ထမင်းဝအောင်စားထား ဆိုတာ မင်းကိုအသေသတ်ပစ်မယ် ပြောတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ဥပဒေပညာရှင် ဦးအောင်စိုး

မထီမဲ့မြင်လုပ်တာ၊ ခြိမ်းခြောက်တာ၊ လူသတ်မှုကို အားပေး ကူညီတာ၊ ဒီဟာတွေက အားပေးကူညီမှု မြောက်သလား မမြောက်ဘူးလား ဆိုတာ ခြိမ်းခြောက်ရာ မြောက်သလား မမြောက်ဘူး လား။ နောက်ပြီး ပဋိပက္ခ …

 

လူသတ်သမား ကြည်လင်းနှင့် အပေါင်းအပါများကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် “ မင်းတို့ ထမင်းဝအောင်စားထား” စာတန်းပါ အင်္ကျ ီဝတ်ဆင်ထားသည့် လူတစ်စုကလာရောက်ဝန်းရံခဲ့သည်။အဆိုပါလုပ်ရပ်သည် တရားဥပဒေ စိုးမိုရေး၊ လွတ်လပ်စွာ တရားစီရင်ရေးကို ထိခိုက်ပျက်ပြားစေသည့် အတွက် ဥပဒေပညာရှင် ရှေ့နေအဖွဲ့အစည်း များက ကန့်ကွ က်ခဲ့သည်။ယင်းအခြေအနေနှင့် ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးဖြစ်သလို တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ (ရန်ကုန်တိုင်းဒေသကြီး) မှ ဦးအောင်းစိုးကို ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်း ထားသည် များကို ဖော်ပြထားသည်။

ငြမ်း – အင်းစိန်၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ဖြစ်ခဲ့တဲ့ “ မင်းတို့ ထမင်း ဝအောင်စားထား” ဆိုတဲ့အကျီဝတ်ထားပြီး ဦးကိုနီနဲ့ ဦးနေဝင်းကို သေနတ်နဲ့ ပစ်ခဲ့တဲ့သူနဲ့ အပေါင်းအပါတွေရဲ့ ရုံးထုတ်တဲ့ရုံးချိန်းမှာ လာပြီးဝန်းရံကြတယ်။ ဒါနဲ့ပတ်သက်လို့ ဥပဒေပညာရှင်တွေကလည်း ကန့်ကွက်တယ်လို့ ထုတ်ဖော်ပြောဆိုလာကြတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘယ်လိုအခြေအနေလို့ ပြောလို့ရမလဲ။

