ထပ်ပြီးစော်ကားတယ်လို့ ကျနော်တို့ က မြင်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၀န်ကြီးချုပ်တစ်ယောက်ရဲ့အဆင့်နဲ့ လျော်ကန်တဲ့ တောင်းပန်မှုမျိုး လုပ်ပေးရင် ကျနော်တို့ဘက်က ပြဿနာရှင်းတယ်။အဲဒီလိုမဟုတ်ဘဲ လိုက်ပြီးကာနေမယ်ဆိုရင် ကာလေ ကာလေ ပိုဆိုးလေ ဖြစ်လာလိမ့်မယ် …

အောက်တိုဘာ(၁၇)၊၂၀၁၉၊ရန်ကုန်

The Nyang News

ပဲခူးတိုင်းဝန်ကြီးချုပ်၏ ပြောကြားမှုအား ခုခံကာကွယ်ရန်နှင့် ဒေသခံ ရွာသူ၊ရွာသားများ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားနေသည့် ရုပ်သံဖိုင်တစ်ခုအောက်တိုဘာလ(၁၅)ရက်နေ့က ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာပြီး ထိုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့သည့် အခြေခံပညာ၊ပညာရေးလုပ်သားများသမဂ္ဂ အရန်ကော်မတီဝင် ဦးဖြိုးဝေအောင် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ကိုဖြိုးဝေအောင်Share ထားတာ တွေ့ရပါတယ်။အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

UPWA – ဒမငယ် မကြီး မငယ် ဘုရားဝန်းထဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ်က ဆရာ၊ဆရာမတွေကို ပြောသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးဆောင်ဆွေးနွေးသူတစ်ယောက်ကနေ ပဲခူးတိုင်းဝန်ကြီးချုပ် ဆရာ၊ ဆရာမတွေကို ပြောတာမှာ ရင်းနှီးတဲ့သဘောနဲ့ ယဉ်ယဉ်ကျေးကျေး လေးပြောသွားတာပါ ။သူကတော့ အဲဒီလိုပဲမြင်ပါတယ်လို့ ဦးဆောင်ဆွေးနွေးသူကပြောတယ်။အဲဒီနေ့မှာ တက်ရောက် သူတွေလည်း အခုဒီမှာ ရှိကြတယ်ပေါ့။ အဲဒီ လူတေ ွကရော ဝန်ကြီးချုပ်ရဲ့ပြောစကားကို ဘယ်လိုမြင်ပါသလဲလို့ ပြောတာ။ ပြောတဲ့အချိန်မှာ ဒီဘက်က ကန့်ကွက်တဲ့ လူငယ်တွေနဲ့ပြဿနာ တက်ပြီး ပွဲကတော့ ပျက်သွားတယ်။

ငြမ်း – အဲဒီတော့ ပဲခူးတိုင်းဝန်ကြီးချုပ် က ဆရာ၊ဆရာမတွေကို ပြောခဲ့တဲ့အပေါ်မှာ ထောက်ခံဆွေးနွေးတဲ့သဘောနဲ့ ဦးဆော င်ဆွေးနွေးသူဆိုတာ ဘယ်သူလဲ ဆိုတာရောသိသလားဗျ။

UPWA – အဲဒီလိုတော့နာမည်နဲ့ မသိဘူး။ဦးဆောင်ဆွေးနွေးသူ တစ်ယောက်လို့ပဲ သိတယ်။

ငြမ်း – အဲဒီဦးဆောင်ဆွေးနွေးတဲ့သူက ဘယ်ကလဲခင်ဗျ။ ဒီဒေသကပဲလား။

UPWA – သူက ဒမငယ်ရွာကပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာတွေ့ရပါတယ်။ ဘယ်လိုဖြစ်တာလဲ။

UPWA – ဝန်ကြီးချုပ်ကာကွယ်ပွဲလုပ်လို့ ဖြစ်တယ်လို့တော့ ကျနော်မယူဆပါဘူး။ကျောင်းဝန်းထဲမှာ ဖြစ်တဲ့အသံတွေအရတော့ ဒီကိစ္စလုပ်ချင်ရင် ကျောင်းဝန်းထဲ လာမလုပ်နဲ့။အများပိုင် ကျောင်းဝန်းထဲ လာမလုပ်နဲ့။ အပြင်မှာကိုယ့်ဘာသာစီစဉ်ပြီး လုပ်ကြဖို့ ပြောဆိုရင်းနဲ့ပဲ ရုန်းရင်းဆန်ခတ်လေးဖြစ်သွားတာပါ။

