ဒီစနစ်က အရမ်းကြောက်ဖို့ကောင်းတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးသွင်

MLM လုပ်တဲ့သူ မှန်သမျှ ကုမ္ပဏီကလူရော၊ Member အကြီး၊ အသေး အကုန်ပါတာ။ ရှင်းရှင်းပြောရင် ဒီအချိန်မှာ သိက္ခာလည်း ထိခဲ့တယ်။ ကိုယ်ဘယ်လောက်မှန်တယ်ပြောပြော MLM လို့ပြောရင် Negative နဲ့ပဲ ရှိမှာ။ မေးခွန်းကို ပြန်ကောက်ရရင် ကျွန်တော်တို့ လူတိုင်းကို ကယ်နိုင်မှာ မဟုတ်ဘူ …

MLM စနစ်ကို နိုင်ငံတော်က တားမြစ်ခဲ့ပြီးနောက် MLM စနစ်ဖြင့် ရောင်းချမှု ကို ရပ်ဆိုင်းကာ ကုမ္ပဏီကိုပါ ပိတ်သိမ်းရန် စီစဉ်လျက်ရှိသော ရွှေပန်းတိုင် ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးသွင် ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အခု ကတိကြေးငွေဆိုပြီး ထုတ်ပေးနေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပါဦး။

U M T – အခုပေးတယ်ဆိုတာက (၃) လစာပေးတယ်။ ရှေ့ (၃) လစာ အမှတ်ထိန်းတယ် ခေါ်တယ်။ အမှတ်ထိန်းတယ်ဆိုတာ အလုပ်လုပ်တယ်ပေါ့။ အဲဒီ အလုပ်လုပ်ထားတဲ့ သူတွေကိုပေးတာ။ ရှင်းရှင်းပြောရရင် ဒီအခြေအနေတစ်ခုမှာ အလုပ်ပြုတ်သွားကြ တယ်ပေါ့။ ကျွန်တော်တို့ က သူတို့ကို ကတိပေးထားတာ ရှိတယ်။ ဒီလို အခြေအနေ တစ်ခု ဖြစ်ခဲ့ရင် ကျွန်တော်တို့ သူတို့ကို ပေးမယ်ဆိုတဲ့ဟာ ကတိပေးခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Anti MLM ဘက်ကရော လုပ်တယ်ဆိုတာ စေတနာတစ်ခုနဲ့ လုပ်တာ။ ကျိန်းသေတယ်။ ကိုယ့်ထမင်း ကိုယ်စားပြီး။ လူချစ်ခံရတာ ရှိမယ်၊ လူမုန်း ခံရတာ ရှိမယ်။ ကျွန်တော်ကတော့ ဒီနေ့ဖြစ်သွားတာ ကို လက်တွေ့ကျကျ လက်ခံတယ်။ ဘာကြောင့်လဲ ဆိုတော့ …

ငြမ်းမီဒီယာ – အဲဒီ ကတိကြေးဆိုတာ က ဘယ်လိုဟာမျိုးလဲ။

U M T – ကတိကြေး ဆိုတာ ကျွန်တော်တို့က ကတိ ပေးထားတာ။ MLM ကို ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရပ်ခဲ့ရင် တစ်နှစ်စာ ပေးမယ်ပေါ့။ အကယ်၍ အစိုးရကြောင့် ရပ်သွားတာမျိုးဖြစ်ရင် (၃) လစာပေးမယ်ပေါ့။ ဘာလို့လဲ ဆိုတော့ အခြေအနေအရ ရပ်သွားနိုင်တာကိုး။

ငြမ်းမီဒီယာ – လူဦးရေ ဘယ်လောက်ကို၊ ငွေပမာဏ ဘယ်လောက် ပေးရမယ်လို့ ခန့်မှန်းထားလဲ။

U M T – ပြောရခက်တယ်။ ကျွန်တော်တို့ မှန်းထားတာတော့ ရှိတယ်။ သူတို့တွေ ဘယ်လောက်တက်လာ မလဲဆိုတာ မသိဘူး။ ဒါပေမဲ့ အကြမ်းဖျဉ်း ပြောရင် ကျွန်တော်တို့ ခန့်မှန်းထားတာ သိန်း (၅၀၀၀) ဝန်းကျင်လောက် ဖြစ်လိမ့်မယ်။

