ဒီထက်သမိုင်းကြီးမားတဲ့ အဆောက်အဦဆိုတာ မရှိပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဘယ်သူမဆို လုပ်ပိုင်ခွင့်ရသူပဲဖြစ်ဖြစ်၊မရသူပဲဖြစ်ဖြစ် ကျနော်တို့အားလုံး နိုင်ငံသူ၊ နိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်၊ကိုယ့်အမျိုးကိုချစ်တဲ့စိတ်နဲ့ ဒီအဆောက်အဦကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြမယ် …

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်း အဆောက်အဦဖြစ်သည့်အပြင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံးအတွင်းတွင် အနှိပ်(massage) ဝန်ဆောင်မှု ပါဝင်သည့် SPA ဆိုင်ဖွင့်လှစ်ခြင်းအပေါ် အများပြည်သူများကြားတွင် ဝေဖန်လျက်ရှိသည်။ သမိုင်းဝင် အဆောက်အဦ တစ်ခုတွင် ယခုကဲ့သို့ ဆိုင်ဖွင့်လှစ်ခြင်းအား အပြင်းအထန်ကန့်ကွက်သူများလည်း ရှိပေသည်။အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး အား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အောက်တိုဘာ(၃၀)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – အခုဝန်ကြီးများရုံးမှာ SPA ဆိုင်ဖွင့်လှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတယ်။ဦးလှဌေးအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို သဘောရသလဲခင်ဗျ။

UHH – ကျနော်အနေနဲ့ကတော့ ပြည်သူလူထုပြောတဲ့ ဆန္ဒနဲ့ထပ်တူပါပဲ။ ဝန်ကြီးများရုံးဆိုတာ သမိုင်းဝင်အထင်ကရ ၊နိုင်ငံရဲ့လွတ်လပ်ရေးကိုြ ဖစ်တည်လာတဲ့ အဆောက်အဦကြီး။ဒီလိုနေရာမျိုးကတော့ တကယ့်သမိုင်းအထောက်အထားဆိုင်ရာ ပြခန်း၊ပြတိုက်ကြီး တစ်ခုအနေနဲ့ပဲတည်ရှိစေချင်တယ်။ကျန်တဲ့ ဒီလိုမျိုးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်တာကတော့ မဖြစ်သင့်ဘူး။

ငြမ်း – အခု ဝန်ကြီးများရုံးမှာ SPA ဆိုင်ဖွင့်လှစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှု လုပ်မယ်ဆိုတာ ဘယ်လို စစ်ဆေးမှာလဲ။

UHH – အဓိက ကျနော်တို့ စိစစ်မှာက တင်ဒါအောင်ထားတဲ့ကုမ္ပဏီကို ပေးထားတဲ့ ကတိစာချုပ်။အရင် အစိုးရက သူတို့နဲ့ စာချုပ်ချုပ်တဲ့ အခါမှာ ကုမ္ပဏီကို ဘယ်လိုအချက်အလက်တွေ လုပ်ပိုင်ခွင့် ပေးထားလဲ။ဒါကိုလည်း ကျနော်တို့ အဓိကထားပြီးကြည့်မှာပါ။ နောက်ပြီးတော့ အဲလိုပေးထားတဲ့ လုပ်ပိုင်ခွင့်ကလည်း ရန်ကုန်မြို့မှာ ရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိလား။ မရှိဘူးလားဆိုတာ ကျနော်တို့က သက်ဆိုင်ရာဌာနတွေကိုပါ ခေါ်ယူပြီးတော့ ဌာနဆိုင်ရာ ဥပဒေ၊နည်းဥပဒေတွေနဲ့လည်း ပြန်လည်စိစစ်သွားမှာပါ။

ငြမ်း – တစ်ဖက်ကဆိုတာကျတော့ ဒါက ကျန်းမာရေးစင်တာ ၊စီးပွားရေးအရ ရင်းနှီးမြှုပ်နှံတာ၊ ဝေဖန်ကန့်ကွက်သူတွေကြားမှာ ကျတော့လည်း ဒီနေရာမှာ ဈေးရောင်းနေတာတောင်သဘောမကျတာ ဝန်ကြီးများရုံးမှာ အနှိပ်ခန်း လာဖွင့်တာလက်မခံကြဘူး။ ဒီတော့ ဒီလုပ်ငန်းကို ခွင့်ပြုလိုက်တဲ့သူတွေကရော ဘယ်လိုပုံစံအနေအထားနဲ့ခွင့်ပြုလိုက်တယ်ဆိုတာကို ဦးလှဌေးတို့ သိသလားခင်ဗျ။