U.A.S – အဓိကကတော့ တရားဥပဒေစိုးမိုးရေးကိုပဲ ဦးစားပေးချင်တယ်။ ဦးကိုနီအမှုရယ် ဘယ်သူ့အမှုရယ်ဆိုတာက အကြောင်းခံ တရားတွေပါ။ တကယ် အရေးကြီးတာက ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ နိုင်ငံရဲ့ နိုင်ငံရေး စနစ်အောင်မြင်ဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေး ပေါ်မှာ အထာက်အကူပြုတယ်။ တရားဥပဒေ မစိုးမိုးရင် စီးပွားရေး ပဲဖြစ်ဖြစ် နိုင်ငံရေး ပဲဖြစ်ဖြစ် ဘယ်လိုစနစ်ပဲသွားသွား အစိုးရ တစ်ရပ်က ရပ်တည်လို့ မရဘူး။ တရားဥပဒေစိုးမိုးမှ ရပ်တည်လို့ရမယ်။ မြောက်ပိုင်း ခရိုင်မှာ ဖြစ်သွားတဲ့ ကိစ္စက ကျွန်တော်တို့ ခံစားရတယ်။ ဘယ်လို ခံစားရလဲဆိုရင် တရားဥပဒေစိုးမိုးရေးကို လာရောက် ခြိမ်းခြောက်တယ် လို့ ခံစားရတယ်။ တရားဥပဒေ စိုးမိုးရေးကို လာပြီး စော်ကားတယ်လို့ ခံစားရတယ်။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင် လာလုပ်တယ်လို့ ခံစားရတယ်။ တရားဥပဒေ စိုးမိုးဖို့ဆိုတာက တရားရုံးကလည်း မျှတရမယ်၊ အဲတရားရုံးက ပြည်သူကယုံကြည်ရမယ်။ အဲတရားရုံး အရိပ်အာဝါသက လည်း လေးစားထိုက်ဖွယ် ရှိရမယ်။ စည်းနဲ့ ကမ်းနဲ့ ညီညွတ်တယ် ဆိုတာမျိုး ဖြစ်ရမယ်။ အခုက တရားရုံးပရိဝုဏ်က စည်းမဲ့ကမ်းမဲ့ ဖြစ်လာတယ်။ ဝင်ချင်တဲ့သူဝင် ထွက်ချင်တဲ့သူထွက် ဖြစ်နေ တယ်။ လုပ်ချင်တာ လုပ်လို့ရတယ်။ စော်ကားချင်တာ စော်ကားလို့ရတယ်။ ပြောချင်တာပြောလို့ ရတယ်။ အဲဒါကို ကျွန်တော်တို့က မခံနိုင်တာ။ ကျွန်တော်တို့က တရားရုံးကိုချစ်လို့ ပြည်သူကိုချစ်လို့ နောက်ပြီး ဥပဒေ ဘက်တော်သားလည်းဖြစ်လို့ မခံနိုင်တာ။ နောက်ပြီး သူတို့လုပ်တာက စွပ်စွဲခံရတာ။ စွပ်စွဲခံရသူက စွပ်စွဲခံရသူလိုပဲနေရမယ်။ တရားသူကြီး ကလည်း တရားသူကြီးလိုနေရမယ်။ အစောင့်ကလည်း အစောင့် တာဝန်ကျေ ရမယ်။ မိတ်ဆွေတွေ ဆွေမျိုးသားချင်းတွေကလာရမှာပဲ။ ဒါပေမယ့် သူစည်းသူ့ကမ်းနဲ့တော့ နေကြပေါ့။ မြန်မာစကားရှိတယ်။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားပါနဲ့တဲ့။ သူတို့ကဧည့်သည်လေ။ ဧည့်သည်က အိမ်ရှင်ကိုလာစော်ကားတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဘယ်လိုအရာကို စော်ကားတာလို့ ပြောချင်တာပါလဲ။