နယ်ဘက်တွေမှာ ကုန်ပစ္စည်းရောင်းတာ မဟုတ်ဘဲ၊ Product Base မဟုတ်ဘဲ၊ စည်းရုံးလိုက်တယ်။ အိုးပေါင်၊ အိမ်ပေါင်၊ ကျွဲနွားရောင်းပြီး ဘဏ်ထဲကို ငွေထည့်ပေး၊ ပြီးရင် ငွေပြန်ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေပေးပြီး လိမ်တယ် ဆိုတဲ့ဟာမျိုး ကြားတယ်။ အဲဒီအနေအထားကြီး တစ်ခုမှာ …

ငြမ်းမီဒီယာ – MLM ကို ရပ်ရုံတင် မကဘူး၊ ကုမ္ပဏီကိုပါ ပိတ်သိမ်းမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ နိုင်ငံတော် က စနစ်ကိုပဲ တားမြစ်ခဲ့တဲ့ အပေါ်မှာ ဘာဖြစ်လို့ ကုမ္ပဏီကို ပါ ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။

U M T – ရပ်မယ်ဆိုတဲ့ဟာမှာ ဒီနေ့အချိန်မှာ ဒီလမ်းကြောင်းကို သွားတာ ကျွန်တော်တို့ တစ်ယောက်ပဲရှိတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်း ကိုသွားလို့ ဂုဏ်ယူတယ်လို့ ပြောတာ မဟုတ်ဘူး။ မသွားလို့ မှားတယ်ပြောတာလည်း မဟုတ်ဘူး။ စလိုက်တာ က လွှတ်တော်အမတ် က စမေးတယ်။ ဒီအပေါ်မှာ ဆိုင်ရာ၊ ဆိုင်ရာ နောက်ဆက်တွဲတွေ ဖြစ်လာတယ်။ နောက်ဆုံး စနစ်ကို ပိတ်ဖို့ဆုံးဖြတ်လိုက်တဲ့ အထိပေါ့။ရိုးရိုးသားသားပြောရရင် အလုပ်ပြုတ် သွားတဲ့ MLM member တွေ အားလုံးအတွက်ရော၊ ဒီနေ့အချိန်မှာ တရားစွဲ ခံနေရတဲ့ ကိုရဲမျိုးသန့်အတွက်ရော စိတ်မကောင်းဘူး။ အစိုးရဘက်ကရော၊ Anti MLM ဘက်ကရော လုပ်တယ်ဆိုတာ စေတနာတစ်ခုနဲ့ လုပ်တာ။ ကျိန်းသေတယ်။ ကိုယ့်ထမင်း ကိုယ်စားပြီး။ လူချစ်ခံရတာ ရှိမယ်၊ လူမုန်း ခံရတာ ရှိမယ်။ ကျွန်တော်ကတော့ ဒီနေ့ဖြစ်သွားတာ ကို လက်တွေ့ကျကျ လက်ခံတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့လည်း ကြားတာပဲ။ နယ်ဘက်တွေမှာ ကုန်ပစ္စည်းရောင်းတာ မဟုတ်ဘဲ၊ Product Base မဟုတ်ဘဲ၊ စည်းရုံးလိုက်တယ်။ အိုးပေါင်၊ အိမ်ပေါင်၊ ကျွဲနွားရောင်းပြီး ဘဏ်ထဲကို ငွေထည့်ပေး၊ ပြီးရင် ငွေပြန်ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေပေးပြီး လိမ်တယ် ဆိုတဲ့ဟာမျိုး ကြားတယ်။ အဲဒီအနေအထားကြီး တစ်ခုမှာ စောင့်ကြည့်တဲ့ အဖွဲ့ မရှိဘူး၊ ဥပဒေ မရှိဘူးဆိုတဲ့ အတွက် အဲဒီလောက်ကြီး ဖြစ်တယ်လို့ ယူဆရမှာ ကိုး။ ရုတ်တရက် စဉ်းစားကြည့်ရင်တော့ မော်တော်ကားနဲ့ လူနဲ့တိုက်ရင် လူသေတယ်။ အဲဒါကို မော်တော်ကား မမောင်း ရဘူးလို့ အမိန့်ထုတ်တဲ့ ဆန်ဆန်လေး ဖြစ်တယ်။ မော်တော် ကား ကို ပေးမမောင်းတော့ လမ်းလျှောက်ရမှာလား ဆိုတဲ့ ပုံစံ ဖြစ်ကောင်းဖြစ်မယ်။ တကယ့် တကယ်တမ်းမှာ မော်တော်ကားမောင်းတယ် ဆိုတာ လူတစ်ယောက်ကို လိုချင်တဲ့ ခရီးရောက်အောင် သယ်ပေး၊ ပို့ပေးတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ယာဉ်မောင်းလိုင်စင် ရှိဖို့ လိုတယ်။ အဲဒီလူက ယာဉ်ကို ကောင်းကောင်း ကျွမ်းကျင်တယ် ဆိုမှ လမ်းပေါ်ပေးတက်ရမှာ။ သူလုပ်တဲ့ အမှားပေါ် မူတည်ပြီး ပြစ်မှုပြစ်ဒဏ် ပေးတဲ့ ဥပဒေ ရှိရမယ်။ စောင့်ကြည့်တဲ့ အဖွဲ့အစည်း ရှိရမယ်။ ဒါတွေ အကုန်လုံးရှိမှ မှန်တာ။ ဒီနေ့ ဒီအခြေအနေ ဖြစ်နေတဲ့ဟာကို အကြမ်းဖျဉ်းပြောရင် ကျွန်တော်တော့ အဲဒီလိုပဲ မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဘာဖြစ်လို့ ကုမ္ပဏီပိတ်သိမ်းတဲ့ အထိ လုပ်လိုက်တာလဲ။

