါ် ထွက်လိုက်တာနဲ့ နေစရာကိုသွားလိုက်တာနဲ့ သူတို့မှာသိမ်ငယ်စိတ် ရှိတဲ့ လူ့အဖွဲ့အစည်းပြန်ဖြစ် သွားတယ်။သူတို့မှာစိန်ခေါ်မှု၊ အခက်အခဲတွေအများကြီးရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်သွားတယ်။ ဒီအခင်းအကျင်းကိုနားလည်ဖို့လိုတာဗျ။ဒီအခင်းအကျင်းရဲ့ ပြဿနာဟာတိုင်းပြည်မှာ နှစ်ပေါင်းများစွာ ကြာပြီးတည်ရှိ လာတဲ့အခြေအနေဗျ။ ပဲခူးတိုင်းဝန်ကြီးချုပ်ပြောတဲ့ကိစ္စက အဲဒီအပေါ်မှာ သက်ရောက်သွားတာ။ အဲဒီတော့ တောင်းပန်ဖို့ လိုအပ်တယ်။ပါတီကလည်း ပါတီ စည်းကမ်းနဲ့အရေးယူ မှုတွေရှိမှာပေါ့။ဘယ်လို အရေးယူမလဲဆိုတာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။အဓိက က တော့ တစ်ခုခုရှိနေဖို့ပဲလိုအပ်တယ်။

ငြမ်း- ဝန်ကြီးချုပ် အနေနဲ့ သတင်းစာတွေကနေတဆင့် တောင်းပန်တယ်ဆိုတဲ့ပြောစကားအပေါ်မှာ လက်မခံတဲ့ သူတွေလည်း တွေ့ရပါတယ်။ကို နန္ဒာစစ်အောင်ရဲ့ ပုဂ္ဂလိက အမြင်အရရော ဘယ်လိုရှိသလဲဗျ။ကျေနပ်လားဗျ။

UNDSA – ကျနော့်ပုဂ္ဂလိကအမြင်နဲ့ပြောရမယ်ဆိုရင် ၊နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ရှင်းတယ်ဗျ။ ကျနော်မှားရင် မှားတယ်လို့ပြောလိုက်မှာပဲ။အခုက မရိုးရှင်း ဘူး။စကားလုံးတွေမှာ အရှေ့နဲ့အနောက်ထိန်းထားတဲ့ သဘောတွေရှိတယ်။ထိခိုက်သွားသလား။ထိခိုက်သွားသလားမဟုတ်ဘူး လေ။ထိခိုက်လို့ပြောနေကြတာ။ အဲဒီအပေါ် မကျေနပ်ကြ တာလို့ကျနော်မြင်တယ်။ရိုးရိုးရှင်းရှင်း ပြောဖို့လိုအပ်တယ် ။တောင်းပန်တဲ့ကိစ္စ၊မှားတယ်ဆိုတဲ့ကိစ္စမှာ မှားတယ်လို့ပြောရင် လုံလောက်တာပဲ။ဒါပေမယ့် ပြဿနာက မှားသွားသလား မသိဘူးဆိုတာက မသင့်ဘူးလေ။မှားသွားတာသေချာ တာပဲ။လူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာ မှားသွား လို့ပေါ့။အခုမကျေလည်မှုက အဲဒီအပေါ်မှာအခြေခံတယ်။ေ တာင်းပန်တဲ့ စကားလုံးက ထိခိုက်တဲ့သူတွေရှိမယ်ဆိုရင်ေ တာင်းပန် ပါတယ်ဆိုတာထက် တောင်းပန်ရင် တောင်းပန်တယ် ပေါ့။တစ်လုံးတည်းနဲ့ပြီးတယ်။ ရိုးရိုးရှင်းရှင်းတောင်းပန်လိုက် ရင်ပြီးသွားနိုင်တဲ့ကိစ္စကို အခုက စကားလုံး အထိန်းအထေ လုပ်တာ။ အဲဒါကြောင့်မကျေလည်တာလို့ကျနော်ထင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း- ဝန်ကြီးချုပ်ကို သတိပေးမှု လုပ်တာမျိုး၊တစ်ခုခုပေါ့။ သူပြောခဲ့ တဲ့ စကားနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အသီးသီးက အခြေအနေတစ်ခုခု ဆောင်ရွက်မယ်လို့ ထင်သလားဗျ။ ဘယ်လောက်အထိ မျှော်လင့်ထားသလဲဗျ။

UNDSA – ရှိမှာပါ။ဒီရက်ထဲမှာကြားနေတာ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန်ပြောနေတာ။ပါတီကိုတိုင်ရင် အရေးယူမှုတွေ ရှိမယ်။ရှိလိမ့်မယ်လို့ကျနော်တို့မျှော်လင့်ပါတယ်။ ကျနော်တို့လူ့အဖွဲ့အစည်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို တိုင်ကြားတဲ့အခါမှာ အရေးယူမှု ရှိသလား၊မရှိဘူးလားဆိုတာ မြင်သာတဲ့ ပုံစံရှိတယ်။မမြင်သာတဲ့ ပုံစံရှိတယ်။ အဖွဲ့အစည်းတွေ မှာ အဖွဲ့အစည်းအတွင်းအရေးယူမှု ပုံစံကတော့ ရှိတာပေါ့။ အဖွဲ့အစည်းအတွင်းအရေးယူမှုပုံစံကို တခြားလူမြင်ဖို့တော့ နည်းနည်းခက်ခဲမှာပေါ့။ တိုင်းပြည်မှာရှိတဲ့၊ကျနော်တို့ တန်ဖိုးထားတဲ့ဆရာ၊ဆရာမတွေကို ပါတီက အရေးယူမှု တစ်စုံတစ်ရာ၊အပြစ်ပေးမှု တစ်စုံတစ်ရာ ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့မျှော်လင့်ပါတယ်။ဆရာ၊ဆရာမတွေအားလုံးက လက်ရှိအခင်းအကျင်းကိုသိနေတဲ့လူတွေလို့ကျနော်မြင်တယ်လေ။

ငြမ်း – ကျေးဇူးပါပဲဗျ ကိုနန္ဒာစစ်အောင်။

ပုံ – (၁)၊တို့မျိုးဆက်ကွန်ရက်၏ ဒါရိုက်တာ၊ အခြေခံပညာ၊ ပညာရေးလုပ်သားများ ဗဟိုလုပ်ငန်းကော်မတီ နိုင်ငံရေးအကြံပေး ဦးနန္ဒာစစ်အောင်

 

ဓာတ်ပုံ – (ကို)NDSA

ပုံ – (၂)၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး Fb

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။