UHH – ကျနော်တို့ဆီမှာ လုပ်ငန်းတစ်ခုခုဖွင့်မယ်၊လုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ်ရဲ့ စည်ပင်သာယာကော်မတီမှာ လုပ်ငန်း ခွင့်ပြုချက် ယူရတယ်။ လုပ်ငန်းခွင့်ပြုချက်ယူပြီးမှ လုပ်ရတာ။အခုက ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ပြောကြားချက်အရ မြို့နယ်စည်ပင်ကဆီကနေ ခွင့်ပြုချက်ယူထားတာမရှိဘူး။စည်ပင်က ခွင့်ပြုချက် ပေးထားတာလည်း မရှိဘူး။ ဒါကြောင့်လည်း ဒီလုပ်ငန်းကို မလုပ်ဖို့ သူတို့ဘက်ကနေ စာထုတ်ပြီး တားဆီးထားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ လာလုပ်တာ။အဲဒီမှာ လုပ်ငန်းအတွက် ဆောက်ပြီးပြုပြီး တော်တော်ကြီး ခရီးလွန်နေပြီးမှ ဒီလုပ်ငန်းက စည်ပင်က ခွင့်မပြုရသေးဘူး။သူတို့မသိဘူး ပြောတာမျိုး အဲဒါကရော ယုတ္တိကျရဲ့လားခင်ဗျ။ရပ်ကွက်တွေမှာ အိမ်ရှေ့အုတ်ခဲပုံပြီး တူသံနည်းနည်း ထွက်မိရင်တောင် စည်ပင်က စက်ဘီးနဲ့ ရောက်လာတာမျိုးဆိုတော့ ဝန်ကြီးများရုံးမှာ ဒီလိုအခြေအနေ ရှိတယ်ဆိုတာ စည်ပင်မသိဘူးဆိုတော့လေ ။

UHH – ဝန်ကြီးများရုံးဆိုတာကတော့ သူကဧရိယာအကျယ်ကြီးဗျ။ ပြီးတော့ အပြင်လူတွေဝင်လို့မရဘူး။ သူတို့က တားဆီးပိတ်ပင်မှုတွေနဲ့ တားဆီးထားတာဖြစ်တယ်။ ပြီးတော့ ဒီပြင်ဆင်မှုတွေကလည်း သာမန်အမြင်နဲ့ အပြင်ကကြည့်မယ်ဆိုရင် ဘယ်လိုမှ မြင်လို့ မရနိုင်ပါဘူး။ ဒါကိုသတင်းမရလို့၊ အာရုံ စူးစိုက်မှုမရှိလို့ ဆိုရင်တော့ သိနိုင်တဲ့အခြေအနေမှာ မရှိဘူး။ အခုလည်း အားလုံးသိကြတာက ဒါကြီးက ဖွင့်ပွဲလုပ်တယ်။ဖွင့်ပွဲ လုပ်တာတောင်မှ မီဒီယာမှာ ပါလာမှသာလျင် ကျနော်တို့ အားလုံး ကျယ်ကျယ် ပြန့်ပြန့်သိကြတာ။ သူ့ရဲ့အနေအထားက အဲလိုသီခြားသွားဖြစ်နေတာ။

ငြမ်း – ရင်းနှီးမြှုပ်နှံသူဘက်က ကြည့်ရင် အကယ်၍ ပိတ်သိမ်းရရင် သူ့မှာ နစ်နာမှုတွေလည်း ရှိမှာပဲ။

UHH – ဒါပေါ့ နစ်နာတာပေါ့။

ငြမ်း – အဲဒီတော့ ကျနော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဘာတွေ လုပ်လို့ရတယ်၊မရဘူးဆိုတာ ကနဦး သိထားချက် အချက်အလက်ေ တွပေးဖို့ အစိုးရကဖြစ်စေ၊သက်ဆိုင်ရာ နယ်ပယ်ကဖြစ်စေ အဲဒီအပိုင်းမှာ လစ်ဟာ နေတာလား။