U M T – အကြောဖြတ်တာ။ အမှန်အတိုင်းပြောရင် အကြောဖြတ်လိုက်တာ။ နောက်တစ်ခုက ပြီးခဲ့တဲ့ (၄) လပိုင်းမှာ ကျွန်တော်တို့ရဲ့ MICB Account ကို Freeze လုပ်သွားတယ်။ လုံးဝ အဝင်အထွက်ပေး မလုပ်တော့ဘူး။ အဲဒါရဲ့ နောက်ဆက်တွဲမှာ LC လွှတ်လိုက်တဲ့ဟာ ရှိတယ်။ ကိုရီးယားက ပစ္စည်း ဝင်လာတယ်။ အဲဒီ ပစ္စည်းကို Custom Clearing လုပ်ဖို့ကို ဘဏ်ကနေ စာရွက်ထုတ်ရတယ်။ အဲဒီစာရွက်ကို လုံးဝ မထုတ်ပေးဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က နှစ်ကျပ်ကွက် မိနေတာ။ အချိန်မီ ပစ္စည်း မထုတ်နိုင်ရင် (၃) လကျော်ရင် အသိမ်းခံရမှာ။ စာရွက်ထုတ်မှ Custom မှာ File Run လို့ရမှာကို အဲဒီစာရွက်မထုတ်ပေးတော့ ဟိုဘက်ကို ငွေမလွှဲပေးဘူး။ ကိုရီးယား ကုမ္ပဏီက ကျွန်တော်တို့ကို ပိုက်ဆံ တကျီကျီတောင်းတယ်။ ဒါပေမဲ့ လုပ်ခဲ့တဲ့ Relation တစ်ခုနဲ့ ကျွန်တော်တို့ကို ယုံတဲ့အတွက် နောက်ပိုင်းတော့ နားလည်ပေး တယ်။ ပစ္စည်းလည်း အသိမ်းခံရမယ်၊ ငွေလည်း ပို့မရဘူး ဆိုတဲ့ဟာ မျိုးလေး ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ဆီ ပစ္စည်း မဝင်တဲ့အတွက် ပစ္စည်းက တကယ်ပြတ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် တခြားကုမ္ပဏီတစ်ခုနဲ့ လှည့်သွင်းလို့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နားလည်တာက Account တောင် Freeze လုပ်လိုက်တဲ့ဟာ က မလုပ်စေချင်ဘူးလို့၊ နောက်ဆက်တွဲမှာ ဒါတွေ လာတော့မယ်လို့ ယူဆ လို့ရတယ်။ အဲဒီကတည်းက ပစ္စည်း ပြတ်တယ်ဆိုတာ ဖြစ်ခဲ့ပြီးတော့ ပြတ်တဲ့ အလျောက်ပဲ ရှိတဲ့ဟာကို ကျွန်တော်တို့ က ဆက်ရောင်းပေးတယ်။

ငြမ်းမီဒီယာ – အဲဒီလို Account ကို ထိန်းချုပ်လိုက်တာကရော ဘာကြောင့် လဲ။ ပြီးခဲ့တဲ့ နှစ်က MLM ကုမ္ပဏီတွေကို စသုံးလုံး က ခေါ်စစ်တဲ့ ဟာနဲ့ သက်ဆိုင်လား။