U.A.S – ဘယ်လိုစော်ကားလဲ ဆိုရင် ပြီးခဲ့တဲ့ ရုံးချိန်းမှာ ထမင်း၀၀ စားထားလို့ပြောတယ်။ ဒီစကားက တကယ်ပြောတာ မဟုတ်လောက် ဘူးလို့ ထင်တာ။ ကျွန်တော်တို့ အချင်းချင်း ဆွေးနွေးကြတော့တောင် မဟုတ်တန် လောက်ဘူးလို့ ပြောသူလည်းရှိတယ်။ အခုကျတော့ တကယ် ဟုတ်နေတယ်။ တကယ်ဟုတ်နေရင် စွပ်စွဲခံရသူတစ်ယောက်က တရားရုံး ထဲမှာ ပြောလို့သင့်တော်သလား။ တရားဥပဒေနဲ့ သင့်တော် သလား စဉ်းစား ရမယ်။ ထားတော့ သူပြောသွားပြီးပြီ။ နောက်ရုံးချိန်းမှာ လူတစ်စု က တီရှပ်တွေနဲ့ ရောက်လာတယ်။ အဲ့တီရှပ်က လက်ညိုးထိုး နေတယ်။ ထိုးနေတာက မြင်တဲ့သူ အကုန်လုံးကိုထိုးနေတာ။ တရားသူကြီး ကိုလည်း ထိုးတယ်။ တရားခံလည်းထိုးတယ်။ ပြည်သူကိုလည်းထိုးတယ်။ တရားသူကြီး ကို လည်းထိုးတယ်။ အကုန်လုံးကို ထိုးတယ်။ ဒီဟာ ဘာဖြစ် သလဲ ဆိုရင် ခြိမ်းခြောက်နေတာ။ အသံတိတ်လာပြီး ခြိမ်းခြောက် နေတာ။ ဒီဟာမျိုးကို ကျွန်တော်တို့ အစဉ်အလာအရ လက်ခံလို့မရဘူး။ နောက်ပြီး အဲဒါကိုပြန်ပြောနေကြတာ ရှိတယ်။ ထမင်းဝအောင်စားထား ဆိုတာ ထမင်း ဝစေချင်လို့ ဘာလို့ပြောနေကြတယ်။ ဒါလိမ်ညာပြောတယ် ဆိုတာ ပြည်သူလူထု သိတယ်။ ကျွန်တော်က မြန်မာစာပေ ချစ်မြတ်နိုးသူများ အသင်းက အတွင်းရေးမှူးပါ။ အမှန်က မြန်မာစာမှာ စကားလုံးတွေ ရှိတယ်။ စကားလုံးတွေမှာ အဓိပ္ပာယ်တွေရှိတယ်။ အဲအဓိပ္ပာယ်တွေက ရန်စကားတွေရှိတယ်။ “ မင်းအိပ်ရေးဝအောင်အိပ်ထား၊ မနက်ကျ မင်းမျက်နှာသစ်စရာမရှိတော့ဘူး” ဆိုရင် မင်းကို လာသတ်မယ်လို့ ပြောတာ။ “ ထမင်းဝအောင်စားထား” ဆိုတာ မင်းကို အသေသတ်ပစ်မယ်။ မင်းလူပြည်မှာ မရှိတော့ဘူးဆိုတာမျိုး ပြောတာ။ ဒီစကားကို လူတိုင်း သိတယ်။ အခုပြောတဲ့ “ ထမင်း ဝအောင်စားထား” ဆိုတာ အလှူအိမ်မှာ ပြောတဲ့ စကားလုံးမျိုး မဟုတ်ဘူး။ အဲအတွက် ကျွန်တော်တို့က ဒါသည် တရားရုံးကို မထီမဲ့မြင်လုပ်တာ၊ ခြိမ်းခြောက်တာ ။ အဓိကကတော့ တရားစီရင် မဏ္ဍိုင်က လွပ်လွပ်လပ်လပ်နဲ့ မျှမျှတတစီရင်နေတယ်။ အဲဒါကို ပဋိပက္ခတွေ ဖြစ်လာအောင် လုပ်တာ။ နောက်ရုံးချိန်းတွေအတွက် ကျွန်တော်တို့ စိုးရိမ်တယ်။

 

တပ်မတော် အရာရှိဟောင်းတွေက” ထမင်းဝအောင် စားထား” ဆိုတာကို ကိုင်ပြီး အားပေးတဲ့ ဓာတ်ပုံကိုတွေ့ရတယ်။ တပ်မတော်ကို ထောက်ခံပါတယ် ဆိုတဲ့ သူတွေက ဒါတွေကို အားပေးနေပါလားဆိုပြီး စိတ်မကောင်းဘူး။ ဒါက တပ်မတော်အတွက်လည်း …

 

ငြမ်း – ဥပဒေပညာရှင်တွေက ခုလိုထောက်ပြပြောဆိုတာကို ဥပဒေကြောင်းအရ ဘယ်သူတွေက အကောင်ထည်ဖော်ပေးရမလဲ။ အဲတရားရုံးက တာဝန်ရှိသူတွေလား။ ဒါမှမဟုတ်ရန်ကုန်တိုင်းဒေသကြီး အစိုးရကလား။