UHH – အဲဒါက ရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ပြည်ပကနေ ကျနော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ ရောက်လာ တယ်။ ရောက်လာပြီဆိုရင် ရင်းနှီးမြှုပ်နှံတဲ့သူက ကျနော်တို့ နိုင်ငံသူ၊နိုင်ငံသားတွေနဲ့ ဆက်သွယ်ပြီး လုပ်ကြရတာ။သူတို့ဘာသာ သူတို့ အလွတ်တန်းဝင်လုပ်တာ မဟုတ်ဘူး။ အဲဒီလိုလုပ်တဲ့အခါမှာ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ နိုင်ငံသူ၊နိုင်ငံသားတွေက ဘယ်နေရာကတော့ ရင်းနှီးမြှုပ်နှံလို့ရတယ်။ ဘယ်နေရာကတော့ ရင်းနှီးမြှုပ်နှံလို့ သင့်တယ်၊မသင့်ဘူးဆိုတာ သိရတယ်။သူတို့က အဲဒီအချိန်မှာ ဒါက ဒီနေရာမှာ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ကိုပြောပြဆောင်ရွက်ရမယ့်အပိုင်းကတော့ ကျနော်တို့ နိုင်ငံသူ၊နိုင်ငံသားတွေအပိုင်းဗျ။အဲလို မပြောပြထားဘူး ဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ သူတွေက အခုလို ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရမှာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – အဲဒီတော့ ရင်းနှီးမြှုပ်နှံသူကို ဒီအခြေအနေမဖြစ်ခင် ဒါတွေ ရှိလာနိုင်တယ်လို့ ပြောဖို့ ဘယ်သူ့မှာ တာဝန်ရှိတာလဲခင်ဗျ။

UHH – အဓိက ကတော့ အဆောက်အဦ ကိုယူထားပြီးတဆင့်ပြန်လည် ငှားရမ်းတဲ့၊အငှားချပေးတဲ့သူမှာ တာဝန်ရှိတာပဲ။ ဒီလုပ်ငန်းက လာငှာရမ်းပြီးပေါ့ဗျာ။ဒီလုပ်ငန်းက ဒီအဆောက်အဦမှာ လုပ်ကိုင်လို့ ရတယ်၊ မရဘူးဆိုတာက သက်ဆိုင်ရာတာဝန်ရှိသူတွေကို ချိတ်ဆက်မေးမြန်ဖို့ လိုတယ်ဗျ။အဲလို မေးမြန် ပြီးတော့မှ သက်ဆိုင်ရာဌာနတွေက လုပ်လို့ရပါတယ်ဆိုမှ ဒါကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးတယ်ဆိုရင် ဒါက ဘာမှ ပြဿနာ တက်စရာ အကြောင်းမရှိဘူးလေ။ အခုဟာက အဲလိုချိတ်ဆက်မေးမြန်မှု မရှိဘဲနဲ့ ငှားရမ်းလိုက်တဲ့ အခါကျတော့ တစ်ဖက်မှာလည်း လုပ်ပြီးပြီ။ ကုန်ကျစရိတ်တွေ ရှိသွားပြီဆိုတော့ အခုလိုစဉ်းစားစရာတွေ ပေါ်လာတာပေါ့။

ငြမ်း – ဝန်ကြီးများရုံးမှာ ဒီလို SPA လုပ်ငန်း မလုပ်ဖို့ဆိုပြီး ကန့်သတ် ထားတာမျိုးမပါဘူးလို့ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ် တစ်ဦးပြောထားတာကို သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ အဲဒီတော့ ဒီလိုဝန်ကြီးများရုံးမှာ ဘယ်လို လုပ်ငန်းတွေကို ခွင့်ပြုထားသလဲ။ဘာတွေဆို ခွင့်မပြုဘူးလဲ။အဲဒီလို ရှင်းရှင်း လင်းလင်းချပြထားတာရှိသလားခင်ဗျ။ ဦးလှဌေးတို့ ရော သိသလားခင်ဗျ။

UHH – ကျနော်တို့ ကိုယ်တိုင်လည်းမသိဘူးဗျ။ အဲဒါသိနိုင်တာကတော့ တင်ဒါ ရထားတဲ့ ကုမ္ပဏီနဲ့ အရင်စာချုပ်ချုပ်ဆိုခဲ့တဲ့ ပုဂ္ဂိုလ်များပဲ သိမှာပါ။ကျနော်တို့ကတော့ မသိပါဘူး။