U M T – အဲဒါကြောင့်ပေါ့။ တကယ်တော့ Product ရဲ့သဘာဝ အားဖြင့်ဖြစ်စေ၊ Plan အားဖြင့်ဖြစ်စေ ရွှေပန်းတိုင်ကြောင့် ထိခိုက်နစ်နာမှု က အရမ်းနည်းလိမ့်မယ်။ ကျွန်တော်တို့က အမှန်ပြောရရင် Normal Marketing ဘက်မှာ အားသန်တယ်။ MLM နဲ့ ပတ်သက်ရင် အရမ်းအားနည်းတယ်။ ကျွန်တော်တို့ဆီမှာ MLM ကို အရမ်း ရူးသွပ်တဲ့သူ၊ အရမ်း ကိုးကွယ်တဲ့သူ မလာဘူး။ MLM မစစ်လို့ ဆိုပြီး။ ကျွန်တော်တို့ ဆီမှာပေးတဲ့ Percentage က တခြား ကုမ္ပဏီတွေနဲ့ စာရင် နည်းလိမ့်မယ်ထင်တယ်။ နည်းလို့လည်း ကျွန်တော်တို့ Activity တွေ၊ လူစုတာတွေက မတွေ့ရသလောက် ရှိတာ။ အမှန်အတိုင်း ဝန်ခံရရင် တနင်္ဂနွေ Meeting လိုဟာမျိုး ကိုယ့်ဆီမှာ လာတက်ကြပါ ဆိုတဲ့ဟာမျိုးတောင် မနည်းခေါ်နေ ရတာ။ ဒီအောက်ထပ် က အခန်းလေး ပြည့်ဖို့ကို။ ကျွန်တော်တို့ က Normal Marketing ကို ပိုအားသန်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဝင်လာတော့ အပြောခံရတာ။ MLM ကို ဖျက်မယ့် လူတွေ ဆိုပြီး တော့။ ကျွန်တော်တို့ ဆီကို လာတဲ့ သူတွေထဲမှာလည်း MLM ကို တကယ် ရူးသွပ်တဲ့ ဆရာကြီးတွေ မလာဘူး။ ကျွန်တော့်ဆီမှာ အရောင်းကိုပဲ အားသန်တဲ့ Member များ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လည်း အစစ် ခံရတယ်။ MLM ခေါင်းစဉ်အောက်မှာ ရောက်တဲ့ အတွက် အစစ် ခံရတယ်။

ငြမ်းမီဒီယာ – အစိုးရက MLM စနစ်ကို ပိတ်လိုက်တဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။

U M T – ကြီးကြီးကျယ်ကျယ် ပြောရရင် ပင်နဆလင်သည် လူ (၁၀၀) မှာ (၁၀၀) လုံးနဲ့ မတည့်ဘူး။ ဒါပေမဲ့ (၇၀)၊ (၈၀) လောက်နဲ့ တည့်တဲ့အတွက် အများအတွက် သုံးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရကို ကျေးဇူး တင်တယ်။ ဒီအချိန်မှာတော့ ရပ်ရတော့မယ်။ ဥပဒေနဲ့ အညီ ပြောင်းလဲရတော့မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – MLM စနစ်ကို တားမြစ်လိုက်ပြီးတဲ့နောက်မှာ MLM ကုမ္ပဏီတွေက DSA ကို ပြဌာန်းဖို့ တောင်းဆိုတာတွေ တွေ့ရတယ်။ အကို့အနေနဲ့ရော ဘယ်လို သဘောထား အမြင်ရှိလဲ။

U M T – အမှန်အတိုင်းပြောရင် ကျွန်တော် အဲဒါကို သဘောထား မပေးချင်ဘူး။ ဒါပေမဲ့ ကျိန်းသေတာက အဲဒီဟာကို တောင်းဆိုတဲ့ အထဲမှာ ကျွန်တော်တို့ မပါဘူး။ ကျွန်တော့် Personal Facebook Account မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တဲ့ Activity တွေရော၊ နောက်လုပ်မယ့် Road Map ကိုရော ချပြမှာ။ သူတို့ကို (၃) လစာ Bonus ပေးတယ် ဆိုတဲ့ဟာ က သာမန်အားဖြင့်ပြောရင် ပေးရန်ရှိ မဟုတ်ဘူး။ ဒါ နှုတ်နဲ့ပဲ ကတိပေးခဲ့တာ။ မှားမှား၊ မှန်မှန် ဒီလူတွေ ဟာ အလုပ် မရှိတော့ဘူး၊