ငြမ်း – ကျောင်းဝန်းထဲမှာ လုပ်ဖို့ သဘောမတူဘူးဆိုတဲ့လူတွေကရော ဘယ်သူတွေလဲ ခင်ဗျ။

UPWA – အဲလိုတော့ သေချာမသိဘူးဗျ။ အပြင်ကနေကြည့်ရုံဆိုတော့ သေချာမသိဘူး။ သတင်းဗီဒီယိုဖိုင်တစ်ခုတက်လာတယ်။ ကျနော် ကတော့ အခြေအနေဘယ်လိုရှိသလဲဆိုတာ သွားကြည့်ရုံလေးပါပဲ ။နောက်တော့ သတင်းမှာတက်လာတာကို ရှယ်လိုက်တယ်။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ် ပြောခဲ့တဲ့ (၅)ရက်နေ့ က ကိုဖြိုးဝေအောင်ကရောအဲဒီရွာမှာ ရှိသလားဗျ။

UPWA – ကျနော်မရှိဘူး။အဲဒီတုန်းက ကျနော်က ရန်ကုန်မှာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – လက်ရှိ အခြေအနေမှာ အဲဒီရွာမှာ ပဲခူးတိုင်းဝန်ကြီး ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်တာမျိုးတွေရှိလဲ။

UPWA – ဘာတုံ့ပြန်လဲဆိုတော့ ပြောသွားတဲ့အပေါ်မှာ ခံစားရ တာတော့ ရှိတာပေါ့။ ပညာရေးဝန်ထမ်းတွေရဲ့ အနေအထားကလည်း ပြောသွားရင်ခံ။စိတ်ထဲမှာ မကျေနပ်ရင်တောင်မှ တော်ရုံတန်ရုံ ပြန်ပြောတာမျိုးမှ မဟုတ်တာနော့။ကျနာ်တို့က အသံဖိုင်နဲ့ အတိအကျရလို့သာ သမဂ္ဂအဖွဲ့အစည်းရှိနေလို့သာ ဒါတွေကို ကာကွယ်ဖို့လုပ်ရတာလေ။ပညာရေးဝန်ထမ်းအများစုကတော့ ပြောသွားရင် ခေါင်းငုံ့ခံတာပဲ။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ် အခုတောင်းပန်စကားပြောတဲ့ အပေါ်မှာေ ရာ ကိုဖြိုးဝေအောင် ဘယ်လိုယူဆသလဲဗျ။

UPWA – ကျနော်တို့ဘက် သဘောထားကြေညာချက်ထုတ်တယ်။ မီဒီယာ တွေက သူ့ကိုလှမ်းမေးတဲ့အခါမှာ သူတောင်းပန်တယ် ဆိုတဲ့ကိစ္စက လမ်းကြုံစကားပြောသလိုဖြစ်နေတာပေါ့နော့။ ကျနော်တို့ က ဝန်ကြီးချုပ်တစ်ယောက်ရဲ့အဆင့်နဲ့ Official တောင်းပန်တာ ကိုလိုချင်တာပေါ့။အဲဒါမျိုးဖြစ်လာရင် ဆရာ၊ဆရာမတွေဘက် က ကျေအေးပေးဖို့ စဉ်းစားမှာပဲ။ဒါပေမယ့် Official လုံး၀ မတောင်းပန် သေးဘူးလေ။ဝန်ထမ်းတွေရဲ့ ဘဝလုံခြုံမှုနဲ့ပတ်သက်ပြီး ပေါ့ပေါ့ ပါပါးလေးပြောလိုက်တာ ဆိုတဲ့ ပြောတာကိုက ကျနော်တို့ကို ထပ်ပြီးစော်ကားတယ်လို့ ကျနော်တို့ က မြင်တယ်။

ငြမ်း – ပညာရေးဝန်ထမ်း လုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ပဲခူတိုင်းဝန်ကြီးချုပ်ပြောခဲ့တဲ့စကားအပေါ်ကိုရော ဆရာ ကိုဖြိုးဝေအောင်ဘာများပြောချင်လဲ ဗျ။

UPWA -ပညာရေးဝန်ထမ်းလုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုတာထက် ကျနော်ပညာရေး ဝန်ထမ်းတွေရဲ့ အခက်အခဲကို ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆို ပိုမှန်တာပေါ့။ကျနော်လက်ရှိ အခုအခြေခံပညာဝန်ထမ်းတွေရဲ့ အကြမ်းဖက်ခံရမှု၊ဘဝလုံခြုံမှု သုတေသန စစ်တမ်းတွေလုပ်ပြီးတော့ ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ သုတေသန လုပ်နေတဲ့အချိန်ကာလလည်းဖြစ်တယ်။ အောက်ခြေမှာ ဝန်ထမ်းတွေခံစားနေရတာကို ထဲထဲဝင်ဝင်သိနေတာ။ဒီစကားက မြေပြင်မှာတကယ်ခံစားနေရတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အရှိုက်ကိုထိတဲ့စကားဖြစ်သွားတာ။အဲဒီတော့ မခံမရပ်နိုင်ဖြစ်ကြတာပါ။