ငြမ်း – အဲဒီတော့ ဒီလုပ်ငန်းဟာ ကန့်သတ်ထားတဲ့ လုပ်ငန်းထဲမှာ မပါဘူး။အဲဒီတော့ ဖွင့်တဲ့သူကလည်း သူတို့အနေနဲ့ ဆက်ဖွက့်မယ် ဆိုရင်ရော ဘယ်လိုဆောင်ရွက်ကြမလဲခင်ဗျ။

UHH – ဒီလိုဗျ။ဒီလုပ်ငန်းက ကန့်သတ်ထားတာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့အပိုင်း က တစ်ပိုင်းပေါ့။ နောက်တစ်ခုက ဒီနေရာမှာ ဒီလို လုပ်ငန်းကို လုပ်ခွင့်ပြုသလား။မပြုဘူးလားဆိုတာ ဆိုတဲ့အပိုင်း ကိုပြန်လေ့လာသုံးသပ်ကြည်တဲ့အခါမှာ ဒီဟာက ရှေးဟောင်း အမွေအနှစ်မြို့ပြအဆောက်အဦ အနေနဲ့ ကျနော်တို့ကြည့်တယ် ။ရှေးဟောင်းအမွေအနှစ် မြို့ပြ ဆိုင်ရာအဆောက်အဦထဲမှာ ဒီလိုလုပ်ငန်းတွေ ရှိလား၊မရှိဘူးလားဆိုတဲ့ ဥပဒေနဲ့ ကျနော်တို့ က ပြန်လည် တိုင်းတာမယ်။ အဲလိုတိုင်းတာမယ်ဆိုရင် ၂၀၁၈ ခုနှစ် မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥပဒေ ရှိပါတယ်။အဲဒီ ဥပဒေ အခန်း (၁၂) ပုဒ်မ ၉၃ မှာ ဆိုရင် မြို့ပြ အမွေအနှစ်ဆိုင်ရာ အဆောက်အဦတွေမှာ လုပ်ငန်းလုပ်ကိုင်ခြင်းကို ခွင့်ပြုထားခြင်းမရှိဘူး။ လုပ်ငန်းလုပ်ကိုင်ခြင်းမပြုဖို့ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးေ ကာ်မတီက ကြီးကြပ်ရမယ်ဆိုတဲ့ တာဝန်ပေးထားတယ်ဗျ။ အဲဒီ ဥပဒေပုဒ်မအရ ဒီလုပ်ငန်းမှတင်မဟုတ်ဘူး မြို့ပြအမွေအနှစ် အဆောက်အဦထဲမှာ မည်သည့်စီးပွားရေး လုပ်ငန်းမှ လုပ်ကိုင်ခွင့် မရှိဘူး။

ငြမ်း – ဘာများဖြည့်စွက်ပြောချင်ပါသလဲဗျ။ ဒီအဆောက်အဦနဲ့ ပတ်သက်ပြီးတော့ လေ။

UHH – ဒီအဆောက်အဦကြီး က တကယ့်သမိုင်းဝင် ကမ္ဘာတည်သရွေ့ မြန်မာက ထိန်းသိမ်းထားရမယ့် အဆောက်အဦပေါ့ဗျာ။ မြန်မာ့ လွတ်လပ်ရေးယူခဲ့တာ၊လွတ်လပ်ရေးခေါင်ေးဆာင်တွေကျဆုံးခဲ့တာလည်း ဒီနေရာ။ ကျနော်တို့ နိုင်ငံမှာ ဒီထက်သမိုင်းကြီးမားတဲ့ အဆောက်အဦဆိုတာ မရှိပါဘူး။ဒီဟာကို ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ မဆို လုပ်ပိုင်ခွင့်ရသူပဲဖြစ်ဖြစ်၊မရသူပဲဖြစ်ဖြစ် ကျနော်တို့ အားလုံး နိုင်ငံသူ၊ နိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်၊ကိုယ့်အမျိုးကို ချစ်တဲ့စိတ်နဲ့ ဒီအဆောက်အဦကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြမယ် ဆိုတဲ့ စိတ်ဓာတ်မျိုး အားလုံးမှာ ရှိစေချင်ပါတယ်။

ငြမ်း – ကျေးဇူးတင်ပါတယ် ဦးလှဌေးခင်ဗျာ။

ဓာတ်ပုံ (၁) – thesecretariat

ဝန်ကြီးများရုံး အဆောက်အဦ

ဓာတ်ပုံ (၂)- UHH Fb

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွှန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။