လူတိုင်းကို ကယ်လို့ မရဘူး။ ကျွန်တော်တို့ ရပ်လိုက်တယ်ဆိုတာ ကိုယ့်အတွက်လည်း ပါသလို သူတို့အတွက်လည်း ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရပ်ဆိုင်းကြောင်း စာထုတ်လိုက်တဲ့ဟာမှာ စက်တင်ဘာလ (၁၈) ရက်ည (၁၁း၄၀) နာရီမှာ ကျွန်တော် အစောဆုံးထုတ်တာ။ အစောဆုံးထုတ်လို့ ကျွန်တော့်ကို ဝိုင်းပြီး သြဘာပေးတဲ့…

Income ပြတ်သွားမယ်ဆိုတာ ကျိန်းသေ တယ်။ သာမန်အားဖြင့် MLM မှာ ပြဿနာရှိလား ဆိုရင် အမှန်အတိုင်းပြောရင် ပြဿနာ ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က Leader တွေနဲ့ ဆက်ဆံရတယ်။ Leader တွေက သူရဲ့ Down line အဆင့်ဆင့်နဲ့ ဆက်ဆံရတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးမှာ ကျွန်တော် က အဲဒီလူအားလုံး ကို ထိန်းနိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီအတိုင်းပဲ Leader က အောက်ကလူတွေ ကို ထိန်းနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီစနစ်က အရမ်းကြောက်ဖို့ကောင်းတယ်။ ထိရောက်သလား ပြောရင် အရမ်း ထိရောက်တယ်။ ဒီစနစ်မှာ ကုမ္ပဏီ လောဘကြီးရင်၊ Member လောဘကြီးရင်၊ စနစ်နဲ့ အဲဒီ လောဘနဲ့ ပေါင်းသွားရင် ပြဿနာ ရှိမှာတော့ ကျိန်းသေတယ်။ အဲဒါကို လုံးဝ မရှိဘူး ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး။

ငြမ်းမီဒီယာ – DSA ထွက်ဖို့ တိုက်တွန်းမှုလုပ်တဲ့အထဲမှာ ဝင်မပါခဲ့တာက ဘာကြောင့်လဲ။

U M T – ကျွန်တော်တို့က ဒီလမ်းကို ဆက်သွားမှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူးပေါ့ဗျာ။

ငြမ်းမီဒီယာ – အဲဒီတော့ ကုမ္ပဏီကို စနစ်တကျ ပိတ်ဖို့အတွက်ကိုရော ဘယ်လိုမျိုး အစီအစဉ် တွေနဲ့လုပ်သွားမလဲ။

U M T – ကုမ္ပဏီပိတ်တာ အဲဒီလောက် မလွယ်ဘူးလေ။ မြန်လွန်းရင် (၃)လ၊ ကြာရင် တစ်နှစ်လောက် ကြာမှာ။ သူတို့ကို ကတိ ပေးထားတဲ့ ဟာ ကို သူတို့အတွက် အတိုင်းအတာ တစ်ခု အထောက်အပံ့ဖြစ်ဖို့ Bonus ပေးတယ်။ ကျွန်တော်တို့ အရောင်း ကို စရပ်တယ်။ ပြီးတော့ ပေးရန်ရှိ ဆိုတဲ့ဟာတွေ ပေးတယ်။ ပြီးရင် အခု ကတိပေးထားတဲ့ဟာပေးတယ်။ အဲဒါပြီးရင်တော့ အကြမ်းဖျဉ်း ပြောရင် MLM လုံးဝ ရပ်သွားပြီပေါ့။