ငြမ်း – ဝန်ကြီးချုပ်ဘက်က တရားဝင်စာထုတ်ပြီးတောင်းပန်ဖို့ ကို အချိန်ဘယ်လောက်ပေးထားသလဲ။မဖြစ်လာဘူးဆိုရင်ရော ဘာဆက်လုပ်ကြမလဲ။

UPWA – လက်ရှိကတော့ အန်အယ်လ်ဒီပါတီကို တိုင်စာပို့မယ် ။နိုင်ငံတော်သမ္မတ၊သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာန၊တခြား သက်ဆိုင်ရာဌာနတွေ၊ပဲခူးတိုင်းလွှတ်တော် ကျနော်တို့စာပို့ပြီး တောင်းဆိုသွားမယ်။ တောင်းဆိုတဲ့အပေါ်မှာ ဘယ်လိုမျိုး ဆောင်ရွက်မလဲ ဆိုတဲ့ အခြေအနေအပေါ်မူတည်ပြီး ရှေ့ဆက်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးပြီးတော့မှ အဲဒီအခါမှပဲ ပြောကြတာပေါ့။လောလောဆယ်ကတော့ ပြောဖို့ စောနေ သေးလို့ပါ။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးက ဆရာမတွေကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မကြီး မငယ် ဘုရားပရဝဏ်ထဲမှာ လုပ်ခဲ့တဲ့ အခြေအနေမှာ အဲဒီပွဲ လုပ်တဲ့ အခြေခံအကြောင်းအရင်း၊ဒီပွဲက ဘယ်ကနေဆင်းသက် လာတာလဲ ဆရာ။

UPWA – ပြောရခက်ပါတယ်။အဲဒီပွဲနဲ့ ပတ်သက်ပြီးအခြေခံ အကြောင်းအရင်းကို သိပ်ပြီမပြော လိုဘူး။မပြောချင်ေ သးဘူး။ဝန်ကြီးချုပ်က ရယ်သွမ်းသွေးပြီးပြောသွားတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပြောသွားတယ်။ဝန်ကြီးချုပ်ပြောတာဟာ ယဉ်ယဉ်ကျေးကျေးပြောတာပါ။ဒါတွေက ဝန်ကြီးချုပ်ကိုထောက်ခံပြီး ပြောတာ။အဲဒီပြောတဲ့ ထောက်ခံတဲ့ လူကိုလည်း ကျနော်တို့ ကန့်ကွက် ပါတယ်။ လုံးဝကန့်ကွက် ပါတယ်။ဖြစ်နေတာက ဝန်ကြီးချုပ် ကိုယ်တိုင် က ပေါ့ပေါ့ပါးပါးပြောတာပါ။နစ်နာတယ်ထင်ရင် တောင်းပန် ပါ တယ်ဆိုတဲ့ စကားက ကျနော်တို့ကို စော်ကားတာလို့ ကျနော်တို့မြင် ထားတာ။အခုက ဒီမှာ ပွဲတစ်ပွဲလုပ်ပြီး ထပ်စော်ကားတယ်လို့ ကျနော်တို့မြင်တယ်။အဲလိုမြင်တယ်။လက်ရှိမြေပြင်မှာ ဆရာ။ဆရာမတွေက ဘဝတွေနဲ့ ရင်ပြီးခံစားနေရ တာဗျ။ဘဝတွေနဲ့ရင်းပြီး ခံစားနေရတာကြီးကို ရယ်သွမ်းေ သွးပြီးပြောတယ်ဆိုတဲ့ စကားတွေ၊ပေါ့ပေါ့ပါးပါးပြောလိုက် တယ်ဆိုတဲ့စကားတွေနဲ့ ကျနော်တို့ကို နှစ်သိမ့်လို့မရဘူးဗျ။ဒီဘက်က ဝန်ကြီးချုပ်တစ်ယောက်ရဲ့အဆင့်နဲ့ လျော်ကန်တဲ့ တောင်းပန်မှု မျိုးလုပ်ပေးရင် ကျနော်တို့ဘက်က ပြဿနာရှင်းတယ်။ အဲဒီလိုမဟုတ်ဘဲ လိုက်ပြီးကာနေမယ်ဆိုရင် ကာလေ ကာလေ ပိုဆိုးလေ ဖြစ်လာလိမ့်မယ်။

ငြမ်း – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း

ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးအစိုးရရုံး Fb


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။