ထိုင်း ဗုဒ္ဓဘာသာ ကို ကာကွယ်ရန် ထိုင်းတပ်မတော် အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ထိုင်း နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်ချိနေမှုတွေ ရှိပါတယ်။

အခု ပြောပြလိုတာက ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးလှုပ်ခတ်မှု အခြေအနေတွေ အပေါ်မှာ အကြောင်းခံပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ချိနေကြတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ဖြစ်ပါတယ်။

သည် သတင်းအမှားကို ဝဏ်ဏ လို့ အမည်ရတဲ့ အကောင့်က အောက်တိုဘာလ (၁၈) ရက်နေ့က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ (web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဝဏ်ဏ လို့ အမည်ရတဲ့ အကောင့်က ဖြန့်ချိထားတဲ့ ” ထိုင်းနိုင်ငံ ဘုရင်စနစ် နဲ့ ထိုင်းဗုဒ္ဓဘာသာ ကို ကာကွယ်ရန် ယနေ့ ထိုင်း တပ်မတော်မှ အာဏာသိမ်း လိုက်ပြီး ” ဆိုတဲ့ အကြောင်းအရာကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဖေ့စ်ဘွတ်ဂရု၊ ပြည်ခိုင်ဖြိုးကို ချစ်မြတ်နိုးသူများ သီးသန့်ဆုံစည်းရာ စတဲ့ ဖေ့စ်ဘွတ် ဂရုတွေဆီကို လဂွန်းအိမ် အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့် မျှဝေထားတာ တွေ့ရပါတယ်။

ဝဏ်ဏ အမည်ရတဲ့ အကောင့်ပိုင်ရှင် ရေးထားတဲ့ ” ထိုင်းနိုင်ငံ ဘုရင်စနစ် နဲ့ ထိုင်းဗုဒ္ဓဘာ ကို ကာကွယ်ရန် ယနေ့ ထိုင်း တပ်မတော်မှ အာဏာသိမ်း လိုက်ပြီး ” ဆိုတဲ့ အကြောင်းအရာက မိမိလိုရာ ဆွဲရေးထားတဲ့ အချက်အလက် အမှားတစ်ခုသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ က ၂၀၁၄ ခုနှစ်မှာပါ။ သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး  သည်နေရာမှာ ဖတ်နိုင်ပါတယ်။

” ဒီကလူတွေက လိုရာတွေးပြောနေတာပါ။ထိုင်းမှာ အာဏာသိမ်းတာ၊ ဘာသာရေးနဲ့ ပတ်သက်တယ်လို့ မကြားမိပါဘူး။အာဏာသိမ်းတာ အကြိမ်ကြိမ်ပါပဲ။ ဒါပြောလို့မရပါဘူး။ ခုချိန်ထိကတော့ အာဏာသိမ်းတယ်လို့ မကြားမိပါဘူး” လို့ နိုင်ငံရေးရာအမြင် ဆောင်းပါးရှင်လည်းဖြစ် နိုင်ငံတကာ သတင်းအယ်ဒီတာ တစ်ဦးလည်း ဖြစ်သူ ဆရာမင်းမြတ်စံ က မှတ်ချက်ပြုပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရ နုတ်ထွက်ပေးဖို့ နဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးတဲ့နောက် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ် ပရာရွတ် က နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ်ကို ကြေညာလိုက်ကြောင်း သတင်းကို ဗီအိုအေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သည်နေရာမှာ နားဆင်နိုင်ပါတယ်။

အခုထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အေခြအနေနဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သည်နေရာနဲ့  သည်နေရာတွေမှာကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ တွေကို အကြောင်းခံပြီး ဘာမျှမဆိုင်တဲ့ ဘာသာရေး အခြေအနေ တွေနဲ့ ဆွဲကပ်ပြီး လူထုထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ သတင်းအတု၊ သတင်းအမှား တွေကို ပုံစံအမျိုးမျိုးနဲ့ ဖေ့စ်ဘွတ်မှာ ဖြန့်ချိနေကြတာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲကြိုကာလမှာ အဲဒီလူမျိုးရေးဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းအမှား ထုတ်တာတွေ အရင်ထက်ပိုတွေ့လာရတယ်။ အဲ့ဒါကတော့ နိုင်ငံအတွက် မကောင်းဘူးပေါ့။ ကျနော်တို့နိုင်ငံက လူအများစု။ ပညာရေးနိမ့်ကျတဲ့သူတွေကလည်းအများကြီးရှိနေသေးတယ်။အခြေအနေ၊ အကြောင်းအမျိုးကြောင့်။ ခုလိုအခြေအနေမျိုးမှာ နားလည်းမှုလွဲမှားတဲ့ သတင်းအမှားတွေကို ရည်ရွယ်ချက်နဲ့ ထုတ်တာတော့ မကောင်းဘူးပေါ့။ဒါတွေက ဒီလိုတွေးရင် မီဒီယာတွေက သတင်းအချက်အလက်မှန် ပြန်ထုတ်ပြီး အသိပေးရမှာပေါ့” လို့ နိုင်ငံရေးရာ အမြင် ဆောင်းပါးရှင်လည်းဖြစ် နိုင်ငံတကာ သတင်းအယ်ဒီတာ တစ်ဦးလည်း ဖြစ်သူ ဆရာမင်းမြတ်စံ က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,