U.A.S – မြန်မာပြည်မှာ ဖြစ်နေတာက ဆရာမောင်ဆုရှင်ပြောခဲ့ သလို ပဲ။ လူတိုင်း လုပ်ရမယ့် အလုပ်ကို ဘယ်သူကမှ မလုပ်ကြဘူး။ တရား ဥပဒေစိုးမိုးရေး ဆိုတာ အစိုးရကို လွဲချနေလို့ မရဘူး။ ကိုယ်တိုင်က စပြီး လုပ်ရမယ်။ တရားဥပဒေ မစိုးမိုးတာကို စိုးမိုးအောင်လုပ်ရမယ်။ အဓမ္မဝါဒီတွေ ကို မစိုးမိုးအောင်လုပ်ရမယ်။ ကျွန်တော်တို့ စာတင်ထားရင် စာတင်ထားတဲ့ အဖွဲ့အစည်းက လုပ်ရမှာပေါ့။ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ရှိတာပဲ။ တစ်ခွန်းပဲပြောချင်တယ်။ ကျွန်တော်တို့ ဥပဒေသမားတွေက အကြောင်းမရှိရင် ငြိမ်နေတယ်။ တိုင်းပြည်မှာ ပြည်သူလူထု ဥပဒေနဲ့ ပတ်သက်ပြီး အနှိပ်ပ်စက်ခံနေရ တယ်။ အချိုးဖောက် ခံနေရတယ် ဆိုရင် အစဉ်အဆက် ဥပဒေသမားတွေ အငြိမ် မနေဘူး။ ၁၉၈၈မှာလည်း ဆရာဦးကိုယုတို့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် တို့ ဆရာကြီး ဦးအုံးမောင်တို့ဆိုတာ အလကား လခ စားနေ တာမဟုတ်ဘူး။ ကျွန်တော်တို့က တရားဥပဒေနဲ့ အသက်မွေး ဝမ်းကျောင်းပြုပြီး ပြည်သူလူထုကို ငါအေးအေးနေရ ပြီးရောလို့ ကြည့်နေ တဲ့ သူတွေ မဟုတ်ပါဘူး။ ထောင်ကျခံ အသေခံပြီး ပြည်သူရှေ့က လမ်းပြပေးတယ်။ ဒါမှလည်း ရှေ့နေဖြစ်မယ်။ မဆလခေတ် က ကြောက် စရာ ကောင်းတဲ့ စစ်အုပ်ချုပ်ရေး ကို ပြိုလဲသွားအောင် ပထမဆုံး လက်မှတ်ရေး ထိုးတာ ကျွန်တော်တို့ ရှေ့နေတွေပါ။ အခုလည်း ဒီလို ကိစ္စမျိုးမှာ ကိုယ့်စားပွဲခုံမှာ ကိုယ်နေလို့ရတာပေါ့။ ဘာလို့ ပါလဲဆိုရင် ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထုနဲ့ တရားဥပဒေ စိုးမိုးရေးကြောင့်ပါတာ။ တရားဥပဒေ စိုးမိုးရေးကို ထိပါးလာတဲ့ ကိစ္စတစ်ခုကို ဘယ်သူကမှ တာဝန်ပေးပေး မပေးပေး ပြောဆိုရမယ်။ ကန့်ကွက်ရမယ်။ ဒါက နိုင်ငံသူနိုင်ငံသားကောင်း တစ်ရပ်ရဲ့ တာဝန်ပဲ။ ပြည်သူအားနဲ့ အမှန်တရား ကိုဖော်ထုတ်တာ။ ဒီလိုဖြစ်နေပြီ။ စောင့်ရှောက် ပေးကြပါ။ အရေးယူပေးကြပါ ဆိုတော့ အဖွဲ့အစည်းတွေကလည်း မနေ ပါဘူး။ ကျွန်တော် သိပါတယ်။ သင့်တော်သလို အရေးယူပါလိမ့်မယ်။

ငြမ်း – ဒီအခြေအနေကို ပြည်သူတစ်ယောက်အနေနဲ့ တရားစွဲတာမျိုးလုပ်လို့ ရနိုင်မလား။ ဘယ်လို ပုဒ်မနဲ့ စွဲရင်ရနိုင်မလဲ။

