ထိုင်းဘုရင် မွတ်စလင်ဘာသာ သို့ ပြောင်း၊ မြန်မာတွေ ဘယ်လဲ၊ဘာလဲ ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ထိုင်း မှာ မွတ်နိုင်ငံ ထူထောင်ဖို့ အဓိကရုဏ်းတွေ ဖြစ်ပြီး ဗုဒ္ဓဘာသာ ထိုင်းဘုရင်ကြီး ထီးနန်းထိန်းသိမ်းဖို့ မွတ်စလင်ဘာသာ သို့ ကူးပြောင်း ဆိုတဲ့ အကြောင်းအရာ ကို Min Zay Yar အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၉ ) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

သည်အကြောင်းအရာကို မှတ်ချက်ပေးသူ၊ ထပ်ဆင့်ဖြန့်ချိသူ၊ React  ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သတင်းအတု၊ သတင်းအမှား ပြုလုပ်နေသူတွေဟာ သည်လိုအကြောင်းအရာမျိုးကို ရွေးကောက်ပွဲ မတိုင်ကလည်း ဖြန့်ချိခဲ့ ဖူးပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Min Zay Yar အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ အကြောင်းအရာမှာ ထိုင်း နိုင်ငံကို မွတ်နိုင်ငံအဖြစ်ထူထောင်ဖို့  အဓိကရုဏ်းတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံ လီဆယ်ထားချက်တစ်ခုသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေး စနစ်တစ်ခုလုံးကို အပြောင်းအလဲ ပြုချင်သူတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲတွေသာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Min Zay Yar အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ ရုပ်သံ ဟာ THAITV2 က ထုတ်လွှင့်ခဲ့တဲ့ အကြောင်းအရာဖြစ်ပြီး ၂၀၂၀ ကုရ်အာန်ကျမ်း ရွတ်ဆို ပြိုင်ပွဲ သို့ ထိုင်းဘုရင်နဲ့ မိဖုရားတို့ သဘာပတိ အဖြစ်တက်ရောက်ချီးမြှင့်တဲ့ အခမ်းအနား တစ်ခုသာ ဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာ နဲ့ ဖော်ပြချက်ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Min Zay Yar အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ အကြောင်းအရာဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံလီဆယ်ထားတဲ့ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

မြန်မာ့နိုင်ငံရေး ခရီးမှာ အာဏာရှင်စနစ်၊ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုတွေ ယှဉ်ပြိုင်နေကြတဲ့ အခါမှာ ဒီမိုကရေစီ အင်အားစုတွေက နည်းမှန်လမ်းမှန်နဲ့ရှေ့ဆက်လျှောက်လမ်းကြမှာပေါ့။ လျှောက်လမ်းကြတဲ့ အခါမှာ တစ်ဖက်က လုပ်ဆောင်လာမယ့် ဘာသာရေး၊ လူမျိူးရေးနိုင်ငံရေး မှိုင်းတွေ သတိကြီးကြီးနဲ့ သတိပြုနေထိုင်ကြဖို့နဲ့ အားလုံးညီညီညွတ်ညွတ်နဲ့နိုင်ငံအတွက် ရှေ့ဆက်လျှောက်လမ်းကြဖို့ တိုက်တွန်းချင်ပါတယ် လို့ ပိဋကတ်နှစ်ပုံခွဲအာဂုံဆောင် ရန်ကင်းတောင်ဆရာတော် ဦးပညိဿရာလင်္ကာရ က မိန့်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ဘာသာရေး၊ လူမျိုးရေး သတင်းအမှားတွေနဲ့ သွေးထိုး လှုံ့ဆော်ခဲ့သလို ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ လည်း လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှားတွေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေဆဲမို့ အထူးသတိပြုဖို့ လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,