ဒဂုံဆိပ်ကမ်းမြို့နယ်၊စက်မှုဇုန်(၁) ရှိ ဖယောင်းသိုလှောင်စက်ရုံ မီးလောင်မှု (၁၇)ဦးဒဏ်ရာရ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒဂုံဆိပ်ကမ်းမြို့နယ်၊စက်မှုဇုန်(၁)၊ဇာမဏီဖယောင်းသိုလှောင်စက်ရုံတွင် စက်တင်ဘာလ(၁၀)ရက်၊ည ခုနှစ်နာရီခန့်က မီးလောင်ကျွမ်းမှုကြောင့် (၁၇)ဦး ဒဏ်ရာရရှိခဲ့သည်…

ဒဏ်ရာရရှိသူများမှာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့(၂)ဦး၊အရပ်သား(၅)ဦး တို့ဖြစ်သည်။

ဒဏ်ရာရရှိသူတွေကို၊ဒဂုံဆိပ်ကမ်းဆေးရုံနဲ့စံပြဆေးရုံပို့ထားတယ်ဗျ။စိုးရိမ်စရာတော့မရှိပါဘူး။ဖယောင်း အပူတွေကြောင့်အရေးပြားတွေ လန်ကုန်တာတွေတော့ရှိတယ်။အရပ်သားတွေကတော့ အဲဒီက ရာအိမ်စုမှူးတို့ဘာတို့ ဝိုင်းကူကြတဲ့သူတွေပါ”ဟု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။

ယမန်နေ့က ဇာမဏီဖယောင်းသိုလှောင်စက်ရုံတွင်လောင်ကျွမ်းခဲ့သော မီးသည် ၎င်း၏အတွေ့အကြုံအရ မီးများသည့်အခြေအနေဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနေဖြင့် အခြားစက်ရုံများသို့ ကူးစက်လောင်ကျွမ်းမှု မရှိစေရန် ကြိုးစားငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မီးလောင်ကျွမ်းမှုဖြစ်ရာသို့ မီသတ်ယာဉ် (၄၉)စီး၊ရေသယ်ယာဉ် (၂၁)စီး၊အထောက်အကူပြုယာဉ်(၂၁)စီး၊ မီးသတ်စက်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၈)စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊စက်မှုဇုန်(၁)၊ဇာမဏီဖယောင်းသိုလှောင်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်အခြေအနေများကိုမူမသိရှိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။

ယမန်နေ့မီးလောင်မှုဖြစ်စဉ်တွင် မီးလောင်နေသည့် ဧရိယာ အကျယ်သည်ပုံမှန်မြင်ကျ မီးလောင်မှုအခြေအနေများနဲ့မတူဘဲ မီးလောင်ပြင်ဧရိယာကျယ်ပြန့်သည်ကိုတွေ့ရသည်။

မီးလောင်ကျွမ်းမှုအား ၂၁:၄၀တွင် မီးထိန်းနိုင်ခဲ့ပြီး ၂၂:၃၅ တွင်မီးငြှိမ်း သတ်နိုင်ခဲ့သည်။

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ပုံ-၁၊၂) ငြမ်း – (ပုံ-၃၊၄)

ဒဂုံဆိပ်ကမ်းမြို့နယ်၊စက်မှုဇုန်(၁)၊ဇာမဏီဖယောင်းသိုလှောင်စက်ရုံမီးလောင်ကျွမ်းမှု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။