U.A.S – ရနိုင်တယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ တရားစွဲတဲ့ လမ်းကြောင်း ကို မပြောချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တရားစွဲဆိုတဲ့ လမ်းကြောင်းကို လုပ်မယ့်သူ မဟုတ်ဘူး။ အဲတော့ သာမန် အားဖြင့် ပြောမယ်ဆိုရင်တော့ ဟိုနေ့ကလည်း ရှေ့နေကြီးတွေ ပြောသွား တာရှိတယ်။ တရားရုံး မထီမဲ့မြင်လုပ်တာ၊ ခြိမ်းခြောက်တာ၊ လူသတ်မှုကို အားပေး ကူညီတာ၊ ဒီဟာတွေက အားပေးကူညီမှု မြောက်သလား မမြောက်ဘူးလား ဆိုတာ ခြိမ်းခြောက်ရာ မြောက်သလား မမြောက်ဘူး လား။ နောက်ပြီး ပဋိပက္ခ ဖြစ်အောင် ဆောင်ရွက်တာ ဖြစ်မဖြစ် ဆိုတာ ကတော့ တရားစွဲ အဖွဲ့အစည်းက ဆုံးဖြတ် လိမ့်မယ်။ တရားစွဲရင် ဒီအဖြေတွေ ပေါ်လာလိမ့်မယ်။ အဓိက က ဘာလဲဆိုရင် အဲဒီလူတွေ အပြစ်ပေးချင်တာ ထက် အဲလိုအပြုအမူက မှားတယ်ဆိုတာကို နိုင်ငံတော်က ပြင်စေချင်တာ။ ကျွန်တော်တို့ အလုပ်က ဒီလိုပြုမူတဲ့ အပြုအမူက တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်ဖြစ်တယ် ဆိုတာကိုထုတ်ဖော်ပြောဆိုရမယ်။ မပြောရင် တာဝန်မကျေဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

U.A.S – စကားကြုံလို့ ပြောရပါဦးမယ်။ ကျွန်တော် တပ်မတော်အတွက် စိတ်မကောင်းဘူး။ ကျွန်တော် တပ်မတော်ကိုချစ်တယ်။ လက်ရှိ တပ်မတော် ကိုလည်း ချစ်တယ်။ တပ်မတော်ကို ထောက်ခံပွဲလုပ်တယ်။ ဒါလွပ်လပ်စွာ ထုတ်ဖော်ဖွင့်ရှိတယ် လုပ်ပါ။ ဒါပေမယ့် အဲပွဲမှာ တပ်မတော် အရာရှိဟောင်းတွေက “ ထမင်းဝအောင်စားထား” ဆိုတာကို ကိုင်ပြီး အားပေးတဲ့ ဓာတ်ပုံကိုတွေ့ရတယ်။ တပ်မတော်ကို ထောက်ခံပါတယ် ဆိုတဲ့ သူတွေက ဒါတွေကို အားပေးနေပါလားဆိုပြီး စိတ်မကောင်းဘူး။ ဒါက တပ်မတော်အတွက်လည်း ဒီကိစ္စက အတော်လေးထိခိုက်မယ့် အပြုအမူ အပြောအဆိုပေါ့။

ငြမ်း – ဆရာတို့ဆီမှာ ဘယ်လိုအကြောင်းအရာတွေကို အကူအညီလာတောင်းခံတာတွေများလဲ။

U.A.S – အမှုအခင်းတွေပါပဲ။ အမှုအခင်းတွေဆိုတော့လည်း တရားရုံးတို့ ရဲတို့ စည်ပင်တို့နဲ့ ပတ်သက်ပြီး အကူညီလာတောင်းတာ အများဆုံးပါပဲ။ လက်ရှိတော့ ဒီလောက်နဲ့ပဲ ထားဦးတော့…။

ငြမ်း – ဟုတ်ကဲ့။ ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ
ဖေဖော်ဝါရီ(၇)၊ ၂၀၁၈၊ ရန်ကုန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,