ငြမ်းမီဒီယာ – ဒါဆို အနာဂတ် Plan က ဘာတွေဆက်လုပ် ဖို့ ရှိလဲ။

U M L – ကျွန်တော်တို့ သွင်းထားတဲ့ ပစ္စည်းတွေက တရားဝင်သွင်းထားတဲ့ ပစ္စည်းတွေ။ အနည်းဆုံးအဆင့် ဟိုဘက်ကနေ ပစ္စည်းတွေကို ပြန်ဝယ်ပြီး ရောင်းရတယ်ဆိုတဲ့ ဟာမျိုးဖြစ်သွားပြီးတော့ အနည်းဆုံးတော့ Commercial Tax ထပ်ပေး ရလိမ့်မယ်။ ဒါပေမဲ့ ခုနက ပြောသလို အကြောကို ဖြတ်ချင်တယ်။ ကျွန်တော်တို့ သွားမယ့်ပုံစံက Door to Door ပုံစံသွားမယ်။ Convenience Store တွေ လုပ်တဲ့ဟာ လိုမျိုးပေါ့။ member တွေအပြင် စိတ်ဝင်စားတဲ့ public ကို Franchise ပေးမယ်။ ဆိုင်လေးတွေ တည်ပေး လိုက်မယ်။ Normal Marketing အရပဲ လုပ်ရမယ်။ ကျွန်တော်တို့ လိုချင်တဲ့ စံ၊ ဆိုင်အပြင်အဆင် တသမတ်တည်းရှိရမယ်။ သူတို့က ဝယ်ရမှာ။ စာချုပ်ထဲမှာ မဖြစ်မနေပါရမှာက သူတို့ဟာ MLM ၊ MLM နဲ့ ဆင်တူ၊ အောက်မှာ လူထပ်ပွားတဲ့ဟာ လုံးဝ လုပ်ခွင့် မရှိဘူးဆိုတာ ပါကို ပါရမယ်။

ငြမ်းမီဒီယာ – ကုမ္ပဏီသစ်ရဲ့ နာမည်က ဘာဖြစ်မလဲ။

U M T – ကျွန်တော်တို့ ရွေးပြီးပြီ။ ဒါပေမဲ့ Registration မရသေးဘူး။

ငြမ်းမီဒီယာ – ဒါဆို ရွှေပန်းတိုင် ကုမ္ပဏီမှာ ရခဲ့တဲ့ Product တွေ အကုန်လုံး ဆက်ပြီးရနိုင်မလား။

U M T – အကြမ်းဖျဉ်း ပြောရင် တော်တော်များများ ပြန်ရမှာပါ။

ငြမ်းမီဒီယာ – အဲဒီ ကုမ္ပဏီ အသစ်မှာ ဒီလူဟောင်းတွေ အတွက်ရော အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက် ပြန်ရနိုင်မလဲ။

U M T – အကြမ်းအားဖြင့် ပြောရင် လူတိုင်း မပါနိုင်ဘူး။ ကျိန်းသေ တယ်။ လူတိုင်းကို ကယ်လို့ မရဘူး။ ကျွန်တော်တို့ ရပ်လိုက်တယ်ဆိုတာ ကိုယ့်အတွက်လည်း ပါသလို သူတို့အတွက်လည်း ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရပ်ဆိုင်းကြောင်း စာထုတ်လိုက်တဲ့ဟာမှာ စက်တင်ဘာလ (၁၈) ရက်ည (၁၁း၄၀) နာရီမှာ ကျွန်တော် အစောဆုံးထုတ်တာ။ အစောဆုံးထုတ်လို့ ကျွန်တော့်ကို ဝိုင်းပြီး သြဘာပေးတဲ့ အထဲမှာ နှစ်ဖက်စလုံးက ရှိတယ်။ ကိုယ့် Member တွေ အထဲကရော၊ Anti တွေ အထဲကရော။ ကျွန်တော်တို့အထဲမှာ တချို့သော Member တွေ နားမလည်တာက အရင်တုန်းက လုပ်တာ ကုမ္ပဏီကိုလုပ်တာ။ အရေးပေါ် စီမံခန့်ခွဲမှု အက်ဥပဒေမရှိတဲ့ အတွက် ဆိုင်ရာ ဥပဒေတွေနဲ့ လုပ်တာ။ အခုက အဲဒီလို မဟုတ်ဘူး။ MLM လုပ်တဲ့သူ မှန်သမျှ ကုမ္ပဏီကလူရော၊ Member အကြီး၊ အသေး အကုန်ပါတာ။ ရှင်းရှင်းပြောရင် ဒီအချိန်မှာ သိက္ခာလည်း ထိခဲ့တယ်။ ကိုယ်ဘယ်လောက်မှန်တယ်ပြောပြော MLM လို့ပြောရင် Negative နဲ့ပဲ ရှိမှာ။ မေးခွန်းကို ပြန်ကောက်ရရင် ကျွန်တော်တို့ လူတိုင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ အမှန်ပြောရင် အကယ်ခံမှာ မဟုတ်လို့။ လူတစ်ကိုယ် စိတ်တစ်မျိုး သူ့ယုံကြည်ချက် တစ်ခုနဲ့ ဆက်လုပ်လိမ့်မယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,